Monday, November 28

Web Bot အကြောင်းသိကောင်းစရာ

Web Bot ဆိုတာဟာ အင်တာနက် Bot ဆော့ဖ်ဝဲ program ဖြစ်ပြီး keywords များအား track လိုက်ခြင်း၊ လုပ်ဆောင်ချက်များအား မှတ်သားခြင်း စတာတွေအသုံးပြုတဲ့ program တစ်ခုဖြစ်ပါတယ်။ Web Bot ကို Internet Bot လို့လည်း ခေါ်ဝေါ်ကြပြီး လွန်ခဲ့တဲ့ 1997 ခုနှစ်မှစတင်၍ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အစကတော့ Wet Bot မျာအား စတော့ဈေးကွက်များအား ခန့်မှန်းတွက်ချက်ရန် ရည်ရွယ်ခဲ့ပြီး ပထမဆုံး Web Bot တစ်ခုကို ဖန်တီးခဲ့သူကတော့ Clif High နှင့် George Ure တို့ပဲဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဆန်းသစ်သောနည်းပညာများ၊ algorithm များကို အသုံးပြုပြီး Web Bot များကို တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။





Clif High နှင့် George Ure တို့နှစ်ဦးဟာ Web Bot များကို ရေးဆွဲဖန်တီးခဲ့ပြီးနောက် Search Engine များတွင် ထည့်သွင်းအသုံးပြုလာပါတယ်။ ထို Web Bot များဟာ Crowd နှင့် Spider တို့ကဲ့သို့သော Search keyword များကို ရှာဖွေရာတွင် အဓိက အစိတ်အပိုင်းမှ ပါဝင်လာခဲ့ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုလျှက်ရှိသော Search Engine များဟာ Crowd နှင့် Spider လို့ခေါ်တဲ့ keyword များကို Search Engine နှင့် ချိတ်ဆက်ထားသော နည်းပညာများကို အသုံးပြု ကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ Web Bot များပေါ်ထွက်လာခဲ့ခြင်းကြောင့် 300,000 မျှသော keyword များကို အချိန်ပိုင်းအတွင်း ရှာဖွေလာနိုင်ခဲ့ပြီး ၀က်ဘ်အသုံးပြုမှုအတွက် အဓိက အထောက်အကူဖြစ်သော programများ အဖြစ် အသုံးပြုလာခဲ့ကြပါတယ်။


Web Bot များအား အခြားသော အသုံးပြုမှုများကတော့ ဈေးကွက်ရှယ်ယာများ ခန့်မှန်းခြင်း ၊ အဖြစ်အပျက်များအား ခန့်မှန်းတွက်ချက်ခြင်း တို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။ အချို့သောသူတွေကတော့ Bot များရဲ့ တွက်ချက်ခန့်မှန်းမှု အားယုံကြည်ကြပြီး အချို့ကတော့ Bot များကို ဈေးကွက်ခန့်မှန်းစရာ အဓိကအရာလို့ မမြင်ကြပါဘူး။ Web Bot များနှင့်ပက်သက်၍ အမှတ်ရစရာတစ်ခုကတော့ လွန်ခဲ့တဲ့ 2001 ခုနှစ် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့တဲ့ Tu-154 Jetliner crash ဖြစ်ပွားခဲ့ခြင်းအား Web Bot မှ ရက် 90 မတိုင်မှီကတည်းက ခန့်မှန်းတွက်ပေးခဲ့ဖူးပါတယ်။ Bot နှင့်ပက်သက်လို့ မယုံကြည်နောက်သော တွက်ချက်မှုများ၊ ရှိနေပေမဲ့ လူသားတို့အနေဖြင့် Bot ကို ယုံကြည်အားထားရာ တစ်ခုအဖြစ်တော့ မသတ်မှတ် သေးပါဘူး။

No comments:

Post a Comment