Showing posts with label Other. Show all posts
Showing posts with label Other. Show all posts

Saturday, September 8

သို့

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သား လို ပေါက်ဖွား လာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ ၊ ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင်ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေး အခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သ လိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက် ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်း သလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။



ညည အိမ်မက်ထဲမှာလေ… သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာမှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကို ထားပြီးကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့်စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေ မယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ငါးသလောက်ပြုံးလေး နဲ့ မြင်းတစ်ကောင်လို အပြေးလေး လာခဲ့မယ် သူလေးရယ်….



အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသ လို လို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။



အခုအချိန်မှာ ၀က်ဖြစ်မှတော့ မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ် ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။ ဘယ်နှယ့်သူကကဲကဲလှုပ်နေရ တာလဲလို့။

ကြက်တူရွေး က တော်တော် မယ်ဘော်က ကဲမနေပါနဲ့လို့။ မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာအလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ ကိုယ်ဟာ ကြောင် သူတော် ကြွက် သူခိုးမဟုတ်သလို တောမီးလောင်တောကြောင် လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့ မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ …….နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း မင်းအဖေလို လူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလိုဟိုကောင့်အတွက်ကျတော့ ကံကောင်း တဲ့ကျား သွားရင်းသမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။

သူများ အကြောင်း လည်းမပြောချင်ပါဘူးအချစ်ရယ် ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး ၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ဒီ ချုံ ထွင်၊ ကြွက်သေ တစ်ခု အရင်းပြုရုံလေးနဲ့ စားရကံကြုံပြီးမုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာယုန်ထောင်ကြောင်မိ ဖြစ်သွားသူတွေပါ။ အများညီဤကိုကျွဲဖတ် ဆိုသလို လုပ်ချင် ရာလုပ်နေတဲ့ ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာသူ့မိဘတွေပေါ့။ ဆင်သတ် အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ်အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။



ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်းသူစီးတဲ့မြင်း အထီးမှန်း အမမှန်းတောင် မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊ ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်းမြှောက် ချေးကောက်စား ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။ အချိန်တန်တော့နွားပိန်ကန်ပါလိမ့်မယ်။



တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ် ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်းကြောက်ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့် ကျွဲနှစ်ကောင်ကြားထဲက မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့် မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင်သားကောင်ဆိတ်ဖြစ်နေပါပြီ။ တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင်မြားတစ်စင်း ဆိုတာ ကို မြင်ပုံမရဘူး။ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး စွတ်မိုက်နေတာ။



အင်း… မပြောချင် ပါဘူးလေ …ငါးတကာယိုသည့်ချေးပုဇွန်ဆိတ် ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် လို့ ပဲပြောပြော။ သူ့မိဘတွေကလည်းဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။ တကယ်တော့ အညှီရှိ ရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာငါးပွက်ရာငါးစာချဖို့ ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ်လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင် ပါနွား ကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့ မင်းအဖေအော်နေ ဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့ မှောက်လျက်လဲ သလိုဖြစ်နေမယ့် မင်းအဖေ ရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့ သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။



မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျ သလို ပွက်ပွက်ညံနေပါရော။ တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ် ကတော့ မြွေမြွေခြင်းခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီးငွေကြိုက် တာလည်း နွားငတ်ရေချ ဆိုသလို၊ကိုယ့်အတွက်တော့ အထူး အဆန်း မ ဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင်လမ်းဖြစ်မယ်လို့ထင်နေတာလေ။ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက် သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊မျောက်ပြဆန်တောင်း လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင် မင်းပါ စိတ်ဆိုးတော့မယ်။



အင်း… ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့ ဆိုသလို ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက် ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး သာသာပဲရှိတော့… အင်း… ယုန်အတွက်ချုံကကြောင့်ကြနေ ရတာပေါ့။ မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက်ကျည်တောက်စွပ်တဲ့။ မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။



ဟုတ်ချင်လည်းဟုတ်မှာပါ ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်က လည်း ခွေး ပစ်တဲ့တုတ်သာသာရှိတော့…ကိုယ်နဲ့ပေးစားမယ့်အစားခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။ အဲဒါကို ဟို အကောင်ကြား ရင်သူ့ကိုခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူး ဖက်ကိုက် ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက် တဲ့ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။



ကဲပါ… ခွေးဟောင်လို့တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲကျားနေမြဲပါအချစ်ရယ်။ တစ်ခုတော့မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။



ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော်နွားကျတဲ့ကောင်တဲ့။ ကိုယ်ကလည်း ဘယ်ရမလဲ၊ဒါပေမဲ့ ခင်ဗျားလိုငါ့စကားနွားရ မပြောတတ်ဘူး၊ နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန် ကျူးပြလိုက်တာပေါ့။



အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှသစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်းသမင်မွေးရင်း ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူမမှားဖို့အရေး၊ ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက် သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး Style မျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန် ရုံ လေးပါ။



ကိုယ့်မှာတော့ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊ မင်းကိုပါ လန့်ပြီး ကျားရဲရာ ကြမ္မာ ရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။ တကယ်တမ်းဆိုရင် ကိုယ်ဟာမြင်းကောင်း ခွာလိပ် လေး ပါကွယ်။ မင်းအဖေ ကလည်း ကိုယ်ကမင်းကိုချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျား ကိုက်ပါတယ်ဆို နာတာ ရှည်လား ချည်း လာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာ ရှာစရာ လိုတော့ မလားကွယ်။ ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါးစောင်းတီး… အဲ…မိကျောင်းမင်း ရေခင်းပြတွေ ခဏခဏ မလုပ်ချင် ပါ ဘူးလေ။



လူပဲအချစ်ရယ်စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။ သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ် လို့ ပြောခံ ရသေး တာပဲ။ထားဗျာ။ ပုံလုံတစ်လှည့် ငါးပျံ တစ်လှည့် ဆို တဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ ဒါမှမဟုတ်များ ယာ လည်း ညက်စေကြက်လည်းပန်းစေ လို့များ လုပ်နေသလားမသိဘူးလေ။ မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။ နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုးကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်… အဲ… နွား သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ်အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း တခါ တခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်ရှို့ပစ်မိတော့ မှာ။ ရော့…ပတ္တမြား ရော့ …နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာသားသမီးကို ဆင်စီးပြီး မြင်းရံစေချင်တာ ကို ကိုယ်သိပါ တယ်။ ဒီတော့ မျောက်သား စားချင် မျောက်မျက်နှာကြည့် ဆိုသလိုကိုယ်နာလည်ပေးရမှာပေါ့။



တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာပေါ့စေလိုလို့ ကြောင်ရုပ်ထိုးဆေးကြောင့်လေး ဆိုသလိုဖြစ်ရုံမက ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာ လူး၊ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို မွေးထားတဲ့ မင်းအဖေ ကို ပြော လိုက်ပါ။



အိုင်တွေ့လို့မှမလူးကျွဲရူး၊ ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။ မင်းမရှိတဲ့ ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလိုဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့ အချစ်တွေကလည်း ကျားသနား မှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ၊ ကိုယ်ဟာ မျက်နှာမများတတ်သလိုလယ်ထွန်သွား နွားမေ့ လူစား မျိုးလည်း မဟုတ် တာအမှန်ပါ အချစ်ရယ်။တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်ရေ ထဲ လွှတ်သလိုမျိုး စိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ရွှေကျေးလေး ဖြစ်တော့မှာပါ။



ချစ်သူ . . . .ငါမင်းကိုချစ်တာ မာသာထရီဇာ လို မာယာပလီပလာ တွေမပါ ပါဘူး . . .မယုံရင်ကျန်ကျောင်း လို မှန်ပြောင်းသုံးပီး ကြည့်လိုက်စမ်းပါ။ (နှလုံးသားထဲကိုပါ)မင်းကိုချစ်တဲ့သူတွေများထဲ ဂျူလိယက်ဆီဇာ လို အလုအယက်ဆီးပါ လို့မပြောပါနဲ့ပါးကြီးမှာမွေးလို့ မာနကြီးတက်လို့ပါ။တကယ်ဆိုငါဟာမင်းကို ဘင်လာဒင်လာ ဒင်လို ကြင်နာခြင်တဲ့သူပါ ရယ် ။မင်းဘေးမှာ အမြဲတမ်း ဒိုင်ယာနာ လို ထိုင်ကာသာ နေလိုက်ခြင်ပါရဲ့ . . .အဲ့ဒီအခါကြရင် ဂျော့ဘွတ်(ရ်) လို လောကွတ်လေးလိုတော့လုပ်ပါ . .အာရာဖတ်လို ဘာလာကတ်နေတာလဲ လို့ အော်မထုတ်လိုက်ပါနဲ့နော် . ..စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမိုလို့ပါ။



မဟုတ်ရင် ပေါင်ချိန်ကို ဗြောင်လိန်တာထက် ဆိုးသွားလိမ့်မယ်။တကယ်တော့ ငါဟာအိုဝင် လို အပျိုမြင်တိုင်းငမ်းနေသူ မဟုတ်ပါဘူးကွယ်။မင်းကိုရမယ်ဆိုရင်လေ ကောလင်းပါဝလ် လို တောတွင်းတောင်ထဲမှာနေပြီးထယ်စောက်လို လယ်ပေါက်ကျွေးဆိုလဲ ကျွေးပါမယ်။မင်းအတွက် Prado ၀ယ်မပေးနိုင်ပေမဲ့ ဆရာခိုတော့ဝယ်လိမ်းပေးနိုင်ပါတယ် ။ကွန်ဒိုမှာမထားနိုင်ပေမဲ့ သွန်ဆိုသွန်ထားနိုင်ပါတယ်။(ရေအိုး)မင်းကသာ ထွာဝူချန်း လို သွားယူစမ်းဆိုရင်လေ ကိုရွှေထူးလို မြေတွေတူးလို့နိုက်ရဲပါတယ် ။ (လိပ်ဥ)ဒါတွေကို ဆန်ဖရန်စကို လို အကြံအဖန်တွေပိုတယ်လို့မထင်ပါနဲ့နော်။လန်ဒန် လို အမှန်အကန်ပဲဆိုတာ ယုံကြည်ပြီး နီကိုရဲ လိုဒီလိုပဲလို့ဝေ့လည်ကြောင်ပတ်လုပ်ပါနဲ့တော့။ကိုယ့်အချစ်တွေကို ဘက်ခမ်း လို လက်ကမ်းပြီး ကြိုလင့်ပါတော့ကွယ် . . ဟီး မေးထဲရောက်လာလို့ တင်ပေးလိုက်တယ် ချစ်သူကို ရည်းစားစာရေးပြီး ပေးတတ်အောင်လို့

Thursday, August 2

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်...။



ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့မေးခွန်းတွေမေးလာခဲ့ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်
ဒီပိုစ့်ကိုထပ်ဆင့်မျှဝေပေးလိုက်သည်..။။
****************************
ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်...။
**********************************************************


(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

Please Click Here : For English Version

(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။

ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။
(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။
(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။
(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။

ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။

ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။

စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။

ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊
ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။
Ref: FaceBook

Wednesday, July 4

မွေးနေ မွေးရက်များနဲ သူတို.၏ ဂုဏ်သတ္တိတွေပါ.



တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၁) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၂) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၃) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၄) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၅) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၆) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် ၇ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် ၈ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၉) သမား...

*******************************************

နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..
ဒေါသလွယ်တယ်..ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..
အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်..
သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး...မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ ..... လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..
အသုံးအဖြုန်းကြီး သူတယောက်ဖြစ်ပေမယ့်.....
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..
လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို
မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို
မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..
နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..
လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!

***********

နံပါတ်(၂)

မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်..
အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာအမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်..
အပြောအဆိုညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး....
လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို ရောက်လာပြီ..
သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့..
ဒုတိယ ဟစ်တလာလည်း ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...
မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..
မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို
သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..
ဆိုလိုတာက.မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့
ဝန်မလေးတဲ့သူတစ်ဦးပါ...မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..
သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!

***************

နံပါတ် (၃)

နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့်
ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက်
အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို
မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်းမင်းဟာ စံပြနေလေ့ရှိပါတယ်..
ဒါပေမယ့်..ယေဘုယျအားဖြင့်တော့..
မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..
မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...ဒါပေမယ့်လည်း..
တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်..
အဲဒါတွေက ကြာရှည်မခံပါဘူး..ဘာကြောင့်လည်းဆိုတော့..
မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..
အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ).
ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..
အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!

****************

နံပါတ် (၄)

မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..
စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ..
မင်းကိုထားပြီ....အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ..
အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့..
မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့..
ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.
သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!

*****************

နံပါတ် (၅)

မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..
မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ...
မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..
အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..
အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့..
နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ..
ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9.
သင့်တော်တဲ့သူကတော့. 6, 8!!!

******************

နံပါတ် (၆)

အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..
ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..
(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...
နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...
ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့
ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

*******************

နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..
မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ
ထူးချွန်သူ တစ်ဦးပါ..ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း..
ထူးချွန်နိုင်သူပါ..မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..
(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..
ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ
အဆင်မပြေကြတာများပါတယ်..အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို
တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေး
မသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...
အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..
ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..
မင်းဟာဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2.
သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!

**********************

နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ.
ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..
သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်..
မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေကမင့်ဘ၀ထဲမှာ
မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်..
ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..
ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ..
ဘ၀ကိုလည်း..အထီးကျန်စွာဖြတ်သန်းနေရမယ့်သူပါ..
ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့
(အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..
ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

********************

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ..
အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့်
မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့..
ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး..
မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်..
ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်.
ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!တွေပါ

Thursday, May 31

ထမင်းစားပြီးရှောင်ကြဉ်သင့်သော အချက်(၇)ချက်




မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး
နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး
စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန်
အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ
တစ်နာရီအလိုတွင်သာစားသုံးသင့်

သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။

(၄) သင့်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်
ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့်
ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး
အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည်
ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ
အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန်
အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

Tuesday, May 8

Korea မလေးတွေ ဘာ့ကြောင့် စကတ်တို ဘောင်းဘီတိုဝတ်သလဲ ?

ကျနော်အခုဝေဖန်ချင်တာက မြန်မာအမျိုးသမီးများသည် မိမိတို့၏ လှပသောယဉ်ကျေးမှု
ကိုယ်လုံးကိုပေါက်ကို ဘာမှန်းညာမှန်းမသိအရုပ်ဆိုးအောင် (တချို့ပေါ့နော် အားလုံးမဟုတ်) လုပ်ဆောင်နေကြလို့ပါပဲ



ကိုရီးယားမလေးတွေ ဘာ့ကြောင့် စကတ်တို ဘောင်းဘီတိုဝတ်သလဲ ?
----------------------------------------------
ကိုရီးယားဟာတောင်အာရှ ထဲမှာပါတယ်၊ရာသီဥတုကအေးလွန်းတယ် ဒါ့ကြောင့် အသားအရည်တွေဟာ ဖွေးပြီးနု
တယ် အသားအရည်ကတော့ ပင်ကိုက ချောမွတ်မနေပဲကြမ်းတယ်လို့သိရပါတယ်
ဒါ့ကြောင့် အသားလှအောင် ပေါင်းသင်ကြတယ် အလှနဲ့ပတ်သတ်တာအားလုံးလိုလုပ်ဆောင်တယ်
ကိုရီးယားတွေရဲ့အားနည်းချက်က ရာသီဥတုက ပင်ကိုယ်အေးပေမဲ့ ကျနော်တို့လို လှုပ်ရှားနေခဲတယ်
လေ့ကျင့်ခန်းတွေသိပ်ပြီးတော့လုပ်ဆောင်တာမရှိ
ဒါ့ကြောင့် မိန်းကလေးအများစုဟာ ရုပ်ကလေးတွေအသားအရည်တွေလှပပေမဲ့ လိပ်ခါး ဖားဖင် တွေဖြစ်နေတယ်
ပိုပြောမယ်ဆို ကျောနဲ့ ရင်နဲ့ တသားတည်း တင်နဲ့ ကျောနဲ့ တသားတည်းပေါ့ဗျာအဲလိုတွေကြောင့် သူတို့ဟာပေါ်လွင်အောင်
လို့ ဖြူဖွေးရှင်းသန့်တဲ့ပေါင်တန်တွေ ခြေသလုံးတွေပေါ်ပြီး ထင်ရှားအောင် စကတ်တိုလေးတွေ ဘောင်းဘီတိုလေးတွေကို
(အအေးပတ်ခံပြီး ဟီ) ၀တ်ကြတာလို့လေ့လာဖူးပါတယ်
တကယ်တော့ ကိုရီးယားတွေဟာလည်းအတို အပြတ်ကိုစခဲ့တာမဟုတ်ပါဘူး
အနောက်တိုင်းက စတာပါ Fashion Design သမားတွေဟာ ကိုယ်တာဝန်ယူရတဲ့ မော်ဒယ်တွေရဲ့ အချိုးအစားအလိုက်
အတိုအပြတ်တွေကို Design ဆွဲခဲ့ကြတာပါ အဲကစခဲ့တယ်ဆိုပါတော့
မြန်မာအမျိုးသမီးများကျတော့ သူများဝတ်တာကိုလိုက်အတုခိုးတယ်လို့ ဆိုနေကျပါတယ် (ဆိုနေကျတာနော် အနော်ပြောတာဟုတ်ဝူး)
တချို့တွေပေါ့လေ မြန်မာ အမျိုးသမီးတွေမှာ ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင်အလှ နဲ့ရှိနေတာကို
ဘာ့ကြောင့်များ လိပ်ခါး ဖားဖင် အ၀တ်တွေနဲ့ မြန်မာ့ ယဉ်ကျေးမှုကို မေ့လျှော့နေကြတာလဲ လို့ မေးလိုက်ချင်ပါတယ်
ဒီနှစ်သင်္ကြန်တုန်းက အဆိုးဆုံပါပဲ ကျနော် ဘုန်းကြီး ၀တ်ပြီး လူထွက်တော့ ကွန်ပျူတာလေးပြန်ကိုင်မိတယ်
အားပါးပါး ယူထားတဲ့ကုသိုလ်လေးတွေ (ရှားရှားပါးပါး)တောင် ဘယ်ရောက်မှန်းမသိအောင် စိတ်ပျက်မိတယ်
ဒို့မြေ ဒို့ရေ ဒို့ယဉ်ကျေးမှုတွေ
ဘယ်ဆီကိုများရောက်ကုန်ပါသလဲ
ဘယ်သူတွေက ခိုးယူကုန်တာလဲ
ဘယ်သူတွေကမေ့လျှော့နေကြတာလဲ

ဘယ်သူတွေမှာတာဝန်ရှိပါသလဲ

Thursday, May 3

သတိရခြင်း...

၁ မိနစ်ကြာပြီးနောက်... သူ သင့်ဆီက မက်ဆေ့ခ်ျကို ဖွင့်ကြည့်နေတယ်လို့ သင်က ထင်တယ်.... ၂ မိနစ်ကြာပြီးနောက်....သူ သင့်ကို မက်ဆေ့ခ်ျ ပြန်မယ်လို့ သင်က ထင်တယ်.... ၃ မိနစ်ကြာပြီးနောက်...သင့်ရဲ့ ဖုန်းကို ဖွင့်ပြီး သူ့ဆီက မက်ဆေ့ခ်ျကို စတင် စစ်ဆေးတယ်... ၄မိနစ်ကြာပြီးနောက်...သူ ဘာလို့ မက်ဆေ့ခ်ျပြန်တာ ဒီလောက်နှေးလဲ သင် စတင် စဉ်းစားတယ်.... ၅ မိနစ်ကြာပြီးနောက်.... သူ သင့် မက်ဆေ့ခ်ျကို မမြင်လို့ ဖြစ်မယ်ဆိုပြီး သင့်ကိုယ်သင် နှစ်သိမ့်တယ်... ၆မိနစ်ကြာပြီးနောက်...ဖုန်းကိုကိုင်ပြီး...မက်ဆေ့ခ်ျပြန်လာမှာကို ခဏစောင့်တယ်.... ၇ မိနစ်ကြာပြီးနောက်....ဖုန်းကို ထုတ်ကြည့်ပြီး ကြာလိုက်တာလို့ သင်ထင်တယ်.... ၈ မိနစ်ကြာပြီးနောက်... သင်စိတ်ပူပန်စ ပြုလာတယ်...သူ မက်ဆေ့ခ်ျ မပြန်တော့ဘူးလို့ ထင်သွားတယ်... ၉ မိနစ်ကြာပြီးနောက်...သူ့ဆီကို မက်ဆေ့ခ်ျ ထပ်ပို့ရင်ကောင်းမလား သင် စဉ်းစားတယ်.... ၁၀မိနစ်ကြာပြီးနောက်... မက်ဆေ့ခ်ျ ရိုက်လိုက်တယ်...နောက်ဆုံး ပို့ခါနီး ပြန်ဖျက်လိုက်တယ်... မိနစ် ၂၀ ကြာပြီးနောက်...သင်စိတ်မကောင်း ဖြစ်စ ပြုလာတယ်.... မိနစ် ၃၀ကြာပြီးနောက်... သူ့ရဲ့ မက်ဆေ့ခ်ျ ပြန်လာမှာကို မျှော်နေမိပြန်တယ်... မိနစ် ၄၀ ကြာပြီးနောက်...နောက်ဆုံးမှာ သူ့ကို နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်တယ်.... မိနစ် ၅၀ ကြာပြီးနောက်....နဂိုတုန်းက ကြည်လင်နေတဲ့ စိတ်ကလေး... အရောင်ဆိုး ဖျက်ဆီး ခံလိုက်ရတယ်... အခု ၁ နာရီရှိသွားပြီ....သူ့ဆီက မက်ဆေ့ခ်ျကို မျှော်သာမျှော် ပေမဲ့  မပေါ်လာသေးဘူး... နာရီအနည်းငယ်ကြာတော့... သင့်ရဲ့ အကြင်နာ စိတ်ကလေးက သင့်ကို မျှော်လင့်ချက် ပေးလာပါတယ်... နောက်တခါ ဟန်းဖုန်းကို ဖွင့်ကြည့်လိုက်တယ်... သူ့ဆီက စာပြန်လာပါတယ်.... သင့်ကို ဘာဖြစ်လို့လဲ လို့မေးပါတယ်... စိတ်ထဲမှာ စောစောကလောက် မတင်းမာတော့ဘူး... ဒေါသ နဲနဲ ပြေသွားတယ်... ဒါပေမဲ့ သူ့ကို ဘယ်လို စာပြန်ရမှန်းမသိဘူးဖြစ်နေတယ်... ဘာလို့လဲဆိုတော့ သူ့ဆီ စာပို့တုန်းကလို ပျော်ရွှင်တဲ့ ခံစားချက်မျိုး သင် ပြန်မရတော့ဘူးလေ.... သူ သင့်ကို စာပြန်လာပြီလေ...ဒါပေမဲ့ သင့်ကိုယ်သင် သနားပြီး စာမပြန်တော့ဘူး....အကြာကြီးစောင့်နေခဲ့တာ သူ့ဆီက မက်ဆေ့ခ်ျပဲ မဟုတ်လား.... သူ့ကိုလဲ စောင့်စားခြင်းရဲ့ ခံစားမှုကို နားလည်စေချင်တယ်လေ..ဒါပေမဲ့ သင် မခံစားနိုင်ဘူး...သူ့ကို မက်ဆေ့ခ်ျ မပြန်ပဲ မနေနိုင်ပြန်ဘူး.... ဒါပေမဲ့သင် သူ့ဆီကို စာပြန်လိုက်တဲ့နောက်...ပြန်ရလိုက်တာကတော့ အကြာကြီး ထပ်မံ စောင့်စားရခြင်းပါပဲ.... တကယ်တော့ နောက်တစ်ခါ ပြန်ပြီး စောင့်စားနေရတဲ့ သူနဲ့ သင် မထိုက်တန်ပါဘူး.... သူ အရမ်းအလုပ်များတယ်ဆိုတာ သင်သိရင်...သူ့ကို အနှောင့်အယှက် မပေးသင့်ဘူး.... သူ အလုပ်မများဘူးဆိုတာ သင်သိရင်... သင့်ကို စာပြန်တဲ့ နှုန်းက အတိုင်းထက် အလွန် မနှေးသင့်ဘူးလေ... သင့်ကို သူ လုံးဝ ဂရုမစိုက်တာ သင်သိသင့်တယ်.... သူ အဲလောက် စာပြန်တာ နှေးနေတာ ဘာလို့ အသည်းအသန် သူ့ကို စာပို့နေမှာလဲ.... မိမိကို တကယ် ဂရုစိုက်တဲ့သူဆိုတာ ဘယ်လောက် အလုပ်များများ...နည်းလမ်းရှာပြီး စာပြန်တယ်.... မိမိကို အလေးထားတဲ့ သူဆိုတာ သူ့ကို လိုက်၇ှာပြီး သတိပေးစရာမလိုဘူး.... သူ့ဘာသာ အလိုအလျောက် သင့်ကို သတိရနေတတ်တာမဟုတ်လား..... Ref: (ဇေယျာ)

Friday, March 23

သမီးရည်းစားတိုင်းသတိထားရမည့်အချက်တွေပါ



ချစ်သူမိန်းကလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်....

BEER သောက်လျှင် ..အပြစ်မမြင်......ချစ်ချစ်ခင်ခင်..နေရမည်.
အခြားမိန်းကလေးရှူ့ လို့ငေး...မမြင်ချင်ယောင်ဆောင်ရမည်
ချိန်းလို့တွေ့က..ချစ်ချစ်အား.... တနေ့သုံးခါ နမ်းရမည်
ချစ်သူဘဲအား..အလေးထား..ရိုရိုသေသေပြောရမည်

ဗြောင်လိမ်ဗြောင်စား ထိုနှစ်ပါး သည်းညည်းများလည်း ခံရမည်..။
... ချစ်သူ ပြောတိုင်းမှာ ခေါင်းညိတ်ကာ.ဟုတ်ကဲ့ များ လည်း ပါရမည်..။

ထိုအရာများ.......မလိုက်နာငြား ကညာ့ လိုပင် ကျန်ရစ်မည်..:PPP..........။

ချစ်သူယောကျာ်းလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်

ညာခိုင်းခဲ့လျှင် အပြစ်မမြင် ကြည်ကြည်ဖြူဖြူလုပ်ရမည်
ဘဲလေးချောချော ငေးနေလျှင် မုဒိတာလည်းပွားရမည်
ချိန်းလို့တွေ့က ကိုကိုက ကုန်ကျသမျှ ရှင်းရမည်
ချိန်းသူ မေအား အလေးထား တစ်နာရီခန့်စောင့်ရမည်

ပေါ်တင်လိမ်လျှင် ''''အ ''''သလိုပင် မသိချင်ယောင်ဆောင်ရမည်...။

စိတ်ကောက်တိုင်းရာ ချော့ဖို့ ရာ တော်ကီများလည်းညက်ရမည်။

ထိုအရာများ မလိုက်နာငြား..လူပျိုကြီးဘ၀ နှင့်ပင် ကျန်၇စ်၇မည်

Friday, March 16

ဆေးလိပ်သောက်သူများ အတွက် ဘားဂါး (Buerger) ရောဂါ



ဘားဂါးဆိုတာဘာလဲ ။

ဘားဂါးဆိုတာဟာ ခြေထောက်နဲ့ လက်တွေမှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ်အလတ်ရှိသော သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေ ယောင်ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်းတို့ ခဏခဏ ဖြစ်ပေါ်နေခြင်းကို ဆိုလိုပါတယ် ။ ဒါဟာ ဆေးလိပ်သောက်သုံးခြင်းနဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါတယ် ။ ဆေးလိပ် သောက်သုံး သူများအပါအ၀င် ဆေးလိပ်မသောက်ပေမယ့် လည်း ဆေးရွက်ကြီးစားသုံးသူတွေ Tobacco နဲ့ပါတ်သတ်တဲ့ထုတ်ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ် ။

အဖြစ်များစေတဲ့ အချက်တွေ ။

စီးကရက်သောက်သုံးခြင်းဟာ ဘားဂါးကို အဖြစ်များစေတဲ့ အဓိက အချက်ပါ ။ ဆေးလိပ်အရမ်းသောက်သူတွေ ဥပမာ တစ်နေ့ကို တစ်ဗူး နှုန်း သောက်သုံးသူတွေဟာ ဘားဂါးဖြစ်စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ် ။ ဆေးရွက်ကြီး ငုံတဲ့လူတွေ ကွမ်းစားရင်ဆေးရွက်ကြီးထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ်ပွားစေနိုင်ပါတယ် ။ လက်နဲ့လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ် ။ Tobacco မှာပါဝင်တဲ့ ဓါတုပစ္စည်းတွေက သင့်သွေးကြောနံရံတွေကို ထိခိုက်စေပါတယ် ။ သူတို့ကိုရောင်ရမ်းလာစေပါတယ် ။ ဘားဂါးဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်သောက်မှုများတဲ့ Middle East နဲ့ East မှာ ပိုများပါတယ် ။ သင်ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက်သူများနဲ့ ဝေးဝေးနေသင့်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဆေးလိပ်ငွေ့ကလည်း သင့်ကို ထိခိုက်စေပါတယ် ။

ဘားဂါးရဲ့ ရောဂါ လက္ခဏာတွေ ။



၁ ။ ခြေထောက်မှာ နာကျင်လာခြင်းနဲ့ အားနည်းလာခြင်း လက်များနာကျင်လာခြင်း လက်မောင်းများ နာကျင်လာ ခြင်းနဲ့အားနည်းလာခြင်း ။
၂ ။ သင့်ရဲ့ လက်တွေ ခြေထောက်တွေ ရောင်ရမ်းလာခြင်း ။
၃ ။ လက်ချောင်းလေးတွေနဲ့ ခြေမ ၊ ခြေချောင်းလေးတွေဟာ ဖြူဖျော့လာပြီး အထူးသဖြင့် အေးတဲ့အခါမှာ ပိုသိသာပါတယ် ။ ဒါကို Raynaud's phenomenon လို့ခေါ်ပါတယ်။

ဘားဂါးကနေ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ။



ဘားဂါးရောဂါက ပိုဆိုးလာပြီဆိုရင် သင့်ရဲ့ လက်တွေ ခြေထောက်တွေကို သွေးပို့မှုနှုန်းသွေး စီးဆင်းမှုနှုန်း နည်းလာပါတယ် ။ ဒါဟာ သွေးတွေက လက်ချောင်းလေးတွေ ခြေချောင်းလေးတွေစီ စီးဆင်းရာမှာ ပိတ်ဆို့တဲ့ အတားအဆီးတွေ (Blood clots) ရှိနေတဲ့အ တွက်ကြောင့်ပါ ။ ဒါကြောင့် သွေးတွေက အောက်ဆီဂျင်နဲ့ အာဟာ ရတွေကို တစ်ရှုးတွေဆီကို မပို့ပေးနိုင်တော့ ပါဘူး ။ ဒါကြောင့် ခြေဖျားလက်ဖျားလေးတွေမှာ ရှိတဲ့ တစ်ရှုးလေးတွေ သေဆုံးသွားပါတယ် ။ ဒါကို gangrene လို့ခေါ်ပါတယ် ။ ဂမ်ဂရင်း ရဲ့ လက္ခဏာတွေကတော့
ရေပြားဟာ အမဲေ၇ာင် အပြာရောင်ပြောင်းသွားခြင်း ဖြစ်တဲ့ ခြေချောင်းလက်ချောင်းမှာ အာရုံခံစားမှု မရှိတော့ခြင်း ဖြစ်တဲ့ နေရာမှာ အနံ့ နံလာခြင်း စသည်တို့ ဖြစ်ပါတယ် ။ဂမ်ဂရင်း ဖြစ်ပြီဆိုရင်တော့ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းကို ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ် ။

ကုသမှုနဲ့ ဆေးဝါးတွေ ။

ဘာကုသမှုမှ ဘားဂါးကို မကုနိုင်ပါဘူး ။ သင့်ရဲ့ ဆရာဝန်ကလည်း သင်ဖြစ်နေတဲ့ ခံစားမှုတွေ လက္ခဏာတွေကို လျော့နည်းသွားအောင် ကုသမှု အမျိုးမျိုးနဲ့ ချဉ်းကပ်ယုံပဲ ရှိပါလိမ့်မယ် ။ အဲဒါတွေကတော့

၁ ။ သင်ဆေးလိပ်ဖြတ်ဖို့ အကူအညီပေးနိုင်တဲ့ ဆေးဝါးတွေ နှစ်သိမ့်ဆွေးနွေးပေးခြင်း သင့်ရဲ့ သွေးကြောတွေ ရောင်ရမ်းမှုသက်သာအောင် ဆေးပေးခြင်း ။
၂ ။ သင့်ရဲ့ သွေးလည်ပတ်မှုကောင်းအောင် ခဲနေတဲ့သွေးတွေ ပြန်ကျဲသွားအောင် ဆေးပေးခြင်း (ဥပမာ Cilostazol )
၃ ။ ဖြစ်ပွားတဲ့ နေရာက အာရုံကြောတွေကို ဖြတ်တောက်ပစ်ခြင်း (ဒါကတော့ နာတာကို သက်သာစေဖို့ပါ )
၎ ။ ခြေထောက် လက် ဖြတ်ထုတ်ပစ်ခြင်း (အကယ်၍ ပိုးဝင်နေတယ် ပုပ်နေပြီဆိုရင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် )

ဘယ်လိုကာကွယ်မလဲ ။

သင်ဟာ ဘားဂါးဖြစ်နေပြီ လို့ သိတာနဲ့ တပြိုင်နက် ဆေးလိပ်သောက်သုံးတာကို ချက်ချင်းဖြတ်ပစ်ရမှာ ဖြစ်ပါတယ် ။ ထူးဆန်းတာတစ်ချက်က တော့ သင်ဆေးလိပ်ဖြတ်လိုက်တာနဲ့ တပြိုင်နက် သင့်ရဲ့ ခြေလက်တွေ သွေးကြောတွေရောင်ရမ်း နေတာတွေ ချက်ချင်းသက် သာသွားခြင်း ဖြစ်ပါတယ် ။ ဆေးလိပ်အချိန်မှီဖြတ်ပစ်တဲ့ လူအများစုဟာ ခြေလက်တွေ ဖြတ်ပစ်စရာ မလိုအပ်တော့ပါဘူး ။ ဆက်သောက်နေမယ်ဆိုရင်တော့ သင်ရဲ့ ဘားဂါးကို ပိုဆိုးစေပြီး သင့်ရဲ့ ခြေလက်တွေ ဖယ်ရှားပစ်ခံရမှာ ဖြစ်ပါတယ် ။

ဆေးလိပ်ဖြတ်ဖို့ဟာ ခက်ခဲလှပါတယ်။ သင်ဟာ ဆေးလိပ်သောက်သုံးသူ အများစုထဲက တစ်ယောက်ဆိုရင် သူတို့လိုပဲ အတိတ်တုန်းက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးမှာပါ ။ဒါပေမယ့် အောင်မြင်ခဲ့မှာမဟုတ်ပါဘူး ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့် ပြဿနာကို ပြောပြပါ ။ သင့်ဒုက္ခကို ကူညီပေးနိုင်မယ့် ဆေးဝါးတွေ ရှိပါတယ် ။ ပီကေ၀ါးခြင်းနဲ့ စိတ်အာရုံပြောင်းခြင်း ။ နောက်တစ်ခုကတော့ နီကိုတင်းအစားထိုး ထုတ်ကုန်တွေကို သုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နီကိုတင်းကလည်း ဘားဂါးကို ပိုဆိုးစေတဲ့အရာဖြစ်တဲ့အတွက်ပါ ။ နောက်တစ်နည်းကတော့ ဆေးလိပ်ဖြတ် ပရိုဂရမ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ် ။ ဒါကတော့ ဆေးရုံ ဆေးခန်းမှာ ရက်အနည်းငယ်သွားနေပြီး ကုသမှု ခံယူခြင်းပဲ ဖြစ်ပါတယ် ။ အဲဒီအချိန်တွေမှာ သင်ဟာ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း ကုသိုလ်ရေး တွေ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို Tobacco free world ထဲကိုခေါ်ဆောင်သွား မှာ ဖြစ်ပါတယ် ။

အိမ်မှာနေရင်းနဲ့ ဘာတွေ လုပ်ဆောင်မလဲ ။

သင့်မှာ ဘားဂါး ရှိနေပြီဆိုရင် သင့်ခြေချောင်းတွေလက်ချောင်းတွေကို ဂရုစိုက်ပါ ။ သင့်ရဲ့ အရေပြားပေါ်က ခြစ်ရာ ရှရာတွေကို သတိထားပါ သင်ဟာ အာရုံခံစားမှုရှိနေသေးလားမရှိတော့ဘူးလား ဆိုတာ စမ်းစစ်ပါ ။ ခြေလက်တွေ အေးနေခြင်းဟာ သင်ဟာ ပိုးမွှားအလွယ်တကူ ၀င်ေ၇ာက်ကူးစက်ခံနိုင်ရတဲ့ အခြေအ နေဖြစ်ပါတယ် ။
Ref: သက်တန့်ချို

Friday, March 9

အချိန်လွန်မျက်ရည် (ရည်းစားထားရင်သတိပြု)

Pls Go Away HIV virus from our living.

ကျနော်အခု အရမ်းဝမ်းနည်းနေတယ် အရမ်းချစ်တဲ့သူငယ်ချင်းနှစ်ယောက်အတွက်ပါ (အတွဲပါ)
ကျနော်ယောက်ျားတန်မဲ့ မျက်၇ည်ကျနေပါတယ် အရမ်းဝမ်းနည်းနေတယ်ဗျာ
ကျနော် 7 ရက်နေ့က နယ်ကနေရန်ကုန်ကိုလာပါတယ် အဲအချိန်မှာ ငယ်ငယ်တည်းကအရမ်းခင်တဲ့သူငယ်ချင်းကဖုန်းဆက်တယ်
သူလည်းကျနော့်လိုပဲ B.E.S.T နဲ့ သင်္ဘောလိုက်ဖို့လုပ်နေတာပါ ကျနော်ပဲ လုပ်ခိုင်းခဲ့တာပါ သူက Desk ကျနော်က Engine ပဲကွာတာပါ။
ဖုန်းဆက်တော့ သူ က 4 Ticket တက်ဖို့ ဆေးစစ်ရပါတယ် ဆေးစစ်ချက်အဖြေကိုပြောပါတယ် မကောင်းဘူးတဲ့......
ကျနော်ထင်တာက B ပိုးရှိတယ်ထင်လို့ပါ ဒါပေမဲ့နောက်ပြီး မင်းကမကောင်းရအောင် အေကိုက်နေလို့လား လို့ မေးတာ သူက ငိုကောဗျာ ဟုတ်တယ်တဲ့ ကျနော်ကနောက်တယ်မှတ်တာပေါ့ ဒါနဲ့ သွားတော့ သူက ဆေးရုံမှ ထပ်စစ်ထားတယ် 9 ရက်နေ့ ရမယ်တဲ့ (ဒီနေ့ပေါ့ဗျာ) ကျနော်လည်းခုလိုက်သွားတာ စိတ်မကောင်းဘူးဗျာ တကယ်ဖြစ်နေတယ် သူက ဆိုးခဲ့တာကိုး လွန်ခဲ့တဲ့ 2နှစ် 3နှစ်လောက်က ကျနော်တို့ 16နှစ် သားလောက်ပေါ့ 3နှစ်လောက်ကပေါ့ဗျာ ... ကျနော်တို့တားခဲ့ဖူးပါတယ် သူကပြောတယ် မပိုင်ရင်ခြင်တောင်မရိုက်ဘူးတဲ့ ဟုတ်ပါတယ် ခြင်ကတော့ သူ့ကိုဘာမှမလုပ်ပါဘူး ခုတော့ HIV ကသူ့ကိုရိုက်နေပြီ သူ့ရိုက်တာ ပြသနာမဟုတ်ဘူး ပြီးခဲ့တဲ့ 2011 စက်တင်ဘာလမှာ သူအတည်ထားတဲ့ကောင်မလေး (သူက အတည်လို့တော့ပြောတာပဲ) ကျနော်သူငယ်ချင်းလည်းဟုတ် ညီမ ဆိုလည်းဟုတ်တဲ့ သူဆီက အဖြေရပါတယ် ကျနော့် ကြောင့်ပေါ့ဗျာ ကျနော့်ကိုသူက အတည်ပြောလွန်းလို့ ကျနော်တို့ သူငယ်ချင်းတွေ လှော် လိုက်မိတာ အဲ ဒီကောင်က ချစ်သူကို ချစ်သူအဆင့်မှာတင်မရပ်ခဲ့ဘူးဗျ ကောင်မလေးကို ကျနော်တို့ကတားထားတယ် ဒီကောင်ကိုမယုံနဲ့အုံး စောင့်ကြည့်အုံးဆိုပြီးပေါ့ (ကျနော်တို့ကိုကမကောင်းတာပါဗျာ ) ဖြစ်ချင်တော့ ကျနော်ကလည်း နယ်ပြန်ပြီးနေတာများတယ် DMA ရုံးကိစ္စရှိမှ တက်လာတယ် အော အားလုံးသိတဲ့ မိန်းကလေးတွေကို ပန်းခြွေသလိုခြွေကြတဲ့နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ 14 (အရမ်းအကျဉ်းတန်တယ်လို့ကျနော်ထင်မိပါပြီ) မှာ သူက ယုံမှတ်ပြီးပုံအပ်ခဲ့တယ်ဗျာ ... ခုတော့ သူကို့ပေးမသိပါဘူး ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ပဲသိသေးတာပါ ကောင်လေးအိမ်ကလည်းမသိဘူး ခုတော့ ဒီကောာင် သင်္ဘောလိုက်လို့မရတော့ဘူး ဗျာ
အဲထက်ဆိုးတာက ဒီကောင် ဆိုးနေရင်အနေအထိုင်မဆင်ခြင်သေးရင် ကျနော်သူငယ်ချင်း 2နှစ်တောင်ခံပါ့မလားဗျာ ခုတော့ကျနော်သူ့အိမ်ကို သူမပြောလည်းအသိပေးထားတော့မယ်ဆုံးဖြတ်ထားတယ်။ အနည်းဆုံးတော့ သူ့ သက်တမ်းစေ့မနေနိုင်တောင် အသက်ရှည်အောင်ပေါ့ဗျာ ၀မ်းနည်းတယ်ဗျာ သူကထားတော့ သူဆိုးလို့ မိုက်လို့ ခွေးဆန်ခဲ့လို့ (ရိုင်းသွားရင်ခွင့်လွတ်ပါဗျာ) ဖြစ်တာ ကျနော့်ညီမလေး (အရမ်းခင်တာပါ ငယ်ငယ်လေးတည်းက သိတာပါ သူ့အိမ်ဆိုကျနော်ဝင်ထွက်နေတာပါ မိသားစုတွေလိုပါ)ကိုပါဆွဲခေါ်သွားတယ်ဗျာ သူကအခုဆေးကျောင်းတက်နေတာပါ ကျောင်းကိုတော့ ညီမလေးသိက္ခာကိုငဲ့ပြီး မပြောတော့ပါဘူး... သူကလည်းဆေးကျောင်းတက်ပြီး ကျန်းမာရေးဗဟုတုတ မရှိဘူးလို့ပြောချင်ပါတယ် အဲ သူလည်းဘယ်ထင်ပါ့မလဲ သူချစ်တဲ့သူအတွက်ကိုး
ကျနော်ပြောချင်တာ ရိုင်းနေပေမဲ့ လည်းသတိပေးချင်တာရယ်နောက်အဲလိုအဖြစ်မျိုးမဖြစ်ရအောင်ရယ် နှမ အမချင်းကိုယ်ချင်းစာတာရယ် ဘော်ဒါတွေ အကိုတွေကိုလည်း အေမကိုက်စေချင်တာရယ်ပြောပါရစေ ... အဲလိုကိစ္စတွေကို အတတ်နိုင်ဆုံးရှောင်ကြပါဗျာ သမ္မီးရည်းစားတွေလည်း ဖြူစင်စွာ ချစ်ကြပါဗျား ... တောင်းဆိုချင်ပါတယ်
အဲ ... မရှောင်နိုင်လည်း အပျို ရည်ကိုရလို့ ဘာလို့ မတွေးပါနဲ့ဗျာ ကျနော်ဆိုလိုတာက အကာအကွယ်သုံးကြပါ
ကောင်မလေးက အဖြူထည်ပေမဲ့ ခင်ဗျားတို့ က ဘာမှန်းမသိလို့ပါ အဲ ခင်ဗျားတို့က ဖြူပေမဲ့လည်း ကောင်မလေးက (...)
နောက်တစ်ခု အခု ညစ်ညမ်းဆိုက်တွေမှာလည်းတွေ့ရပါတယ် မိန်းကလေးက ယောက်ျားလေး မျိုးပွားအင်္ဂါကို (...)နဲ့ (..) ပေးတာတွေပေါ့ ရိုင်းရိုင်းပြောရ ပလွေကိုင်တယ်ပေါ့ဗျာ အဲလိုမျိုး လုပ်ရင်တောလည်း အကာအကွယ်သုံးလည်းမထူးပါဘူး HIV ပိုးက မျိုးပွားအင်္ဂါက ကူးတာများတယ်လို့ လေ့လာဖူးပါတယ် အဲလိုမျိုးလုပ်တော့ သဘောပေါက်တော့ဗျာ...
အိမ်ထောင်မကျခင်ဖြူစင်ပေးကြပါ ကျနော်တို့ လူမျိုးတွေ လည်းခု ယဉ်ကျေးမှုတွေပျောက်သလောက်ဖြစ်နေပြီ (အားလုံးကိုချုံပြောတာဟုတ်ဝူးနော်)အဲလိုဘ၀တွေပေးဆပ်ပြီး အိမ်ထောင်ဖက်လွဲတော့ အိမ်ထောင်ဘက်အပေါ် စိတ်သန့်ရဲ့လား ကျနော် ပြောမယ် ကြေငြာဝင်တာမဟုတ်ဘူး (ဂန်ထူးတော့ပြောဖို့မကြံနဲ့ လက်တွေ့ပြလို့ရတယ်) ကျနော်လည်းကောင်းတဲ့ကောင်မဟုတ်ဘူး အရင်ကပေါ့ ဒါပေမဲ့ ကျနော်က ရည်းစားရှုပ်တာ အကန့်ရှိတယ် ကိုယ်မကြိုက်တာလည်းပါတယ်ဗျ လက်ကိုင် ခါးဖက် ပုခုံးလေးဖက်ပဲရှိတာဗျ နမ်းတောင်မနမ်းခဲ့ဘူး ကိုယ်မကြိုက်တာ
ခုကြိုက်တဲ့မိန်းကလေးတွေ့နေတယ်ပြောရခက်နေတယ် တချိန်က အမှောင်တွေစိုးနေတာကိုး ဒါတောင်ကျနော် ကျိန်ပြောရဲတယ်
အခု အသက် 19 ကျော်ပြီ 9လပိုင်းဆို 20 ပြည့်ပြီ လူပျိုပဲ ကာမ လုံးဝကင်းတယ်ဗျာ ဘယ်မိန်းကလေးကိုမှ လက်ကိုင် ခါးဖက် ပုခုံးဖက်က မပိုခဲ့ဖူးဘူး ဒါကကြွားတာမဟုတ်သလို အသံကောင်းဟစ်တာမဟုတ်ဘူး နှမခြင်းစာနှာတဲ့ စိတ်ထားကိုပြောတာပါ ဒါတောင်အခု ချစ်သူကို ဖွင့်ပြောဖို့ ၀န်လေးနေတယ် ချစ်သူကလည်းနည်းနည်း ရှုပ်တော့ပိုဆိုး
ခုတောင် ရည်းစားနဲ့ပြတ်နေတယ်လို့သိတယ် ၀င်ဖို့လက်တွန့်နေလို့ ထားပါဒါက ခုပြောချင်တာက AIDS ရောဂါအတွက်
တားဆီးနိုင်ဖို့ ကျနော်တို့ တွေ တတ်နိုင်တာက လိင်ကိစ္စဆင်ခြင်ကြပါလို့တောင်းဆိုချင်တာရယ် ရည်းစားနဲ့ အဖြူသက်သက်နေကြပါတယ် မရှောင်နိုင်လည်း် အကာအကွယ်သုံးကြပါလို့ပြောခြင်ပါတယ်
Pls use Condon for your Health


အကာအကွယ်က လည်းဈေးမကြီးပါဘူး အလွယ်လည်းဝယ်ရပါတယ် တရားဝင်ခွင့်ပြုထားတာပါ/ ဒီတော့ ကျနော်အားလုံးကိုမေတ္တာရပ်ခံချင်တာက
AIDS ကို ကရုပြုပါ ကိုဖြစ်ကိုယ်ခံ ဆိုပေမဲ့ ကိုတစ်ယောက်ပဲ ခံရတာမဟုတ်ပါဘူး ကို့ ချစ်သူတွေကို ခံစားရစေတယ်
ဒါ့ကြောင့် သမ္မီးရည်းစားတွေ အဖြူစင်ဆုံးမဟုတ်ရင်တော့ အကာအကွယ်သုံးကြပါရန်နှင့် ကျနော်သူငယ်ချင်းနဲ့ ကျနော့်ညီမလေးလိုချစ်တဲ့ ကောင်မလေးအတွက်ဆုတောင်းပေးကြပါလို့ ကျနော်တောင်းဆိုအပ်ပါတယ် ....
HIV ရောဂါပိုးကူစက်ခြင်းမှကင်းဝေကြပါစေ




Monday, February 27

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ(25)

မှန် မမှန် တော့မသိဘူး၊ ကိုယ်ဘာသာကိုယ် သေချာဆုံးဖြတ်နိုင်ပါစေ။
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ


1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်

7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။
သူငယ်ချင်း တစ်ယောက် အီးမေးလ် နဲ့ ပို့ လိုက်တာကို ပြန်လည်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

Sunday, February 26

အာရုံငါးပါးသုံးပြီး တိုးတက် အောင်မြင်နိုင်စေဖို့ ပိုပြီး စည်းရုံးသိမ်းသွင်းနိုင်စွမ်းရှိချင်ရင်အထိအတွေ့အာရုံကိုသုံးပြီး . . .



ကိုယ့်စကားအောင်မြင်အောင်လုပ်ပါ

တစ်ဖက်လူရဲ့ လက်ဖမိုးကို ထိတွေ့ခြင်းက သူနဲ့ပိုပြီး ရင်းနှီးကျွမ်းဝင်သလို သူ့စိတ်မှာ ဖြစ်ပေါ်စေတာကြောင့် သင့်ကို အလိုလိုပိုပြီး နှစ်သက်လာမိစေပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ သင့်ဆန္ဒကို လိုက်လျောကာ အတိုက်အခံ ပြုလိုစိတ်လည်း သူ့မှာ မဖြစ်ပေါ်တော့ပါဘူး။

တစ်ဖက်လူ ယုံကြည်အောင်လုပ်ပါ

သင်အလုပ်သွားလျှောက်တဲ့အခါ အရည်အချင်းရှိတဲ့ အလုပ်ရှင်တစ်ယောက်အနေနဲ့ သင့်ကို ပထမဆုံး သတိပြုမိတဲ့ အချက်တွေထဲမှာ သင်ရဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံလည်း ပါဝင်ပါတယ်။ အများနဲ့မတူ တစ်မူထူးကာ ကိုယ့်ကို သတိထားမိစေဖို့ လက်ဆွဲနှုတ်ဆက်ရာမှာ သင်ရဲ့လက်ညှိုးကို တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ထိ

ရောက်အောင်ထားပြီး နှုတ်ဆက်ပါ။ ဒီလို လက်ဆွဲနှုတ်ဆက်တဲ့အခါ သင်ရဲ့လက်မနဲ့ လက်ညှိုးကြားရှိ အရေပြားက တစ်ဖက်လူရဲ့ အဲဒီအရေပြားနဲ့ ထိမိစေတာကြောင့် သူ့မသိစိတ်ထဲမှာ သင့်ကို အလိုလို ယုံကြည်စိတ်ချမှုတွေ ဖြစ်ပေါ်လာစေပါတယ်။
သိပ်ကြိုးစားစရာမလိုဘဲ ၀ိတ်လျှော့ချင်ရင်အနံ့ခံအာရုံကိုသုံးပြီး . . .

ဇီဝရုပ် ဖြစ်ပျက်မှုကောင်းအောင် လုပ်ပါ

လေ့လာချက်တစ်ခုအရ လမ်းလျှောက်ခြင်းလို ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု ပြုလုပ်နေစဉ် ထောပတ်ပေါက်ပေါက် အနံ့ရှူမိပါက ကယ်လိုရီ ၂၂ ရာခိုင်နှုန်း ပိုလောင်ကျွမ်းမှုရှိကြောင်း တွေ့ရပါတယ်။ ပေါက်ပေါက်နံ့က ဇီဝရုပ် ဖြစ်ပျက်မှုနှုန်း မြန်စေနိုင်တဲ့ စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဓာတုပစ္စည်း Endorphin ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပိန်ချင်ရင် ပေါက်ပေါက်ဆိုင်နားမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဒါပေမဲ့ ပေါက်ပေါက် မစားမိအောင်တော့ စိတ်ထိန်းပေါ့နော်။

ချင်ခြင်းတပ်စိတ်မဖြစ်ပေါ်အောင် ပြုလုပ်ပါ

မုန့်တွေတစ်မျိုးပြီးတစ်မျိုး တစွတ်စွတ်စား ဖြစ်နေပါသလား။ မီးဖိုချောင် နဲ့ ထမင်းစားခန်းထဲမှာ ဗယ်နီလာအနံ့ လေထုသန့်စင်ဆေးရည် ဖျန်းလိုက်ပါ။ ဒါမှမဟုတ် ဗယ်နီလာအနံ့ အမွှေးတုံး ထည့်ထားပါ။ သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ ဗယ်နီလာအနံ့ ရှူသူတွေဟာ သရေစာတွေ၊ အ၀စာတွေ စားချင်စိတ် တစ်ဝက်လောက် လျော့ကျတာကြောင့် လေးပတ်အတွင်း ပျမ်းမျှ ငါးပေါင်လောက် လျော့ကျသွားတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗယ်နီလာအနံ့ဟာ ချိုချိုအီအီ အနံ့ဖြစ်တာကြောင့် အစာစားစရာမလိုဘဲ စိတ်ဆန္ဒပြည့်ဝမှုကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်း Serotonin ဟော်မုန်းတွေ ထွက်ရှိစေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနံ့ကိုရှူပြီး အလိုလို ဗိုက်ပြည့်သွားတာပဲ ဖြစ်ပါတယ်။
ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းချင်ရင်အကြားအာရုံကိုသုံးပြီး . . .

မှတ်ဉာဏ်ကောင်းအောင် ပြုလုပ်ပါ
လေ့လာချက်တစ်ခုအရ ဂန္ထ၀င်တေးဂီတကို လေ့လာသင်ကြားနေတဲ့ ကလေးတွေဟာ မသင်ကြားတဲ့ ကလေးတွေထက်စာရင် စာလုံးတွေကို မှတ်မိနိုင်စွမ်း ပိုရှိကြောင်း တွေ့ရပါတယ်။ မှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေဟာ ဂီတကို လေ့လာသင်ယူတဲ့ အစိတ်အပိုင်းနဲ့ တူတူပဲ ဖြစ်နေတာကြောင့် ဂီတကို နားထောင်ပါက မှတ်ဉာဏ် ပိုကောင်းနိုင်စေပါတယ်။

စာရင်းတွက်ပါ

ငွေစာရင်းတွက်စရာရှိသလား။ ဒရမ်သံ သိသာတဲ့ သီချင်းဖွင့်ပြီး တွက်လိုက်ပါ။ လေ့လာချက်အရ Beat ခပ်ပြင်းပြင်း တီးလုံးသံစဉ်တွေကို နားထောင်ခြင်းဖြင့် အတွက်အချက် ပြုလုပ်ရာမှာ ကိန်းဂဏန်း ကိုင်တွယ်ရာမှာ ပိုပြီး ကျွမ်းကျင်မှု ရှိစေနိုင်ကြောင်း သိရပါတယ်။ တီးလုံးတွေက သင်္ချာတွက်ရာမှာ လိုအပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သက်ဆိုင်တဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုံ့ဆော်မှု ပြုလိုက်တာကြောင့် ကိန်းဂဏန်း တွက်ချက်ရာမှာ များစွာ အထောက်အကူ ပြုစေတာပဲ ဖြစ်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားချင်ရင်အမြင်အာရုံကိုသုံးပြီး

အိုင်ဒီယာသစ်ထွက်အောင် ပြုလုပ်ပါ

အပြာရောင်ကို ငေးကြည့်ခြင်းဟာ စိတ်တင်းကျပ်မှုတွေ၊ စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ခြေ ရှိတာတွေအပေါ်၊ အတွေးသစ်၊ အမြင်သစ်တွေအပေါ် ပိုပြီး မျက်စိပွင့်၊ နားပွင့်စေပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ လေ့လာရာမှာ ကူညီပေးသူတွေကို ဒီဇိုင်းတီထွင် ဖန်တီးမှု လုပ်ငန်းတစ်ရပ် ပြုလုပ်ခိုင်းတဲ့အခါ အပြာရောင် အခန်းထဲမှာ ပြုလုပ်သူတွေဟာ သာမန်အရောင် ဖျော့ဖျော့ အခန်းထဲမှာ ပြုလုပ်သူတွေထက်စာရင် အိုင်ဒီယာ အသစ်အဆန်းတွေ ပိုပြီးထွက်ရှိကြောင်း တွေ့ရပါတယ်။ စိတ်တင်းကျပ်မှုမရှိဘဲ သက်သောင့် သက်သာရှိနေပါက အိုင်ဒီယာအသစ်တွေ ပိုပြီး စဉ်းစားနိုင်ပါတယ်။

ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ချပါ

လေ့လာချက်တစ်ခုအရ သဘာဝရှုခင်းအလှကို တွေ့ရနိုင်တဲ့ ပြတင်းပေါက်တွေ နားမှာထိုင်တဲ့ ၀န်ထမ်းတွေဟာ အလုပ်ပို လုပ်နိုင်သလို ပိုပြီး မြန်ဆန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တာကို တွေ့ရပါတယ်။ တခြား လေ့လာချက်အရ နေ့လယ်နေ့ခင်းဘက်မှာ သဘာဝတရားနဲ့ ထိတွေ့ခွင့်ရတဲ့ ကျောင်းသားတွေဟာ အမှတ်ပိုကောင်းကြသလို အာရုံစူးစိုက်မှုလည်း ပိုကောင်းကြောင်း တွေ့ရပါတယ်။ ဒါကြောင့် သဘာဝအလှတရားကို အာရုံခံစားကာ အလုပ်ပိုတွင်ကျယ်အောင် ကြိုးစားပါ။

အာရုံစူးစိုက်မှု အားကောင်းချင်ရင်အရသာခံ အာရုံကိုသုံးပြီး . . .

အားပိုရှိအောင် ပြုလုပ်ပါ
အားနည်းပင်ပန်းနေတယ်လို့ ခံစားရပါက ငရုတ်သီးစပ်စပ်ပါတဲ့ အစားအစာကို စားလိုက်ပါ။ ငရုတ်သီးမှာ Capsaicin ဆိုတဲ့ ဓာတ်ပါရှိပြီး ပါးစပ်ကို ပူစေလောင်စေတာကြောင့် ဦးနှောက်က သင့်မှာ နာကျင်မှုဝေဒနာ ခံစားနေရတယ်လို့ မှတ်ယူကာ သင့်ကို သက်သာစေနိုင်တဲ့ စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ ဒါကြောင့် အစပ်စားပြီး ခဏအကြာမှာ လန်းဆန်းလာပါလိမ့်မယ်။ ဒါ့အပြင် အစပ်စာက ခွန်အား တိုးစေနိုင်တဲ့ အာရုံကြောကို သွားပြီးလည်း လှုံ့ဆော်ပေးလေ့ ရှိတာကြောင့် အားဖြည့်ပေးပါတယ်။

လန်းဆန်းတက်ကြွအောင် ပြုလုပ်ပါ

တစ်ချိန်တည်းမှာ ဆန့်ကျင်ဘက် အရသာနှစ်မျိုး တွဲစားခြင်း (ဥပမာ-ချိုချဉ်၊ ဟင်းချိုသောက်ခြင်း) က အာရုံကြောတွေကနေ တစ်ဆင့် ဦးနှောက်ဆီ ဆန့်ကျင်ဘက် အသိပေးချက်တွေကို ပို့ပေးလိုက်ပါ တယ်။ အဲဒီအခါ ဦးနှောက်ကနေ သင်ဘာကို အာရုံခံပြီး စားနေသလဲဆိုတာကို သိရှိဖို့ ကြိုးစားလိုက်ရတာကြောင့် ဦးနှောက်ကို နှိုးလိုက်သလိုဖြစ်ကာ လူကလန်းဆန်းပြီး အားအင်တွေ ပြည့်ဝသွားသလို ခံစားလိုက်ရပါတယ်။ အာရုံငါးပါးရဲ့ အသုံးဝင်ပုံတွေကို သိပြီဆိုတော့ သင့်ဘ၀ အောင်မြင်ပျော်ရွှင်စေဖို့ အာရုံငါးပါးကို အသုံးချနိုင်ကြပါစေနော်။

အူမကြီးကင်ဆာကို ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်စေမည့် နည်းလမ်းများ

အစိမ်းရောင် သဘာဝအပင်များ

Harvard တက္ကသိုလ်မှ လေ့လာမှု အကြံပြုချက်အရ ဆလတ်ရွက် နေ့စဉ်စားသူတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုလိုပါတယ်။ လေ့လာမှုအရ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့ Carotenoids နဲ့ စွမ်းအင်ပြည့် အင်ဒီအောက်ဆီးဒင့်တွေက အူနံရံက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်စေတဲ့ အရာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာ ကြောင့်ပါ။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီစိမ်းထုပ်တွေမှာ Carotenoids တွေ ပါဝင်ပါတယ်။

ကော်ဖီသောက်ပါ

လေ့လာမှုအရ ကော်ဖီတစ်နေ့ သုံးခွက်သောက်တာဟာ
တခြားအစားအစာ စားသုံးမှုပုံစံနဲ့ ဘ၀နေထိုင်မှုပုံစံကို မပြောင်းလဲရင်သာ ရောဂါတွေဖြစ်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Chlorogenic နဲ့ Caffeic acids တွေဟာ ကျန်းမာရေးကို အံ့သြလောက်အောင် အကျိုးရှိစေတာကြောင့်လို့ ဆိုပါတယ်။

သစ်ကြားသီးစားပါ

ဂျပန်နိုင်ငံ Nagoya တက္ကသိုလ်မှ လေ့လာမှုတွေအရ သစ်ကြားသီးကို တစ်နေ့ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ စားပေးတာဟာ အူမကြီးကင်ဆာကို ၄၆ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ Omega-3 ကြွယ်ဝစွာ ပါဝင်တဲ့ သစ်ကြားသီးဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို ချေဖျက်ပေးနိုင်တာကြောင့်ပါ။

ကယ်လ်စီယမ်မှိဝဲပါ

လေ့လာမှုအရ ကယ်လ်စီယမ်က ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေကို ထိန်းချုပ်ပေးနိုင်ပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နွားနို့ ရှစ်အောင်စ၊ ဒိန်ချဉ်ခြောက်အောင်စနဲ့ ချိစ် တစ် အောင်စတွေမှာ ကယ်လ်စီယမ် ၃၀၀ မီလီဂရမ်စီ ပါဝင်ကြပါတယ်။ လူတစ်ယောက်အတွက် ကယ်လ်စီယမ် တစ်နေ့ ၆၀၀ ကနေ ၁၀၀၀ မီလီဂရမ်အထိ လိုအပ်ပါတယ်။

ကြက်သွန်နီစားပါ

ကြက်သွန်နီထဲမှာ သဘာဝနည်းအရ ကင်ဆာကို တိုက်ထုတ်ပေးနိုင်တဲ့ Sulfur နဲ့ Quercetion တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာလောက် စားပေးသင့်ပါတယ်။

Tips!

အသင့်ပြုလုပ်ထားတဲ့ အစားအစာဖြစ်တဲ့ ဟော့ဒေါ့၊ Sausugesနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်မားစေတာကြောင့် အနီရောင်အသားနဲ့ ပင်လယ်စာတွေကိုသာ ရွေးချယ်ပေးသင့်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင်

အမျိုးသမီးလေးယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပုံမှန်ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုတွေအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ထိထိရောက်ရောက် သက်သာမှု မရရှိဘူးလို့ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမခံစားရအောင် အောက်ပါတို့ကိုပြုလုပ်ကြည့်ပါ။

နံပါတ်တစ် လှုံ့ဆော်သည့်အရာကို ရပ်တန့်လိုက်ပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းနံပါတ်တစ်ဟာ စိတ်ဖိစီးမှုပါ။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလွန်းရင် တစ်ပတ်အတွင်း ခုနစ်ကြိမ်ခန့် attack ရနိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် မိနစ်၃၀ခန့် ဖိစီးမှုဖြေလျှော့တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ရင် attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့သွားပါတယ်။ စိတ်ဖိစီးမှုလျော့ကျတဲ့ နည်းလမ်းကို ပုံမှန်အသုံးပြုတာကြောင့် နာကျင်မှုဖြစ်အောင် လှုံ့ဆော်တဲ့ ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေနွေးနဲ့ရေစိမ်ချိုးတာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ၊ စာရေးတာလိုမျိုး ဖိစီးမှုလျော့ကျစေတာတွေကို ပြုလုပ်ပေးပါ။

အဓိက ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရသူတွေအားလုံးရဲ့ ထက်ဝက်နီးပါးလောက်သာ တိကျတဲ့ရောဂါ သတ်မှတ်တာကို ရရှိပြီး ကျန်သူတွေဟာ သူတို့ကိုယ်သူတို့ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ(Tension Headache)လို့ ထင်မှတ်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ရောဂါအမှန်သိရှိဖို့ အောက်ပါလက္ခဏာတွေ တစ်ခုခု သင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ။

- လေးနာရီမှ ၇၂နာရီ ကြာတဲ့အထိ ခေါင်းကိုက်နေရင်

- ထိုးထိုးပြီး ခေါင်းကိုက်နေရင် (သွေးတိုးနေသလို)

- အလင်းရောင် ဒါမှမဟုတ် အသံဒဏ်ကို မခံနိုင်ရင်

- ခေါင်းကိုက်နေစဉ် ပျို့လာရင်

Attack ဖြစ်ချိန်လျော့အောင် ဗီတာမင် B သောက်ပါ

ဗီတာမင် B2 ၄၀၀ မီလီဂရမ်ကို နေ့စဉ်သောက်ပေးရင် အမျိုးသမီး ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်ဟာ attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင် B2 (Riboflavin)ဟာ ဦးနှောက်ဆဲလ်တွေကို adaptable ဖြစ်အောင် ကူညီနိုင်တာမို့ ဟော်မုန်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေရင် ခေါင်းကိုက်အောင် မလှုံ့ဆော်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

အစားအစာနှင့် ရောင်ရမ်းမှု လျော့အောင် ပြုလုပ်ပါ

သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစာတွေကို များများစားပြီး ဆီကြော်စာတွေကို ဖြတ်ထားရင် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ၇၁ရာခိုင်နှုန်း လျော့နည်းတယ်လို့ သုတေသနအရ သိရပါတယ်။ ကောက်နှံတစ်ခုလုံးမှ ရောင်ရမ်းမှု လျှော့ချနိုင်သော သဘာဝပစ္စည်း တစ်ရာကျော် ပါဝင်တာမို့ နာကျင်မှု့ဖြစ်အောင် လှုံဆော်မယ့် ရောင်ရမ်းမှုတွေ လျော့ကျသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Ref:Good Health

နှင်းဆီပန်းလေးတွေနဲ့ ကိုယ့်ချစ်သူကို စကားပြောကြရအောင်



နှင်းဆီ တစ်ခိုင်၊ တစ်ပွင့်ထဲဆိုရင် ကိုယ်ချစ်တာမင်းတစ်ယောက်ထဲပါ ။

မြင်မြင်ချင်းပဲ ချစ်မိပါတယ်

နှင်းဆီ နှစ်ပွင့်ဆိုရင်တော့ နှစ်ကိုယ်တူချစ်သမျှပေါ့

ချစ်သက်တမ်း တစ်လတာ အထိမ်းအမှတ် ဆိုရင်တော့ နှင်းဆီ သုံးပွင့် လက်ဆောင်ပေးလိုက်ပါ

တစ်ယောက်ယောက်ကို အကြောင်းပြချက်မရှိ အရူးအမူး စွဲလန်းနေမိပြီ ဆိုရင်တော့

သူ့ကို နှင်းဆီ ခြောက်ပွင့်ပေးပြီး ရင်ဖွင့်လိုက်ပါ

နှင်းဆီကိုးပွင့်ဆိုရင် ဒို့နှစ်ယောက် ရာသက်ပန် ချစ်မြတ်နီုးကြမယ်

နှင်းဆီဆယ်ပွင့်နဲ့ ကိုယ့်မိတ်ဆွေ စုံတွဲတွေကို မင်းတို့အချစ်က အင်မတန်

အပြစ်အနာအဆာကင်းတယ်၊ လိုက်ဖက်ညီတယ် လို့ ပြောကြရအောင်



နှင်းဆီဆယ့်နှစ်ပွင့် (တစ်ဒါဇင်)နဲ့ မင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်ရမယ် လို့

ရဲရဲကြီး ပြောလိုက်မယ်ဗျာ



နှင်းဆီဆယ့်သုံးပွင့်ကတော့ မင်းဟာ ကိုယ့်ရဲ့ ထာဝရ သူငယ်ချင်းပါ

တစ်ယောက်ယောက်ကို စိတ်မကောင်ပါဘူး။ ခွင့်လွှတ်ပါ လို့ ပြောချင်တဲ့အခါ

နှင်းဆီဆယ့်ငါးပွင့် ပို့ပေးလိုက်မယ်



နှင်းဆီ အပွင့်နှစ်ဆယ်ကတော့ မင်းအတွက် ငါ့ရင်ထဲက ခံစားချက်တွေက

စစ်မှန်ပါတယ် လို့ အာမခံလိုက်တာပေါ့



မင်းအတွက် အရာရာ အားလုံးကို စွန့်လွှတ်ရဲတယ် ဆိုတာကို သိစေချင်ရင်တော့

နှင်းဆီ နှစ်ဆယ့်တစ်ပွင့်နဲ့သာ အသိပေးလိုက်ပါ



နှင်းဆီ နှစ်ဆယ့်လေးပွင့် (နှစ်ဒါဇင်) ကတော့ ငါဟာမင်းအတွက်ပါ တဲ့



တစ်ယောက်ယောက်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောချင်ရင်တော့ နှင်းဆီ

နှစ်ဆယ့်ငါးပွင့် ပို့လိုက်ပါ



မင်းကို ချစ်မြတ်နိုးရလွန်းလို့ အရူးတစ်ပိုင်းဖြစ်နေပါပြီ ဆိုရင်တော့

သုံးဆယ့်ခြောက်ပွင့်သော နှင်းဆီ (သုံးဒါဇင်)ကိုသာ သူ့လက်ထဲ အပ်လိုက်ပါဗျာ



နှင်းဆီ အပွင့်လေးဆယ်နဲ့ ကိုယ်မင်းကို အချစ်စစ် အချစ်မှန်နဲ့ ချစ်တာပါ

လို့ သက်သေပြနိုင်ပါတယ်



မင်းအတွက် ကိုယ့်အချစ်တွေက အဆုံးအစမဲ့ပါ လို့ အသိပေးချင်တယ်ဆိုရင်တော့

အဖိုးအတန်ဆုံး၊ အလှဆုံး နှင်းဆီတွေကို အပွင့်ငါးဆယ် အနည်းဆုံးထားပြီး

များနိုင်သမျှ များများသာ စုစည်းပြီး ပေးလိုက်ပေတော့ဗျို့။



နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်

နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း

နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်

နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး

နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်

နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်

နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်

နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်

နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ

နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။

နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။

နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်

နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်

နှင်းဆီ ၁၅ပွင့်...... I'M SORRY!

နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်

နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်

နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း

နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း

နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်

နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ

နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ

နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်

နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်

နှင်းဆီအပွင့် ၉၉..... FOREVER!

နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်

နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်

နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ

နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်

နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်

နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်

နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ

နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်

(ကော်ပီ စစ်စစ်ဖြစ်ကြောင်းအာမခံပါသည် )

မိန်းမတို့၏ညို့ ချက်(၈)ချက်

၁။ တချို့ မိန်းမတွေကမျက်နှာချိုချိုလေးလုပ်ထားတတ်တယ် အဲဒါယောက်ကျားတွေကိုဆွဲးဆောင်တဲ့နံပါတ် ၁ "သိတံ"လို့ခေါ်တယ်



၂။ တချို့ကျတော့အသံသံတိုးတိုးလေးနဲ့ရယ်ပြတတ်ကြတယ် အဲဒါကညို့ ချက်နံပါတ် ၂ "ဟာသ"လို့ခေါ်တယ်



၃။ တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရှေ့ရောက် ရင် ကြောက်ပြ၊ စိုးထိတ်ပြ တတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။

၎။ တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြ တတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်လေး "လဇ္ဇ"လို့ခေါ်တယ်။



၅။ တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတ တ်တယ်။ အဲ့ဒါကတော့ ညှို့ချက်နံပါတ်ငါး "မန္ဓ၀ါစာ"လို့ခေါ်တယ်။



၆။ မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။



၇။ မျက်ရည်ကျပြတာက ခုနှစ် "ရုဒါ"တဲ့။



၈။ မခံချင်အောင် စကားနာထိုးတာက ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။



(GTU online မှာတွေ့ တာနဲ့ ကူးပြီးတင်ထားတာ )

Wednesday, February 22

အိပ်မပျော် ဝေဒနာ အဖြေရှာ



အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို၍ အိပ်မပျော်သော ဝေဒနာကို ခံစားရသည်ဟု ဆိုကြသည်။ အိပ်မပျော်ခြင်းကြောင့် စိတ်တိုခြင်း၊ အားအင်ကုန်ခန်းခြင်း၊ စိတ်ကူးဉာဏ် နိမ့်ကျခြင်းတို့ကို ဖြစ်စေသည်။ ထို့အပြင် စိတ်ဓာတ်ကျစေနိုင်သည်။ နှလုံးရောဂါနှင့် အ၀လွန်ရောဂါတို့ကိုလည်း ဖြစ်စေနိုင်သည်။ သုတေသနပြုရာတွင် အိပ်မပျော်ခြင်းသည် ဆာလောင်မှုကို ထိန်းချုပ်သည့် ဟော်မုန်းများ ထုတ်လုပ်မှုကို တားဆီးကြောင်း တွေ့ရှိရသည်။
နောက်ဆုံး တွေ့ရှိချက်များက အအိပ်နည်းသော အမျိုးသမီးတို့သည် ပိုမို ၀ဖြိုးသည်ဟု ဆိုသည်။ အမျိုးသမီးများသည် ရာသီ စလာသည့် အသက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တို့တွင် အိပ်မပျော်သည့် ဝေဒနာကို အများဆုံး ခံစားရနိုင်သည်။

( ရာသီလာချိန် )

လေပွခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့သည် ညပိုင်း၌ အိပ်မပျော်မှုကို ဖြစ်စေတတ်သည်။ ရာသီလာချိန်တွင် ဟော်မုန်းဓာတ်
ပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်နှင့် အာရုံကြော စနစ်ကိုပါ ထိခိုက်စေရာမှတဆင့် အိပ်မပျော်ခြင်းကို ဖြစ်စေသည်။
ဝေဒနာများမှာ ရာသီလာချိန်၌ ခဏသာ ဖြစ်ပွားသည်။ အကိုက်အခဲပျောက်ဆေး တခုခုကိုသောက်ခြင်းဖြင့် သက်သာသည်။ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သည့် ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။

ရာသီလာပြီးနောက်ပိုင်းတွင် ဝေဒနာများ အလိုအလျောက် ပျောက်ကင်းကာ အိပ်မပျော်ခြင်းပါ ပျောက်ကင်းသွားသည်။

( ကိုယ်ဝန်ဆောင်ချိန် )

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီး မကြာခဏ သွားခြင်း၊ နေ့လယ်ပိုင်းတွင် အိပ်ခြင်းတို့ ဦးစွာဖြစ်ပွား၍ နောက်ပိုင်းတွင် နွမ်းနယ်ခြင်း၊ ရင်ပူခြင်း၊ ကျောအောင့်ခြင်းတို့ ဖြစ်တတ်သည်။

အမျိုးသမီးဟော်မုန်း နှစ်မျိုးရှိရာ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်းတို့ ဖြစ်ကြသည်။ သွေးထဲရှိ ပရိုဂျက်စထရုန်း မြင့်မားမှုကြောင့် အိပ်ချင်စိတ်ကို ဖြစ်စေသည်။ ၀မ်းတွင်းရှိ ကလေးငယ်က ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများပေါ်သို့ ဖိထားခြင်းကြောင့် နွမ်းနယ်ခြင်း၊ ရင်ပူခြင်း စသည့် ဝေဒနာများ ဖြစ်လာရသည်။ အိပ်မပျော်ခြင်းကို ဖြစ်စေသည်။

နေ့လယ် စောစောပိုင်းတွင် ခဏတာ လဲလျောင်းအိပ်စက် အနားယူသင့်သည်။ ရင်ပူခြင်းမှ ကာကွယ်ရန် အပူအစပ် ပါသည့် အစားအစာများကို ရှောင်ကြဉ်ရမည် ဖြစ်သည်။
( သွေးဆုံးချိန် )

သွေးဆုံးချိန်တွင် အမျိုးသမီး အများအပြားသည် ညပိုင်းတွင် ချွေးထွက်ခြင်း၊ အသားအရေ ပူခြင်း၊ မျက်နှာနီမြန်းခြင်း၊ စသည့်ဝေဒနာတို့က အိပ်မပျော်ခြင်းကို ဖြစ်စေသည်။ နောက်ဆုံး တွေ့ရှိချက်များက ဦးနှောက်ထိခိုက်မှုသည် ပိုမို ရှုပ်ထွေးနိုင်သည်ဟု ဆိုသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် အိပ်မပျော်ခြင်း အပါအ၀င် ဝေဒနာများ ဖြစ်ပွားရခြင်းသည် အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများ လျော့နည်းမှုကြောင့် ဖြစ်ရသည်။

ပန်ကာကို အသုံးပြုခြင်း သို့မဟုတ်-လေအေးစက်ရှိသည့် အခန်းတွင် နေခြင်းတို့က ပူလောင်မှုကို သက်သာစေသည်။ ဟော်မုန်း အစားထိုး ကုသခြင်းကို အများအားဖြင့် ပြုလုပ်ကြသည်။ ယင်းကုထုံးက သွေးကြောတွင်း သွေးခဲခြင်း သို့မဟုတ်-ကင်ဆာ အချို့ကို အခြေအနေ ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်စေနိုင်သည့် အန္တရာယ် ရှိသည်။

( စိတ်ဖိစီးမှု ရှိချိန် )

စိတ်ဖိစီးမှု (stress) ဖြစ်သည့်အခါ ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းတို့နှင့် အတူ အိပ်မပျော်ခြင်းပါ ဖြစ်နိုင်သည်။ ခံစားရသည့် စီးပွားရေး၊ အလုပ်အကိုင်၊ လူမှုရေး စသည့် ပြဿနာတို့ကြောင့် ဖြစ်လာရသည့် စိတ်ဖိစီးမှုကြောင့် အိပ်မပျော်လျှင် သာမန် အိပ်ပျော်စေသည့် နည်းလမ်းများ ဖြစ်သော စိတ်ကူးမှုမပြုခြင်း၊ စတင် အိပ်ချင်စိတ် ဖြစ်လာသည်နှင့် အိပ်ရာထဲ ၀င်အိပ်ခြင်း၊ မအိပ်မီ စာအနည်းငယ် ဖတ်ခြင်း၊ အိပ်ခါနီး လက်ဖက်ရည်၊ ကော်ဖီ၊ အစားအစာ စားသောက်မှုအား ရှောင်ကြဉ်ခြင်း စသည့် လုပ်ဆောင်မှုတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ လေ့ကျင့်ခန်း ပြုလုပ်ရန်လည်း လိုအပ်သည်။
အိပ်ပျော်ဆေးများသည် ခေတ္တသာ သောက်သင့်သော ဆေးများဖြစ်သည်။ အက်တီဗင် (Ativan) ကဲ့သို့ ဆေးများသည် စိုးရိမ်သောက ပြေပျောက်ရန် သုံးသော်လည်း နေ့လယ်ပိုင်းတွင် အိပ်ချင်စိတ်ကို ဖြစ်စေသည်။

( စိတ်ရောဂါ )

စိတ်ရောဂါ ခံစားရသည့်အခါ၊ အထူးသဖြင့် စိတ်ကျရောဂါ (depression) ခံစားရသည့်အခါ အိပ်ရာမှ စောစီးစွာ နိုးခြင်း၊ နေ့လယ်တွင် အိပ်ချင်စိတ် များခြင်း၊ ညပိုင်းတွင် နုန်းခွေခြင်းနှင့် အိပ်မပျော်ခြင်းတို့ ဖြစ်သည်။

စိတ်ကျရောဂါဖြစ်သည့်အခါ ဦးနှောက်ရှိ ဓာတုပစ္စည်းများ ပြောင်းလဲမှု ဖြစ်ခြင်းကြောင့် အိပ်ပျော်မှုကို ထိခိုက်စေသည်။

စိတ်ကျရောဂါ ကုသဆေးများက ဝေဒနာကို သက်သာပျောက်ကင်းစေသည်။ စိတ်ကုထုံး (psychotherapy) သည်လည်း ထိရောက်မှုရှိသည်။



( စိုးရိမ် သောက )

စိုးရိမ်သောကဖြစ်လျှင် ညပိုင်းတွင် အိပ်မပျော်ခြင်း၊ အိပ်ရာမှ ရုတ်တရက် လန့်နိုးခြင်းတို့ ဖြစ်တတ်သည်။ စိုးရိမ်သောကကြောင့် ခန္ဓာကိုယ်အတွင်း ဓာတုပစ္စည်းများ ထွက်ရှိစေပြီး ယင်းတို့က အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတို့ကို မြန်စေသည်။ ကော်ဖီနှင့် လက်ဖက်ရည်တို့တွင်ပါရှိသည့် ကဖင်းဓာတ်ကြောင့်လည်း အိပ်မပျော်ဘဲ ဖြစ်စေသည်။

လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သောကကို ဖြေဖျောက်ခြင်း၊ ကော်ဖီနှင့် လက်ဖက်ရည်ကို ရှောင်ကြဉ်ခြင်း၊ ဆရာဝန် ညွှန်ကြားချက်အရ ဆေးဝါးဖြင့် ကုသခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

( အိပ်စဉ် ခေတ္တ အသက်ရှူ ရပ်ခြင်း )

အိပ်စဉ် ခေတ္တ အသက်ရှူရပ်ခြင်း(apnoea) ကို အမျိုးသားများတွင် အမျိုးသမီးများမှာထက် နှစ်ဆ ပိုမို တွေ့ရတတ်သည်။ အမျိုးသားများတွင် အသက်ရှူလမ်းကြောင်းရှိ တစ်သျှူးများ အပေါ် တက်စတိုစတီရုန်း (testosterone) ဟော်မုန်းက ထိခိုက်မှု ဖြစ်သောကြောင့် ဖြစ်ရသည်။

အိပ်စဉ် ခေတ္တ အသက်ရှူရပ်ခြင်းကို သွေးဆုံးပြီး အမျိုးသမီးများ၊ ၀သည့် အမျိုးသမီးငယ်များတွင် တွေ့ရသည်။ ကိုယ်ဝန်ဆောင် မိခင်တို့တွင်လည်း သန္ဓေသားက မိခင်၏ ရင်သား ကြွက်သား အကန့်ပေါ် တွန်းမှုကြောင့် ဖြစ်ရသည်။

ကိုယ်အလေးချိန် လျှော့ခြင်း၊ ဘေးဘက်သို့ စောင်းအိပ်ခြင်းတို့ဖြင့် သက်သာမှုကို ရနိုင်သည်။



( ခြေထောက် ညောင်းညာခြင်းနှင့် အိပ်ပျော်ခြင်း )

restless-legs syndrome ခေါ် ခြေထောက်တွင် တစုံတခု တွားသွားသကဲ့သို့ ခံစားရပြီး ခြေ-မသယ်ချင် ဖြစ်သည့် အခြေအနေကို အမျိုးသမီးများ ပိုမိုခံစားရသည်။

ခြေလက်-မသယ်ချင် ဖြစ်ရခြင်းမှာ သွေးထဲရှိ ဖယ်ရစ်တင် (ferritin) ခေါ် သံဓာတ် လျော့နည်းခြင်းကြောင့် ဖြစ်သည်။ ရာသီသွေး ဆင်းမှု များလျှင် ဖြစ်စေ၊ ကိုယ်ဝန်ဆောင်စဉ်တွင်ဖြစ်စေ သံဓာတ် ချို့တဲ့တတ်သည်။ ကြာရှည် သက်သတ်လွတ်စားသူတို့တွင်လည်း သံဓာတ် ချို့တဲ့နိုင်သည်။

သံဓာတ် ဖြည့်တင်းပေးခြင်းဖြင့် ကုသနိုင်သည်။ ရီကွစ်ပ် (Requip) ခေါ် ဆေးသစ်တမျိုးက ဦးနှောက်ရှိ ဒိုပါမင်း (dopamine) ခေါ် ဓာတ်တမျိုးကို လက်ခံသည့် ကလာပ်စည်းများအား လှုံ့ဆော်ပေးခြင်းဖြင့် ခြေညောင်းညာ၍ မလှုပ်ရှားချင်မှုကို သက်သာပျောက်ကင်းစေသည်။



( အမျိုးသားများနှင့် အိပ်မပျော်ခြင်း )

အမျိုးသားများတွင် ညပိုင်း၌ ဆီး မကြခဏ သွားခြင်းကြောင့် အိပ်မပျော်မှုကို ဖြစ်စေသည်။ သွေးချို ဆီးချိုရောဂါနှင့် ဆီးကျိတ်ရောင်ရောဂါတို့ကြောင့် ယင်းသို့ဖြစ်ပွါးရသည်။ ရောဂါကို စနစ်တကျ ရှာဖွေကုသရမည် ဖြစ်သည်။



( ဒေါက်တာ အောင်သန်း )

Tuesday, February 21

ပင်လယ်ကမ်းစပ်မှာ ကောက်ရလျှင် ပေါက်တတ်သည့် ထီ(သနားစရာဝေလငါးလေးများ)

ပင်လယ်ကနေထွက်တဲ့ အဖိုးတန်ပစ္စည်းလို့ပြောလိုက်တာနဲ့ လူတိုင်းရဲ့မျက်စိထဲမှာ မုတ်ကောင်ကထွက်တဲ့ ပုလဲဆိုတာကို တန်းခနဲမြင်ကြမှာသေချာပါတယ်။ န၀ရတ်ကိုးပါး ရတနာစာရင်းဝင် ပုလဲလို တန်ဖိုးကြီးပေမယ့် ရတနာမဟုတ်တဲ့အရာ၊ ပုလဲထက်တောင်မှ ရှားပါးတဲ့ပစ္စည်းတစ်မျိုးကိုတော့ မြင်ဖူးတဲ့လူနည်းပါလိမ့်မယ်။မမြင်ဖူးတဲ့အပြင် သိတောင်မသိကြတဲ့လူတွေ တော်တော်များမယ်ထင်ပါတယ်။ဒီပစ္စည်းဟာ သဘာဝပုလဲထက် ပိုပြီးရှားပါးသလို ပိုပြီးတော့ ဒဏ္ဍာရီဆန်ပါတယ်။ ဒီပစ္စည်းဟာ ပင်လယ်ကမ်းစပ်မှာ နိစ္စဒူဝ သားငါးရှာဖွေရင်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအဖို့ ဘုရားသခင်ဖန်ဆင်းပေးတဲ့ အိပ်မက်ထဲက လက်ဆောင်ပါပဲ။ ဒီပစ္စည်းကို ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမှတ်မထင် ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိသူကတော့ အောင်ဘာလေထီအမြင့်ဆုံးဆုကို ပေါက်သလို ဘ၀ပြောင်းသွားစေနိုင်တဲ့အထိ သူ့ရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကိုတွေ့ဖို့ ပင်လယ်ကမ်းစပ်မှာ တစ်သက်လုံး နေ့စဉ်ရက်ဆက်သွားရှာမယ်ဆိုရင်တောင်မှ ထိုက်တန်တဲ့ကံဇာတာ ပါမလာရင် မတွေ့နိုင်ပါဘူး။ သူဆင်းရဲတံငါသည်တွေကို နေ့ချင်းညချင်း သူကြွယ်ဖြစ်အောင်ဖန်ဆင်းပေးနိုင်တဲ့ ဒီပစ္စည်းက ဘယ်ဟာဖြစ်နိုင်မလဲ။ ဒီပစ္စည်းကတော့ ဖယောင်းသားနဲ့ခပ်ဆင်ဆင်တူပြီး မီးစွဲလောင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ မီးခိုးရောင်မှိုင်းမှိုင်း၊ လက်ဖက်ပုပ်ရောင် ဒါမှမဟုတ် အနက်ပုပ်ရောင်အစိုင်အခဲတစ်မျိုးဖြစ်တဲ့ ငါးကြီးအန်ဖတ် (Ambergris) ပဲဖြစ်ပါတယ်။ ငါးကြီးအန်ဖတ်ဟာ ဝေလငါးကြီးတွေ အစာချေတဲ့နေရာကနေ အန်ထုတ်လိုက်တဲ့အရာဖြစ်လို့ ငါးကြီးအန်ဖတ်လို့လွယ်လွယ်ခေါ်ကြတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အဓိကဝေလငါးမျိုးကွဲနှစ်မျိုးဖြစ်တဲ့ Baleen Whale ရှစ်မျိုးနဲ့ နဲ့ Toothed Whale ၃၅မျိုးထဲမှာ Toothed Whale အုပ်စုဝင် Sperm ဝေလငါးတစ်မျိုးတည်းကသာ ငါးကြီးအန်ဖတ်ကို ထုတ်လုပ်နိုင်ပါတယ်။

တကယ်တော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့တွေ့ရှိရတဲ့ ငါးကြီးအန်ဖတ်ဟာ အနံ့အသက်ဆိုးဝါးတဲ့ ရေထွက်ပစ္စည်းတစ်မျိုးပါ။ သူရဲ့ဈေးကွက်တန်ဖိုးနဲ့ အသုံးဝင်မှုသာ မရှိဘူးဆိုရင် ဘယ်သူမှကိုင်တွယ်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ များသောအားဖြင့် Sperm ဝေလငါးတွေဟာ ဧရာမကင်းမွန်တွေကိုစားသောက်မိပြီး သူတို့ရဲ့အစာအိမ်ဟာ ဒီအရာတွေကိုချေဖျက်နိုင်စွမ်းမရှိလို့ ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်ဖြစ်လာရတာပါတဲ့။ဘာလို့လဲဆိုတော့ ငါးကြီးအန်ဖတ်ထဲမှာ ကင်းမွန်သားတွေ နစ်မြှုပ်နေတာကို တွေ့ရလို့ပါပဲ။ ဒါပေမယ့် ဒီအရာဟာ အစာဖတ်တွေချည်းသက်သက်မဟုတ်ပါဘူး။ အစာဖတ်တွေအပြင်သွေးကြောလိုမျိုး အကြောတွေယှက်ဆိုင်းနေတာမျိုးလည်း တွေ့ရပါတယ်။သိပ္ပံပညာရှင်တွေရဲ့အဆိုအရကတော့ ငါးကြီးအန်ဖတ်ဆိုတာ ဝေလငါးတွေဟာ ကင်းမွန်လိုမျိုးအစာချေရခက်တဲ့ အရာတွေကိုစားသုံးမိပြီး အစာအိမ်ထဲမှာဖြစ်ပေါ်လာတဲ့နာကြင်မှုကို ချေဖျက်ဖို့gastrointestinal tract ကနေ အစာဟောင်းတွေနဲ့အတူ ဓာတ်ပြုထုတ်လုပ်လိုက်တဲ့ ချွဲကျိကျိအရာတစ်မျိုးဖြစ်ပါတယ်။ ဒီနေရာမှာ ငါးကြီးအန်ဖတ်ဟာ ကျွန်တော်တို့တွေ့နေရတဲ့ မာကျောတဲ့အစိုင်အခဲပုံစံမျိုးဆိုရင် ဝေလငါးတွေအလွယ်တကူ အန်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အပြင်ကိုရောက်ပြီး ပင်လယ်ရေနဲ့လေစတာတွေနဲ့ထိတွေ့ပြီးမှ ပုပ်သိုးပြီးအစိုင်အခဲဖြစ်လာတာပါ။ ငါးကြီးအန်ဖတ်ဟာ ပင်လယ်ကမ်းစပ်မှာ လာတင်နေတာ ဒါမှမဟုတ် ပင်လယ်ထဲမှာ ပေါလောမျှောနေတာမျိုး တွေ့ရလေ့ရှိပြီး အရွယ်အစားကိုလိုက်လို့ သူ့ရဲ့အလေးချိန်ကွာခြားမှုရှိပါတယ်။ သူ့ရဲ့အရွယ်အစားအရ ငါးကြီးအန်ဖတ်ဟာ အလေးချိန်အနည်းဆုံး ၁၅ဂရမ်(1/2 အောင်စ) ကနေ ၅၀ကီလိုဂရမ်(ပေါင်တစ်ရာ) အထက်ထိရှိတတ်ပါတယ်။ တခါက ပေါင်၂၆၀လောက်ရှိတဲ့ ဧရာမငါးကြီးအန်ဖတ်တစ်တုံးကို ပြင်သစ်ရေမွှေးကုမ္ပဏီတစ်ခုက ရွှေဒင်္ဂါးပေါင် ၆၆၀၀၀ ပေးပြီးဝယ်ယူဖူးပါတယ်။ ဝေလငါးတွေဆီကနေစွန့်ထုတ်လိုက်တဲ့ ငါးကြီးအန်ဖတ်ရဲ့ မူလအစပုံစံဟာ နူးညံ့ပြီးတော့ အရောင်ဖြူရော်ရော်ရှိပြီး တခါတလေမှာ အနက်ရောင် အကွက်တွေကွက်ကြားပါရှိတတ်ပါတယ်။ ဒါပေမယ့် အနံ့က အဲဒီအချိန်ကတည်း ညှီစို့စို့ပုပ်အက်အက်ဖြစ်နေတာပါ။ လအတန်ကြာရေထဲမှာမျှောပါပြီးတဲ့နောက်မှာ ငါးကြီးအန်ဖတ်ဟာ ရေတွေလေတွေရဲ့ထိတွေ့မှုကြောင့် မာကျောလာပြီးတော့ ဖယောင်းသားလိုဖြစ်လာပြီး မီးခိုးရောင်(သို့)အနက်ရောင်အဖြစ်ကို ပြောင်းလဲလာခဲ့ပါတယ်။ငါးကြီးအန်ဖတ်ရဲ့ ညီစို့စို့ပုပ်အက်အက်အနံ့အောက်မှာ ကွယ်ဝှက်ထားတဲ့ တမူထူးတဲ့ဂုဏ်သတ္တိကတော့ isopropanol ဒြပ်ပေါင်းလိုမျိုး တာရှည်ခံပြီး လူတွေကို စူးစူးရှရှအနှောက်အယှက်မပေးတဲ့ အနံ့တစ်မျိုးကြွယ်ဝနေတာပါပဲ။ ဒီလိုမျိုး ဂုဏ်သတ္တိကြောင့် အငွေ့ပျံလွယ်ပြီး ဆီထုတ်လုပ်နိုင်တဲ့အတွက် ရေမွှေးထုတ်လုပ်တဲ့နေရာမှာ တန်ဖိုးကြီးကုန်ကြမ်းတစ်ခု ဖြစ်နေတာပါ




ငါးကြီးအန်ဖတ်ရဲ့ သိပ်သည်းဆဟာ 0.780 ကနေ 0.926ထိရှိပြီး သိပ္ပံနည်းကျ စမ်းသပ်ကြည့်တဲ့အခါ သူ့ကို အပူချိန် 60°C လောက်မှာအရည်ပျော် အဆီထွက်စေပြီးတော့ အဲဒီထွက်လာတဲ့ ထင်းရှူးဆီလိုအ၀ါရောင်အဆီတွေဟာ100 °C (212 °F)မှာ အဖြူရောင်အငွေ့အဖြစ် အငွေ့ပျံသွားတာကို တွေ့ရပါတယ်။ အဲဒီအရာဟာ ether မှာပျော်ဝင်နိုင်ပြီးတော့ အငွေ့မပျံနိုင်တဲ့ ဆီနဲ့ အငွေ့ပျံနိုင်တဲ့ဆီ နှစ်မျိုးစလုံးမှာလည်း ပျော်ဝင်နိုင်ပါတယ်။ ငါးကြီးအန်ဖတ်ဟာ အက်ဆစ်နဲ့ အပြန်အလှန်တုန့်ပြန်ဓာတ်ပြုစေနိုင်တာမျိုး လုံးဝမရှိပါဘူး။ ငါးကြီးအန်ဖတ်ကို Alcohol ထဲမှာအပူပေးပြီး အအေးခံလိုက်တဲ့အခါ မူလ Ambergris ကနေ ခွဲထုတ်လို့ရလာတဲ့ အဖြူရောင် Crystal တွေကို ambrein လို့ခေါ်ပါတယ်။ ဒီရလာတဲ့ရနံ့ကင်းမဲ့တဲ့ ambrein ကိုဖြိုခွဲလိုက်ရင် Ambergris ထဲမှာအဓိကပါဝင်နေတဲ့ ambrox နဲ့ ambrinol တို့ရဲ့ formation ကို ရလာဒ်အဖြစ်ရရှိမှာဖြစ်ပါတယ်။ အဲဒီထဲက ရလာတဲ့ ambroxan ဟာ ရေမွှေးထုတ်လုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။


Ambroxan
ငါးကြီးအန်ဖတ်ဟာရေမွှေး(perfume and fragrance) ထုတ်လုပ်တဲ့နေရာမှာ ကတိုး(musk) လိုမျိုးနာမည်ကြီးပါတယ်။ဒါပေမယ့် ကမ္ဘာပေါ်မှာ ငါးကြီးအန်ဖတ်ရေမွှေးကို လူကြိုက်များလာနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံမှာ တရားဝင်ထုတ်လုပ်ရောင်းချခွင့်နဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရအငြင်းပွားစရာရှိနေတဲ့အတွက် အမေရိကန်ကရေမွှေးလုပ်ငန်းရှင်တွေဟာ ဒီပစ္စည်းကိုသုံးစွဲဖို့လက်ရှောင်လေ့ရှိပါတယ်။ မျိုးတုန်းနိုင်မယ့်အခြေအနေရှိနေတဲ့ တိရိစ္ဆာန်အဖြစ် သတ်မှတ်ထားတဲ့ Sperm Whale တွေဆီကနေ ရရှိတဲ့ပစ္စည်းဖြစ်နေတဲ့အတွက် အမေရိကန်အပါအ၀င် နိုင်ငံတော်တော်များများမှာ ၁၉၇၀ခုနှစ်တုန်းက ငါးကြီးအန်ဖတ်ကုန်ကြမ်းသုံးစွဲခြင်းကို ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်ဖူးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ရောက်မှ ဒီပစ္စည်းကိုတရားဝင်သုံးစွဲခွင့်ရပြီး ဝေလငါးတွေသတ်ဖြတ်ပြီး ရလာတာမျိုးကို ခွင့်မပြုပဲ ကမ်းခြေပေါ်မှာတွေ့ရှိရတဲ့ ငါးကြီးအန်ဖတ်တွေကိုသာ ကုန်ကြမ်းအဖြစ်သုံးစွဲခွင့်ပြုခဲ့တာပါ။ ၁၈ရာစုအစောပိုင်းကာလတွေကနေစပြီး ဝေလငါးဖမ်းလုပ်ငန်းဟာ ကိုလိုနီနယ်ချဲ့စနစ်နဲ့အတူ ကျယ်ပြန့်လာခဲ့ပါတယ်။ အထူးသဖြင့် Sperm Whale တွေဆီကနေ အဆီတော်တော်များများထုတ်ယူနိုင်တာရယ်၊ သူ့ရဲ့သွားတွေဟာ ဆင်စွယ်လိုပဲ လက်မှုအနုပညာပစ္စည်းတွေ ပြုလုပ်နိုင်တာရယ်နဲ့သူ့ရဲ့အစာအိမ်ထဲကနေ ငါးကြီးအန်ဖတ်တွေ ရရှိနိုင်တာကြောင့် ဝေလငါးဖမ်းသင်္ဘောများဟာ Sperm Whale တွေကို အဓိကဖမ်းဆီးနေခဲ့တာပါ။ ၁၈ရာစုကနေအဆီးအတားမရှိလုပ်ကိုင်နေခဲ့တဲ့ ဝေလငါးဖမ်းလုပ်ငန်းဟာ ၂၀ရာစုလောက်မှာမှ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်တွေ ကြွယ်ဝလာတာကြောင့် ဥပဒေအရကန့်သတ်ခံခဲ့ရပါတယ်။ ဒီလိုမှမကန့်သတ်ရင် အဖိုးတန်လှတဲ့ ဝေလငါးအစိတ်အပိုင်းတွေကို ဆာလောင်မွတ်သိပ်နေတဲ့ ကမ္ဘာ့ဈေးကွက်ရဲ့တောင်းဆိုမှုတွေကြောင့် ဝေလငါးတွေမျိုးတုန်းနိုင်တဲ့ အခြေအနေတွေဖြစ်သွားဖို့ ဦးတည်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံအချို့မှာတော့ ဈေးကွက်လိုအပ်ချက်ကြောင့် ဝေလငါးဖမ်းလုပ်ငန်းကို ခုချိန်ထိတရားဝင်ခွင့်ပြုထားဆဲဖြစ်ပါတယ်။


ရှေးခေတ်တုန်းကတော့ အီဂျစ်နိုင်ငံမှာ ငါးကြီးအန်ဖတ်ကို အမွှေးတိုင်အတွက်အနံ့ထည့်တဲ့နေရာမှာ သုံးစွဲပါတယ်။ ဒီဘက်ခေတ်မှာတော့ အီဂျစ်တွေက သူတို့သောက်သုံးတဲ့စီးကရက်တွေမှာ မွှေးရနံ့ထည့်ဖို့ သုံးကြပါတယ်။ ရှေးခေတ်တရုတ်လူမျိုးတွေက ငါးကြီးအန်ဖတ်ရေမွှေးကို နဂါးတံတွေးရေမွှေးလို့ခေါ်ပြီး စုန်း၊မှော်အတတ်တွေ တစ်ခေတ်စားခဲ့တဲ့ ၁၃ရာစုကာလတုန်းက ဥရောပမှာ ငါးကြီးအန်ဖတ်အတုံးကို ကိုယ်မှာဆောင်ထားရင် စုန်းပြုစားမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပုလိပ်ရောဂါကိုနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ သမိုင်းမှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ ရှေးခေတ်ကာလတုန်းကတော့ ငါးကြီးအန်ဖတ်ဟာ ဆေးမြီးတိုနဲ့ အစားအသောက်အချို့မှာ အမွှေးအကြိုင်အဖြစ်ထည့်သုံးရုံကလွဲပြီး တွင်တွင်ကျယ်ကျယ်မရှိခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ ငါးကြီးအန်ဖတ်တွေ့ရှိရတဲ့နေရာတွေကတော့ အတ္တလန္တိတ်သမုဒ္ဓရာကမ်းခြေဒေသတွေနဲ့ Brazil,Madagascar,East Indies,The Maldives, China,Japan,India,Australia,Newzeland နဲ့ Molucca Islands ဒေသတွေပဲဖြစ်ကြပါတယ်။ အထူးသဖြင့် ငါးကြီးအန်ဖတ်ကို စီးပွားဖြစ်ကောက်ယူစုဆောင်းနိုင်တဲ့နေရာကတော့ Bahamas နိုင်ငံရဲ့အထင်ရှားဆုံး New Providence ကျွန်းပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာတော့ ဝေလငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်တဲ့လူမရှိသေးဘူးလို့ ထင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ဝေလငါးဟာ အင်မတန်တွေ့ရခဲတာကြောင့်ရယ်၊ တွေ့ရင်တောင်မှ အရွယ်အစားကြီးမားလွန်းတာရယ်နဲ့ ရောင်းချမယ့်ဈေးကွက်မရှိတာရယ်ကြောင့် ဖမ်းဆီးမယ့်လူမရှိပါဘူး။ နောက်တစ်ချက် လင်းပိုင်နဲ့ဝေလငါးဟာ အသိဥာဏ်ရှိတဲ့နို့တိုက်သတ္တ၀ါဖြစ်လို့ တခါတရံမှာ ပင်လယ်ပြင်မှာဒုက္ခရောက်နေတဲ့ ရေလုပ်သားတွေကိုကယ်တင်ပေးတတ်တယ်ဆိုတဲ့ ပါးစပ်ရာဇ၀င်တွေကြောင့် မြန်မာ့တံငါသည်တွေက သူတို့ကိုအန္တရာယ်မပေးကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပင်လယ်ကမ်းစပ်နဲ့ ရေတိမ်ပိုင်းသန္တာကျောက်ဆောင်တွေဆီမှာ လာတင်နေတတ်တဲ့ ငါးကြီးအန်ဖတ်ကိုကောက်ရဖူးသူတွေ ကျွန်တော့်ဇာတိ မာန်အောင်ကျွန်းမှာ အများအပြားတွေ့ဖူးပါတယ်။ တရားဝင်ဈေးကွက်ရှိမရှိအတိအကျမသိပေမယ့် မှောင်ခိုဈေးကွက်မှာတရုတ်နိုင်ငံကိုတင်ပို့ဖို့အတွက် ပရဆေးကုန်သည်တွေ ဈေးကောင်းပေးဝယ်ကြလို့ ပင်လယ်ကမ်းစပ်မှာတစ်နေ့လုပ်မှတစ်နေ့စားရတဲ့ တံငါသည်တွေ နေ့ချင်းညချင်း ချမ်းသာသွားကြတာ မြင်ဖူးခဲ့ပါတယ်။မှောင်ခိုဈေးနဲ့သာအရောင်းအ၀ယ်ဖြစ်ကြတာများတော့ ငါးကြီးအန်ဖတ်ရဲ့ ကမ္ဘာ့သတ်မှတ်ပေါက်ဈေးကို အတိအကျမသိရပါဘူး။ ခန့်မှန်းခြေပြောရရင် ရွှေတစ်ဂရမ်ကို ဒေါ်လာ၃၀ပေါက်ဈေးရှိတဲ့အခါ ငါးကြီးအန်ဖတ်ဟာ တစ်ဂရမ်ကို ဒေါ်လာ၂၀ကျော်လောက်ပေါက်ဈေးရှိနိုင်ပါတယ်။ သူ့ကိုကုန်ကြမ်းအဖြစ်အသုံးပြုထုတ်လုပ်လိုက်တဲ့ရေမွှေးတန်ဖိုးက အမျိုးအစားနဲ့သက်တမ်းကိုလိုက်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ မကြာသေးတဲ့ကာလတစ်ခုက အလှူငွေရံပုံငွေပွဲတစ်ခုမှာ ရောင်းချဖို့ထုတ်လုပ်လိုက်တဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ တစ်ပုလင်းကို ဒေါ်လာ၄၇၀၀အထိရှိပါတယ်။ ဒီထက်ပိုဈေးကြီးတဲ့ တော်ရုံလူအနားမကပ်နိုင်တဲ့ နှစ်ချို့ရေမွှေးတွေလည်း Elite လူတန်းစားတွေအတွက် သီးသန့်ထုတ်လုပ်တာမျိုးရှိနေပါတယ်။ ၂၀၀၅ခုနှစ်က Marie Antoinette အတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ နှစ်ပေါင်း၂၀၀ သက်တမ်းရှိပြီး ဒီရေမွှေးကို အရေအတွက်အကန့်အသတ်နဲ့ပြန်လည်ရောင်းချတဲ့အခါ တစ်ပုလင်းကိုဒေါ်လာ ၁၁၀၀၀ တောင်ပေးဝယ်ရပါတယ်။ တခါကနယူးဇီလန် North Island မှာတွေ့ရှိခဲ့တဲ့ ကီလိုလေးဆယ်ရှိတဲ့ ငါးကြီးအန်ဖတ်တစ်တုံးဟာ မှောင်ခိုဈေးကွက်မှာ ဒေါ်လာလေးသိန်းတောင်ပေးဝယ်သွားတယ်လို့ သတင်းကြီးခဲ့ပါတယ်။ ဒီလိုမျိုးဈေးအတက်အကျမငြိမ်တာကလည်း ငါးကြီးအန်ဖတ်ရဲ့ရှားပါးမှုကြောင့်ဖြစ်နိုင်ပါတယ်။ ရေမွှေးတွေကို တရားဝင်ရောင်းဝယ်ဖောက်ကားခွင့်ရှိပေမယ့် ရေမွှေးထုတ်လုပ်သူတွေဟာ နိုင်ငံတော်တော်များများမှာ ငါးကြီးအန်ဖတ်ကုန်ကြမ်းတွေကို ခုချိန်ထိလျှို့လျှို့ဝှက်ဝှက် အရောင်းအ၀ယ်လုပ်နေရဆဲပါပဲ။ လက်ရှိဈေးကွက်မှာ ငါးကြီးအန်ဖတ်ရဲ့အရောင်ကိုကြည့်ပြီး ပေါက်ဈေးအနည်းအများကွာခြားပါတယ်။ ရောင်းချတဲ့နေရာမှာ အနက်ရောင်ငါးကြီးအန်ဖတ်ဟာဈေးအကောင်းဆုံးဖြစ်ပြီး အဖြူရောင်ကတော့ဈေးအနည်းဆုံးပါပဲ။ နောက်ပြီး သူ့ရဲ့အသားကို အလင်းဖောက်နိုင်ခြင်းရှိမရှိရယ်၊ အရက်ပြန်သုတ်ထားသလိုမျိုး မီးရှို့ကြည့်လို့ မီးလိုက်ခြင်းရှိမရှိစတာတွေနဲ့ ငါးကြီးအန်ဖတ်စစ်မစစ်ကို စမ်းသပ်နိုင်ပါတယ်။နောက်ပြီး ငါးကြီးအန်ဖတ်ကို ပလတ်စတစ်အိတ်နဲ့ထုတ်ထားတာမျိုး၊ ဗူးခွံတစ်ခုထဲမှာထည့်ပြီးအလုံပိတ်သိမ်းဆည်းတာမျိုး မလုပ်ရပါဘူး။ နောက်ပြီးခွေး၊၀က်စတဲ့တိရိစ္ဆာန်တွေနားမှာ ငါးကြီအန်ဖတ်ရဲ့အနံ့ကြောင့် ကိုက်စားတတ်တဲ့အတွက် မထားရပါဘူး။ သူ့ကိုသိမ်းဆည်းမယ်ဆိုရင် အ၀တ်စနဲ့ရစ်ပတ်သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ ငါးကြီးအန်ဖတ်ဟာ ရေမွှေးဖော်စပ်ရာမှာ အသုံးပြုနိုင်ရုံတင်မက ဟင်းချက်ရာမှာဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း သုံးစွဲနိုင်သလို ပရဆေးဖော်စပ်ရာမှာလည်း တန်ဖိုးကြီးတဲ့ကုန်ကြမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာတော့ ငါးကြီးအန်ဖတ်ကို ရေမွှေးကုန်ကြမ်းအဖြစ်သာ လူသိများကြပါတယ်။ ရှေးခေတ်တုန်းက ပြင်သစ်မိဖုရားတစ်ပါးနေခဲ့တဲ့ ဗာဆိုင်းနန်းတော်ထဲက အခန်းတစ်ခန်းမှာ ဆွတ်ထားခဲ့တဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ ယခုအချိန်ထိမွှေးနေဆဲပဲလို့ ပါးစပ်ရာဇ၀င်တစ်ခုကြားဖူးပါတယ်။ ယနေ့ဖက်ရှင်ခေတ်မှာတော့ ငါးကြီအန်ဖတ်ရေမွှေးဟာ ကမ္ဘာ့ Celebrity တွေကြားမှာအပြိုင်အဆိုင်သုံးစွဲကြတဲ့အထိ ရေပန်းစားတဲ့အလှကုန်ပစ္စည်းဖြစ်နေပါပြီ။


ဒီလိုတန်ဖိုးကြီးပစ္စည်းဖြစ်လာဖို့အဓိကဖန်တီးပေးတာကတော့ ပင်လယ်ရေအောက်အနက်ပိုင်းမှာရှိတဲ့ ဧရာမကင်းမွန်ကြီးတွေပါ။ ဝေလငါးတွေသူတို့ကိုစားသောက်ပြီးတဲ့အခါ အစာမချေနိုင်လို့ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်ဖြစ်လာရတာပါ။ Sperm Whale တစ်ကောင်ဟာ ပေ၆၀ကျော်ခန့်ရှည်လျားပြီးတော့ တန်၅၀ကျော်လေးပါတယ်။ ဒီဝေလငါးတွေဟာရေအနက်မီတာ၃၀၀ ကနေ ၈၀၀လောက်မှာ အစာရှာစားတတ်ကြပါတယ်။ တခါတလေမှာ ၂ကီလိုမီတာလောက်ထိငုပ်ပြီး အစာရှာတတ်ပါတယ်။ ရေအောက်မှာ တစ်နာရီကျော်ကျော်ငုပ်နေနိုင်ပြီးတော့ ရေပေါ်ကိုအသက်ရှူဖို့တက်လာတတ်ကြပါတယ်။အမတွေဟာ ငယ်ရွယ်စဉ်မှာ ဒါဇင်လိုက်အုပ်စုဖွဲနေတတ်ပြီး ကြီးလာတဲ့အခါ တစ်ကောင်တည်းခွဲနေတတ်ပါတယ်။ သူတို့စားသောက်တာကတော့ ရိုးရိုးကင်းမွန်၊ရေဘ၀ဲ၊ငါးအချို့နဲ့ ဧရာမကင်းမွန်ကြီးတွေဖြစ်ကြပါတယ်။ Sperm Whale တွေဟာ တစ်နေ့ကို သူတို့ကိုယ်ခန္ဓာ အလေးချိန်ရဲ့ ၃% ထိစားသုံးတတ်ပါတယ်။ တခါတလေမှာ ဧရာမကင်းမွန်တွေလို အစာမကြေနိုင်တဲ့အရာတွေကို ဗုန်းဗောလဟောစားသောက်မိပြီး နာကြင်လာတာကြောင့် ရေထဲမှာစားပြီးသားအစာဟောင်းတွေကို ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်တွေဖြစ်လာရတာပါ။

မြန်မာနိုင်ငံရဲ့ပင်လယ်ကမ်းခြေတွေမှာ ဝေလငါးကြီးတွေ သေဆုံးပြီး ကမ်းစပ်မှာလာတင်နေတာမျိုးတွေ ဆယ်စုနှစ်တစ်ခုမှာ အနည်းဆုံးတစ်ခါလောက် တွေ့နေရပါတယ်။ ဒါပေမယ့် ဒီဝေလငါးအသေကောင်တွေကို ဒေသခံတွေကပုပ်စော်နံလို့မြေမြှုပ်လိုက်ကြတာများပါတယ်။ လတ်လတ်ဆတ်ဆတ်သေတဲ့ဝေလငါးဆိုရင်တော့ ခုတ်ထစ်ပြီး အဆီချက်ကြတာမျိုးတော့ ကြုံဖူးပါတယ်။ ကမ္ဘာ့ပေါ်မှာ ဈေးကောင်းရနေတဲ့ ဝေလငါးဆီကို ကျွန်တော်တို့ဆီကလူတွေ ငါးဖမ်းလှေစပ်တဲ့နေရာမှာ လှေကိုရေလုံအောင် မီးမြှိုက်ဖို့အတွက်သုံးတာမျိုးတွေ့ခဲ့ဖူးပါတယ်။ ကျန်တဲ့အရိုးကိုတော့ ဖင်ထိုင်ခုံလုပ်ပြီး သွားကိုတော့ အိမ်မှာအလှထားပါတယ်။ ခုချိန်ထိ ဝေလငါးဝမ်းဗိုက်ထဲက ငါးကြီးအန်ဖတ်ကို ထုတ်ယူရကောင်းမှန်း မသိကြသေးသလို ဝေလငါးအစိတ်အပိုင်းတွေကို ဘယ်လိုအသုံးချမလဲဆိုတာ မြန်မာပြည်ကလူတွေသိပ်မသိကြသေးပါဘူး။ မသိကြတာလည်းတစ်မျိုးကောင်းပါတယ်။ တကယ်လို့ဈေးကွက်မျက်စိပွင့်သွားရင် မြန်မာ့ပင်လယ်ပြင်ကဝေလငါးတွေ အန္တရာယ်ရှိလာမှာအသေအချာပါပဲ။ လောလောဆယ်မှာတော့ ကမ္ဘာ့အကြီးဆုံးတိရိစ္ဆာန်ပစ္စည်းမှောင်ခိုဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ မကြာခင်ဒီကိစ္စကို မျက်စပစ်လာမယ့် အလားအလာတွေရှိနေပါတယ်။ ကမ္ဘာအရပ်ရပ်မှာ အနိစ္စသဘောကိုမေ့ထားကြတဲ့ လူတွေရဲ့မပုပ်သေးတဲ့ခန္ဓာကိုယ်ကို သူ့ထက်ငါ အမွှေးနံ့သာတွေ ထုံမွှမ်းနေစေဖို့အတွက် သမုဒ္ဓရာတွေဆီက နို့တိုက်သတ္တ၀ါ သနားစရာဝေလငါးကြီးတွေခမျာဟာ နှစ်စဉ်အသက်ပေးနေရအုန်းမှာ အသေအချာပါပဲ။


စာမှီး-

http://en.wikipedia.org

http://www.businessweek.com/magazine/ambergris-treasure-of-the-deep-01122012.html

http://gabriolan.ca/2009/03/21/weird-beach-goop/

http://www.geneticjungle.com/2009/08/ambergris-perhaps-youd-rather-not-know.html

http://www.ambergris.fr/identification_of_ambergris.html
Ref: Myat Thein Tun