Wednesday, February 22

Rack Server အကြောင်းတစေ့တစောင်း။

( Dell Rack Server )
ကျွန်တော်တို့ Networking သမားတွေအတွက် Server ဆိုတာအမြဲတမ်းကြားနေကြရပေမယ့် Rack Server ကိုတော့ သုံးတဲ့သူနည်းပါးပါတယ်။ ( ကျွန်တော်တို့ နိုင်ငံအတွင်းမှာပါ ) ။ တကယ့် Company အ ကြီးကြီးတွေ Enterprise Level တွေ မှာတော့ Rack Server တွေဟာတကယ့်ကို Performance ကောင်းကောင်းနှင့် စနစ်တကျအသုံးပြုနိုင်တဲ့ သတ်ရပ်တဲ့ ဒီဇိုင်းနဲ့ 24 နာရီ 7 ရက်ပတ်လုံး non stop running လုပ်နိုင်ရန်အတွက် အထူးထုတ်လုပ် ထားတဲ့ Server များဖြစ်နေလို့ ပါ။ Rack Server များကို Rack ( Rack Server ထည့်/ထား နိုင်သည့်သီးသန့် ပြုလုပ်ထားသောစင် ) များပေါ်တွင် install လုပ်ဆောင်နိုင်ရန် တည်ဆောက်ထားပါတယ်။ Rack Server များကို rack-mounted server များလို့ လည်းခေါ်ကြပါတယ်။



( Rack Server front view)

Tower Server ကြီးများ နည်းတူ ပြုလုပ်ထားပေမယ့် သူ့ ရဲ့ ပုံစံက Flat ပုံစံဖြစ်ပါတယ်။ Rack တစ်ခုအတွင်းမှာ Rack Server များစွာထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Slot တစ်ခု ( Rack အံဆွဲတစ်ခု ) မှာ Rack Server တစ်လုံးနှုန်းဖြင့် အရေအတွက်အများကြီးထည့်နိုင်သလို Server Types ( File server , Print Server ) စသဖြင့် ဆာဗာအမျိုးမျိုးထားရှိနိုင်ပါတယ်။ အဓိကအားဖြင့် Rack Server ရဲ့ ပုံစံကတော့
နေရာယူမှူ့ နည်းနည်းဖြင့် Performance ကောင်းကောင်း Server တွေဖြစ်အောင် တည်ဆောက်ထားခြင်းပါ။
Rack Server များကို Rack Unit ခေါ် ( U ) ဖြင့်တိုင်းတာပါတယ်။ 1U ( One Unit ) ဆိုရင် 1.75 inches ရှိပါတယ်။


( 34 Rack Server view )

ဒီ Unit ဟာ Rack Server တစ်လုံးရဲ့ Hight ( အမြင့် ) ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ 1U Rack Server တစ်လုံးရဲ့ အမြင့်ဟာ 1.75 inches ရှိပါတယ်။ ဒီလိုပါပဲ 2U Rack Server တစ်လုံးရဲ့ အမြင့်ဟာလည်း 3.5 inches ဖြစ်သွားမှာပါ။ အပေါ်မှာဖော်ပြထားတာကတော့ 34U Rack တစ်လုံးပုံပါ။




( Intel Xeon Processor )

ဒီ Rack Server တွေမှာအဓိကအသုံပြုတဲ့ CPU တွေကတော့ Server တွေအတွက်သီးသန့် ထုတ်လုပ်ထားတဲ့ Xeon အမျိုးအစား CPU တွေပဲဖြစ်ပါတယ်။ Rack Server အတွက် Mother Board တွေပေါ်မှာ CPU Socket တွေ တစ်ခုထက်ပိုပြီးတော့ ပါနိုင်ပါတယ်။ ရွေးချယ်တဲ့အမျိုးအစားနှင့်သက်ဆိုင်ပါတယ်။ ဒီအတွက်နည်းပညာပိုင်းကတော့ SMP ( Symmetric Multiprocessing ) နည်းပညာ ဖြစ်နိုင်သလို Multi CPU & Multi Memory စသဖြင့်ဖြစ်နိုင်ပါတယ်။ အောက်တွင်ဖော်ပြထားတဲ့ Stealth SR-1600 1U Rack Server ဟာဆိုရင် 4 Processor (Multi CPU & Multi Memory) ဖြင့် ထုတ်လုပ်ထားပါတယ်။



( Stealth SR-1600 1U Rack Server InsideView )

ပုံမှန်အားဖြင့် Xeon CPU တစ်လုံးမှာ 4 Core ပါပါတယ်။ ဒါကို HT ( Hyper-threading ) ဆိုရင် 8 Thereat ဖြစ်မှာပါ။ ( 4 Physical Core + 4 Logical Core = 8 Core ) ဖြစ်သွားမှာပါ။ ဒီလိုမျိုး Xeon 4 လုံးထည့်လိုက်တယ်ဆိုရင် 32 Core ဖြစ်သွားမှာပါ။ ( ပုံမှန်အားဖြင့်ဆိုရင် 1Core ဟာ Normal Computer တစ်လုံးရဲ့ CPU တစ်လုံးနှင့်ညီမျှပါတယ်။) ဒါဆိုရင် ဒီ Server ရဲ့ Performance ကတော့ အထူးပြောစရာလိုမယ်မထင်တော့ပါ။ ဒီလိုမျိုး Server တွေကို အဓိကအားဖြင့် Loading အရမ်းများတဲ့ Network တွေ Performance အတွက် အထူးပြင်ဆင်ထားတဲ့ Network တွေမှာ မရှိမဖြစ် အသုံးပြုလာ ကြပါတယ်။
Ref: M51A

No comments:

Post a Comment