Saturday, November 26

Java, C, HTML နှင့် Script Language များကိုလေ့လာခြင်း

What is Java ?
Java သည် Sun Microsystem မှာ James Gosting က တီထွင်ခဲ့တဲ့ Programming Language ဖြစ်ပြီး Sun Microsystem's Java Platform ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ၁၉၉၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Java ရဲ့ Syntax အများစုသည် C နှင့် C++ မှ ဆင်းသက်လာသည်။ သို့သော် Java တွင် ရိုးရှင်းသော Object Model နှင့် Low Level Facilities အနည်းငယ်သာရှိပါတယ်။ Java Application များကို ကွန်ပျူတာ Architecture တွင် မဟုတ်ဘဲ Java Virtual Machine (JVM) ပေါ်တွင် Run နိုင်သော Bytecode များအဖြစ် Complile လုပ်နိုင်တယ်။ Java သည် General Purpose Concurrent Class-Based Object Oriented Language တစ်ခုဖြစ်ပြီး ၎င်းကို Implementation Dependencies နည်းနိုင်သမျှနည်းအောင် ဒီဇိုင်းလုပ်ထားပါတယ်။ Java သည် Application Developer များကို "Write Once, run anywhere' လုပ်နိုင်စေရန် ရည်ရွယ်ထားသည်။ Java သည် ယခုအချိန်တွင် ရေပန်းအစားဆုံး Programming Language အဖြစ် အသုံးပြုနေပြီး ၎င်းကို Application Software မှ Web Application များအထိ ကျယ်ပြန့်စွာ အသုံးပြုနေပါတယ်။ Original နှင့် ကိုးကားထားသော Implementation Java Complier များ၊ Virtual Machine များနှင့် Class Libraies များကို Sun မှ 1995 တွင် မိတ်ဆက်ထုတ်လုပ်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် မေမှစ၍ Java Community Process ၏ Specification များအရ Sun မှ Java ၏ Technologies များကို GNU General Pubic License အောက်တွင် License ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ အခြားသော Java Technologies များမှာ Sun Technologies များဖြစ်သော GNU Compiler for Java ၊ GNU Classpath နှင့် Danvik များကဲ့သို့ Sun Technologies များ၏ Implementation များအရ တိုးတက်လာသည်။

What is C ?

၁၉၇၂ တွင် Demnis Ritchie က Lunix Operative System နဲ့ အသုံးပြုဖို့ Bell Telephone Laboratories မှာ General Purpose Computer Programming Language တစ်ခုဖြစ်တဲ့ 'C Language' ကို တီထွင်ခဲ့သည်။ C ကို System Software တွေကို Implement လုပ်ဖို့အတွက် ဒီဇိုင်းဆွဲထားသော်လည်း Portable Application Software တွေ တိုးတက်လာဖို့အတွက် ကျယ်ပြန့်စွာ အသုံးပြုနေကြပါတယ်။ C သည် Popular အဖြစ်ဆုံး Computer Programming Language များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး C မပါဝင်သော Computer Architecture လည်း အနည်းငယ်ရှိပါတယ်။ C သည် အခြားသော Popular ဖြစ်တဲ့ Programming Language များစွာကို လွှမ်းမိုးထားပြီး အထူးသဖြင့် C ကို ထပ်ပြီးချဲ့ထွင်ထားသော C++ သည် ထင်ရှားသည်။

What is HTML
HTML (Hyper Text Markup Language) သည် Webpages များအတွက် ကောင်းမွန်တဲ့ Markup Language ဖြစ်ပါတယ်။ HTML ကို Web Page Content ထဲမှာ angle bracket (<,>) တွေပါဝင်တဲ့ HTML Element ပုံစံနဲ့ရေးသားထားပါတယ်။ Image တွေ၊ Object တွေကို စုစည်းထားပြီး Interactive Form တွေ ဖန်တီးရာမှာ သုံးပါတယ်။ သူက Headings ၊ Paragraphs ၊ Lists ၊ Links ၊ Quotes နဲ့တခြား Item တွေဖြစ်တဲ့ Text အတွက် သင်္ကေတများဖြင့် Documents တွေကို တည်ဆောက်ထားပါတယ်။ HTML တွင် Javascripts စတဲ့ Scripts များထည့်သွင်းထားခြင်းဖြင့် Web Pages များကို ပို၍ အသက်ဝင်စေပါတယ်။ HTML ထဲမှာ Text တွေနဲ့တစ်ခြား Material တွေရဲ့ Layout ရဲ့ အသွင်အပြင်ကို လှပစေဖို့ Cascading Style Sheets (CSS) ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ W3C ကလည်း HTML ပေါ်မှာ CSS ကို အသုံးပြုဖို့ တိုက်တွန်းထားပါသေးတယ်။

What is Script ?
Scripting Language (ခေါ်) Scrip Language (ခေါ်) Extension Language သည် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော Software Application များ၏ ထိန်းချုပ်မှုကို ခွင့်ပြုပေးသည်။ 'Script' သည် Application များ၏ အရေးပါသော Code များနှင့်မတူဘဲကွဲပြားသည်။ အဘယ်ကြောင့်ဆိုသော် Scripts အား မတူညီသော Language များနှင့်ရေးသားပြီး End-User မှ မကြာခဏ Crate နှင့် Modified လုပ်နိုင်ပါတယ်။ Script ကို Source Code (or) Bytecode များမှ Interpret လုပ်နိုင်တယ်။ Script မှ control လုပ်ထားသော Application များကို Native Machine Code ဖြစ်အောင် Complie လုပ်နိုင်သောကြောင့် ဖြစ်ပါတယ်။ Script ဆိုသောအမည်သည် Performing Art များ၏ Script ရေးသားမှုမှ ဆင်းသက်လာတယ်။ Dialog များသည် Human Actors များပြောသလို လုပ်နိုင်ရန် ချထားခဲ့သည်။ အစောပိုင်း Script Language များကို Batch Language (သို့မဟုတ်) Job Control Language ဟုခေါ်ပါတယ်။ အစောပိုင်း Scripting Language များကို Traditional-edit-compile-link-run Process များအတိုချုံ့ရန် ဖန်တီးထားပါတယ်။

No comments:

Post a Comment