Wednesday, November 30

တွေ့ဆုံခွင့်

ရည်းစားစကား

မျက်နှာချိုသွေး သွေးပြီး ချစ်ရေးဆိုရမှာ ရှက်လိုက်တာကွာ

ဂစ်တာမတီးချင်ဘူး

သီချင်းမဆိုချင်ဘူး

စာမပေးချင်ဘူး


ကဗျာမရွတ်ချင်ဘူး

အုတ်ခုံကိုဂစ်တာနဲ့ ရိုက်ခွဲ

အဲ့ဒါ ငါ့အသည်းပါပဲ

အိုက်တင်ပေး၊ ဖက်ရှင်ပြ

အ၀တ်အစားလှလှလေးတွေဝတ်ပြီး

ဖက်ရှင်မပြချင်ဘူး

ဟောင်းနွမ်းနေတဲ့ အကျီ င်္ကြယ်စေ့တွေကို

လက်နှစ်ဖက်နဲ့(ဖြန်းခနဲ)ဆွဲ
ဖွင့်

အဲ့ဒါ ငါ့ရဲ့ပန်ကြားခွင့်ပေါ့

အသဲမကွဲချင်ဘူး

မျက်ရည်မကျချင်ဘူး

ကွန်ပျူတာစက်ခလုတ်တွေပေါ်မှာ တို့နှစ်ယောက်ပျော်ရွှင်စွာ ဆုံတွေ့ကြရအောင်

No comments:

Post a Comment