Saturday, December 17

မိမိကိုယ်ကိုယ်သတ်သေခြင်းမှ ကာကွယ်ရန် facebook မှကူညီမည်

Facebook မှ မိမိကိုယ်ကိုယ် သတ်သေခြင်း၏ ဘေးအန္တရယ်ကို ကာကွယ်ရန်အတွက် ဆွေးနွေး အတိုင်ပင်ခံသည့် စနစ်ဖြင့် ကယ်တင် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။ လူမှုရေးကွန်ယက် တစ်ခုဖြစ်သော Facebook တာဝန်ခံ Fred Wolens မှပြောကြားခဲ့သည်မှာ..
အသက်အန္တရယ်ကို ထိခိုက်နိုင်သည်အထိ စိတ်ဓါတ်အင်အား ကျဆင်းနေသောသူများကို ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းမှ လွတ်မြောက်ရန် ဆွေးနွေးတိုင်ပင် ကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။ လူဦးရေ သန်း800 ကျော် သုံးစွဲနေသော လူမူရေးကွန်ယက်တစ်ခုဖြစ်သည့် Facebook မှ မိမိကိုယ်ကိုယ်သတ်သေမည့် သဲလွန်စများ၊ အရေးအသားများကို တွေ့ရှိသူတိုင်း သတင်းပို့ ပေးနိုင်ပါသည်။ မိမိ မိတ်ဆွေ သူငယ်ချင်း အနေဖြင့် အကူအညီမဲ့ ဖြစ်နေပြီး အသက်အန္တရယ်ရောက်နေသည်ကို သိရှိပါက သတင်းပို့ ပေးနိုင်ကြောင်း သိရသည်။
အကယ်၍ လူတစ်ယောက်သည် အသက်အန္တရယ်ကို ထိခိုက်စေမည့် post များကို တင်ထားပါက အချိန်မီ သတင်းပို့နိုင်ပြီး တစ်ဦးချင်းစီ၏ အခက်အခဲများအတွက် အားပေး ဆွေးနွေးမှု များ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စများ ဖြစ်ပွားလာပါက facebook မှတိုက်ရိုက် ယင်းပုဂ္ဂိုလ်အား ဆက်သွယ်ပြီး ကယ်တင် ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်းနှင့် ယင်းဖြစ်ရပ်အတွက် သတင်းပေးပို့ပါက ပေးပို့သူ၏အမည်ကို လျို့ဝှက်ပေးသွားမည် ဖြစ်ပါသည်။ မိမိ မိတ်ဆွေ သူငယ်ချင်း အကူအညီမဲ့ ဖြစ်နေပြီး အသက်အန္တရယ်ရောက်နေသည်ကို သိရှိပါက သတင်းပို့ ပေးနိုင်ပါသည်။ အကယ်၍ လူတစ်ယောက်သည် အသက်အန္တရယ်ကို ထိခိုက်စေမည့် post များကို တင်ထားပါက အချိန်မီ သတင်းပို့နိုင်ပါသည်။ တစ်ဦးချင်းစီ၏ အခက်အခဲများအတွက် အားပေး ဆွေးနွေးမှု များ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ကိစ္စများ ဖြစ်ပွားလာပါက facebook မှတိုက်ရိုက် ယင်းပုဂ္ဂိုလ်အား ဆက်သွယ်ပြီး ကယ်တင် ဆွေးနွေး ပေးသွားမည် ဖြစ်ပါသည်။ (သို့) ယင်းဖြစ်ရပ်အတွက် သတင်းပေးပို့ပါက ပေးပို့သူ၏အမည်ကို လျိုဝှက်ပေးသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment