Thursday, February 9

ဟစ်တလာ တစ္ဆေခြောက်ခံ ဂျာမနီက တောင်တစ်လုံး

Label - ဂျာမဏီ ဘာဗေးရီးယန်းတောင် မှ နာဇီတစ္ဆေ


ဟစ်တလာ၏ ထူးခြားသည့် ယာယီစံအိမ်။


ဂျာမနီနိုင်ငံ ဘာဗေးရီးယန်းတောင် ထိပ်သို့သွားရာ လမ်းတစ်ဝက် တောင်စောင်းတစ်နေရာတွင် မွဲပြာကျောက်သား တံတိုင်းကြီးကို တွေ့ရသည်။ ဤ နေရာကား အခြားမဟုတ်။ တစ်ချိန်က အာဏာရှင် အဒေါ့ဖ်ဟစ်တလာ အပန်းဖြေအနားယူခဲ့ရာ ဘားဂေါ့ဖ်ဟု ခေါ်သော တောင်ပေါ်အပန်းဖြေ နေအိမ်ပေတည်း။

ဟစ်တလာသည် ၁၉၄၅ ခုနှစ်က ဘာလင်မြို့ရှိ ဘန်ကာ ကတုတ်ကျင်းထဲတွင် မိမိကိုယ်မိမိ အဆုံးစီရင်သွားသည်အထိ ၁၀ နှစ် ကျော်ကျော် ဤ တောင်ပေါ်နေအိမ်တွင် အပန်းဖြေနေထိုင် အနားယူခဲ့သည်။



ဘာဗေးရီးယန်းတောင်စောင်းရှိ ဘားဂေါ့ဖ် အိမ်ကြီးမှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီး၌ ဗုံးဒဏ်ဖြင့် ပျက်စီးခဲ့ရာ အမေရိကန်တို့ ၀င်ရောက် သိမ်းပိုက်ပြီးနောက် လက်ကျန်အဆောက်အအုံကို အမေရိကန်တပ်များက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။



ဘားဂေါ့ဖ် အိမ်တော်ဟောင်း၏ အနီးအနား အခြားတောင်ထိပ်တစ်ခုပေါ်တွင် လင်းယုန်အသိုက်ဟုခေါ်သော ဟစ်တလာ၏ လက်ဖက်ရည်ဆိုင် ရှိသည်။



ထိုနေရာကတော့ ဘားဂေါ့ဖ် နှင့်မတူ တစ်မူထူးခြားကာ လာရောက်လည်ပတ်သူ အထူးများပြားလှသည်။

ဂျာမနီနှင့် အိမ်နီးချင်း ဩစတြီးယား နိုင်ငံရှိ တောင်ထွတ်၊ တောင်ထိပ်များနှင့် တောင်ကြားချိုင့်ဝှမ်း လွင်ပြင်များ၏ အသက်ရှူ မှားလောက်သော ရှုခင်းကို ကြည့်ရှုခံစားနိုင်ရန် မူးဝေလောက်သော တောင်ပတ်လမ်းတစ်လျှောက် ဤ တောင်ထိပ်သို့ တက်လာ ကြသော ဧည့်သည်ပေါင်း ထောင်သောင်းမက ရှိသည်။



မီတာ ၁,၈၀၀ (ပေ ၅,၉၀၀) အမြင့်ရှိ လင်းယုန်အသိုက်တွင် ယခုအခါ စားသောက်ဆိုင် တစ်ဆိုင်၊ ကော်ဖီဆိုင် တစ်ဆိုင်နှင့် စာအုပ် ဆိုင်များလည်း ရှိသည်။ ထိုစာအုပ်ဆိုင်တွင် ‘ဟစ်တလာ ၏ တောင်တန်း’ ဆိုသော စာအုပ်များလည်း ရောင်းချနေသည်။



ဟစ်တလာ အသက် ၅၀ ပြည့် မွေးနေ့တွင် နာဇီပါတီက သူတို့ခေါင်းဆောင်ကြီးအား မွေးနေ့လက်ဆောင်အဖြစ် လင်းယုန်သိုက် အိမ်ကြီးကို တောင်ပေါ်၌ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။



ဟစ်တလာသည် အမြင့်ကြောက် စိတ်ရောဂါရှိသဖြင့် ဤ လင်းယုန်သိုက် အိမ်သို့ အရောက်အပေါက်နည်းလှသည်ဟု ဆိုသည်။ ဤသမိုင်းဝင်နေရာ နှစ်ခုစလုံးကို နောင်လာနောက်သားများအတွက် ထိန်းသိမ်းထားရန် သမိုင်းပညာရှင်များက လိုလားသည်။



သို့သော် အချို့ကမူ နာဇီအာဏာရှင်နှင့် ဆက်နွှယ်နေသော နေရာများကို အသားပေးခြင်းဖြင့် မလျော်ကန်သော ဂါရ၀ခရီးသွား လုပ်ငန်းကိုသော် လည်းကောင်း၊ ထိုနေရာကို နာဇီ ဒစ္စနေလန်း ဖြစ်သွားစေရန်သော် လည်းကောင်း အားပေးအားမြှောက်ပြုရာ ရောက်သွားမည်ကို စိုးရိမ်နေကြသည်။



“ဟစ်တလာနဲ့ ပတ်သက်တဲ့ စွဲလန်းမှုတွေကို အားပေးရာမရောက်အောင်တော့ သတိထားကြရပါမယ်” ဟု ဒေသတွင်း မှတ်တမ်းတင် စင်တာလေးကို ဖွင့်လှစ်ကြီးကြပ်နေသော အသက် ၃၆ နှစ်အရွယ် သမိုင်းပညာရှင် အိတ်ဆယ် ဒရီကိုးလ်က သတိပေးစကားပြောသည်။



သူ၏ စင်တာပြခန်းတွင် ဟစ်တလာ၏ အိမ်တွင်းဘ၀ကို နာဇီတို့ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများနှင့်အတူ ယှဉ်တွဲပြသထားရာ တစ်နှစ်တစ်နှစ် လူ ၁၆၀,၀၀၀ ခန့် လာရောက်လည်ပတ် ကြည့်ရှုကြသည်။



“လူပြိန်းကြိုက် အရိုင်းဆန္ဒကို အားပေးအားမြှောက်ပြုရာ မရောက်စေဘဲ ခရီးသွား ဧည့်သည်တွေရဲ့ ပြင်းပြတဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးရပါမယ်” ဟု ဒရီကိုးလ်က ပြောပြသည်။



နာဇီခေါင်းဆောင် ဟစ်တလာ ၏ DNA စမ်းသပ်မှုတွင် ဂျူးနှင့် အာဖရိကန်များနှင့် ဆွေမျိုးတော်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ ဟစ်တလာ၏ ဆွေမျိုးများကနေ DNA ရယူစမ်းသပ်ချက်အရ ဟစ်တလာ အမုန်းကြီး မုန်းခဲ့ပြီး အစုပြုံလိုက် သတ်ဖြတ်ခံရသည့် ဂျူးလူမျိုးများနှင့် ဆွေမျိုးတော်စပ်နေသည်။



စာနယ်ဇင်း နှင့် သမိုင်းပညာရှင်တို့က ဟစ်တလာ၏ ဆွေမျိုးများထံမှ သူ၏ ဆွေစဉ်မျိုး ဆက်ကိုခြေရာခံကြည်ခဲ့ရာ DNA တွင် E1B1B (YDNA) ဟုခေါ်သော ‘ခ၇ိုမိုဆုန်း’ ကို ထူးထူးခြားခြားတွေ့ရှိခဲ့သည်။



ယင်းခရိုမိုဆုန်းသည် မော်ရိုကို၊ လစ်ဗျား၊ တူနီရှားရှိ ဘာဘာလူမျိုးများနှင့် ဂျုးများတွင် အများဆုံးပါဝင်နေသော ခရိုမိုဆုန်းဖြစ်သည်။ မျိုးရိုးဗီဇ ကျွမ်းကျင်သူများကလည်း ဟစ်တလာသည် မြောက်အာဖရိကရှိ လူမျိုးများ၊ ဂျူးလူမျိုးများနှင့် မျိုးရိုးဆက်နွယ်နေပုံကို အတည်ပြုပေးခဲ့သည်။





ဗြိတိသျှ ခရီးသွားကုမ္ပဏီတစ်ခုမှ ဟစ်တလာနှင့် ဆက်နွှယ်နေသော နေရာများကို လိုက်လံပြသပို့ဆောင်ပေးမည့် ဂျာမနီခရီးစဉ် တစ်ခုကို ‘Hitler Holiday’ ဟု အမည်တပ်ထားသည့် ကြော်ငြာတစ်ခု သတင်းစာတွင် ဖတ်ရသောအခါ ဂျာမနီနိုင်ငံ ဘာတက်စ်ဂါဒင်မြို့မှ လူများမှာ တုန်လှုပ်သွားကြရသည်။



ဤကြော်ငြာကြောင့် အတော်ပင် လှိုင်းဂယက်များ ထခဲ့ရာ ဘာဗေးရီးယား အာဏာပိုင်များက ဤခရီးစဉ်ကို တားဆီးပိတ်ပင်ရန် ကြိုးစားခဲ့ကြသေးသည်။ နောက်ပိုင်းမှ ဤ ခရီးမှာ သာမန်ရိုးရိုး အပန်းဖြေ အလည်အပတ် ခရီးသွားများကိုသာ ရည်ရွယ်ခြင်းဖြစ်ပြီး နာဇီလက်သစ်များကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း သဘောပေါက်ပြီး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မှန်ပါသည်။ နာဇီလက်သစ်ဝါဒီအချို့ ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဟစ်တလာ၏ မွေးနေ့တွင် ဘားဂေါ့ဖ်၌ လူတချို့က ဖယောင်းတိုင်များ ထွန်းညှိပြီး ပန်းစည်းများ တိတ်တဆိတ် လာချသွားခြင်း၊ ဟစ်တလာ သေဆုံးသော နှစ်ပတ်လည်နေ့တွင် ‘လွမ်းသူ့ပန်းခွေ’ များ လာချခြင်းများ ပြုလုပ်တတ်ကြသည်။

သို့သော် ဘားဂေါ့ဖ်နှင့် ခပ်လှမ်းလှမ်းတွင်ရှိသော မှတ်တမ်းတင် စင်တာမှ သိလျှင်သိချင်း အလျင်အမြန်သွားရောက်ကာ ဖယ်ရှားပစ်ခဲ့ရသည်ဟု စင်တာ ကြီးကြပ်သူ ‘အိတ်ဆယ်ဒရီကိုးလ်’ က ပြောပြသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် နှစ်ပေါင်း ၆၅ နှစ်ကျော်သည်အထိ အသက်ရှင်နေဆဲဖြစ်သည့် ဟစ်တလာ၏ ကိုယ်ရံတော်က ၄င်းသည် အသက်ကြီး လှပြီဖြစ်၍ ကမ္ဘာတစ်ဝန်းမှ ရောက်လာသောစာများကို စာမပြန်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။ ဟစ်တလာ၏ ကိုယ်ရံတော် တစ်ဦးဖြစ်သော Rochu Misch သည် ယခုအခါ ၉၃ နှစ် ရှိပြီဖြစ်သည်။

No comments:

Post a Comment