Wednesday, November 30

ပင်လယ်ရေ ညစ်ညမ်းမှုနှင့် ရေသတ္တဝါများ အန္တရာယ်

လွန်ခဲ့တဲ့ ၂၀ ရာစုနှစ်တွေအ တွင်း ဝေလငါး တွေရှာဖွေဖမ်းဆီး တဲ့ သင်္ဘော အုပ်စုကြီး တွေ ကြောင့် တချို့ ဝေလငါး မျိုးတွေဟာ မျိုးသုဉ်း ပျောက်ကွယ် သွားရမယ့် အခြေအ နေအထိ ရောက် ရှိခဲ့ရပါတယ်။ ဒီ လိုဝေလငါးတွေကို
အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်နေကြတာကို ကာကွယ်ဖို့အတွက် ၁၉၄၆ ခုနှစ်မှာ နိုင်ငံတကာ ဝေလငါးကော်မရှင် (International Whaling Commission) တစ်ရပ်ကိုဖွဲ့စည်းခဲ့ပါ တယ်။
အဲဒီကော်မရှင်ဟာ ဆယ်စု နှစ်များစွာ လေ့လာစုံစမ်းခဲ့ပြီး၊ အကြိမ်ကြိမ်ငြင်းခုံကာ ၁၉၈၂ ခုနှစ် မှာ ဝေလငါးတွေကို ဖမ်းဆီးပြီး ရောင်းဝယ်ရရှိတဲ့ငွေတွေအား ဘဏ် တွေက လက်ခံခြင်း မပြုကြဖို့ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု၊ လေ ထုရေထုညစ်ညမ်းလာမှုနဲ့ ရေနေ သတ္တဝါတွေ နေထိုင်နိုင်တဲ့ ရပ်ဝန်း တွေ ပျက်စီးလာမှုတွေကြောင့် ပင်လယ်ရေသတ္တဝါတွေရဲ့ ရှင်သန် ရပ်တည်ရေးကို အကြီးအကျယ် ခြိမ်းခြောက်လာနေပါတယ်။
IVCN သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် နိုင်ငံတကာအဖွဲ့တို့ရဲ့ပူး ပေါင်းကြားဖြတ် အစီရင်ခံစာကို ကုလသမဂ္ဂသို့ တင်ပြခဲ့ရာမှာ ပင် လယ်ရေပြင်ဂေဟစနစ် ဆုတ်ယုတ် ပျက်ယွင်းလာတဲ့ အမြန်နှုန်းဟာ မျှော်လင့်ထားတာထက် ပိုပြီးမြန် ဆန်လာနေတယ်လို့ ဖော်ပြထားပါ တယ်။ ကမ္ဘာကြီးပူနွေးလာခြင်း၊ အက်စစ်ဓာတ်လွန်ကဲလာခြင်းနဲ့ အောက်စီဂျင်ဓာတ်လျော့နည်းလာ ခြင်းတို့ကြောင့် ၁၉၉၈ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ သန္တာကျောက်တန်းမျိုး သုဉ်းခြင်း (Coral Bleading) လို့ခေါ်တဲ့ အပူပိုင်းဒေသသန္တာ ကောင်၁၆ရာခိုင်နှုန်း သေဆုံးခဲ့ရ တဲ့ခြိမ်းခြောက်မှုမျိုးတွေဖြစ်ပေါ် လာနိုင်ပါတယ်။ ပင်လယ်ငါးတွေ ကို အလွန်အကျွံဖမ်းဆီးနေတဲ့ အတွက်လည်း ငါးအရင်းအမြစ်တွေ ဆုတ်ယုတ်လာပြီး မျိုးစိတ်အများ အပြားပျောက်ကွယ်သွားနိုင်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်း ငယ်အတွင်း အလွန်ကြီးမားတဲ့ နိုင်လွန်ငါးဖမ်းပိုက်တွေနဲ့ ငါးဖမ်း တဲ့စနစ်ကို အသုံးပြုလာတဲ့အတွက် ပင်လယ်တွင်းရှိငါးနဲ့ ရေသတ္တဝါ အားလုံးကို ခြိမ်းခြောက်လာနေပါ တယ်။ ၄၈ ကီလိုမီတာလောက် ကျယ်တဲ့ ပင်လယ်ပြင်ထဲကိုဖြန့် ကြက်ပြီး ပင်လယ်ပြင်ကြမ်းခင်း အထိ တရွတ်တိုက်ဆွဲကာဖမ်းဆီး နိုင်တဲ့အတွက် အဲဒီဧရိယာအတွင်း ရှိ ရေသတ္တဝါတွေ၊ လိပ်တွေ၊ ပင် လယ်ငှက်တွေ၊ ဝေလငါးတွေ၊ ဖျံ တွေနဲ့ တခြားငါးမျိုးများစွာကိုပါ သေကြေပျက်စီးစေပါတယ်။
ဒါ ကြောင့် ကုလသမဂ္ဂဟာ ၁၉၉၂ခု နှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ကစပြီး အလွန်ကြီးမားတဲ့ငါးဖမ်းပိုက်တွေနဲ့ ပင်လယ်ရေနက်အတွင်း ငါးဖမ်း ခြင်းကို ဟန့်တားခဲ့ပါတယ်။ ပင်လယ်သမုဒ္ဒရာအတွင်း ရေနံသင်္ဘောတွေ တိမ်းမှောက်လို့ ပဲဖြစ်ဖြစ်၊ ရေနံတူးစင်တွေ ပေါက် ကွဲလို့ပဲဖြစ်ဖြစ်၊ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေက ရေနံဈေးကစားဖို့ရေ နံတွေကို သွန်ပစ်လို့ပဲဖြစ်ဖြစ် ရေ နံယိုဖိတ်မှုတွေ များပြားလာနေပြီး ပင်လယ်ရေညစ်ညမ်းလာစေမှုဟာ လည်း ပင်လယ်တွင်းအသက်ရှင် နေရတဲ့သတ္တဝါတွေနဲ့ ငါးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက် လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်က Exxon Valdex ရေနံစင်ပေါက်ကွဲ မှု၊ ၁၉၉၁ ခုနှစ်မှာ အီရတ်နိုင်ငံက ရေနံတွေကို ဂတ်(ဖ်)ပင်လယ်ကွေ့ အတွင်း သွန်ပစ်မှုတွေ ကမ္ဘာကသ တိပြုလာမိပြီး အဲဒီအန္တရာယ်က ကာကွယ်ဖို့ကြိုးပမ်းလာခဲ့ကြပါ တယ်။
၁၉၉၀ပြည့်နှစ် နိုဝင်ဘာလ မှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ဟာရေနံ ညစ်ညမ်းမှုမဖြစ်ပွားရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပွားလာ ရင် လျင်မြန်စွာတုံ့ပြန်ပြီး အချင်း ချင်းပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်တစ် ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ရေနံယိုဖိတ်မှုဟာ ပင်လယ် ရေညစ်ညမ်းမှုကို ဖြစ်ပွားစေသလို မိလ္လာအညစ်အကြေးတွေနဲ့ စက်မှု လုပ်ငန်းတွေက စွန့်ပစ်တဲ့ရေဆိုး တွေရဲ့ အန္တရာယ်ဟာလည်း ပင်လယ်ကမ်းစပ်ဒေသတစ်လျှောက် ကရေထုကို အဓိကညစ်ညမ်းနေစေ ပါတယ်။ အမေရိကန်နိုင်ငံမှာ ပင် လယ်တွင်းအညစ်အကြေးစွန့်ပစ် တာကို ပိတ်ပင်တားမြစ်တဲ့ဥပဒေ (The Ocean Dumping Ban Act)ကို ၁၉၈၈ခုနှစ်မှာပြဋ္ဌာန်းခဲ့ ပြီး မိလ္လာအညစ်အကြေးနဲ့စက်မှု စွန့်ပစ်ရေဆိုးတွေကို ၁၉၉၂ခုနှစ် ဇွန်လကစပြီး ပင်လယ်တွင်းစွန်ပစ် ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။ မိလ္လာအညစ်အကြေးတွေကို ဓာတ် မြေဩဇာအဖြစ် ပြန်လည်ထုတ်လုပ် စေပြီး၊ စက်မှုစွန့်ပစ်ရေဆိုးတွေကို မြေအောက်ပေးပို့ခြင်း၊ အချို့အမှိုက် တွေကို မီးရှို့ဖျက်ဆီးခြင်းတွေကို ဆောင်ရွက် လာနေကြောင်းပါ ခင် ဗျား။ ။

No comments:

Post a Comment