Tuesday, November 29

Wireless Network ပြဿနာများ

ကျွန်တော်တို့တစ်တွေ Network အသုံးပြုကြတဲ့အခါမှာ Wire Base Connection တွေကိုလည်း သုံးကြသလို၊

Wireless Network Connection တွေကိုလည်း အသုံးပြုကြပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် Wireless Connection

တွေကို အသုံးပြုတာ ပိုများလာကြပါပြီ။ Wireless Network ကို အသုံးပြုမှတော့ သူနဲ့ပတ်သက်တဲ့ Problem တွေလည်
ကြုံရမှာပဲပေါ့။
ဟုတ်တယ်ဟုတ်။ ဒါကြောင့် Wireless Network နဲ့ပတ်သက်လို့
Problem တွေအကြောင်းကို
ပြောပြမှာပါ။ Problem
ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရှိပုံခြင်း တူကြမှာမဟုတ်ပါဘူး။ ဒါကြောင့် Wireless Network
နဲ့ပတ်သက်လို့ ပြဿနာတွေ ကြုံလာရပြီ။ Connection မရတော့ဘူးဆိုရင်တော့ အောက်ပါအတိုင်းသာ ဆောင်ရွက်ကြပါ။
ပထမဦးဆုံး Troubleshooting မလုပ်ခင်

- ဘာပြဿနာလဲ။ ပြလာတဲ့ Error Message ကို သေချာစွာ လိုက်မှတ်ပါ။

- ဘာ Wireless Card ကို အသုံးပြုထားသလဲ။

- Wireless Card ရဲ့ Driver Version က ဘာလဲ။ Device Manager ထဲမှာ သွားကြည့်ကြပါ။

- ဘယ် Wireless Access Point ကိုသုံးသလဲ။

- Windows (သို့မဟုတ်) Third-Party Program တွေကို အသုံးပြုပြီး Wireless Setting Program တွေ

ပြုလုပ်ထားသလား။

Third-Party Program ကို သုံးရင်လည်း ဘယ် Program ကိုသုံးလဲ။ Version က ဘယ်လောက်လဲ။

- Wireless Zero Configuration က Running ဖြစ်နေလား ဆိုတာတွေကို သိထားဖို့ လိုအပ်ပါတယ်။

၁။ Wire and Wireless Network Adapter ကို စစ်ဆေးခြင်း

Router ကို Plugged ထိုးထားတဲ့ Wires တွေကို စစ်ဆေးပါ။ Power Cord က ချိတ်ဆက်ထားတယ်ဆိုရင် Router နဲ့

Cable/ DSI Modem တွေက မီးလင်းရဲ့လား။ နောက်ထပ် Wireless Network Adapter တွေရော၊ Switch က "On"

ထားရဲ့လား စတာတွေကို စစ်ဆေးပါ။ တစ်ချို့ Laptop တွေမှာတော့ OS ကနေ ၎င်းတို့ကို Enable လုပ်ဖို့အတွက် Red (or)

Blue Button လေး ပါရှိပါတယ်။ Windows မှာဆိုရင် Device Manager ကို သွားပြီး Wireless Network Adapter ကို

အသုံးပြုခဲ့တယ်ဆိုရင် Windows က Run နေတုန်းမှာ ၎င်းကို ပြန်ဖြုတ်ပြီး ပြန်တပ်လိုက်ပါ။ Detect ပြန်ဖြစ်သွားပါလိမ့်မယ်။
၂။ Driver Compatibility ဖြစ်ရဲ့လား။

မိမိအသုံးပြုတဲ့ Wireless Network Adapter အတွက် မှန်ကန်တဲ့ Device Driver ကို Install လုပ်ထားရဲ့လား

ဆိုတာကလည်း အရေးကြီးပါတယ်။ အဲဒီလို မှန်ကန်တဲ့ Device Driver ကို Install လုပ်မထားခြင်းက Problem တွေ

အများကိုဖြစ်စေပြီး ဘာ Function မှ အလုပ်မလုပ်ဘဲဖြစ်တတ်ပါတယ်။ ဒါကြောင့် Device Driver ကို မှန်ကန်စွာ Install

လုပ်ထားဖို့ အရေးကြီးပါတယ်။

၃။ Signal Strength နည်းနေခြင်း

Access Point ရဲ့ Signal Strength က Low ဖြစ်နေခြင်းဟာလည်း Network ရဲ့ Performance ကို

အများကြီးပြောင်းလဲစေပါတယ်။ Cordless Phones ၊ Microwaves နဲ့ အခြားသော Electrical Equipment တွေကို

Wireless Access

Point နဲ့ အနည်းဆုံး 1m အဝေးမှာထားဖို့ ဂရုပြုပါ။ Wireless Access Point ကို Channel ပြောင်းဖို့ ကြိုးစားပါ။ ပြီးတော့

Client

တစ်လုံးလုံးနဲ့ Test လုပ်ပါ။ Access Point မှာ Radio Channel Change ဖို့အတွက် ပထမဆုံး Access Point ထဲမှာ Log

In ၀င်ပါ။

၎င်းနောက် Wireless Setting Section ကိုသွားပြီး နောက်ထပ်မတူညီတဲ့ Channel တစ်ခုကို ရွေးပါ။ ၎င်းနောက် Setting

ကို Save

လုပ်လိုက်ပါ။ Client မှာ Device Manager ကိုသွား၊ Wireless Network Adapter ကို Right Click နှိပ်ပြီး Properties ကို

သွားပါ။

Advanced Tap မှာ Channel Property ကို ရွေးပြီး Value ကိုလည်း မိမိ Wireless Access Point ရဲ့ Value နဲ့

တူညီစွာပြောင်းပေးပါ။

Wireless Connection ကို Disable လုပ်ပြီး၊ ပြန်လည် Enable လုပ်လိုက်ပါ။





ကျွန်တော်ဆိုလိုတာက Signal Strength နည်းလာလို့ရှိရင် ရုံးမှာ Physically အရ ဘာမှမပြောင်းလဲနဲ့။ Hardware

ပိုင်းဆိုင်ရာတွေ မပြောင်းလဲဘဲနဲ့ Wireless Access Point တွေနဲ့ Client တွေမှာ Channel ကို ပြောင်းကြည့်မယ်။

အဲဒါဆိုရင် Signal

Strength အား ကောင်းလာလိမ့်မယ်။ အရင်ဆုံးတော့ Client တစ်လုံးလောက်နဲ့ပဲ Channel ကို ပြောင်းစမ်းကြည့်ပေါ့။

၎။ Access Point Location

Wireless Network အသုံးပြုပြီဆိုရင်တော့ Access Point Antenna ရဲ့ Location ထားရှိမှုကလည်း

အရေးကြီးပါတယ်။

ဒါကြောင့် Access Point ရဲ့ Antenna ကို Side Ways (သို့) Downwards ထားမှာလားဆိုတာကို သေချာစဉ်းစားပါ။




ပုံ(၇) ရဲ့အောက်က (Antenna Pointing Upwards (Default) လို့ရေးပါ။)


ပုံ(၈)ရဲ့အောက်က (Antenna Pointing Side Ways) လို့ရေးပါ။

၎င်းနောက် Access Point ရဲ့ Location ကလည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် Access Point ကို Central

Location (ဗဟိုနေရာ) မှာ ထားဖို့ အရေးကြီးပါတယ်။ ၎င်းအပြင် Access Point ကို တတ်နိုင်သလောက် Physical အရ

ဟန့်ထားမှုတွေနဲ့Reflective Surface တွေကို ရှောင်ရှားနိုင်ရန် ဆောင်ရွက်ပေးရပါမယ်။



၅။ Installing arepeater for a performance boost

Signal Strength က အားနည်းလို့ အားကောင်းအောင် ပြန်လုပ်ဖို့အတွက်ဆိုရင်တော့ Access Point နဲ့ Client (PC or

Laptop) ကြားမှာ Repeater ကို ထားရပါမယ်။ Repeater ရဲ့ လုပ်ဆောင်ချက်က ၀င်လာတဲ့ Weak Signal တွေကို

Regenerate

လုပ်ပြီး Signal အား ပြန်ကောင်းအောင် ပြုလုပ်ပေးပါတယ်။ ဒါကြောင့် Access Point နဲ့ အရမ်းဝေးသွားတဲ့ Client

တွေအတွက်ဆိုရင် Access Point နဲ့ ၎င်းတို့အကြားမှာ Repeats ထားရှိသင့်ပါတယ်။


၆။ Wireless Zero Configuration Service ကိုရော Run ထားလား။

Wireless Zero Configuration Service ကို Run ထားရဲ့လား သေချာစစ်ဆေးပါ။ အကယ်၍ Wireless Zero

Configuration Service ကို Run မထားရသေးဘူးဆိုရင်လည်း အောက်ပါအတိုင်း ပြုလုပ်ပေးလိုက်ပါ။

Start>Run Box မှာ cmd လို့ရိုက်ထည့်ပါ။ OK ကို နှိပ်ပါ။

ပုံ(၁၀)




Command Prompt Box ကျလာပါမယ်။ ၎င်းနောက် sc query wzcsvc လို့ရိုက်ပြီး Enter ခေါက်ပါ။

ပုံ(၁၁)

Windows Zero Configuration Service က Run နေတယ်ဆိုရင်တော့ STATE မှာ RUNNING ဆိုပြီး ပြနေပါလိမ့်မယ်။

ပုံ(၁၂)

My Computer ကို Right Click နှိပ်ပြီး Manage ကို ထပ်နှိပ်ပါ။

ပုံ(၁၃)

Computer Management Box ကျလာတဲ့အခါမှာ Services and Application အောက်က Services ကိုနှိပ်ပါ။

ညာဘက်မှာ သူနဲ့

ပတ်သက်တဲ့ အကြောင်းအရာတွေပေါ်လာပါလိမ့်မယ်။

ပုံ(၁၄)

Wireless Zero Configuration ကို တွေ့တဲ့အခါ၊ ၎င်းကို Right Click နှိပ်ပြီး Properties ကိုသွားပါ။

ပုံ(၁၅)

၎င်းနောက် Startup Type မှာ Automatic ထားပြီး Start ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် Wireless Zero Configuration

Service

ဖွင့်သွားပါပြီ။

Verify the SSID

SSID (Service Set Identifier) ကို သတိထားဖို့ လိုပါတယ်။ မိမိက Laptop ကို သွားလေရာ ယူသွားတယ်။

ရောက်တဲ့နေရာမှာရှိတဲ့ Wireless Network နဲ့ ချိတ်ဆက်တယ်။ အဲဒီလိုချိတ်ဆက်တဲ့အခါမှာ မိမိချိတ်ဆက်တဲ့ Wireless

Network ရဲ့ SSID ကို ကိုယ့်ရဲ့ Laptop ရဲ့ SSID မှာထည့်ပြီး အသုံးပြုရပါတယ်။ အဲဒီလို မိမိအသုံးပြုတဲ့ Wireless

Network နဲ့ SSID အလိုက် ပြောင်းပြီး Network ချိတ်ရတာဖြစ်တဲ့အတွက် SSID ကို သတိထားဖို့လည်း လိုပါတယ်။

မှန်ကန်တဲ့ SSID ကို မသတ်မှတ်ထားဘူးဆိုရင်လည်း Access Point နဲ့ မိမိ Laptop နဲ့ Ping လို့ရမှာ မဟုတ်ပါဘူး။

ပုံ(၁၇) ပုံ(၁၈) ပုံ(၁၉) ပုံ(၂၀)

Verify the WEP Key

Wired Equivalent Privacy (WEP) ရဲ့ Encryption Configuration ကိုလည်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ အကယ်လို့

WEP Configuration တွေမှားနေရင်လည်း Wireless Client ကနေ Wireless Access Point ဆီကို "Ping" လို့ရမှာ

မဟုတ်ပါဘူး။ မတူညီတဲ့ NIC နဲ့ Access Point တိုင်းမှာ မတူညီတဲ့ WEP Encryption Key တွေ သတ်မှတ်ပေးဖို့

လိုအပ်ပါတယ်။ ဥပမာ... တစ်ချို့ Brand တွေက Hex Format သုံးဖို့လိုအပ်သလို၊ တစ်ချို့ Brand တွေက Decimal

Format တွေ လိုအပ်ပါတယ်။ ဒါ့အပြင် တစ်ချို့က 40-Bit ကို Support လုပ်သလို၊ တစ်ချို့က 64-Bit ကို Support

လုပ်ပါတယ်။

No comments:

Post a Comment