Monday, November 28

Web Bot အကြောင်းသိကောင်းစရာ

Web Bot ဆိုတာဟာ အင်တာနက် Bot ဆော့ဖ်ဝဲ program ဖြစ်ပြီး keywords များအား track လိုက်ခြင်း၊ လုပ်ဆောင်ချက်များအား မှတ်သားခြင်း စတာတွေအသုံးပြုတဲ့ program တစ်ခုဖြစ်ပါတယ်။ Web Bot ကို Internet Bot လို့လည်း ခေါ်ဝေါ်ကြပြီး လွန်ခဲ့တဲ့ 1997 ခုနှစ်မှစတင်၍ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အစကတော့ Wet Bot မျာအား စတော့ဈေးကွက်များအား ခန့်မှန်းတွက်ချက်ရန် ရည်ရွယ်ခဲ့ပြီး ပထမဆုံး Web Bot တစ်ခုကို ဖန်တီးခဲ့သူကတော့ Clif High နှင့် George Ure တို့ပဲဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဆန်းသစ်သောနည်းပညာများ၊ algorithm များကို အသုံးပြုပြီး Web Bot များကို တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။





Clif High နှင့် George Ure တို့နှစ်ဦးဟာ Web Bot များကို ရေးဆွဲဖန်တီးခဲ့ပြီးနောက် Search Engine များတွင် ထည့်သွင်းအသုံးပြုလာပါတယ်။ ထို Web Bot များဟာ Crowd နှင့် Spider တို့ကဲ့သို့သော Search keyword များကို ရှာဖွေရာတွင် အဓိက အစိတ်အပိုင်းမှ ပါဝင်လာခဲ့ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုလျှက်ရှိသော Search Engine များဟာ Crowd နှင့် Spider လို့ခေါ်တဲ့ keyword များကို Search Engine နှင့် ချိတ်ဆက်ထားသော နည်းပညာများကို အသုံးပြု ကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ Web Bot များပေါ်ထွက်လာခဲ့ခြင်းကြောင့် 300,000 မျှသော keyword များကို အချိန်ပိုင်းအတွင်း ရှာဖွေလာနိုင်ခဲ့ပြီး ၀က်ဘ်အသုံးပြုမှုအတွက် အဓိက အထောက်အကူဖြစ်သော programများ အဖြစ် အသုံးပြုလာခဲ့ကြပါတယ်။


Web Bot များအား အခြားသော အသုံးပြုမှုများကတော့ ဈေးကွက်ရှယ်ယာများ ခန့်မှန်းခြင်း ၊ အဖြစ်အပျက်များအား ခန့်မှန်းတွက်ချက်ခြင်း တို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။ အချို့သောသူတွေကတော့ Bot များရဲ့ တွက်ချက်ခန့်မှန်းမှု အားယုံကြည်ကြပြီး အချို့ကတော့ Bot များကို ဈေးကွက်ခန့်မှန်းစရာ အဓိကအရာလို့ မမြင်ကြပါဘူး။ Web Bot များနှင့်ပက်သက်၍ အမှတ်ရစရာတစ်ခုကတော့ လွန်ခဲ့တဲ့ 2001 ခုနှစ် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့တဲ့ Tu-154 Jetliner crash ဖြစ်ပွားခဲ့ခြင်းအား Web Bot မှ ရက် 90 မတိုင်မှီကတည်းက ခန့်မှန်းတွက်ပေးခဲ့ဖူးပါတယ်။ Bot နှင့်ပက်သက်လို့ မယုံကြည်နောက်သော တွက်ချက်မှုများ၊ ရှိနေပေမဲ့ လူသားတို့အနေဖြင့် Bot ကို ယုံကြည်အားထားရာ တစ်ခုအဖြစ်တော့ မသတ်မှတ် သေးပါဘူး။

Backing Up Your Computer

Computer ရဲ့ Hard Drive တွေဟာ တစ်ခါတစ်ရံမှာ ဘာ Warning Box မှ မပြဘဲနဲ့ Fail ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ရုတ်တရက် Fail ဖြစ်သွားတဲ့အခါ System ကြီးဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် Crash ဖြစ်သွားတဲ့အခါတွေမှာ ကိုယ့်ရဲ့ Hard Disk ထဲမှာ သိမ်းထားတဲ့ Data တွေဟာ Loss ဖြစ်သွားနိုင်ပါတယ်။ အဲဒီ Data တွေဟာ ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက် အရမ်းအရေးကြီးတဲ့ VIP Data တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အရင်တုန်းကဆိုရင်တော့ စာအုပ်ကြီးတွေနဲ့ တစ်ခါမှတ်၊ Computer မှာ တစ်ခါမှတ် အဲဒီလိုတွေ မှတ်ကြတာပေါ့။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပဲ Hard Disk က တစ်စုံတစ်ရာကြောင့် Crash ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ စာအုပ်တွေကရော ဥပမာဗျာ..မီးလောင်ပါပြီတဲ့၊ ရေကြီးပါပြီတဲ့.. အဲဒီလို ပြဿနာတွေ ဖြစ်လာရင် စာအုပ်တွေကို ဘယ်လိုသယ်မလဲ။
စာအုပ်တွေက အများကြီး၊ အလေးကြီး၊ ပြီးတော့ ကရိကထလည်း များသေးတယ်ဗျာ။ ဒါ့ကြောင့် ဒီပြဿနာတွေ ပြေလည်စေဖို့အတွက် နောက်ပိုင်းမှာ Back Up System ကို Computer တွေမှာ စတင်အသုံးပြုလာကြတယ်။ Back Up လုပ်တယ်ဆိုတာ အပိုပွားထားတာပဲဗျ။ Data တွေ၊ Information တွေကို အပိုထပ်ပွားထားတာမျိုးကို Back Up လုပ်တယ်လို့ ခေါ်ပါတယ်။ အကယ်၍ Data တွေ၊ Fail ဖြစ်သွားရင်တောင် အပိုပွားထားတာရှိတော့ စိတ်မပူရတော့ဘူးပေါ့ဗျာ။ ပြီးတော့ Back Up လုပ်ရင် Removeable Device တွေမှာပဲ လုပ်ရပါတယ်။ ဒါမှ အရေးရယ်၊ အကြောင်းရယ်ဖြစ်ရင် ရုတ်တရက် ကောက်ထည့်သွားလို့ရမှာပေါ့။ ဥပမာ- ကျွန်တော်က ကျွန်တော်ရဲ့ Hard Drive ထဲမှာ အရမ်းအရေးကြီးတဲ့ Data တွေကို ထည့်ထားတယ်ပေါ့ဗျာ။ ပြီးတော့ အဲဒီ VIP Data တွေကို CD တစ်ချပ်နဲ့လည်း Back Up လုပ်ထားသေးတယ်ဆိုပါတော့။ အဲဒီအချိန်မှာ ရုတ်တရက် မီးလောင်ပါပြီတဲ့၊ ကျွန်တော်ရဲ့ အရေးကြီး File တွေ၊ Data တွေရှိတဲ့ Computer ကြီးကို ဘယ်လိုသယ်မလဲ။ သယ်လို့လည်း မရတော့ဘူးဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ စိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော့်မှာ VIP Data တွေကို Back Up လုပ်ထားတဲ့ CD ရှိနေတာပဲ။ အဲဒါလေး အိတ်ထဲကောက်ထည့်ပြီး သွားရုံပဲပေါ့ဗျာ။ အဲဒါ Back Up လုပ်ထားခြင်းရဲ့ ရည်ရွယ်ချက်လည်း ဖြစ်သလို အကျိုးကျေးဇူးလည်း ဖြစ်ပါတယ်။

ဘယ်နေရာမှာ Backup လုပ်မလဲ CD or DVD

သင့်အတွက် အရေးကြီးတဲ့ Data တွေ၊ VIP Information တွေကို Removeable Device အမျိုးအစားထဲမှာပါတဲ့ CD ၊ ဒါမှမဟုတ် DVD တွေနဲ့ Back Up လုပ်ထားနိုင်ပါတယ်။ ဒီနည်းနဲ့ Back Up လုပ်မယ်ဆိုရင်တော့ Re-Writable CD/DVD တွေကို အသုံးပြုတာက ပိုကောင်းပါတယ်။ ဒါမှ သင့်အနေနဲ့ Back Up လုပ်တိုင်း CD/DVD အသစ်တွေကို မလိုအပ်တော့ပါဘူးပေါ့ဗျာ။ နို့မို့ဆိုရင် Back Up တစ်ခါလုပ်တိုင်း၊ CD/DVD တစ်ခါဝယ်ရရင် ဘယ်လွယ်ပါ့မလဲဗျာ။ ဒါ့ကြောင့် Re-Writable CD/DVD တွေကို အသုံးပြုပြီး Back Up လုပ်တာက အကုန်အကျသက်သာပြီး၊ လွယ်ကူမှုရှိတဲ့ နည်းလမ်းတစ်ခုပါပဲဗျာ။

Internal (or) External Hard Drive -Recommended

အကယ်၍ သင့်ရဲ့ Computer မှာ Hard Drive နှစ်ခုရှိခဲ့မယ်ဆိုရင် 2nd Internal Hard Drive ပေါ်မှာ သင့်ရဲ့ File တွေကို Back Up လုပ်ထားနိုင်ပါတယ်။ အကယ်၍ သင့်မှာ Internal Hard Drive နှစ်ခုမရှိခဲ့ဘူးဆိုရင်လည်း Internal Hard Drive တစ်လုံးထပ်ထည့်ရတာ လွယ်ပါတယ်။ External Hard drive တွေကတော့ ဈေးနှုန်းချိုသာတဲ့အပြင် သုံးရတာလည်း လွယ်ကူပါတယ်။ ပြီးတော့ External Hard Drive အားလုံးနီးပါးလောက်ဟာ Plug and Play Format တွေချည်းပါပဲ။ ပြီးတော့ Back Up File တွေကို ပြုလုပ်ပေး၊ ထောက်ပံ့ပေးတဲ့ Software တွေလည်း ပါရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော် သေသေချာချာ အာမခံနိုင်တာ တစ်ခုကတော့ ဒီနည်းလမ်းနဲ့လည်း Back Up လုပ်ထားတာတွေကို သိမ်းထားနိုင်ပါတယ်။ လွယ်ကူမှုလည်း ရှိသလို၊ ဈေးနှုန်းလည်း သက်သာပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကိုတော့ Computer Back Up လုပ်ဖို့အတွက် သင့်တော်တဲ့ ဒုတိယဦးစားပေးနည်းလမ်းအဖြစ် ရွေးချယ်လိုက်ရပါတယ်။

Zip Drive
နောက်ထပ် Back Up လုပ်လို့ရတဲ့ နေရာကတော့ Zip Drive ပါပဲ။ ဒါ့ကြောင့် Zip Drive ကို ၀ယ်ယူပြီး Computer ထဲမှာ Install လုပ်ထားရမှာပါ။ အဲ..ဒါပေမယ့် Zip Drive နဲ့ Tape တွေဟာ ဈေးအလွန်ကြီးပါတယ်။

How to Back Up

ဘယ်နေရာတွေမှာ၊ ဘယ်လို Drive တွေပေါ်မှာ Back Up လုပ်ရမလဲဆိုတာကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ ဘယ်လို Back Up လုပ်ရမယ်ဆိုတာကို ပြောပြပါ့မယ်။ OK ဒါဆိုရင် စလိုက်ကြရအောင်ဗျာ။

Window Back Up Utility
Window Back Up Utility ဆိုတာဟာ သင့်ရဲ့ အရေးကြီး Data တွေကို Back Up ပြုလုပ်နေစဉ် တစ်လျောက်မှာ ဘာတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို Guide လုပ်ပေးမယ့် အရာဖြစ်ပါတယ်။
* အရင်ဆုံး Start ကို Click နှိပ်ပါ။ ပြီးရင် အဲဒီထဲက All Program ကို ရွေးပေးပါ။ ပြီးတဲ့အခါမှာ All Program ရဲ့ အောက်က Accessories ၊ Accessories ရဲ့အောက်က System Tools စသဖြင့် အဆင့်ဆင့်ရွေးသွားပါ။ ပြီးရင် System Tools ထဲက Back Up ပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် First Screen ပေါ်က Next ပေါ်မှာ Click ထပ်နှိပ်လိုက်ပါဦး။
* အဲဒီလို လုပ်ပြီးပြီဆိုရင်တော့ "What you want to back up" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်ပေးရပါမယ်။ ပြီးရင် "Everyone's Document" ဒါမှမဟုတ် "What to back up" ဆိုတဲ့ စာတန်းလေးကို ထပ်ရွေးပေးလိုက်ပါဦးဗျာ။
* အားလုံးပြီးရင် Back Up လုပ်မယ့်နေရာ (Location) ကို ရွေးပေးပြီး Click တစ်ချက်နှိပ်လိုက်ရုံပါပဲ။
* ဒါဆိုရင်တော့ အဲဒီနောက်မှာ သင်ဟာ Summary Page တစ်ခုပေါ်ကို ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျရင် "Advanced" ဆိုတဲ့ Button ပေါ်မှာ Click တစ်ချက်နှိပ်ပေးလိုက်ပါနော်။ မှားပြီးတော့ "All information on this computer" ဆိုတဲ့ Button ကိုတော့ သွားမရွေးလိုက်ပါနဲ့နော်။ မှားလိမ့်မယ်။
* ပြီးတဲ့အခါ အဲဒီ Schedule တစ်လျောက်လုံးကို Set Up လုပ်နိုင်ပြီး Back Up Type ကိုလည်း Normal Back Up လို့ ပေးခဲ့နိုင်ပါတယ်။ "Verify Data After Back Up" (သို့) "Disable Volume Shadow Copy" ဆိုတဲ့ Button တွေကို ရွေးချယ်စရာ မလိုပါဘူး။ တစ်နည်းအားဖြင့် ပြောရရင်တော့ Back Up လုပ်ထားတဲ့ Data တွေကို ပြန်စစ်စရာ မလိုဘူးပေါ့ဗျာ။



Batch Files

အရေးကြီး File တွေ၊ Data တွေကို Back Up လုပ်နေတဲ့အခါမှာ Control လုပ်ပေးဖို့အတွက် ခွင့်ပြုထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အသုံးဝင်တဲ့ Batch File တစ်ခုကို ပြုလုပ်ချင်တယ်ဆိုရင်တော့ Start ထဲက Program ၊ Program ထဲက Accessories နဲ့ Accessories ထဲက Notepad ဆိုပြီး အဆင့်ဆင့် ရွေးချယ်သွားပါ။ ပြီးရင်တော့ File ကို သိမ်းတဲ့အခါမှာ ".bat" file ဆိုပြီး သိမ်းပေးပါ။ ဒီလောက်ဆိုရင် ရပါပြီ။ အဲ ပြီးတော့ Batch File ထဲမှာ Xcopy ကို အသုံးပြုပြီး Harddrive တို့၊ Flash Drive တို့လို Location တွေရဲ့ တိကျတဲ့ Directories တွေကို Copy လုပ်နိုင်ပါသေးတယ်။ အကယ်၍ သင့်မှာ ပြည့်စုံကောင်းမွန်တဲ့ Batch File ရှိနေပြီဆိုရင်တော့ Control Panel>Performance & Maintenence>Scheduled Tasks ဆိုပြီး အဆင့်ဆင့် လမ်းကြောင်းရွေးပြီး အစီအစဉ်ကျတော့ အလုပ်တွေကို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။

Socket 7 အကြောင်းသိကောင်းစရာ




Intel မှ ၎င်း၏ Pentium 133-200 MHz Processor များနှင့် အသုံးပြုနိုင်စေရန်အတွက် Socket 7 ကို ထုတ်လုပ်ခဲ့ပါတယ်။ ထို့ပြင် Pentium MMX Processor များနှင့်ပါ တွဲဖက်အသုံးပြုနိုင်စေပြီး Dual Plane Voltage ကို Support လုပ်နိုင်သော Socket အသစ်ပဲဖြစ်ပါတယ်။ ထို Socket ဟာ Voltage အမျိုးမျိုးကို Processor Core နှင့် I/O Logic ဆီသို့ပေးပို့နိုင်ပြီး ယခင် Single Voltage Processor များနှင့်ပါ အသုံးပြုနိုင်ပါတယ်။ ထို့နောက် Intel မှ မျိုးဆက်သစ် Processor များ ထုတ်လုပ် အသုံးပြုနိုင်စေရန်အတွက် Slot 1 ဟုခေါ်သော

Socket အမျိုးအစားတစ်မျိုးကို စတင် အသုံးပြုခဲ့ပါတယ်။ ၎င်းဟာ Socket 7 နှင့်မတူညီတာကြောင့် အခက်အခဲအနည်းငယ်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် Intel ၏ ပြိုင်ဘက်များမှ Socket 7 ကို Support လုပ်သော Device များကို ဆက်လက် ထုတ်ဝေခဲ့ကြပါတယ်။ ထို့ပြင် ၎င်းတို့ဟာ "Super Socket 7" အသစ်ကိုတီထွင်အသုံးပြုကြပြီး ၎င်းဟာ Bus Frequency 100 MHz ကို Support လုပ်ပါတယ်။ Socket 7 ဟာ 321 Pin Hole များပါဝင်ပြီး 37x37 Pin အနေဖြင့် Arrange ပြုလုပ်ထားပါတယ်။ ၎င်း၏ အရွယ်အစားမှာ Socket 5 နှင့် ဆင်တူပြီး Socket 5 ကတော့ Pin Hole 320 သာပါဝင်ပါတယ်။ Socket 7 တွင်
အပိုပါဝင်လာသော Pin တစ်ခုဟာ အီလက်ထရောနစ်ဆိုင်ရာအရချိတ်ဆက်ထားခြင်းမရှိပဲ Socket 5 Motherboard များအတွင်း အသုံးမပြုနိုင်စေရုံမျှသာ ဖြစ်ပါတယ်။

Supported Processors
AMD K5 (75 MHz- 200 MHz)
AMD K6 (166 MHz- 300 MHz)
AMD K6-2 (200 MHz - 570 MHz, လိုအပ်ပါက 100 MHz Bus အား Support) လုပ်နိုင်
AMD K6 III (333 MHz - 550 MHz, လိုအပ်ပါက 100 MHz Bus အား Support) လုပ်နိုင်
Cyrix 6x86, 6x86L နှင့် 6x86MX (90 MHz - 266MHz)
Cyrix MII (233 MHz- 433MHz) IBM 6x86, 6x86L နှင့် 6x86 MX (90 MHz-300 MHz)
IDT WinChip C6 (180 MHz-240 MHz) IDT WinChip 2 (200 MHz - 240 MHz)
Intel Pentium (non-MMX) (75 MHz -200 MHz)
Intel Pentium MMX (166 MHz - 233 MHz) Rise Technology MP6 (150 MHz - 366 MHz)
ST 6x86 (90 MHz - 166 MHz) Compatible Package Types 296- Pin Staggered Plastic Pin Grid Array (PPGA) 296 - Pin Staggered Ceramic Pin Grid Array (CPGA or SPGA) 296 - Pin Flip-Chip Staggered Ceramic Pin Grid Array 321 - Pin Ceramic Ping Grid Array (CPGA) Upgrading Socket 7 Motherboard Socket 7 Microprocessor များဟာ Motherboard များနှင့် အံဝင်ခွင်ကျဖြစ်ပေမယ့် ၎င်း Processor အကုန်လုံးဟာ Board အကုန်လုံးကို Support လုပ်မှာမဟုတ်ပါဘူး။ ထို့ကြောင့် Upgrade ပြုလုပ်ရာတွင် Motherboard ၏ Model အားသေချာစွာသတိပြုရန် လိုအပ်ပါတယ်။

အင်တာနက်နှင့် Virus ပြဿနာ

ယနေ့ခေတ်မှာ ကျွန်တော်တို့တွေဟာ အင်တာနက်ကို တွင်ကျယ်စွာ အသုံးပြုလာနိုင်ကြခြင်း ကြောင့် အင်တာနက်ကနေ ဗဟုသုတရရှိခြင်း၊ အချိန်ကုန်သက်သာစွာဖြင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ခြင်း၊ ငွေကုန်သက်သာစွာဖြင့် ဆက်သွယ်ရေးလုပ်ငန်းများကိုပြုလုပ်နိုင်ခြင်း စသည်ဖြင့် များစွာသော အကျိုးကျေးဇူးတွေ ရရှိလာခဲ့ပါတယ်။ ဒီလိုကောင်းကျိုးတွေနဲ့အတူ တွဲပါလာတဲ့ ဆိုးကျိုးတွေ၊ ပြဿနာတွေလည်း ကိုလည်း ကြုံတွေ့ခံစားရပါတယ်။ အင်တာနက်ကနေ ရလာတဲ့ ပြဿနာတွေထဲကမှ အခုကျွန်တော်ပြောပြချင်တာက
အင်တာနက်ထဲက Virus တွေပါ။
Computer Virus ဆိုတာကတော့ အင်တာနက်ကမှ ကူးစက်ပြန့်ပွားတာမဟုတ်ပါဘူး၊ နေ့စဉ် ကျွန်တော်တို့ အသုံးပြုနေကြတဲ့ CD တွေ၊ Memory Stick တွေ၊ Memory Card တွေလို Media တွေကလည်း ၀င်နိုင်ပါတယ်။ ဒါပေမယ့်ဗျာ အဲဒီ့ Media တွေက ကူးစက်နိုင်မူနှုန်းက နှေးကွေးသလို ပြန့်နှံ့မှု Area ကလည်း ကျဉ်းတယ်ဗျ။ ဥပမာဗျာ US မှာရှိတဲ့ Computer Virus တစ်မျိုးပေါ့ဗျာ အဲဒီ့မှာရှိတဲ့ User တစ်ယောက်ပေါ့ဗျာ မောင်မောင်ဆိုပါဆို့ သူ့ကွန်ပျူတာထဲမှာရှိနေတယ်ပေါ့ ဒါဆို သူ့စက်ထဲက Virus က ဒီမြန်မာပြည်က ထွန်းထွန်းရဲ့ Computer ထဲကို ရောက်ဖို့ဆိုရင် သူမြန်မာပြည်ကိုလာတဲ့အခါ သူ့Computer ကိုယူလာမှ ဒါမှမဟုတ် သူ့ကွန်ပျူတာနဲ့တွဲသုံးမိတဲ့ Memory Stick က ထွန်းထွန်း Computer နဲ့တွဲသုံးမိမှ ရောက်လာနိုင်တယ် ကူးစက်နိုင်တယ်ပေါ့ဗျာ။ အဲ့ဒီ့အပြင် တစ်ခြား User တွေဆီကူးဖို့ကလည်း ကြာနိုင်တယ် နေရာအနှံ့လည်းမရောက်နိုင်ဘူးပေါ့။ အဲ အင်တာနက်တပ်ဆင်ထားတယ် ဆိုရင်တော့ US က မောင်မောင်ရဲ့ ကွန်ပျူတာကနေ မိနစ်ပိုင်းအတွင်း မြန်မာပြည်က ထွန်းထွန်း Computer ထဲကို Virus က ကူးစက်လာနိုင်သလို၊ အခြား ကမ္ဘာအနှံ့က Internet User တွေဆီကိုလည်း လျင်မြန်စွာကူးစက်နိုင်ပါတယ်။ ဒါကြောင့် အင်တာနက်ကနေ Virus ကူးစက်မှု ပြဿနာဟာ တစ်ခြား Media တွေက ကူးတာထက်ပိုမို ဆိုးရွားပြီး အန္တရာယ်ကြီးပါတယ်။
ဒါဆိုရင် အင်တာနက်ကနေ Virus ကူးစက်မှုမြန်တယ်၊ ပြဿနာကြီးတယ်ဆိုတာတော့ သိပြီပေါ့။ ဒါပေမယ့် အင်တာနက်ကနေ Vrius ကူးတယ်သာသိတာ ဘယ်လိုကူးလဲမသိတဲ့သူတွေ ရှိမှာပဲ၊ ဒါ့အပြင် သူများတွေပြောပြောနေကြတဲ့ Spyware တွေ၊ Adware တွေ၊ Worm တွေအကြောင်းလည်းသိချင်ကြမှာပဲ။ ဒါဆို ဆက်ပြီးပြောပြမယ်နော်။
ဘယ်လိုကူးတယ်ပျံနှံ့တယ်ဆိုတာမပြောခင် အဲ့ Spyware တွေ၊ Virus တွေ၊ Adware တွေ၊ Worm တွေကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ကူးစက်အောင် ဖြန့်ကြ ပို့ကြတယ်ဆိုတာ အရင် ပြောပြမယ်နော်။ အဲ့ဒီ့ Virus တွေ Spyware တွေရေးတဲ့သူတွေထဲမှာ User တွေကို ဒုက္ခ ပေးဖို့သက်သက်၊ ငါတတ်ကြောင်းပြဖို့သက်သက်ရေးတဲ့သူတွေရှိသလို၊ User တွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေရယူချင်လို့၊ လုပ်ငန်းအဖွဲ့အစည်းတွေ့ရဲ့ အရေးကြီးတဲ့ Data တွေလိုချင်လို့၊ ကိုယ့်ရဲ့ပြိုင်ဖက် နည်းပညာ ကုမ္ပဏီတွေကို တိုက်ခိုက်ချင်လို့လည်းပါတာပေါ့ဗျာ။


ဘယ်လိုပျံ့နှံ့အောင်လုပ်လည်းဆိုတော့ ကိုယ့်ရဲ့သူငယ်ချင်းအယောင်ဆောင်ပြီး E-Mail တွေပို့မယ်၊ ကိုယ်သုံးနေကြ နာမည်ကြီး Website တွေကနေပို့သလို အတုအယောင် E-Mail တွေပို့မယ် အဲဒီ့အခါ အဲ့ Mail တွေမှာပါတဲ့ Attachment တွေကို ဖွင့်မိ Download ယူမိတဲ့အခါ ကိုယ့် ကွန်ပျူတာထဲကို သူတို့ရဲ့ Virus တွေ Spyware တွေ စတဲ့ Program တွေက ၀င်ရောက်လာပြီး ကိုယ့်ရဲ့ Computer ရဲ့ Operating System ကိုဒုက္ခပေးမယ်၊ ကိုယ်လုပ်သမျှစောင့်ကြည့်နေမယ့် Spyware တွေက ကိုယ့်ရဲ့ E-mail User name နဲ့ Password တွေကို၊ Bank အကောင့်နံပါတ်တွေ၊ Code No. တွေကို မှတ်သားပြီး သူတို့ရဲ့ Server တွေဆီကို လှမ်းသတင်းပို့ပေးမယ်ပေါ့ဗျာ။ အဲဒီ့တော့ စာဖတ်သူပဲစဉ်းစားကြည့်လေ ကိုယ့် E-mail Password တွေ Bank အကောင့်တွေ ကိုသူတို့ရသွားပြီဆိုမှတော့ Online ICT စာဖတ်သူတွေ စဉ်းစားမိမှာပါ၊ ကဲ မစဉ်းစားချင်ဘူးကွာ ခင်ဗျားပဲဆက်ပြောဆိုလည်း ဟုတ်ကဲ့ ဆက်ပြောပြပါမယ်။ Bank အကောင့်တွေရမှတော့ ခင်ဗျားတို့ ပိုက်ဆံတွေ ပြောင်ပြီပေါ့ဗျ၊ နောက်ပြီးတော့ ခင်ဗျားတို့ရဲ့ Personal အချက်အလက်တွေ ရသွားတဲ့အခါ အဲ့အချက်အလက်တွေကို မပျံ့နှံ့စေချင်ရင် သူတို့ကို ငွေဘယ်လောက်လွှဲဆိုပြီး ချိန်းခြောက်မယ်ပေါ့။ ဥပမာ ခင်ဗျားက Shakira နဲ့ရှုပ်နေတဲ့အကြောင်း ခင်ဗျားအိမ်က လေဒီကြီးအပါအ၀င် တစ်ကမ္ဘာလုံးမသိစေချင်ရင် သူတို့ကို ဒေါ်လာ ၁ သိန်းလွှဲပေါ့၊ ဟဲဟဲ ရှုပ်ချင်နေပြီမှတ်လား…..အဲ ဟုတ်ပါဘူး အဲလိုမဖြစ်ချင်ဘူးမှတ်လား ပြောပြမှာပေါ့ ဘယ်လိုကာကွယ်ရမလဲဆိုတာ လောလောဆယ်တော့ ဘယ်လိုတွေ ထပ်ပြီးကူးနိုင်လည်းဆိုတာ ဆက်နားထောင်ပါဦး။

နောက်တစ်မျိုးကူးနိုင်တာတွေက Internet သုံးနေရင်းနဲ့ကို ကြော်ငြာတွေ၊ မက်လောက်စရာ အဲ ၀ိုင်းစုခိုင်သိန်းသီချင်းမဟုတ်ဘူးနော် အဲဒီ့ မက်စရာ Message တွေကို Click နှိပ်မိ၊ ၀င်ကြည့်မိတာကြောင့်လည်းကူးနိုင်တယ်၊ ဥပမာဗျာ သင် အင်တာနက်သုံးနေရင်း သူတို့ Site က ရှာဖွေနေတဲ့ ကံထူးရှင်ဖြစ်သွားတယ်ပေါ့၊ ထီပေါက်တယ်ပေါ့၊ US က Green Card ရမယ်ပေါ့၊ လူတစ်ယောက်က ခင်ဗျားကို ဒေါ်လာတစ်သောင်းလွှဲလိုက်တယ်ပေါ့ ဗျာ။ အဲဒီ့အခါ ၀မ်းသာအားရနဲ့ ငါတော့ ကံထူးတယ် ကံကောင်းတယ်၊ ဟိုလူတော့ငါ့ကို လူမှားပြီး ငွေလွှဲလိုက်တယ်ဆိုပြီး အဲ့ Website ထဲဝင်လိုက်တဲ့အခါ သူတို့ပြထားတဲ့ Yes လိုမျိုး Button တွေနှိပ် မိတဲ့အခါ အဲဒါတွေနဲ့ချိတ်ထားတဲ့ Virus တွေ Spyware လို Program တွေဝင်လာနိုင်တာပေါ့။ နောက် Internet သုံးနေရင်း သူ့အလိုလို Game လေးတွေပေါ်လာတယ်ဗျာ ကာတွန်းရုပ်လေးတွေ အကောင်လေးတွေကိုထိအောင်ပစ်ပေါ့ ဥပမာ ၅ ချက်ထိအောင်ပစ်ပေါ့ အဲ ကိုယ့်ပစ်လို့ ၅ ချက်လည်းပြည့်ကော အဲ့ Website ထဲရောက်သွား၊ ကိုယ့်ထဲကိုလည်း သူတို့ရဲ့ Program တွေရောက်လာပေါ့ အဲလို ကြော်ငြာတွေကို Adware လို့လည်းခေါ်တယ်ဗျ။

ကဲ အဲ့လိုတွေ မခံရအောင် ဘယ်လိုသုံးစွဲကာကွယ်ရမလည်းဆိုတာလည်း ပြောပါရစေဦး။ ကာကွယ်ရှောင်ရှားဖို့အတွက်ကတော့ ရှင်းပါတယ်ဗျာ၊ ကိုယ့်ဆီ ၀င်လာတဲ့ E-mail တွေကိုမှာ ကိုယ်မသိတဲ့ Site တွေကပို့တဲ့ E-mailတွေ၊ တွဲပါလာတဲ့ Attachment တွေကို ရမ်းမဖွင့်နဲ့။ Adware တွေရဲ့ Message တွေ ကြော်ငြာတွေကို ယုံကြည်ပြီး ခေါ်တိုင်းမလိုက်နဲ့ အဲလေမှားလို့ အဲ့ Site တွေထဲဝင်မကြည့်နဲ့ နှိပ်စရာလို မြင်တိုင်း အဲဟုတ်ပါဘူး Button မြင်တိုင်း Click မနှိပ်နဲ့ပေါ့ဗျာ။ နောက် ကိုယ်က အိမ်တွေရုံးတွေမှာ အင်တာနက်တပ်ထားတယ်၊ သုံးနေတယ်ဆိုရင် Internet Security, Total Security စတဲ့ Software တွေသွင်းထားပြီး ကာကွယ်ထားသင့်တယ်၊ ကိုယ့် Computer ရဲ့ Windows Firewall ကိုလည်း On ထားသင့်ပါတယ်။ ကျွန်တော်ပြောချင်တဲ့ အင်တာနက်နဲ့ Virus ပြဿနာကတော့ ဒီလောက်ပါပဲ။ စာဖတ်ပရိသတ်ကြီးလည်း ဖတ်ရတာ ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။ အင်တာနက်သုံးရင်း တွေ့ကြုံကြတဲ့ Virus ပြဿနာများမှ ကင်းဝေးကြပါစေ။

Cisco Router ၏ Interface အား DHCP Server မှ IP address သတ်မှတ်ပေးနိုင်ခြင်း

Cisco Router တွေမှာ ပါဝင်တဲ့ Interface ကို DHCP Server မှ တစ်ဆင့် IP address သတ်မှတ်တဲ့ ပုံစံကိုဖော်ပြပေးပါ့မယ်။ ပုံမှန်အားဖြင့် Cisco Router တွေမှာ မိမိကိုယ်တိုင် IP address တွေကိုသတ်မှတ်ချင်ပါက (IP Address) ဆိုတဲ့ Command ကို အသုံးပြုပြီး သတ်မှတ်နိုင်ပါတယ်။ ဒါကတော့ Cisco Router တွေမှာ IP address ကို Static သတ်မှတ်တဲ့ပုံစံပဲဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်က ၎င်း Interface အတွက် လိုအပ်တဲ့ IP address ကို DHCP Server မှတစ်ဆင့် သတ်မှတ်နိုင်အောင် ပြုလုပ်ပေးလို့ရပါတယ်။ ဒါကို ယခုသင်ခန်းစာမှာ ပုံနှင့်တကွဖော်ပြပေးထားပါတယ်။ ဒီတော့ အောက်မှာဖော်ပြပေးထားတဲ့ ပုံကိုကြည့်လိုက်မယ်ဆိုရင် Cisco Router တွေရဲ့ Interface တွေထဲမှာ လိုအပ်တဲ့ IP address တွေကို DHCP Server မှ သတ်မှတ်ထားတဲ့ ပုံစံကိုတွေ့ရပါလိမ့်မယ်။




အထက်မှာ ဖော်ပြပေးထားတဲ့ Command ကတော့ Cisco Router ရဲ့ Interface မှာ IP address ကို သတ်မှတ်ထားတဲ့ ပုံကိုတွေ့ရှိရမှာဖြစ်ပါတယ်။

Maltilayer Switch အတွင်းမှာ ဘာတွေပါဝင်သလဲ

ကျွန်တော်က (MLS) ဆိုတဲ့ (Multilar Switch) ရဲ့ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်း (MLS) ကို Cisco ကနေမှ Catalyst 5000 Series ဖြစ်တဲ့ Version 4.1 (1) ဆိုတဲ့ Switch Operating System ရဲ့ အတွင်းမှာ စတင်အသုံးပြုဖို့ရန်အတွက် ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ ၎င်း (MLS) ကို Cisco Switch တွေမှာ 3560 Series ကနေပြီးစတင်အသုံးပြု လာခဲ့ကြပါတယ်။
ဒီတော့ (MLS) ရဲ့ အကြောင်းကို ဆက်လက်ပြီးရှင်းပြပေးပါအုံးမယ်။ မှတ်ထားပါ။ (MLS) ဆိုတာသည် Layer 2 နှင့် Layer 3 ကိုပေါင်းစည်းပေးထားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဆိုလိုတာက Layer 2 ဆိုတဲ့ (Switch) တွေရဲ့အတွင်းမှာ ယခုနောက်ပိုင်း၌ Routing Feature ပါ အသုံးပြုနိုင်စေဖို့ရန်အတွက် ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီတော့ကား ၎င်း (MLS) သည် တစ်နည်းအားဖြင့် Switching Service နှင့် Routing Service နှစ်ခုလုံးကိုပါအသုံးပြု နိုင်ကြပါတယ်။ ဒီတော့ ၎င်း (MLS) Switch တွေရဲ့ အတွင်းမှာ ပါဝင်တဲ့ Components တွေကိုလေ့လာကြည့်မယ် ဆိုရင် အပိုင်း (၃) ပိုင်းကို မြင်တွေ့ရပါလိမ့်မယ်။ ဒါတွေကတော့

၁။ Multilayer Switching Route Processor (MLS-RP)
၎င်း Route Processor ဆိုသည်ကား တစ်နည်းအားဖြင့် Packet Forwarding ကို အလုပ်လုပ်ဆောင်ပေးဖို့ရန် အတွက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ၎င်း Processor သည် Routing Function များနှင့် တစ်ခြားသော Accessibility များကိုပါ ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

၂။ Multilayer Switching Protocol (MLS-SE)
၎င်း Switching Engine ကတော့ Layer 3 မှဆင်းသက်လာတဲ့ Packet များကို MAC Address ဖြင့် ပြောင်းလဲပေး၍အလုပ်လုပ်ဆောင်ပေးခြင်း အစရှိသော Layer 2 အပိုင်းကို ထိန်းချုပ်စီမံပေးပါတယ်။

၃။ Multilayer Switching Protocol (MLSP)
၎င်း Protocol သည် တစ်နည်းအားဖြင့် MLS-RP နှင့် MLS-SE နှစ်ခုကိုပေါင်းစည်းပေးကာ အတူတကွ အလုပ်လုပ်ဆောင်ပေးနိုင်ရန်အတွက် စီမံပေးပါတယ်။ ဒီတော့ ၎င်း Protocol ရဲ့ အတွင်းမှာ Layer 2 နှင့် Layer 3 အပိုင်းနှစ်ခုကို တစ်ပြိုင်နက်တည်း အလုပ်လုပ်ဆောင်ပေးနိုင်ရန် အတွက်ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင်၎င်း Protocol ရဲ့ အတွင်း၌ VLAN တည်ဆောက်ပေးခြင်း VIP တည်ဆောက်ပေးခြင်း၊ Routing Function များအသုံးပြုခြင်း စသည်တို့ကို ပြုလုပ်ပေးပါတယ်။

Computer System Name များကို ဘယ်လိုပေး

ယခု သင်တို့ရဲ့ Computer System တွေမှာ Name ကိုဘယ်လိုသတ်မှတ်လို့ရပါသလဲ ဆိုတာကို ဖော်ပြပေးပါ့မယ်။ ဒီတော့ ...သင်တို့ကအရင် စဉ်းစားကြည့်ပါအုံး။ သင်အသုံးပြုနေတဲ့ Computer နဲ့ Network ချိတ်ဆက်တားတဲ့ Computer System တွေရဲ့ Name တွေကို ဘယ်လိုမျိုးသတ်မှတ်ကြပါသလဲ ဆိုတာကို။ ကောင်းပြီ။ ဒီတော့ ကျွန်တော်ကသင်တို့ကို ဖော်ပြပေးပါ့မယ်။
1. Flat Namespace
၎င်း Flat Namespace ကိုတော့ Computer ရဲ့ Name လို့လည်းခေါ်ဆိုကြပါတယ်။ ၎င်း Computer ရဲ့ Name ဆိုသည်ကားဥပမာအားဖြင့် Youth ဆိုသည်ကား Flat Namespace တစ်လုံးပင်ဖြစိသည်။

2. Hierarchial Namespace
၎င်း Hierarchial Namespace ဆိုသည်ကား Computer System ၏ Name ကို သက်ဆိုင်ရာ Domain မှတစ်ဆင့် ပိုင်ဆိုင်ထားခြင်း ကိုဆိုလိုခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် Domain သည် သက်ဆိုင်ရာ Names များကို တစ်စုတစ်ဝေးတည်းပေါင်းစည်းထားခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ အားဖြင့် Youth Training . Com သည် Hierarchial Namespace ဖြစ်သည်။ ၎င်း၏ Domain သည်ကား Training.Com ပင်ဖြစ်သည်။