Saturday, December 24

ပညာသင်နှစ်တစ်နှစ်ထပ်တိုးမည်

ဘွဲ့ကြိုဘွဲ့လွန် ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ၊ နည်းပညာရှင်များသည် အမှန်တကယ်တော်သော၊ တတ်သောသူများဖြစ်စေရန် ဆရာ၊ ဆရာမများပေါ်တွင် မူတည်နေ

လာမည့်ပညာသင်နှစ်မှစ၍ သိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်များနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များအား ပညာသင်နှစ်တစ်နှစ်ထပ်တိုး သင်ကြားစေတော့မည်ဟု သိပ္ပံ၊ ဝိဇ္ဇာနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်သို့ သွားရောက်သော ၄င်း၏ခရီးစဉ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

စက်မှုနိုင်ငံ ထူထောင်မည်ဆိုပါက နည်းပညာရှင်များ၏ အရည်အသွေး ပြည့်ဝမှုအပေါ်တွင် များစွာအခြေခံကြောင်း၊ နိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ် ၆၁ ခုသည် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုနိုင်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတွင် စက်မှုကဏ္ဍဖွံ့ဖြိုးလာစေရန် နည်းပညာရှင် အရေအတွက် များစွာမွေးထုတ်ပေးရဦးမည်ဟု ဒုတိယသမ္မတက ပြောကြားသည်။ ထို့အပြင် တက္ကသိုလ်အသီးသီးက မွေးထုတ်ပေးလိုက်သော ဘွဲ့ကြိုဘွဲ့လွန် ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ၊ နည်းပညာရှင်များသည် အမှန်တကယ်တော်သော၊ တတ်သောသူများဖြစ်စေရန် ဆရာ၊ ဆရာမများပေါ်တွင် မူတည်နေကြောင်းလည်း ဒုတိယသမ္မတက ဆက်လက် ပြောကြားသွားသည်။

Ref: TheMirror, Photo: UCSY

No comments:

Post a Comment