Wednesday, November 30

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း



ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း

နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့


၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ

သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက

ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........

မှတ်ချက်။ ။ ၁၉.၁.၂၀၁၀နေ.၊ထားဝယ်မြို့တွင်ဓမ္မစေတီဆရာတော်ဟောကြားခဲ့သော ဒါနကထာ တရားတော်မှ ကောက်နှုတ်ဆင့်ပွားချက်လေးပါ။

တရုတ်ပြည်ရဲ့ တန်ခိုးအကြီးဆုံး ဗုဒ္ဓစွယ်တော်တည်ထားတဲ့စေတီနဲ့ ဗုဒ္ဓစွယ်တော်အနီးကပ်ပုံတွေဖြစ်တယ်၊ ရခဲတဲ့ပုံတွေပါ၊


FOREVER FRIENDS ထာဝရသူငယ်ချင်းများ မှ တိုက်ရိုက်ကူးယူဖော်ပြထားပါသည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

ယခုပို့စ်အား google တွင်ရှာပါက ဒီလင့်မှာ တင်ထားတာတွေ ရှိပါသည်။ သွားရောက် လေ့လာနိုင်ပါသည်။
---
ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း”အကြောင်းကိုသေချာဃဃဏဏသိချင်လျှင်တော့http://www.dhammaceti.org/contact.phpမှာတဆင့်ဆရာတော်ထံကိုဆက်သွယ်လျှောက်ထားမေးမြန်းနိုင်ပါတယ်။

ဆရာတော်ကအခုအမေရိကန်ပြည်ထောင်စု၊15741 Via Represa San Lorenzo, CA 94580 USA မှာသီတင်းသုံးနေတာပါ။

--
စိတ်သည် မည်သည့် အရာပေါ်တွင်မှ ကပ်ညိခြင်း မလျဉ်းမရှိပါစေနှင့်။ကျွန်ုပ်၏ြ
ပိုင်ဘက်မှာ ကျွန်ုပ်၏ စိတ်နှင့် ကျွန်ုပ်သာဖြစ်စေရမည်။
လွမ်းနေသူ®ူ

No comments:

Post a Comment