Saturday, November 26

Remote Access VPN အကြောင်း

VPN ဆိုတာက (Virtual Private Network) လို့ခေါ်ဆိုကြပြီး၊ ၎င်းနည်းပညာကို Network Security အတွက်ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။ ၎င်း VPN မှာ ထပ်မံ၍ခွဲခြမ်းစိတ်ဖြာစိတ်ဖြာကြည့်ပါ။

(၁) Remote Access VPN နှင့်
(၂) Site to Site VPN တို့တွေ့ရှိရမှာဖြစ်ပါတယ်။

၎င်း VPN တွေထဲကမှ Remote Access VPN ကို ရှင်းပြပေးပါမယ်။ Remote Access VPN ဆိုသည်ကား သင့်ရဲ့ Private Network အတွင်းသို့ ပြင်ပ Network အတွင်းရှိ User များက ၀င်ရောက်သုံးစွဲခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ........ ၎င်း သုံးစွဲတဲ့အချိန်မှာ တိုက်ရိုက်သုံးစွဲခွင့်မရှိပဲ သင့်ရဲ့ VPN Client နဲ့ Private Network ကြားထဲမှာ VPN Remote Access Server ထားပေးရပါမယ်။ ဒါမှသာလျှင် ပြင်ပမှာရှိနေတဲ့ VPN Client များက သင့်ရဲ့ Private Network အတွင်းထဲသို့ VPN Remote Access Server မှတစ်ဆင့် ၀င်ရောက်သုံးခွင့်ပေးရမှာဖြစ်ပါတယ်။ ဒါကိုမှ VPN Remote Access Server လို့ခေါ်ဆိုကြပါတယ်။ ဒီတော့.......အောက်မှာဖော်ပြပေးထားတဲ့ ပုံကိုကြည့်ပေးပါ။ ဒါဆိုရင် သင်ဟာ Remote Access VPN ကိုနားလည်သွားပါလိမ့်မယ်။

No comments:

Post a Comment