Saturday, December 17

''တစ်သောင်းတန်ရိုးသားမှု''

သီတင်းကျွတ်လပြည့်နေ့ကကျွန်တော်သူငယ်ချင်းများနှင့် ကျောက်တော်ကြီးဘုရားဆီမီးပူဇော်ပွဲကို သွားရောက်ဖူးမြှော်ခဲ့သည်။ ဆီမီးများဘုရားရင်ပြင်တော်ပေါ်တွင်ထွန်းညှိထားသည်မှာ ကြည်ညိုဖွယ်ကောင်းလှပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်ကောင်းလှပေသည်။ထို့နောက်မကြာမီ အချိန်လေးအတွင်းတွင် စိတ်နှလုံးမချမ်းမြေ့ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့ရလိုက်ပေသည်။ ဖြစ်ပုံမှာ

လူတစ်ယောက် ရင်ပြင်တော်တွင် ဆီးမီးပူဇော်ရန် အလို့ငှာ မတ်တပ်ထအရပ်တွင် သူ၏ ခါးကြားတွင်ညှပ်ထားသော ပိုက်ဆံငါးထောင်တန်နှစ်ရွက် အလိပ်လိုက် ကလေး မှာအာက်သို့ ကျသွားလေသည်။ ထိုအခါ ပိုက်ဆံအလိပ်လေးကျသွားသောနေရာနားတွင် ထိုင်နေသောမိသားစုမှ မိန်းမဖြစ်သူသည်သူ့ ယောက်ျားအား လက်တို့ပြီး ပြလေသည်။ ထို့နောက်ယောက်ျားဖြစ်သူမှ ကောက်ယူပြီး ထိုမိန်းမအားပေးလိုက်လေသည်။ ကျွန်တော်လည်းဖြစ်စဉ်အား အစအဆုံး မြင်ပေရာ ဘယ်လိုဘယ်ပုံ အဆုံးသတ်မည်ကို သိချင်သဖြင့် ဆက်လက်ပြီး စောင့်ကြည့်နေမိသည်။ ထို့နောက် ပိုက်ဆံကျသွား သူ သည်
နေရာသို့ပြန်လာပြီး ထိုင်လေရာ ပိုက်ဆံကျပျောက်ကြောင်းသိသဖြင့် ဆီမီးသွားပူဇော်ရာ လမ်း
တစ်လျှောက် ရှာလေသည်။ပိုက်ဆံကျပျောက်သူထိုင်နေသောနေရာမှာ ကောက်ယူလိုက်သော
မိန်းမ၏ နံဘေးကပ်လျက် တွင်ဖြစ်သည်။ ထိုသို့ပိုက်ဆံရှာသောအခါ ကောက်ယူလိုက်သော
မိန်းမသည် မသိချင်ယောင်ဆောင်နေပြီး ၀ိုင်းပြီးပင်ရှာဖွေပေးလိုက်သေးသည်။ ထိုအခါ
ကျွန်တော်လည်း မနေနိုင်သည်နှင့် ထိုမိန်းမကောက်ယူထားကြောင်း ပိုက်ဆံအိတ်ထဲ တွင်ထည့်
ထားကြောင်း ပြောလိုက်သည်။ထိုအခါ ပိုက်ဆံယူထားသောမိန်းမသည် သူမယူကြောင်း သူကောက်ယူလိုက် သည်မှာ ဖယောင်းတိုင်ဖြစ်ကြောင်းအတင်း ငြင်းလေသည်။ သူ၏
ယောက်ျားလုပ်သူမှာ မယောင်မလည်နှင့် အပြင်သို့ ထွက်ခွာသွားလေသည်။ ပိုက်ဆံကျသွား
သောသူကလည်း ထိုမိန်းမအား ယူထားပါကပြန်ပေးရန် လမ်းစရိတ်မရှိတော့သောကြောင့်
ပြန်ပေးပါရန် ယဉ်ယဉ်ကျေးကျေးတောင်းဆိုသည်။သို့ရာတွင် ထိုမိန်းမသည် မယူကြောင်း အထပ်ထပ်ငြင်းကာ ထွက်သွားလေသည်။ ကျွန်တော့ကဲ့သို့ ပင်ဖြစ်စဉ်ကို အစအဆုံးမြင်တွေ့သူများလည်းရှိလေသည်။တွေ့မြင်ရသောသူများနှင့် ကျွန်တော်လည်း သနားဂရုဏာသက်ပြီး လမ်းစရိတ်အလို့ငှာ ကူညီလိုက်ရပေသည်။ပိုက်ဆံကျပျောက်သော
သူသည် ကြွယ်ဝချမ်းသာသောလူတန်းစားမှ မဟုတ်နိုင်သလို ပိုက်ဆံကောက်ယူသွားသော
အမျိုးသမီးမိသားစုသည်လည်း ခပ်နွမ်းနွမ်းလူတန်းစား မှဟု အကဲခတ်မိသည်။ကျွန်တော်တစ်ခု
စဉ်းစားမိသည်။ထိုပိုက်ဆံနေရာတွင် ငါးထောင်တန်မဟုတ်ပဲ ငါးဆယ်တန်နှစ်ရွက် သို့ မဟုတ်
ငါးရာတန်နှစ်ရွက် ဆိုလျှင်ကော ထိုအမျိုးသမီးသည် ရိုးသားနိုင်မည်လော ဟုတွေးမိသည်။
လူလူခြင်း ကိုယ်ချင်းစားတရားတွေ ခေါင်းပါးလွန်းသညိကိုလည်း အံ့သြမိသည်။ယနေ့ခေတ်
ပိုက်ဆံတစ်သောင်းသည် သာမာန်မိသားစု ခြွေခြွေတာတာ စားသောက်လျှင် သုံးရက်ခန့်
စားသောက်လို့ အဆင်ပြေနိုင်သည်။သူ့နေရာမှာ ကိုယ်သာဖြစ်ခဲ့လျှင်ဆိုသည့် အတွေးဝင်ခဲ့
သည်ရှိသော် ဒီလိုအဖြစ်အပျက်မျိးမဖြစ်နိုင်။ပြီးတော့လည်း ကောင်းမှုကုသိုလ် လုပ်ရန်
သီတင်းကျွတ်လပြည့်နေတွင် ဘုရားသို့ရောက်လာခြင်းဖြစ်သည်။အဘယလာဘမုနိ ရုပ်ပွားတော်ရှေ့တည့်တည့် တွင် ဒီအဖြစ်အပျက်ဖြစ်ပွားခြင်းဖြစ်သည်။ဘာကြောင့်လဲဆိုသည့်
အဖြေကို ကျွန်တော်အခုအချိန်ထိ စဉ်းစားလို့ မရသေးပါ။စီးပွားရေးကြောင့်လား၊ ပင်ကိုယ်စိတ်
ဓါတ်အခံမကောင်းသောကြောင့်လား၊အခက်ခဲရှိသောကြောင့် ထိုကဲ့သို့ လူအများကြားတွင်
ကိုယ်ကျင့်တရားကို အရှက်တရားဖြင့်လဲသွားခြင်းပေလား။ကျွန်တော့ အတွေးထဲတွင်
ငွေတစ်သောင်းနှင့် လူနှစ်ယောက်တို့သည် ချာချာလည်လျက်...........................................................
(ပိုက်ဆံကောက်ယူသွားသောမိန်းမသည် ကိုယ်ဝန်လွယ်ထားသောအမျိုးသမီးတစ်ဦးဖြစ်သည်)
Ref: FaceBook

No comments:

Post a Comment