Saturday, December 24

Fight SOPA



ယခု အမေရိကန်ကွန်ဂရက်သည် အင်တာနက်၏အနာဂတ်ကို အကြီးအကျယ်သက်ရောက်စေမည့် ဥပဒေတစ်ရပ်ပြဌာန်းရန် စဉ်းစားလျက် ရှိသည်။ အဆိုပါဥပဒေမှာ Stop Online Piracy Act ဟုခေါ်သည့် အွန်လိုင်းခိုးကူးမှုတားဆီးရေး အက်ဥပဒေပင် ဖြစ်သည်။

အမှန်မှာမူ ထိုဥပဒေသည် တရားမ၀င်(ခိုးကူး)လုပ်ငန်းများကို တားဆီးနိုင်မည်မဟုတ်ပါ။ သို့သော် အဆိုပါဥပဒေသည် အင်တာနက်တွင် ရှိသော လူမှုမီဒီယာများနှင့် သုံးစွဲသူထုတ်လုပ်တည်းဖြတ်ထားသော အကြောင်းအရာများပါဝင်သည့် ၀ဘ်ဆိုက်များ (ဥပမာ YouTube) အစ ရှိသည့် ဆိုက်များကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိသည်။ ၄င်းသည် အင်တာနက်တွင်ရှိသော အချို့သော အရေးကြီးနည်းပညာဆိုင်ရာ စနစ်များကို ထိခိုက်စေနိုင်ပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြဿနာအသစ်များကို ဖန်တီးပေးနိုင်သည်။

ဝက်ဆိုက်များ ဆက်လက်၍ ပွင့်လင်းလွတ်လပ်စေရေးနှင့် လူတိုင်းဝင်ရောက်အသုံးပြုနိုင်ရေးအတွက် အကျိုးအမြတ်မယူသော အဖွဲ့အစည်း တစ်ခုအနေဖြင့် ကတိပြုသောအားဖြင့် Mozilla သည် အဆိုပါဥပဒေအနေဖြင့် အင်တာနက်၏ အခြေခံတည်ဆောက်မှုကို မဖျက်ဆီး မခြိမ်းခြောက်ပါဟူသော သေချာမှုကို လိုလားလျက်ရှိပါသည်။



ယခုအချိန်ထိ ကျွန်တော်တို့သည် အချက်နှစ်ချက်ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။



(၁) ယခုအပတ်အစောပိုင်းတွင် ကျွန်တော်တို့သည် Facebook, Google, Twitter, E-bay, Yahoo နှင့် အခြားသော နည်းပညာကုမ္ပဏီကြီး များနှင့် ပူးပေါင်း၍ ပူးတွဲစာထုတ်ပြန်ပြီး အဆိုပါဥပဒေကို တရားဝင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံအနှံ့တွင်ရှိသော လူထုကိုလွှမ်းမိုးနိုင်သည့် သတင်းစာများစွာတွင် ကြော်ငြာများထည့်သွင်းပြီး ကန့်ကွက်ခဲ့သည်။

(၂) အဆိုပါ ဥပဒေကို အမေရိကန် အိမ်ဖြူတော်တွင် စတင်ကြားနာသည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၆ရက်နေ့တွင် အဆိုပါကိစ္စကို အများ စိတ်ဝင်စားစေရန်နှင့် လူထု၏သဘောထားကို ဖော်ထုတ်နိုင်ရန်အတွက် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းခဲ့သည်။



သို့သော်လည်း အထက်ပါလုပ်ဆောင်ချက်များသည် အဆိုပြုထားသောဥပဒေ အတည်မဖြစ်စေရေးအတွက် ကြိုးပမ်းသော ပထမ ခြေလှမ်းများသာ ဖြစ်ပါသည်။



အကယ်၍ သင် ပါဝင်လိုသည်ဆိုပါက Form တွင် Sign Up လုပ်ပါ။ Web ကို ကာကွယ်ရန်အတွက် ပြုလုပ်သော ယခုလှုပ်ရှားမှုအတွက် ကျွန်တော်တို့၏ လုံ့လကိုအားစိုက်၍ တားဆီးနိုင်မည့်နည်းလမ်းမှန်သမျှကို သင်နှင့်အတူ ရှာဖွေသွားပါမည်။ ကျေးဇူးပြုပြီး ယခုသတင်းကို သင်၏တိုင်းပြည်အနှံ့ လူအများသိအောင် ဖြန့်ဝေပေးပါ။



(https://donate.mozilla.org/page/s/SOPA?source=sopa_page ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်)



SOPA ရပ်တန့်စေရန်ကြိုးပမ်းမှုအဖြစ် https://donate.mozilla.org/page/s/SOPA?source=sopa_page တွင်ရှိသော Form တွင် အမည်၊ အီးမေးလ်၊ နိုင်ငံထည့်သွင်းပြီး ကန့်ကွက်နိုင်ပါသည်။



SOPA ၏ ပြဌာန်းချက်အပြည့်အစုံကို en.wikipedia.org/wiki/Stop_Online_Piracy_Act တွင် ဖတ်ရှုနိုင်ပါသည်။

Ref: IT Man

No comments:

Post a Comment