Sunday, February 19

ချစ်သူများနေ့ မှာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်...

ချစ်သူများနေ့ က ဖေဖော်ဝါရီ ၁၄ရက်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အကျီဆင်တူ ဝတ်ရမယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

တနေကုန် လျှောက်သွားရမယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အဲဒီနေ့ မဖြစ်မနေ လျှောက်လည်ရလိမ့်မယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အဲဒီနေ့ မှာ အမှတ်တရ လက်ဆောင်ပေးရမယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အဲဒီနေ့ မှာ ချစ်သူနဲ့ ဘဲရှိရမယ်ဆိုတာ



ဖေဖော်ဝါရီ ၁၄ မှ ချစ်သူများနေ့ မဟုတ်ပါဘူး

ချစ်သူနဲ့ ရှိတဲ့ နေ့ တိုင်း ချစ်သူများနေ့ ပါ

အကျီဆင်တူ ဝတ်ရမှ မဟုတ်ပါဘူး

စိတ်ချင်းဆင်တူ ဖြစ်နေယုံနဲ့  တင်ပြည့် စုံပါတယ်

တနေကုန် လျှောက်လည်နေမှမဟုတ်ပါဘူး

တနာရီနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောရင်တောင်ပြည့် စုံပါတယ်

အမှတ်တရ လက်ဆောင်ပေးရမှ မဟုတ်ပါဘူး

တယောက်နဲ့ တယောက်နားလည်မှုတွေ နဲ့ တင်ပြည့် စုံပါတယ်

အဲဒီနေ့ ဘဲ ချစ်သူနဲ့ အတူတူရှိမှ မဟုတ်ပါဘူး

လူချင်းမတွေ့ ရဘဲ စိတ်ထဲအမြဲရှိရင်တောင် ပြည့် စုံပါတယ်

No comments:

Post a Comment