Wednesday, November 30

လေကြောင်းလိုင်း များတွင် မိုဘိုင်းလ်နှင့် ပက်သက်သည့် စည်းကမ်းချက်များ ထုတ်ပြန်မည်

ပြည်တွင်းလေကြောင်းလိုင်း များတွင် လေယာဉ်စီးနင်းသူများ အတွက် ဆက်သွယ်ရေးကိရိယာ များ ဖြစ်သော မိုဘိုင်းလ်ပစ္စည်း များနှင့်ပတ်သက်သည့် စည်းကမ်း ချက်များကို ထပ်မံ၍ ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း မြန်မာ့လေ ကြောင်းမှ သိရသည်။ ပြည်တွင်းတွင် GSMဖုန်း၊ CDMA ဖုန်းများနှင့် Apple Product များ ကဲ့သို့သော မို ဘိုင်းလ်ဆက်သွယ်ရေး ကိရိယာ များကို သုံးစွဲသူများပြားလာသည့် အတွက် လေကြောင်းလိုင်းများ အနေဖြင့် မိုဘိုင်းလ်ပစ္စည်းများနှင့် ပတ်သက်သော စည်းကမ်းချက် များလို အလေးထားရမည့်ကိစ္စ တစ်ခုဖြစ်လာကြောင်း မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။ လေကြောင်းလိုင်းများတွင် မိုဘိုင်းလ်ဖုန်းများနှင့် ပတ်သက် သည့် စည်းကမ်းချက်အနေဖြင့် လေယာဉ်စီးနင်းစဉ် မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းမပြုရဆိုသည့် စည်း ကမ်းချက်ကို ထုတ်ပြန်ထားသည် ဟုသိရသည်။ လေယာဉ်စီးနေစဉ် မိုဘိုင်းလ် ဆက်သွယ်ရေးကိရိယာများ အသုံး ပြုခွင့်မပေးခြင်းနှင့်ပတ်သက်၍ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ က "Apple Product တွေအပါ အဝင် Mobile Phone တွေကို လေယာဉ်စီးနေစဉ်မှာ အသုံးပြု ခွင့်မပေးရတာက အဲဒီဆက်သွယ် ရေးပစ္စည်းတွေက ရေဒီယိုလိုင်း ကို ဖမ်းယူနိုင်သလို ထုတ်လွှင့်နိုင်တဲ့ Radio Deviceတွေဖြစ်တဲ့အ တွက် လေယာဉ်မောင်းနေတဲ့ လေယာဉ်မှူးရဲ့ ဆက်သွယ်ရေး ကိရိ ယာကို အနှောင့်အယှက်ပေးနိုင် လို့ပါ။
လေယာဉ်မှူးရဲ့ ဆက်သွ ရေးကိရိယာ အနှောင့်အယှက်ဖြစ် သွားမယ်ဆိုရင် ဆက်သွယ်ရေး လမ်းကြောင်းပြောင်းပြီး လေယာဉ် လမ်းကြောင်းပြောင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခုလို မိုဘိုင်းလ် အသုံးပြုသူတွေများ လာတဲ့အချိန်မှာ လေကြောင်း လိုင်းကို အနှောင့်အယှက် မဖြစ် အောင်လို့ မိုဘိုင်းလ်နဲ့ ပတ်သက် တဲ့ စည်းကမ်းတွေကို ဂရုတစိုက် ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်" ဟုပြောကြားသည်။ လေယာဉ်စီးနေစဉ် မိုဘိုင်းလ် ဖုန်းအသုံးပြုခြင်းသည် လေယာဉ် တစ်စီးလုံးကိုပေါက်ကွဲမှု ဖြစ်စေ နိုင်သည်ဟူသော အချက်သည် လည်း မှန်ကန်မှုမရှိကြောင်း လေ ကြောင်းလိုင်းအချို့မှ သိရသည်။ မိုဘိုင်းလ်ဖုန်းတစ်လုံး၏ လေယာဉ် အပေါ်အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ Auto Net Travels Company မှ Managing Director ဦးဌေးမြင့်က လေယာဉ် ပေါ်မှာ မိုဘိုင်းလ်ဖုန်းသုံးလို့ လေ ယာဉ်ပေါက်ကွဲနိုင်တယ်ဆိုတဲ့ အ ချက်ကမမှန်ပါဘူး။ လေယာဉ်စီး နေစဉ်မှာ ဖုန်းအသုံးပြုမယ်ဆိုရင် ရေဒီယိုလှိုင်း ကွန်ရက်ဖြစ်ပေါ်နိုင် တဲ့အတွက် လေယာဉ်မှူးရဲ့ ဆက် သွယ်ရေးကျတဲ့အထိ အန္တရာယ် ကြီးနိုင်ပါတယ်"ဟုပြောကြားသည်။ ပြည်တွင်းတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများသကဲ့သို့ လေ ကြောင်း လိုင်းဝန်ဆောင်မှုများ လည်း ကောင်းမွန်လာသည့်အ တွက် ပြည်တွင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်း များတွင် လေကြောင်း လိုင်းကို အသုံးပြုသူများပြားလာ မည်ဖြစ်ကြောင်း မြန်မာ့လေ ကြောင်းမှ တာဝန်ရှိသူက သုံးသပ် သည်။.

No comments:

Post a Comment