Friday, February 24

lue Screen Error ဖြေရှင်းနည်း



ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
B

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။


2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။
(ပုံမှာကြည့်ပါ)။

ပြီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။

No comments:

Post a Comment