Saturday, December 24

ချစ်တဲ့သူလား....ကြိုက်တဲ့သူလား...



သင်ချစ်တဲ့သူရှေ့မှာ သင့်ရဲ့ နှလုံးခုန်သံတွေက ပိုမြန်လာတယ်...

သင်ကြိုက်တဲသူရှေ့မှာ သင်ဟာ ပျော်ရွှင်တတ်တယ်...

သင်ချစ်တဲ့သူရှေ့မှာ ဆောင်းရာသီဟာ နွေဦးရာသီလိုမျိုး နွေးထွေးမှုခံစားရတယ်...


သင်ကြိုက်တဲ့သူရှေ့မှာ ..ဆောင်းရာသီဟာ လှပတဲ့ ဆောင်းရာသီဖြစ်လာတယ်...

သင်ချစ်တဲ့သူနဲ့ မျက်လုံးချင်းဆုံရင်... သင်ဟာ ရှက်သွေးဖြာတယ်...

သင်ကြိုက်တဲ့သူ ဆိုရင်တော့... မျက်လုံးချင်းဆုံရင်...ပြုံးပြတတ်တယ်....

သင်ချစ်တဲ့သူရှေ့မှာ သင့်ရင်ထဲက စကားတွေ ဆွံ့ အ သွားတတ်တယ်...

သင်ကြိုက်တဲ့သူေ၇ှ့မှာ ဆိုရင် ပြောထွက်တယ်....

သင်ချစ်တဲ့သူရှေ့မှာ...သင်ဟာ ရှက်နေတတ်တယ်....

သင်ကြိုက်တဲ့သူရှေ့မှာ.... သင်ရဲ့ ကိုယ်ပိုင်အစွမ်းကို ပြသနိုင်တယ်...

သင်ချစ်တဲ့သူငိုနေရင်... သူနဲ့အတူ သင်လိုက်ငိုတယ်...

သင်ကြိုက်တဲ့သူငိုနေရင်တော့ နှစ်သိမ့်တတ်တယ်....

သင်ကြိုက်တဲ့သူကို မကြိုက်ချင်တော့ရင်...နားတွေမျက်စိတွေကို ပိတ်ထားလို့ရတယ်...

ဒါပေမဲ့ သင်ချစ်တဲ့သူကို မချစ်ချင်တော့ရင် မျက်စိ နားတွေ ပိတ်ဖို့ကြိုးစားပေမဲ့...အချစ်တွေက မျက်ရည်တွေ အဖြစ်ပြောင်းလဲပြီး နှလုံးသားထဲမှာ ကျန်ရှိနေတတ်တယ်...

မူရင်း။ ။DIFFERENCE BETWEEN "SOMEBODY U LOVE" & SOMEBODY U LIKE"

No comments:

Post a Comment