Showing posts with label News. Show all posts
Showing posts with label News. Show all posts

Friday, April 20

တောင်ကိုးရီးယား ပဲ့ထိန်းတပ် ဒုံးလက်နက် လွှတ်နိုင်စွမ်းရှိပြီ



ဓာတ်ပုံ AP
တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန က စမ်းသပ် ပစ်လွှတ်လိုက်သော ပဲ့ထိန်းတပ် ဒုံးကျည်အား တွေ့ရစဉ်။ မြောက်ကိုးရီးယား နိုင်ငံရှိ မည်သည့် ပစ်မှတ် မဆို ပစ်ခတ်နိုင်စွမ်းရှိသည် ဟု ဆိုသည်။ ဧပြီ ၁၉၊ ၂၀၁၂။
မြောက်ကိုရီးယား နျုးကလီးယားနဲ့ ဒုံးလက်နက်တွေရှိတဲ့ နေရာတွေကို ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ တပ်ဆင်ထားပြီးပြီလို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။
အဲဒီ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်လိုက်တဲ့အကြောင်း တောင်ကိုရီးယား စစ်ဖက်အရာရှိတဦးက တောင်ကိုရီးယား သတင်းထောက်တွေ နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။ မြောက်ကိုရီးယားဖက်က မအောင်မြင်တဲ့ ဒုံးပျံ စမ်းသပ်ပစ်လွှတ် လိုက်ပြီး နောက်ထပ် နျုးကလီးယား စမ်းသပ်ဖောက်ခွဲမှုအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် အခုလို တပ်ဆင်တာလဲ ဖြစ်ပါတယ်။
အဲဒီ ပဲ့ထိန်းတပ်ဒုံးကျည်ကို ပစ်လွှတ်ပုံ၊ ဝေဟင်မှာပျံသွားပုံနဲ့ ပစ်မှတ်ကို ထိမှန်သွားတဲ့ ဗွီဒီယို မှတ်တမ်းတွေကို တောင်ကိုရီးယားအစိုးရက နောက်ပိုင်းမှာ ပြသခဲ့ပါတယ်။
အဲဒီ ဒုံးကျည်ဟာ မိုင် ၆၂၀ ကျော်အထိ အရောက်သွားနိုင်တာမို့ မြောက်ကိုရီးယားနိုင်ငံအတွင်းက ဘယ်နေရာကိုမဆို ပစ်လို့ရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ရှင်ဝန်ဆစ် (Shin Won-sik) က ပြောပါတယ်။
တောင်ကိုရီးယားက အခု တပ်ဆင်လိုက်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ဟာ ရန်သူ့နယ်မြေအတွင်း ခပ်နိမ့်နိမ့်ပျံသန်းပြီး ပစ်မှတ်ကိုထိအောင် ပစ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုပါတယ်။
Ref: Tit Htoo Lwin

တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ



မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ်ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေ ပေါ်မှာ စီမံကိန်းဘေးထွက် ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကား ကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ် လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ် အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ်လူစုခွဲရလိမ့်မယ်လို့
ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်း
လည်း ဆည်တဲရွာသူက နောက်ဆုံး အခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီ တခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်း နယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံ တွေက သူတို့  ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့ အတွက် အခုလို ကားတွေနဲ့  လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက်စုပုံနေတာ ဖြစ်ကြောင်း ရွာသူရွာသားတွေ က ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တော နဲ့ ရွာသာရွာ က တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်
မှာ မြန်မာယမ်စီ ကုမ္ပဏီ က ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀)
လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်
သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြ ပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီ ဟာ မြန်မာ့စီးပွားရေး ဦးပိုင်
လိမိတက် နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Ref: Tit Htoo Lwin

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း


ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈)



တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

Thursday, April 5

သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် အလျား ၄၇ ပေ၊ လုံးပတ် ၁၅ ပေခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် အသက်ရှင်လျက် သောင်ပေါ်တင်နေ



အလျား ၄၇ ပေရှည်လျားပြီး လုံးပတ် ၁၅ ပေ ခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့မှစ၍ သောင်ပေါ်တင်နေပြီး ပင်လယ်အတွင်း ပြန်လည်ရောက်ရှိရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးသည် ပိုက်စီးကျေးရွာ၏ ခြောက်မိုင်ခန့် ကွာဝေးသောနေရာတွင် သောင်တင်နေလျက်ရှိပြီး ရေလုပ်သားများက ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
သောင်တင်နေသော ဝေလငါးကြီး.


''အဲဒီဝေလငါးကြီးကို ရေလုပ်သားတွေက ဧပြီလ ၂ ရက်နေ့ မွန်း တည့် ၁၂ နာရီမှာ စတွေ့ခဲ့တယ်။ တွေ့ပြီးတော့ အဲဒီရေလုပ်သားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို အကြောင်းကြားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက ဝေလငါးကြီးကို ဓာတ်ပုံရိုက်ပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကို ပေးပို့ခဲ့ပါတယ်။ အဲဒါနဲ့ ဦးတို့ငါးလုပ်ငန်း ဦးစီးဌာနက အဖွဲ့တွေ သွားရောက်ကြည့်ရှုခဲ့တယ်။ ရေတက်ချိန်နဲ့ကြုံလို့ လှိုင်းတွေပုတ်တဲ့အခါမှာ ကမ်းခြေဘက် ပိုရောက်လာတယ်။ လူ ၄၀ လောက်နဲ့ ၀ိုင်းတွန်းကြပေမယ့် ဝေလကြီးက လုံးဝမရွေ့သွားပါဘူး။ ဒီနေ့ ညနေပိုင်းမှာတော့ မော်တော်စက်လှေတွေနဲ့ ဆွဲဖို့ စီစဉ်နေပါတယ်။ ဦးတို့အနေနဲ့ကတော့ ဝေလငါးကြီး အသက်ရှင်ရေးအတွက်ပဲ ကြိုးစားဆောင်ရွက်သွားမှာပါ''ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Sunday, March 18

တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်မြန်မာကို ပထမဆုံးအကြိမ် လာရောက်မည်



ကိုရီးယားသမ္မတ မစ္စတာလီမြောင်ဘတ် (LeeMyungBak)သည် ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ်မြန်မာနိုင်ငံကို လာရောက်ရန်ရှိနေကြောင်း သိရကာ မြန်မာပါဝင်သော အာဆီယံ + ၃ အနာဂတ် လုပ်ဆောင်မှုများအတွက် လာရောက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ၇-၃-၂၀၁၂ ရက်က သိရသည်။ အသက် ၇၀ အရွယ်ရှိပြီဖြစ်သော မစ္စတာလီမြောင်ဘတ်အနေဖြင့် ၎င်း၏သမ္မတသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် လာရောက်မည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကာ နှစ်နိုင်ငံ အာဏာရပါတီများ၏ အတွေ့အကြုံများ ဖလှယ် ဆွေးနွေးကြမည်ဟု သိရသည်။ ''ဒါက ကောင်းတဲ့
လက္ခဏာတစ်ခု ဖြစ်သလို ခေါင်းဆောင်ပိုင်းတွေရဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စိတ်ဝင်စားမှုပိုတဲ့ ခရီးစဉ်ဖြစ်မယ်'' ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကပြောကြားသည်။
မစ္စတာလီသည် New Frontier Partyမှ ၀င်ရောက်ရွေးကောက်ခံခဲ့ပြီး သမ္မတဖြစ်လာခဲ့သူ ဖြစ်ကာ ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ကြောင်းနှင့် သား သမီးလေးဦး ရှိကြောင်း သိရသည်။ ''အာဆီယံရဲ့ ပြင်ပနိုင်ငံတစ်ခုဖြစ်တဲ့ ကိုရီးယားရဲ့ ခေါင်းဆောင်လာမဲ့ ကိစ္စကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စနစ်တစ်ခု ပြောင်းလဲနေပြီဆိုတာကို လာကြည့်တဲ့ သဘောမှာရှိတယ်''ဟု UMFCCIမှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ ပြောကြားသည်။''ဒီလိုမျိုးပဲ ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားမယ်ဆိုရင် ဒါ့ထက်ပိုပြီး ကောင်းတဲ့ နိုင်ငံတကာက လုပ်ငန်းစုံနဲ့၊ လူကြီးပိုင်းတွေ ဆက်တိုက်ဝင်လာနိုင်တယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မစ္စတာလီသည် အာရှ၏ ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့အဆင့် G-20 Seoul Summitကို အောင်မြင်စွာ ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

Friday, March 16

အင်းလေးကန်ရေ သန့်ရှင်းရေး အရေးတကြီးလိုအပ်

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝ ရေကန်တခု ဖြစ်သော ရှမ်းပြည် တောင်ပိုင်းရှိ အင်းလေးကန်အတွင်း ရေအဆိပ်သင့်မှု မြင့်မားလာနေခြင်းကို ကာကွယ်ရေး၊ရေကောင်းရေသန့် ရရှိရေးနှင့် ဒေသခံတို့ကို ပညာပေးရေးများ အရေးတကြီး လိုအပ်နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ဆိုသည်။




အင်းလေးကန်အတွင်း လှေဖြင့်သွားလာနေသော ဒေသခံ အမျိုးသမီးတဦး (ဓာတ်ပုံ - Reuters)



“ရေမသန့်လို့ ကျန်းမာရေး ပြဿနာဖြစ်တာတွေ၊ အဲဒီရေသောက်မိလို့ အစာအဆိပ်သင့်သလို ဖြစ်တဲ့ဖြစ်ရပ်တွေ တွေ့နေ၊ ကြားနေရတယ်။ ကန်ထဲက ရေတွေဟာ သောက်သုံးဖို့ မသင့်တော့လောက်အောင် ညစ်ညမ်းနေတယ်။ တချို့ ဧရိယာတွေမှာဆိုရင် ငါး၊ ဟင်းသီးဟင်းရွက်တွေမှာပါ ဓာတုအဆိပ်တွေ တွေ့နေရတယ်” ဟု သစ်တော၊ သယံဇာတ၊ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ ဦးအုန်းက ပြောသည်။



အင်းလေးကန်၏ အဓိက စိုက်ပျိုးရေးလုပ်ငန်းဖြစ်သော ကျွန်းမျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုမှုတို့မှာ အင်းလေးကန်ရေ ညစ်ညမ်းရသည့် အဓိက အကြောင်းရင်းများဖြစ်၍ ဓာတ်မြေသြဇာအစား သဘာဝ မြေသြဇာကို အသုံးပြုရေးအတွက် ဒေသခံများကို ပညာပေး စည်းရုံးရန် လိုအပ်နေကြောင်း ဦးအုန်းက ဆိုသည်။

အင်းလေးဒေသခံများ၏ အညစ်အကြေးစွန့်မှုစနစ်များ၊ လူနေမှုပုံစံများကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်ဟုလည်း ၎င်းက ပြောသည်။



ဦးအုန်းက “အိမ်က ရေပေါ်မှာပဲဆိုတော့ အမှိုက်တွေ၊ အညစ်အကြေးတွေစွန့်လည်း ဒီရေထဲပဲ၊ သောက်သုံးတော့လည်း ဒီရေပဲ။ နောက်ပြီး ယုတ်စွအဆုံး လူသေရင်တောင် ရုပ်အလောင်းကို ကျွန်းမျောနဲ့ မြှုပ်တာတွေ ရှိနေသေးတော့ လူဦးရေ တိုးလာတဲ့အခါ ဒီအလေ့အထတွေက ဒုက္ခပေးလာတယ်။ ဒီအလေ့အထတွေကို ကျနော်မကြိုက်ဆုံးပဲ။ အချိန်နောက်မကျခင် ဒါတွေ ပြုပြင်ပြောင်းလဲဖို့ ပညာပေးဖို့တွေ အရေးကြီးနေတယ်” ဟု ဆိုသည်။



အင်းလေးကန်ဒေသခံများအနက် ငွေကြေးတတ်နိုင်သူများမှာ သောက်ရေသန့်များ ၀ယ်ယူသောက်သုံးနိုင်သော်လည်း အများစုမှာမူ ကန်တွင်းရေကိုသာ အားထားနေရသည်ဟု သိရသည်။



ငါးလုပ်ငန်းဦးစီးဌာန၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတရပ်ကလည်း အင်းလေးကန်ရေ၏ ရှိသင့်သည့် သန့်စင်မှု pH ပမာဏမှာ ရှိသင့်သည်ထက် မြင့်မားလာနေမှုကြောင့် ဒေသတွင်းရှိ ငါးမျိုးစိတ်များရှင်သန်မှုနှုန်း ကျဆင်းလာသည်ဟု ဖော်ပြသည်။

အင်းလေးကန်ရေ၏ pH ပမာဏသည် ညောင်ရွှေမှ အင်းလေးကန်သို့အ၀င် မြောင်းဝကြီးတွင် ၈.၉၊ ရေလယ်ဗိုလ်တဲတွင် ၉.၆၊ ကေလာတွင် ၈.၄၊ မိုင်းသောက်ဧရိယာတွင် ၉.၁၊ နန့်ပန်ဧရိယာတွင် ၈.၉၊ အင်းပေါခုံဧရိယာတွင် ၉.၃၊ ဖောင်တော်ဦးဘုရား ၀န်းကျင်တ၀ိုက်တွင် ၉ ရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။

သောက်သုံးရန် သင့်တော်သော ရေ၏ သန့်စင်မှု pH ပမာဏမှာ ၇ ဖြစ်သည်။



နွေရာသီ ရောက်ခါနီးအချိန်တွင် အင်းလေးကန်၏ နေရာအချို့တို့၌ ရေပမာဏ လျော့နည်းလာခြင်း၊ ရေခန်းခြောက်လာခြင်းများ စတင်ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

ရေပမာဏ ဆိုးရွားစွာ လျော့ကျလာပါက ရေထုညစ်ညမ်းမှု ပိုများလာပြီး သောက်သုံးရေအခက်အခဲများ ကြုံလာရမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။


“ရေနည်းသွားရင်တော့ ရေညစ်ညမ်းတာတွေ အထူးဖြစ်လာမယ်။ ရေက သုံးလို့မရအောင် ဖြစ်မယ်ဆိုရင် ကန်ထဲမှာနေတဲ့ လူသိန်းချီပြီး ရေအငတ်ဘေး ကြုံရနိုင်တယ်။ ဒီလိုဖြစ်လာရင် ရေချိုရေသန့်ကို ဒီဒေသက လူတွေ ရနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးနေတယ်။ ဒါကို အဓိက အလေးပေးလုပ်ဖို့ လိုနေတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ NGO တခုဖြစ်သည့် EcoDev ၏ အမှုဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူက ပြောသည်။



အင်းလေးကန်သို့ လာရောက်လည်ပတ်လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွားအရေအတွက် တိုးလာသကဲ့သို့ ကန်တွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ တိုးပွားလာခြင်းကြောင်း ကန်တွင်း အညစ်အကြေး ကျရောက်မှု ပမာဏများလာခြင်းသည်လည်း ကန်ရေညစ်ညမ်းရသည့် အကြောင်းရင်းတရပ်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြသည်။



“ခရီးသွားလုပ်ငန်းက ဒေသတွင်း ၀င်ငွေအခွင့်အလမ်း၊ စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်စေတာ မှန်ပေမယ့် တဖက်ကလည်း ခရီးသွား ဧရိယာများလာ၊ ကန်ဧရိယာကလည်း နည်းလာနေတော့ အညစ်ကြေးတွေများ များလာမယ်။ ဒေသခံတွေကိုချည်း ပညာပေးနေလို့ မရဘူး။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ခရီးသွားဇုန်လိုမျိုး သတ်သတ်မှတ်မှတ်ထားဖို့၊ သင့်တော်တဲ့ ဥပဒေအကြောင်းအရာနဲ့ ထိန်းပြီးလုပ်ဖို့၊ အစိုးရပိုင်းက ပါဝင်ဖို့လည်း လိုနေတယ်” ဟု ဦးဝင်းမျိုးသူက ဆိုသည်။



၎င်းကဆက်လက်၍ “အရေးတကြီး လုပ်ရမှာတွေကတော့ အများကြီးပဲ။ အခု ကျနော်တို့ လုပ်နေတဲ့ အတိုင်းအတာလောက်နဲ့ကတော့ ဆင့်ပါးစပ် နှမ်းပက်နေရသလို ဖြစ်နေတယ်။ အဖက်ဖက်က ကူညီထောက်ပံ့မှုတွေ လိုနေတယ်” ဟု ပြောသည်။

အင်းလေးကန် ညစ်ညမ်းလာခြင်းမှာ လူဦးရေတိုးလာခြင်း၊ ဟိုတယ် စားသောက်ဆိုင်များ များလာခြင်း၊ ခရီးသွားလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းက ယမန်နှစ် စက်တင်ဘာလအတွင်းက လွှတ်တော်တွင် တင်ပြခဲ့သေးသည်။






ပြီးခဲ့သည့် ၂၀၁၀ နွေရာသီအတွင်းက အပူချိန်မြင့်မားမှုနှင့် မုတ်သုန်အ၀င် နောက်ကျခြင်းတို့ကြောင့် နိုင်ငံတ၀န်း မိုးခေါင် ရေရှားမှုများဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား ၀န်းကျင်ဒေသများတွင် ရေခန်းခြောက်မှု ဆိုးဝါးစွာ ဖြစ်ပေါ်ခဲ့သေးသည်။



ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု၏ အကျိုးဆက်ဒဏ်ခံရသည့် ဒေသတခုဖြစ်သော အင်းလေးကန်၏ ရေဝေရေလဲ ဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ပင်းတယ စသည့် ဒေသများတွင် သစ်တောပြုန်းတီးမှုများက ကန်ရေပမာဏ လျော့နည်းစေသော အကြောင်းရင်းတရပ်ဖြစ်၍ သစ်တောများ ထိန်းသိမ်းမှု လုပ်ဆောင်ရန်လည်း လိုအပ်နေသည်ဟု သိရသည်။




ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော အင်းလေးကန်သည် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး၊ ဖောင်တော်ဦးဘုရား၊ လှေကို ခြေဖြင့်လှော်သော အင်းသူအင်းသားများ၊ ရေကန်တွင်း တည်ဆောက်ထားသော ခြေတံရှည်အိမ်များ စသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် နိုင်ငံခြားသား ခရီးသွားများအပြင် ပြည်တွင်း ဘုရားဖူးများကိုပါ ဆွဲဆောင်နိုင်သည့် အထင်ကရ နေရာ ဒေသတခုဖြစ်သည်။
Ref: Ayeyarwady

ငှက်များ ဆင်ကိုတိုက်ခိုက်



ရေသောက်ဆင်းလာတဲ့ ဆင်နှစ်ကောင်ကို ငှက်များ အုပ်စုလိုက် အပြင်းအထန်တိုက်ခိုက်နေတာကို ယခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Satao Camp water hole အမည်ရ ရေကန်မှာ ကျက်စားနေတဲ့ ငှက်တွေဟာ သူတို့ သောက်သုံးနေ တဲ့ရေကို ဆင်တို့လာရောက်သောက်သုံးခြင်းအား မနှစ် သက်ကြလို့ဖြစ်ပါတယ်။

နေရာဒေသကတော့ ကင်ညာနိုင်ငံအရှေ့ပိုင်းဖြစ်ပြီး ရေသံယံဇာတ ရှားပါးတဲ့ဒေသတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

Ref:news.cn
ရေသောက်ဆင်းလာတဲ့ ဆင်နှစ်ကောင်ကို ငှက်များ အုပ်စုလိုက် အပြင်းအထန်တိုက်ခိုက်နေတာကို ယခုလိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Satao Camp water hole အမည်ရ ရေကန်မှာ ကျက်စားနေတဲ့ ငှက်တွေဟာ သူတို့ သောက်သုံးနေ တဲ့ရေကို ဆင်တို့လာရောက်သောက်သုံးခြင်းအား မနှစ် သက်ကြလို့ဖြစ်ပါတယ်။ နေရာဒေသကတော့ ကင်ညာနိုင်ငံအရှေ့ပိုင်းဖြစ်ပြီး ရေသံယံဇာတ ရှားပါးတဲ့ဒေသတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

Friday, March 9

ပေါက်ဖော်တို့ကတော့ လုပ်ချထားတာပဲ

တရုတ်ပြည်က ဂေါ်ဖီအတု...

ကျွန်တော်တို့ ရွှေပြည်ကြီးရဲ့ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်ကြီးများကတော့ တစ်မျိုးနဲ့ တစ်မျိုး
မရိုးရအောင်ပါပဲ....
အခုတစ်ခါလည်း ဂေါ်ဖီအတုပါတဲ့ ...
ဘယ်သူသေသေ ကိုယ်ချမ်းသာယင်ပြီးရောဆိုတဲ့ စိတ်ထားရှိတတ်ကြတာ အံ့ သြလို့ မဆုံးပါ
ဘူး...
ဒီလိုစိတ်မျိုးဆိုတာကလည်း တရုတ်မှ၊ ဗမာမှ၊ ကုလားမှ မဟုတ်ပါဘူးလေ...
တစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား၊ ခံယူချက်နဲ့ ဆိုင်ပါတယ်...
ဘာပဲဖြစ်ဖြစ်လောလောဆယ်တော့ အင်တာနက်ပေါ်ရောက်လာတာ တရုတ်ပြည်ကမို့ တရုတ်
လုပ် အစားအစာအပြင်၊ အသီးအနှံပါ စိတ်မချရဘူးဆိုတာ သတိပြုစေချင်ပါတယ်...














ကဲဗျာ ....
ဘယ်သူများ ဘာတတ်နိုင်ကြသေးတုံး...
ရိုက်ချက်ကတော့ ကမ်းကုန်ပါပဲ...
ကိုပီတာမှ ကူးယူတင်ပြအပ်ပါသည်

နေပြည်တော်ရှိ ထူးဆန်းသည့် ကျောက်တုံးကြီးကို လာကြည့်သူ များပြားနေ

နေပြည်တော်တွင် ယခုအခါ လူအများ စိတ်ဝင်စားလျက်ရှိသည့် ထူးဆန်းသော ကျောက်တုံးကြီးအား သွားရောက် လေ့လာ ကြည့်ရှုသူ များလျက် ရှိကြောင်း သိရသည်။ လူအများ စိတ်ဝင်စားနေသည့်
ကျောက်တုံးကြီးမှာ ကျိုက်ထီးရိုးဘုရား ကျောက်တုံးကြီးကဲ့သို့ပင် အလားသဏ္ဌာန် တူညီသော ကျောက်တုံးစွန်း တစ်ခုတွင် တည်ရှိနေပြီး အောက်ခံ ကျောက်တုံး အစွန်း၌ ဟန်ချက်ညီစွာ တည်ရှိနေပြီး
တွန်းကြည့်က လှုပ်၏။ အောက်ခံ ကျောက်မျက်နှာပြင်နှင့် အပေါ် ကျောက်တုံး ထိစပ် မျက်နှာပြင်အောက်မှ ဝါးခြမ်းပြားနှင့် ထိုးကြည့်လျှင် လွတ်ကြောင်း တွေ့ရှိရသည်။ ၎င်း ကျောက်တုံးကြီး တည်ရှိရာ
နေရာမှာ နေပြည်တော် ပျဉ်းမနားမြို့
အရှေ့ဘက် ပေါင်းလောင်းမြစ်အား ကျော်လွန်ပြီး တောင်ပေါ် ကျေးလက်တိုင်းရင်းသားများ နေထိုင်ရာ ကူးတို့ဆိပ် ကျေးရွာအုပ်စု တောင်ဘက်စွန်း ရွှေပြည်သာယာ
ကျေးရွာ အရှေ့တောင်ဘက် ကျောက်အိုင် တောင်ကြောပေါ်တွင် တည်ရှိပြီး ပျဉ်းမနားမြို့မှ သွားလျှင် ၁၂ မိုင် ၁၃ မိုင်ခန့် ဝေးကြောင်း သိရသည်။ ကျောက်တုံးကြီး တည်ရှိမှန်း သိရှိဖော်ထုတ်သူမှာ
ပျဉ်းမနားမြို့၊ ကန်ဦးကျွန်းတော ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးမာနိတ ဖြစ်ပြီး ဆရာတော်အား ၎င်းအရပ်၌ ကျိုက်ထီးရိုးဘုရား အဆင်းသဏ္ဌာန်တူ ကျောက်တုံးကြီးရှိကြောင်း အိပ်မက်အရ
ဆရာတော် ဦးမာနိတနှင့် ပျဉ်းမနားမြို့မှ ဓာတ်ပုံဗီဒီယို ရိုက်ကူးရေး လုပ်ငန်း လုပ်သူ ဦးချစ်ကို၊ အဖော်နှစ်ဦး ပေါင်း လေးဦးတို့သည် အိပ်မက်ပါအတိုင်း ၎င်းအရပ်သို့ သွားရောက်၍ ဒေသခံတစ်ဦး
ဖြစ်သည့် ကိုဟန်ငြိမ်းဦး ဆိုသူအား ဤတောင်ကြောပေါ်တွင် ကျိုက်ထီးရိုးဘုရား အလားသဏ္ဌာန်တူ ကျောက်တုံးကြီးများ တွေ့မိသလား မေးမြန်းရာမှ ဤတောင်ကြောတွင် အမှန်တကယ် ရှိကြောင်း
ပြောသဖြင့် ကိုဟန်ငြိမ်းဦး လမ်းပြရှာဖွေရာမှ တွေ့ရှိခဲ့ကြောင်း ဆရာတော် ဦးမာနိတက မိန့်ကြားသည်။


“ဒီကျောက်တုံးကြီးက ဟိုကတည်းက ရှိနေခဲ့တာ။ ကျွန်တော်တို့ တောင်ကြောပေါ် ဒီကျောက်တုံးကြီးအောက် လိုဏ်ဂူထဲမှာ မီးသွေးဖုတ်စဉ်က ဒီကျောက်တုံးကြီးက တင်ရုံ တင်နေတာ။
ငလျင်တွေဘာတွေလှုပ်ရင် ကျောက်တုံးကို ပြုတ်ကျရင် အခက်တွေ့မယ်ဆိုပြီး ကုတ်နဲ့ လူငါးဦးခန့် ကုတ်နဲ့ ကော်ချခဲ့ဖူးတယ်။ လှုပ်သာလှုပ်တယ် ပြုတ်ကျမသွားဘူး” ဟု ဦးသိန်းလွင် (တပ်မတော်အငြိမ်းစား) ယခု ရွှေပြည်သာယာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဖြစ်နေသည့် ဦးသုမနက ပြောပြသည်။ ကျောက်တုံးကြီး၏ အရွယ်အစားမှာ လုံးပတ် ၃၈ ပေ ၁၀ လက်မ၊ အလျား ၁၈ ပေ၊ အနံ ၁၁ ပေ လေးလက်မ၊ အမြင့် ၁၀ ပေ လေးလက်မ ရှိပြီး အောက်ခံ ကျောက်ပြားနှင့် ကျောက်တုံး ထိစပ် ဧရိယာ အလျား သုံးပေ ၉ လက်မ၊ အနံ နှစ်ပေ နှစ်လက်မ ရှိကြောင်း၊ ကျောက်တုံးကြီး ကျောက်စွန်းထွက် ဧရိယာမှာ ၆၆ ပေ ရှိကြောင်း သိရသည်။ “ဒီတောင်ကြောကိုတော့ ကျောက်အိုင်တောင်ကြောဟု ခေါ်တယ်။ ဘာလို့ ကျောက်အိုင်တောင်ကြောလို့ ခေါ်လဲဆိုရင် ဒီတောင်ကြောပေါ်မှာ အခု ကျောက်တုံးကြီးနှင့် အနီးပတ်ဝန်းကျင်မှာ ကျောက်အိုင်ကြီး ရှိပြီး ဒီကျောက်အိုင်ရဲ့ ရေအနက်ကတော့ လူကြီး လက်ခုပ်တစ်ဖောင် နက်တယ်။ အကျယ်ကတော့ ၁၅ ပေ ပတ်လည်ခန့် ရှိမယ်။ ကျောက်အိုင်ရဲ့ အနီးဝန်းကျင်မှာတော့ နတ်ရေတွင်း တစ်ခု ရှိတယ်။ အနက် တစ်ပေခွဲလောက် ရှိတယ်” ဟု ၎င်း ဒေသခံ ကိုဟန်ငြိမ်းဦးက ပြောသည်။ ယခုအခါ ၎င်း ကျောက်တုံး အထက်၌ စေတီတစ်ဆူ တည်ရန်အတွက် သာသနာရေး ဝန်ကြီးဌာနသို့ လျှောက်ထားရန် ဂေါပက အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၎င်း ကျောက်တုံးကြီးအား လာရောက် လေ့လာသူများ မကြာခဏ ရောက်ရှိကြောင်း သိရသည်။

Monday, February 20

ဗိုလ်ချုပ်ဟာ ပါတီပိုင်လား ? တိုင်းပြည်ပိုင်လား ?



အန်အယ်ဒီ ပါတီ နိုင်ငံရေးစည်းဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခြင်းနဲ့ အတူ ကျနော်သဘောမကျသော အချက်တချို့လည်းဒန်တွဲ၍ပါလာသည် ။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်လှုပ်ရှားမှု့ တစ်လျှောက် နှင့် အန်အယ်ဒီ ပါတီရုံးခွဲများတွင် အများဆုံးတွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းပုံကြောင့်
လည်း စိတ်ထဲတွင်မသက်မသာဖြစ်မိသည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ဖြစ်သည် ။ တပ်မတော်ကို စတင်ဖွဲ့စည်း
ခဲ့သော တပ်မတော်၏ ဖခင်လည်းဖြစ်သည် ။ တိုင်ပြည်ထူထောင်ခဲ့သော တိုင်းပြည်၏ ဖခင်လည်း ဖြစ်နေပြန်သေးသည် ။ အခုတလောတွင် အန်လယ်ဒီရုံးများရှေ့ မျက်နှာစာတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် အမေစု ပုံများကို ပူးတွဲ၍ချိတ်ဆွဲထားသည်ကိုလည်း မကြာခဏမြင်တွေ့နေရသည် ။

နိုင်ငံရေးမဆက်နွယ်သော တိုင်းသူပြည်သူတစ်ယောက်လို ခံစား၍ တိုင်းသူပြည်သားတစ်ယောက်လို ပြောဆိုပါမည် ။ ထိုအန်အယ်ဒီရုံးများတွင်
ဗိုလ်ချုပ်ပုံ ကို အပြင်ထုတ်ဗန်းပြ၍ချိတ်ဆွဲထားသည်ကို မနှစ်မသက်ဖြစ်မိသည် ။ အဘယ်ကြောင့်နည်း . . . ဗိုလ်ချုပ်သည် တိုင်းပြည်၏ ပြယုဒ်သာ
ဖြစ်သင့်သည် . . . ဗိုလ်ချုပ်သည် ပါတီတစ်ခု ၊ အစိုးရတစ်ခု ၊ အဖွဲ့အစည်းတစ်ခု၏ ပြယုဒ်မဖြစ်စေလိုပါ ။ ဗိုလ်ချုပ်သည် မိသားစုတစ်ခုပိုင်ဟု
သဘောမထားနိုင် ။ ဗိုလ်ချုပ်သည် တိုင်းပြည်ပိုင်သာ ဖြစ်သည် ဟု ခံယူပါသည် ။ အမေစုသည် ဗိုလ်ချုပ်၏ သမီးဖြစ်သည်ကားမှန်သည် . . .
ထိုအတူ မြန်မာနိုင်ငံသားအားလုံးသည်လည်း ဗိုလ်ချုပ်၏ သားသမီးများ ဖြစ်နေပြန်သေးသည် ။


အန်အယ်ဒီပါတီသည် မဲဆွယ်စည်းရုံးရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ ၊ အန်အယ်ဒီပါတီ၏ အီးစီ နှင့် စီအီးစီတို့ ၏ ပုံများနှင့်သာ မဲဆွယ်စည်း
ရုံးသင့်သည် ဟု ယူဆမိပါသည် ။ အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်သက်ရှိထင်ရှားရှိနေသည်ကားမဟုတ် . . . အန်အယ်ဒီပါတီကြီးကိုယ်တိုင်က ဗိုလ်ချုပ်
ကို ပြပြီးမဲဆွယ်လျှင် တခြားပါတီတွေရော မည်ကဲ့ သို့ ခံစားရမည်နည်း ။ ထိုအပြင် အန်အယ်ဒီပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်
လောင်းများ ရွေးချယ်ပုံကို သိပ်မဘောမတွေ့လှပါ ။ ကိုယ်စားလှယ်လောင်းများသည် ပြည်သူလူထု၏ ကိုးစားခံရသူများဖြစ်သင့်သည် ။ ကိုယ်စားလှယ်
လောင်းများ သည် အန်အယ်ဒီပါတီ၏ ခေါင်းစီး ပါဝါကြောင့် အနိုင်ရသည်မျိုးကား မဖြစ်သင့် . . . မိမိပင်ကိုယ်အစွမ်းအစပြပြီး အနိုင်ရသည်က ပို၍ သင့်တော်ပေလိမ့်မည် ။ အမှန်အတိုင်းဆိုပါရလျှင် အန်အယ်ဒီသည်ကြံ့ဖွံ့ထက်စာလျှင် ပြည်သူလူထူ၏ ကိုးစားမှု့ကို အပြည့်အ၀ရရှိပြီးသော ပါတီကြီး
ဖြစ်သည် ။ ယခင်အစိုးရကို ထိထိမိမိ ဆန့်ကျင်ခဲ့သော တခုထည်းသောအတိုက်အခံပါတီကြီးလည်း ဖြစ်သည် ။ ထိုကဲ့ သို့ ပါတီကြီးကို အချို့သော
ကိစ္စများတွင် ပြည်သူများ စိတ်စနိုးစနှောင့် ဖြစ်မိသည်ကား အမှန်ပင်ဖြစ်သည် ဟု ပြည်သူတစ်ယောက် အနေဖြင့် မှန်ရာကို ဆိုပါ၏ ။

( နိုင်ငံရေးသမားစစ်စစ်များသည် အကြောင်းအရာများကို မိမိလိုရာဘက်သို့ ဆွဲငင်၍ ၊ မီဒီယာသမားများစစ်စစ်များသည် အကြောင်းအရာများကို မိမိမြင်သည့်အတိုင်း သမာသမတ်ကျကျ တင်ပြသည် )

မာဃလုလင်

(http://margaluelin.blogspot.com/)

Friday, February 10

ငါးရဖို့က အဓိက ကုမ္ပဏီ ၂၃ ခု၏အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း



ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။

နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။

မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။

ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။

ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၅,၀၀၀ တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ၀မ်းသာခဲ့ သော ပြည်သူများအတွက်လည်း မြန်မာ့ ဆက်သွယ်ရေးမှ ထိုကိစ္စဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ် လိုက်သော အခါ ဖျတ်ခနဲ ၀မ်းသာရာကနေ ၀မ်းနည်းကြရတော့သည်။

သို့သော် ပြည်သူများ သတိမထားမိသည့်အချက်မှာ လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ၂၃ ခုက အဆိုပါ ကျပ် ၅,၀၀၀ ဈေးဖြင့် သူတို့လည်း ရောင်းချပေးပါမည်။ သို့မဟုတ် လူတိုင်း ဖုန်းကိုင်နိုင်ရန် မည်မျှအထိ ဈေးလျှော့ ရောင်းနိုင်ပါသည်ဟူသော အသံလုံးဝ ထွက်မလာခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီများက ကျပ် ၅,၀၀၀ ဖြင့်ပင် ရောင်းနိုင်သော ဖုန်းကတ်ကို ကျပ် ငါးသိန်းအထိ ဈေးတင်ပြီး ဖုန်းတစ်လုံး ရောင်းရတိုင်း ရောင်းသင့်ရောင်းထိုက်သောဈေးထက် အဆ ၁၀၀ ကျော် အမြတ်အစွန်း ရယူရောင်းချခဲ့ပြီးဖြစ်သည်။

ပြည်သူများဆန္ဒမှာ မြန်မာ့ဆက်သွယ်ရေးက ရောင်းသည်ဖြစ်စေ၊ မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီး ၂၃ ခုက ရောင်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကျပ် ၅,၀၀၀ ဖြင့် ဖုန်းကတ်ရောင်းနိုင်သည်ဟု ကြေညာလိုက်သော ရွှေပြည်တံခွန်က ရောင်းသည်ဖြစ်စေ၊ ၀ယ်ယူသုံးစွဲကြမည့် သူချည်း ဖြစ်သည်။

ထို့ကြောင့်လည်း ယခုရေးသည့်စာ၏ ခေါင်းစဉ်ကို ငါးရဖို့က အဓိကဟု ရေးလိုက်ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးနှင့် လက်ရှိတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများသည် အခြားသူများနှင့် ယှဉ်ပြိုင်ပြီးမှ ယခုကဲ့သို့ လုပ်ပိုင်ခွင့်ရနေ ခြင်းမဟုတ်သည်ကတော့ သေချာသည်။

နိုင်ငံတော်သည် နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့်အတူ စီးပွားရေးစနစ်လည်း ပြောင်းလဲနေပြီဖြစ်သည်။

လက်သင့်ရာ ခေါ်ပြီး စားတော်ခေါ်စေသည့်အခြေ အနေမျိုးလည်း ယခုကျင့်သုံးနေသည့် စနစ်နှင့် မကိုက်ညီတော့ပြီဖြစ်သည်။

ထို့ကြောင့်လည်း တယ်လီဖုန်း ကတ်ကိစ္စ နှင့်ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားနေချိန်တွင် အဆိုပါကုမ္ပဏီကြီးများသည် အသံတိတ်ပြီး သူတို့နှင့်မဆိုင်သလို မျက်နှာလွှဲခဲပစ် နေနိုင်ကြခြင်းဖြစ်သည်။

ယခုခေတ်သည် ယခင်ကာလကဲ့သို့ အစစအရာရာ ပိတ်ဆို့ထားသည့် ကာလမဟုတ်သဖြင့် တယ်လီဖုန်းကတ်တစ်ခု ထုတ်လုပ် စရိတ်သည် ကျပ် ၁,၀၀၀ အောက်သာရှိကြောင်း လူတိုင်းသိနေကြပါသည်။

အစိုးရဌာနများသည် သူတို့၏ ၀န်ဆောင်မှု၊ သို့မဟုတ် ရောင်းချသည့် ပစ္စည်းကို ဈေးတင်လိုသောအခါ နိုင်ငံတကာဈေးကွက်တွင် မည်မျှဈေးရှိနေပြီ၊ နိုင်ငံတ်ာအနေဖြင့် မည်မျှအရှုံးခံရောင်းနေရသည်ဟု ပြောကြားပြီး ဈေးတက်လေ့ရှိသည်။

သို့သော် နိုင်ငံတကာတွင်ဖုန်းပြောခသာကောက်ခံပြီး အလကားပေးနေသော တယ်လီဖုန်းကတ်ကို အဘယ်ကြောင့် ဈေးလျှော့ မရောင်းပါသနည်း။

ဆက်သွယ်ရေးကို တစ်နှစ်လျှင် အမြတ်ငွေ မည်မျှအထိ ရှာပေးရမည်ဟု သတ်မှတ်ပေးခြင်းအစား ကုန်ကျစရိတ် ကာမိစေရန်၊ အရှုံးမပေါ်ရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်သတ်မှတ်သင့်ချိန် ရောက်နေပြီဖြစ်သည်။

နိုင်ငံတကာတွင် ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စများ၌ ပြည်သူများ ၀န်မပိစေရန် အစိုးရက ထောက်ပံ့ ကျားကန်ပေးသည့် အစဉ်အလာများ ရှိပါသည်။

ထိုသို့ဆိုရသော် ၀န်ထမ်းများလစာနှင့် အခြားအစိုးရ အသုံးစရိတ်များကို မည်သည့်ငွေဖြင့် ပေးချေမည်နည်းဟု အထွန့်တက်စရာ ရှိလာသည်။

နိုင်ငံတော်၏ များပြားလှသော သဘာဝသယံ ဇာတများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာမှရသည့်ငွေသည် နှစ်စဉ်အများ အပြား ရှိပါသည်။

ထိုသို့သော သယံဇာတများကို ထုတ်ယူရောင်းချခွင့်ရနေသော ကုမ္ပဏီကြီးများထံမှ အထူးအမြတ်ခွန် (Super Tax) ကောက်ခံပြီး ၀န်ထမ်းများ လစာနှင့် အစိုးရအသုံးစရိတ်ကို ဖြေရှင်းနိုင်ပါသည်။

အများအမြင်သာဆုံးကို ပြောရလျှင် ယခင်က စားအုန်းဆီတင်သွင်းခွင့်ကို ကုမ္ပဏီတစ်ခုတည်းသို့ ချပေးထားသဖြင့် စားအုန်းဆီ ဈေးမှာ အလွန်မြင့်တက်ခဲ့ပြီး ယခု ပြိုင်ဆိုင်တင်သွင်းစေသောအခါ ဈေးပြန်ကျသွားသည်ကို အထင်အရှား တွေ့နိုင်ပါသည်။

ကုမ္ပဏီတစ်ခုတည်း တင်သွင်းခွင့်ရသည့်ကာလတွင် အဆိုပါ ကုပ္မဏီအနေဖြင့် မည်မျှမြတ်စွန်းသွားမည်ကို တွေးကြည့်နိုင်ပါသည်။

တယ်လီဖုန်းသည် ယခုခေတ်အခါတွင် ဇိမ်ခံပစ္စည်းမဟုတ်တော့ဘဲ နေ့စဉ် လူမှုဘ၀အတွက် မရှိမဖြစ်သုံးနေရသည့် ပစ္စည်းဖြစ် ပါသည်။

ထို့ကြောင့် တယ်လီဖုန်းကိစ္စကို အပြိုင်အဆိုင်လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် တယ်လီဖုန်းကတ်များကို ပြည်သူများ ဈေးသက်သာစွာဖြင့် သုံးစွဲ ခွင့်ရမည်ဖြစ်သည်။

အစိုးရ၏ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများအရ ချက်ချင်းပြောင်းလဲမရသေးလျှင်လည်း ယခုမြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသင့်ပါသည်။

ကုမ္ပဏီများကတော့ ဈေးကွက်တွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်၊ စိတ်ကြိုက်ဈေးသတ်မှတ်ရောင်းချခွင့်ရနေသည့် အရသာကို စွန့်လွှတ်မည်မဟုတ်ပါ။

ထို့ကြောင့် အစိုးရမှ ကြားဝင် ဆောင်ရွက်ပေးသင့်ပါသည်။

လက်ရှိတွင်မူ မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန်ကုမ္ပဏီအကြား ပြည်သူများ ဗျာများနေရပြီး တကယ်တမ်း အကျိုးအမြတ်ကို နင့်နေအောင် ရယူနေသော ကုမ္ပဏီကြီးများမှာ သူတို့နှင့် မဆိုင်သယောင် မသိယောင် ဆောင်နေကြပါသည်။

ကြားသိရသော သတင်းများအရ သုံးသိန်းတန်တယ်လီဖုန်းကတ်ကို အချိန်တိုအတွင်း အများဆုံးရောင်းချနေရန်သာ လုပ်ဆောင်နေ ကြသည်ဟု သိရသည်။

ကုမ္ပဏီ ၂၃ ခု၏ အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း၏ အကျိုးစီးပွား မည်သည့်ဘက်ဆိုသည်မှာ ရေးစရာပင် မလိုပါ။

ပြည်သူများကတော့ ကိုယ်တိုင် ဖမ်းလို့ရသည်ဖြစ်စေ၊ သူများပေးလို့ ရသည်ဖြစ်စေ၊ လှေပေါ်ခုန်တက်လာသည်ပဲဖြစ်စေ ငါးရဖို့က အဓိကဖြစ်ပါသည်။

CIA ညွှန်မှူး မြန်မာပြည် လာရောက်ဖွယ်ရှိ....



၂၀၀၈ ခုနှစ်က အီရတ်တွင် တွေ့ရသော David Petraeus (ထိုစဉ်က ဗိုလ်ချုပ်) နှင့် အိုဘားမား (ထိုစဉ်က လွှတ်တော်အမတ်)
ပထမ အမေရိကန်က နိုင်ငံခြားရေးဌာန အရာရှိများကို မြန်မာပြည်သို့ အဆက်မပြတ်စေလွှတ်ခဲ့သည်။ ထို့နောက် လွှတ်တော်အမတ်များ နှင့် ဟီလာရီကလင်တန်တို့ .

နေပြည်တော်သို့ သီးခြားစီ သွားရောက်ကြသည်။
ယခု အမေရိကန်အစိုးရက စေလွှတ်မည့်သူမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေ၏ ညွှန်ကြားရေးမှူး ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
ယခုနှစ်အတွင်း စီအိုင်အေညွှန်မှူး မြန်မာပြည်သို့ သွားရောက်နိုင်ချေရှိသည်ဟု ယိုးဒယား အရာရှိများကို ကိုးကားပြီး New York Times သတင်းစာ အွန်လိုင်းတွင် ယနေ့ ရေးထားသည်။
ဤသတင်းမှာ ဒဏ်ခတ်သူအမေရိကန် နှင့် ဒဏ်ခတ်ခံရသူ စစ်ခေါင်းဆောင်များ ကြီးစိုးသည့် မြန်မာအစိုးရတို့ ဆက်ဆံရေး နွေးထွေးလာခြင်း၏ နောက်ဆုံး ဖြစ်ထွန်းမှုဖြစ်သည်။
စီအိုင်အေညွှန်မှူး David Petraeus သည် တနင်္လာနေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး သူ၏ မြန်မာပြည်ခရီးစဉ်အကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ယခုနှစ်ကုန်ပိုင်း မြန်မာပြည်သို့သွားရန် ဟီလာရီကလင်တန်က ညွှန်ကြားခဲ့သည်ဟု David Petraeus က ဘန်ကောက်တွင် ပြောဆိုကြောင်း New York Times က ရေးထားသည်။
စီအိုင်အေသည် အမေရိကန်ဟ ၁၉၄၇ အမျိုးသားလုံခြုံရေးအက်ဥပဒေအရ ပေါ်ပေါက်လာသည့် ထောက်လှမ်းရေးအဖွဲ့ဖြစ်ပြီး ကမ္ဘာတလွှားတွင် လှုပ်ရှားခဲ့သည်။ အမေရိကန်အစိုးရသည် သတင်းအချက်အလက်အတွက် စီအိုင်အေတခုတည်းကို အားကိုးနေခြင်းမဟုတ်ပေ။
ရန်ကုန်မြို့ အမေရိကန်သံရုံး အပါအ၀င် နိုင်ငံတကာရှိ အမေရိကန်သံရုံးများထံမှလည်း ထောက်လှမ်းရေးသတင်းများ ရရှိနေသည်။
ယခင်က မြန်မာနှင့် အမေရိကန်တို့ ထောက်လှမ်းရေးဆိုင်ရာ လက်တွဲမှုများ ရှိခဲ့သည်။
မြန်မာထောက်လှမ်းရေး အများအပြားကို အမေရိကန်က လေ့ကျင့်ပေးခဲ့သည်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများ မရှိတော့ကြောင်း သိရသည်။
၁၉၈၈ အာဏာသိမ်းမှုကာလမှ အစပြုပြီး မြန်မာပြည်အတွင်း ပေါ်ပေါက်လာသော အစိုးရ၏ ဖိနှိပ်မှု ရက်စက်မှုများကြောင့် အမေရိကန်က မြန်မာပြည်ကို သံအဆက်အသွယ် အဆင့်နိမ့် ဆက်ဆံခြင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်းများဖြင့် တုံ့ပြန်ခဲ့သည်။

မြန်မာဗိုလ်ချုပ်များကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို စီအိုင်အေလက်ကိုင်တုတ်များဟု တံဆိပ်ကပ်ခဲ့သည်။

မြန်မာ့နိုင်ငံရေးသမားများမှာ စီအိုင်အေနှင့် အဆက်အသွယ် ရှိသည်ဟူသော အထောက်အထား မရှိသော်လည်း ထိုစဉ်က စစ်အစိုးရက ထိုသို့ တံဆိပ်ကပ်ခဲ့သည်။

မြန်မာ့နိုင်ငံရေးသမားများသည် ကွန်မြူနစ်များဖြစ်သည်ဟုလည်း စစ်အစိုးရက စွပ်စွဲခဲ့ဖူးသည်။

Thursday, January 19

မိန်းကလေးများသထိထားရန်ကူးယူတင်ပြလိုက်သည် ..သတိ....



အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့
ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါစေ။
မှတ်ချက်။ ။ ဘကြီး သက် မှ ကူးယူတင်ပြခြင်းဖြစ်သည်။

Tuesday, January 17

ကားဝယ်ရန်သွားရာမှ လေယာဉ်ပျံဝယ်ခဲ့သည့် ခင်ပွန်းနှင့် ဇနီးဖြစ်သူ ပြဿနာဖြစ်



လေယာဉ်သည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သလို နှစ်ပေါင်း အတန်ကြာအတွင်း တစ်ကြိမ်တစ်ခါမျှလည်း လေထဲမပျံဖူးသေးချေ။
ကားသွားဝယ်သော်လည်း လေယာဉ်ပျံဝယ်ကာ ပြန်ရောက်လာသည့် ခင်ပွန်းသည်ကြောင့် လင်မယားနှစ်ဦး ပြဿနာ တက်နေကြောင်း သိရသည်။ အီရတ်နိုင်ငံမှ မူစတာဖာ အဇစ်သည် ပေါင်စတာလင် (၇၀၀၀)မျှ တန်ကြေးရှိသည့် အီရတ်သုံးငွေကို ယူဆောင်ကာ ပိုရှေးကားလေးတစ်စင်း ဝယ်ယူရန် အိမ်မှ ထွက်သွားသည်။ ယင်းငွေကို ကားဝယ်ရန် ရည်ရွယ်ချက်ဖြင့် လင်မယားနှစ်ဦး စုဆောင်းထားခြင်းဖြစ်သည်။
သို့သော် ၎င်းပြန်လာချိန်တွင် ချက်နိုင်ငံ၌ တည်ဆောက်ခဲ့သော MiG တိုက်လေယာဉ် အဟောင်းတစ်စင်းသာ ပါလာသည်။ အသက်(၄၅)နှစ်ရှိ အဇစ်သည် ယင်းလေယာဉ်ကို လေယာဉ်ဟောင်း စုဆောင်းသူ တစ်ဦးထံမှ ဝယ်ယူလာခြင်းဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဇနီးဖြစ်သူ မာမူသည် ထိုလုပ်ရပ်ကြောင့် အလွန်ဒေါသထွက်နေကြောင်း သိရသည်။ ထိုလေယာဉ်သည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သလို နှစ်ပေါင်း အတန်ကြာအတွင်း တစ်ကြိမ်တစ်ခါမျှလည်း လေထဲမပျံဖူးသေးချေ။
နောက်ပိုင်းတွင် အဇစ်က မိမိ စိတ်ထင်ရာ လုပ်ခဲ့မိကြောင်း ဖွင့်ဟ ဝန်ခံခဲ့သည်။ “ကျွန်တော့်မိန်းမက ကျွန်တော်လုပ်ခဲ့တာကို မပျော်နိုင်ဘူး။ ကျွန်တော့်ကိုလည်း ပေါကြောင်ကြောင်ကောင်လို့ ခေါ်တယ်”ဟု ၎င်းက ဆိုသည်။ ၎င်းက ဆက်လက်၍ “ဘာပဲဖြစ်ဖြစ် သူဟာ နားလည်မှုရှိတဲ့ ဇနီးကောင်း တစ်ယောက်ဆိုတော့ အဆင်ပြေသွားပါတယ်”ဟုလည်း ပြောကြားသွားသည်။

MiG 15 လေယာဉ်သည် အာဏာရှင် ဆာဒမ်ဟူစိန် လက်ထက်က လေတပ်တွင် အသုံးပြုခဲ့ပြီးနောက်ပိုင်း (၈)နှစ်လုံးလုံး မပျံသန်းတော့ဘဲ မြေစိုက်အနေအထား ဖြစ်နေခဲ့သည်။ အဆိုပါ လေယာဉ်ကို လင်မယားနှစ်ဦး၏ ကားဂိုဒေါင်ထဲတွင် ထားရန်မှာလည်း မဖြစ်နိုင်လောက်အောင် ကြီးမားနေကြောင်း သိရှိရသည်။

Source: DailyChilli

Saturday, December 24

ပညာသင်နှစ်တစ်နှစ်ထပ်တိုးမည်

ဘွဲ့ကြိုဘွဲ့လွန် ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ၊ နည်းပညာရှင်များသည် အမှန်တကယ်တော်သော၊ တတ်သောသူများဖြစ်စေရန် ဆရာ၊ ဆရာမများပေါ်တွင် မူတည်နေ

လာမည့်ပညာသင်နှစ်မှစ၍ သိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်များနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များအား ပညာသင်နှစ်တစ်နှစ်ထပ်တိုး သင်ကြားစေတော့မည်ဟု သိပ္ပံ၊ ဝိဇ္ဇာနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်သို့ သွားရောက်သော ၄င်း၏ခရီးစဉ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

စက်မှုနိုင်ငံ ထူထောင်မည်ဆိုပါက နည်းပညာရှင်များ၏ အရည်အသွေး ပြည့်ဝမှုအပေါ်တွင် များစွာအခြေခံကြောင်း၊ နိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ် ၆၁ ခုသည် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုနိုင်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတွင် စက်မှုကဏ္ဍဖွံ့ဖြိုးလာစေရန် နည်းပညာရှင် အရေအတွက် များစွာမွေးထုတ်ပေးရဦးမည်ဟု ဒုတိယသမ္မတက ပြောကြားသည်။ ထို့အပြင် တက္ကသိုလ်အသီးသီးက မွေးထုတ်ပေးလိုက်သော ဘွဲ့ကြိုဘွဲ့လွန် ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ၊ နည်းပညာရှင်များသည် အမှန်တကယ်တော်သော၊ တတ်သောသူများဖြစ်စေရန် ဆရာ၊ ဆရာမများပေါ်တွင် မူတည်နေကြောင်းလည်း ဒုတိယသမ္မတက ဆက်လက် ပြောကြားသွားသည်။

Ref: TheMirror, Photo: UCSY

Saturday, December 17

မိမိကိုယ်ကိုယ်သတ်သေခြင်းမှ ကာကွယ်ရန် facebook မှကူညီမည်

Facebook မှ မိမိကိုယ်ကိုယ် သတ်သေခြင်း၏ ဘေးအန္တရယ်ကို ကာကွယ်ရန်အတွက် ဆွေးနွေး အတိုင်ပင်ခံသည့် စနစ်ဖြင့် ကယ်တင် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။ လူမှုရေးကွန်ယက် တစ်ခုဖြစ်သော Facebook တာဝန်ခံ Fred Wolens မှပြောကြားခဲ့သည်မှာ..
အသက်အန္တရယ်ကို ထိခိုက်နိုင်သည်အထိ စိတ်ဓါတ်အင်အား ကျဆင်းနေသောသူများကို ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းမှ လွတ်မြောက်ရန် ဆွေးနွေးတိုင်ပင် ကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။ လူဦးရေ သန်း800 ကျော် သုံးစွဲနေသော လူမူရေးကွန်ယက်တစ်ခုဖြစ်သည့် Facebook မှ မိမိကိုယ်ကိုယ်သတ်သေမည့် သဲလွန်စများ၊ အရေးအသားများကို တွေ့ရှိသူတိုင်း သတင်းပို့ ပေးနိုင်ပါသည်။ မိမိ မိတ်ဆွေ သူငယ်ချင်း အနေဖြင့် အကူအညီမဲ့ ဖြစ်နေပြီး အသက်အန္တရယ်ရောက်နေသည်ကို သိရှိပါက သတင်းပို့ ပေးနိုင်ကြောင်း သိရသည်။
အကယ်၍ လူတစ်ယောက်သည် အသက်အန္တရယ်ကို ထိခိုက်စေမည့် post များကို တင်ထားပါက အချိန်မီ သတင်းပို့နိုင်ပြီး တစ်ဦးချင်းစီ၏ အခက်အခဲများအတွက် အားပေး ဆွေးနွေးမှု များ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စများ ဖြစ်ပွားလာပါက facebook မှတိုက်ရိုက် ယင်းပုဂ္ဂိုလ်အား ဆက်သွယ်ပြီး ကယ်တင် ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်းနှင့် ယင်းဖြစ်ရပ်အတွက် သတင်းပေးပို့ပါက ပေးပို့သူ၏အမည်ကို လျို့ဝှက်ပေးသွားမည် ဖြစ်ပါသည်။ မိမိ မိတ်ဆွေ သူငယ်ချင်း အကူအညီမဲ့ ဖြစ်နေပြီး အသက်အန္တရယ်ရောက်နေသည်ကို သိရှိပါက သတင်းပို့ ပေးနိုင်ပါသည်။ အကယ်၍ လူတစ်ယောက်သည် အသက်အန္တရယ်ကို ထိခိုက်စေမည့် post များကို တင်ထားပါက အချိန်မီ သတင်းပို့နိုင်ပါသည်။ တစ်ဦးချင်းစီ၏ အခက်အခဲများအတွက် အားပေး ဆွေးနွေးမှု များ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ကိစ္စများ ဖြစ်ပွားလာပါက facebook မှတိုက်ရိုက် ယင်းပုဂ္ဂိုလ်အား ဆက်သွယ်ပြီး ကယ်တင် ဆွေးနွေး ပေးသွားမည် ဖြစ်ပါသည်။ (သို့) ယင်းဖြစ်ရပ်အတွက် သတင်းပေးပို့ပါက ပေးပို့သူ၏အမည်ကို လျိုဝှက်ပေးသွားမည် ဖြစ်ပါသည်။

စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်


စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။ မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။

တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကိုပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကိုသယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများခံစားနေရသော်လည်း သတိတော့ကောင်းစွာရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီးလုံးဝလှုပ်ရှားခွင့်မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူအဆုံးစီရင်ချင်တယ်ဆိုတဲ့အကြောင်းကို တစ်ခြားအိမ်အကူအမျိုးသမီးတွေကိုပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။


source: http://news.omy.sg/News/Local%2BNews/Story/OMYStory201112111535-296761.html
@ Myanmar Express Group

Wednesday, November 30

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း



ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း

နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့


၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ

သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက

ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........

မှတ်ချက်။ ။ ၁၉.၁.၂၀၁၀နေ.၊ထားဝယ်မြို့တွင်ဓမ္မစေတီဆရာတော်ဟောကြားခဲ့သော ဒါနကထာ တရားတော်မှ ကောက်နှုတ်ဆင့်ပွားချက်လေးပါ။

တရုတ်ပြည်ရဲ့ တန်ခိုးအကြီးဆုံး ဗုဒ္ဓစွယ်တော်တည်ထားတဲ့စေတီနဲ့ ဗုဒ္ဓစွယ်တော်အနီးကပ်ပုံတွေဖြစ်တယ်၊ ရခဲတဲ့ပုံတွေပါ၊


FOREVER FRIENDS ထာဝရသူငယ်ချင်းများ မှ တိုက်ရိုက်ကူးယူဖော်ပြထားပါသည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

ယခုပို့စ်အား google တွင်ရှာပါက ဒီလင့်မှာ တင်ထားတာတွေ ရှိပါသည်။ သွားရောက် လေ့လာနိုင်ပါသည်။
---
ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း”အကြောင်းကိုသေချာဃဃဏဏသိချင်လျှင်တော့http://www.dhammaceti.org/contact.phpမှာတဆင့်ဆရာတော်ထံကိုဆက်သွယ်လျှောက်ထားမေးမြန်းနိုင်ပါတယ်။

ဆရာတော်ကအခုအမေရိကန်ပြည်ထောင်စု၊15741 Via Represa San Lorenzo, CA 94580 USA မှာသီတင်းသုံးနေတာပါ။

--
စိတ်သည် မည်သည့် အရာပေါ်တွင်မှ ကပ်ညိခြင်း မလျဉ်းမရှိပါစေနှင့်။ကျွန်ုပ်၏ြ
ပိုင်ဘက်မှာ ကျွန်ုပ်၏ စိတ်နှင့် ကျွန်ုပ်သာဖြစ်စေရမည်။
လွမ်းနေသူ®ူ

နွယ်သာကီ ၆ လမ်း မှ ဇတ်လမ်းဆန်ဆန် လူသတ်မှု အမှုမှန်ပေါ်ပြီ

၁၃.၁၀.၂၀၁၁ရက်နေ့ ည ၁၁ နာရီ ၃၀မိနစ် အချိန်တွင် အရက်သောက်ပြီး စကားများရန်ဖြစ်ကာ အုပ်စုဖွဲ့၍ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ လမ်းနှင့် ဗိုလ်ချုပ်လမ်းထိပ်တွင် အပြန်အလှန်ရိုက်နှက်ခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဝေဘာဂီမြို့သစ် ဗိုလ်ချုပ်လမ်းထိပ် နှင့် နွယ်သာကီလမ်းထိပ်တို့တွင်

နယ်မြေခံ ဝေဘာဂီရဲစခန်းမှ ဒုရဲအုပ်ထွန်းတင်ဦး အပါအ၀င် တပ်ဖွဲ့ဝင် (၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး နှင့် ရာအိမ်မှုး၊ ဆယ်အိမ်မှုး(၇) ဦးတို့မှ ရပ်ကွက် (၂) ရပ်ကွက်ကြား လုံခြုံရေးပြုလုပ်ပေးခဲ့ရပါတယ်။


ဖြစ်ပွားပုံကတော့ (က) ရပ်ကွက်၊ နွယ်သာကီ(၈)လမ်း အမှတ်-၂၉၀ နေ ကိုအေးလွင်(ခ)ကိုအီစွပ် နှင့် (က)ရပ်ကွက်၊ နွယ်သာကီ(၈)လမ်းနေ ကိုကျော်မင်းတို့သည် ဝေဘာဂီမြို့သစ်ထိပ်ရှိ အလင်းအိမ် စားသောက်ဆိုင်တွင် အရက်သောက်ကြရင်း အမှတ်-၅၅၆၊ ကနောင်လမ်း၊ ဝေဘာဂီမြို့သစ်နေ ကိုသက်ဦးဆိုသူ၏ သားဖြစ်သူ သက်ဇော်တို့ အရက်ဝိုင်းနှင့် စကားများခဲ့ကြရာမှ လမ်းမပေါ်သို့ရောက်ရှိပြီး ကိုသက်ဦးနှင့် သူ၏သားပါဝင်သော အုပ်စုမှ နွယ်သာကီ(၈)လမ်းနေ ကိုအီစွပ်နှင့် ကိုကျော်မင်းတို့ကို ရိုက်နှက်လွှတ်လိုက်၍ ကိုကျော်မင်းတွင် ဦးခေါင်းနောက်စေ့၌ သုံးလက်မခန့် ပေါက်ပြဲဒဏ်ရာရရှိသွားပြီး၊ ကိုအီစွပ်တွင် မျက်နှာဖူးရောင် ဒဏ်ရာနှင့် လက်များတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့ကြပါတယ်။ ဖြစ်ပွားသောနေရာမှာ (က)ရပ်ကွက်ဘက်သို့ သွားလျှင် နွယ်သာဂီ (၈)လမ်း၊ (၇)လမ်း တို့နှင့် ကပ်လျှက်ရှိပြီး ကိုကျော်မင်း၏ မိသားစုအသိုင်းအ၀ိုင်းများရှိသလို ဝေဘာဂီမြို့သစ်ဘက်သို့ သွားလျှင်လည်း ကိုသက်ဦး၏ မိသားစုအသိုင်းအ၀ိုင်းများ ကပ်လျှက်ရှိနေသဖြင့် တဘက်နှင့်တဘက်၊ တစ်မိသားစုနှင့်တစ်မိသားစု၊ တစ်ရပ်ကွက်နှင့်တစ်ရပ်ကွက် အခြင်းပွားနိုင်သည်ကို ကြိုတင်မှန်းဆ၍ မြို့နယ်ရဲတပ်ဖွဲ့ အကြီးအကဲများနှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တို့မှ ထိုနေရာအားလုံခြုံရေးချထားတာ တွေ့ခဲရပါတယ်။

၁၈.၁၀.၂၀၁၁ ရက်နေ့တွင် (က)ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမင်းဒင်အဖွဲ့ နှင့် ဝေဘာဂီရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးစိန်ဝင်းအဖွဲ့တို့ပေါင်း၍ ရပ်မိရပ်ဖများ နှင့် တွေ့ဆုံပြီး တစ်ရပ်ကွက်နှင့်တစ်ရပ်ကွက် ပြဿနာပိုမိုရှည်လျားမှု မဖြစ်ပေါ်စေရေး၊ အညှိုးအတေးမထားစေရေးအတွက် (က)ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးတွင် နယ်မြေခံဝေဘာဂီရဲစခန်းအဖွဲ့၊ အခြားဌာနဆိုင်ရာအဖွဲ့များ၊ နွယ်သာကီ (၈)လမ်း ရာအိမ်မှုး ဦးကျော်ဦး၊ ရာအိမ်မှုး ဦးဟန်စိန်၊ ရာအိမ်မှုး ဦးမောင်ပါ တို့သည် ကိုသက်ဦးမိသားစု အပါအ၀င် ဒါဏ်ရာရရှိသူ ကိုအေးလွင်(ခ) ကိုအီစွပ် တို့ကိုတွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးခဲ့ကြပါတယ်။ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ရပ်ကွက် နှင့် တစ်ရပ်ကွက် ကြေအေးကျေနပ်ခဲ့ကြပြီး လိုအပ်သော ဆေးဝါးကုသမှုနှင့် ထောက်ပံ့မှုများကို ကိုသက်ဦးမိသားစုဘက်မှ ကိုအီစွပ်အား ထောက်ပံ့ပေးခဲ့ပါတယ်။ ကိုကျော်မင်းမှာမူ ဤသို့ပြဿနာဖြစ်တိုင်း (၂)ရက်၊(၃)ရက် ခန့် ရှောင်နေတတ်သဖြင့်ဖြေရှင်းပေးသည့်အထဲတွင် ပါဝင်ခဲ့ခြင်းမရှိပါ။ တာဝန်ရှိ နယ်မြေခံ ဝေဘာဂီရဲတပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှုး၊ ဆယ်အိမ်မှုး တို့မှ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိခဲ့ပါ။

ထို့နောက် (၁၂) ရက် ခန့်အကြာ ၂၅.၁၀.၂၀၁၁ ရက်နေ့တွင် ကိုကျော်မင်းမှာ နွယ်သာကီ(၈)လမ်းနေ ဒေါ်ခင်ကြည်၏ နာရေးသို့လာရောက်ခဲ့ပါတယ်။ နေ့ခင်း (၂)နာရီခန့်တွင် ဝေဘာဂီလမ်းနှင့် နွယ်သာကီလမ်းဆုံရှိ လက္ဘရည်ဆိုင်တွင် ထိုင်နေချိန် ကိုသက်ဦး၏သား သက်ဇော်က လမ်းမပေါ်မှ ပြုံးပြ၍ ကိုကျော်မင်းမှ “မင်းဘာကြည့်တာလဲ လာဦး”ဟုလှမ်းခေါ်သဖြင့် သက်ဇော်မှာ ဝေဘာဂီရှိသူ၏ဖခင် ကိုသက်ဦးကို သွားရောက်ပြောကြားသည်ကို နယ်မြေခံရဲတပ်ဖွဲ့မှ သိရှိသွားပြီး ကိုကျော်မင်းနှင့် ကိုသက်ဦးတို့ ထပ်မံ အချင်းပွားနိုင်သောကြောင့် ဒုရဲအုပ် ထွန်းတင်ဦး အပါအ၀င်ရဲတပ်ဖွဲဝင်(၅)ဦး၊ (က)ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမင်းဒင်အပါအ၀င် ရုံးအဖွဲ့ (၇)ဦးခန့် မှာ နှစ်ရပ်ကွက်ကြား လမ်းဆုံတွင် လုံခြုံရေးထပ်မံချထားပေးခဲ့တာတွေ့ရပါတယ်။ ထိုနေ့ညနေ (၄)နာရီခန့်အချိန်တွင် ကိုကျော်မင်းမှာ “6star” အရက်ဆိုင်တွင် အရက်သောက်နေကြောင်းသိရှိ၍ နယ်မြေခံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှုးဦးမင်းဒင်တို့သည် ကိုကျော်မင်းအားသွားရောက်ခေါ်ဆောင်လာကာ အုပ်ချုပ်ရေးမှုးရုံးတွင် တစ်ဖက်နှင့် တစ်ဖက် ကျေနပ်မှုရှိရန်၊ သည်းခံစိတ်ထားရန် နှင့် အညိုးအတေးမထားရန် ဖြောင်းဖြပြောဆိုဆုံးမခဲ့ပြီး ကျေနပ်သည့် အရိပ်အရောင်ပြသဖြင့် ကိုသက်ဦးနှင့်ဇနီး မသီတာတို့အား ထပ်ပြီးခေါ်ဆောင်၍ ထပ်မံညှိနှိုင်းပေးခဲ့ရာ ကိုသက်ဦးတို့ဘက်မှ တောင်ပန်ခဲ့ပါတယ်။ ကိုကျော်မင်းမှာ သူ၏ဦးခေါင်းတွင် ဒဏ်ရာရခဲ့ကြောင်း ကိုသက်ဦးအိမ်ရှေ့သို့ လိုက်ထရက် ကားနှင့်သွားရောက်ကြိမ်းမောင်းခဲ့စဉ်က ကားရှေ့ဘန်ကာပိန်ခဲ့ကြောင်းပြောကြားသည့်အတွက် ကိုသက်ဦးတို့ဘက်မှ နစ်နာကြေးထပ်မံပေးခဲ့ပြီး အုပ်ချုပ်ရေးမှုးရုံး၌ ဒုတိယအကြိမ် ကြေအေးလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ထိုအချိန်က ကိုကျော်မင်းအား ရိုက်နှက်ခဲ့သူမှာ ကိုသက်ဦးမဟုတ်သော်လည်း ကိုသက်ဦး၏တူဖြစ်သူ ကိုမျိုးကြီးနှင့် သူ၏ပထွေး ကိုဇော်မင်းတို့ ဖြစ်ကြောင်း ထိုသူတို့ကိုလည်းလာရောက်တောင်းပန်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။

၁၀.၁၁.၂၀၁၁ရက်နေ့(တန်ဆောင်မုန်းလပြည့်နေ)တွင် (က)ရပ်ကွက် (နွယ်သာကီရပ်ကွက်) အနေဖြင့် ဆွမ်းဆံဆိမ်း လောင်းလှုသည့်နေ့ဖြစ်သဖြင့် လမ်းများတလျှောက်၌ လူသွားလူလာများကာ စည်ကားလျှက်ရှိပါတယ်။ ထိုနေ့ညနေ(၃)နာရီခန့်တွင် ကိုကျော်မင်းမှာ ဝေဘာဂီလမ်းဆုံအနီးရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေသူကိုမျိုးကြီးအား တွေ့ရှိသွား၍ ကိုကျော်မင်းအပါအ၀င် လူသုံးဦးမှ ၀ိုင်းဝန်ထိုးကျိတ်ခဲ့ရာ အနီးအနားရှိ (က)ရပ်ကွက်သူရပ်ကွက်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးမင်းဒင်တို့မှ ဖြန်ဖြေပေးခဲ့ရပါတယ်။ ကိုသက်ဦး၏တူ ကိုမျိုးကြီးမှာ ဖူးရောင်ဒဏ်ရာများနှင့် သွားများနဲ့ခဲ့ သဖြင့် သူ၏ပထွေး ကိုဇော်မင်းအား သွားရောက်ခေါ်ဆောင်သဖြင့် ကိုဇော်မင်းတို့အဖွဲ့မှာ တုတ်များ၊ ဒါးများဖြင့်လိုက်လာပြီး ကိုကျော်မင်းရှိနေသော အလင်းအိမ်စားသောက်ဆိုင်အတွင်းသို့ ၀င်ရောက်လာရာ ကိုကျော်မင်းမှာ စားသောက်ဆိုင်ရှိ ဒါးရှည်အားဆွဲကိုင်ပြီး ပြန်လည်တိုက်ခိုက်မည်ပြုသော်လည်း ကိုမျိုးကြီးနှင့် ကိုဇော်မင်းတို့အဖွဲ့မှာ လူများသဖြင့် ဖြတ်လမ်းဖြစ်သည့် သစ်သားတံတားပေါ်မှ နွယ်သာကီ(၈)လမ်းသို့ထွက်ပြေးသွားခဲ့ပါတယ်။ ကိုကျော်မင်းထွက်ပြေးစဉ် ကိုဇော်မင်းက ဒါးနှင့်လှမ်းပေါက်သဖြင့် ထိုဒါးအားနွယ်သာကီ(၈)လမ်းနေသူများ ရရှိသွားရာ “ကိုကျော်မင်းကိုဒါးနှင့် လိုက်ခုတ်သည်”လို့တောင်မှ အသံထွက်ခဲ့သေးတယ်။ အဲ့သည့်အသံကြောင့်ပဲ ဒုရဲအုပ်ထွန်းတင်ဝင်းပါသောတပ်ဖွဲ့ဝင်(၅)ဦး၊ (က)ရပ်ကွက် အုပ်ချုပ်ရေးမှူးပါသော အဖွဲ့ဝင်(၇)ဦးတို့မှ နှစ်ရပ်ကွက်ကြား ခိုက်ရန်ဖြစ်ပွားမှုမဖြစ်စေရေးအတွက် နှစ်ရပ်ကွက်ကြားရှိလမ်းဆုံတွင် လုံခြုံရေးချထားပေးခဲ့တာတွေ့ရတယ်လေ။ တန်ဆောင်မုန်လပြည့်နေ့ ဆိုတော့ လမ်းတွေပေါ်မှာလဲ ဆွမ်းဆန်ဆိမ်း လောင်းလှုသူများ၊ အလှုပေးသူများနှင့် အပြည့်ဆိုတော့ မကြာခင်မှာပဲ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် အေးချမ်းသွားခဲ့တယ်လေ။ ဒါပေမယ့်လဲ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမင်းဒင် နှင့် ဒုရဲအုပ်ထွန်းတင်ဦး တို့မှ နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ပြဿနာထပ်မံမဖြစ်ပွားစေရန် နှင့် တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် ရုန်ရင်းဆန်ခတ် မဖြစ်စေလိုသဖြင့် ကိုကျော်မင်းနှင့် ကိုသက်ဦးတို့ဘက်အား ညှိနှိုင်းပေးရန် ကိုကျော်မင်းအား နွယ်သာကီ(၈)လမ်းရှိနေအိမ် ကိုသွားခေါ်ကြတယ်လေ။ ဒါပေမယ့်ကိုကျော်မင်းကိုမတွေ့ ခဲ့ရပါဘူး။ ကိုကျော်မင်းမိသားစုက ရပ်ကွက်အုပ်ချုပ်ရေးမှုးကို “ကျော်မင်းကိုဘာကြောင့်လာဖမ်းရတာလဲ သူကဒါနဲ့ခုတ်ခံရတာကို”ဟုပြောသေးတယ်လေ။ ဒါနဲ့ အုပ်ချုပ်ရေးမှုးနဲ့ ရဲတပ်ဖွဲ့ကနေပြီးတော့ “ကိုကျော်မင်းကိုလာဖမ်းတာ မဟုတ်ပါဘူး။ လမ်းဆုံမှာကိုကျော်မင်း က သက်ဦးတူအား ထိုးကျိတ်ခဲ့ သောကြောင့် အခုလိုဖြစ်ရတာပါ ဒါကြောင့် ညှိနှိုင်းပေးဖို့လာခေါ်တာပါ လာဖမ်းတာမဟုတ်ပါဘူး။” လို့တောင် သေသေချာချာ ရှင်းပြခဲ့ပါသေးတယ်။ ကိုကျော်မင်းကို ခေါ်ဆောင်၍မရရှိသောကြောင့် ညှိနှိုင်းပေးမည့်အစီအစဉ်ပါ ပျက်ခဲ့ရပါတယ်။ ထိုနေ့ညမှာ ကိုကျော်မင်းသည် 6star အရက်ဆိုင်မှာ ဂျပန်ကြီး၊ ကိုမျိုးဇော်တို့နှင့်အတူ အရက်သောက်ပြီး နွယ်သာကီ(၈)လမ်းနေ ဂျပန်ကြီးအိမ်တွင်သွားအိပ်ခဲ့ပါတယ်။ နယ်မြေခံရဲတပ်ဖွဲ့မှလည်း ပွဲတော်ရက်အတွင်း ခိုးဆိုးလုယက်မှု မဖြစ်ပွားစေရေးအတွက် (က)ရပ်ကွက်အတွင်း လုံခြုံရေးဆောင်ရွက်လျှက်ရှိနေပါတယ်။ ကိုကျော်မင်းကို ဂျပန်ကြီးအိမ်မှာအိပ်ကြောင်း သတင်းရသော်လည်း သွားရောက်ဖမ်းဆီးခြင်းမျိုးမပြုလုပ်ခဲ့ကြပါ။ ကိုကျော်မင်းမှာ မိဘများမရှိတော့ပါ။ မောင်နှမ (၄)ဦးသာရှိခဲ့ပြီး သူမှာ ကုန်တင်ယဉ် LightTrack မောင်းသည်အထိ အတိအကျ စုံစမ်းသိရှိထားပါတယ်။ ထို့ကြောင့် ပြန်လည်ညှိနှိုင်းပေးရန်အတွက် ဝေဘာဂီအုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့သည် ကိုဇော်မင်းနှင့် သူ့ပထွေးအား သွားခေါ်သောအခါ ညဘက်ကြည့်မြင်တိုင်ငါဈေးတွင် အလုပ်လုပ်သူများဖြစ်သဖြင့် အလုပ်သွားကြသောကြောင့် ခေါ်ဆောင်၍မရရှိခဲ့ပြန်ပါဘူး။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲအဖွဲ့မှ ထိုကိစ္စအား နှစ်ဖက်စလုံး ခေါ်ဆောင်မရရှိနိုင်သဖြင့် ညှိနှိုင်းပေးနိုင်းခြင်းမရှိခဲ့သလို အရေးယူဆောင်ရွက်နိုင်ခြင်းလဲ မရှိခဲ့ပါဘူး။

၁၇.၁၁.၂၀၁၁ ရက်နေ့ ညနေ၆နာရီ ၃၀မိနစ် အချိန်တွင် (က)ရပ်ကွက်နွယ်သာကီ(၆)လမ်းနှင့် မေယုလမ်းထိပ်တွင် နံပါတ်ပြားကိုပိတ်ကာထားသော SuperRoof အဖြူရောင် (၁)စီး သည် မေယုလမ်းထိပ်ရှိ ဆေးဆိုင်ရှေ့သို့ လည်းကောင်း နံပါတ်ပြားပိတ်ထားသော Light Track အဖြူရောင် (၁)စီး သည် မေယုလမ်းထိပ်ရှိ လက္ဘက်ရည်ဆိုင်သို့လည်းကောင်း အသီးသီး ထိုးရပ်ခဲ့ပြီး ချက်ချင်းပင် ဆေးဆိုင်ရှေ့ရပ်ထားသော SuperRoof ပေါ်မှ မျက်လုံးအောက်တွင် ပ၀ါများစီးပြီးရုပ်ဖြတ်ထားသော လူ(၅)ဦးသည် ဒါးရှည်များကိုင်ကာဆင်းလာပြီး Light Track ပေါ်တွင်လည်း ရုပ်ဖြတ်ထားသော ဒါးကိုင်သူ (၁၃/၁၅)ဦးခန့်ပါဝင်ပြီး ထိုထဲမှ (၃/၄)ဦးဆင်းလာကာ ကျန်လူများမှာ ကားပေါ်တွင် အသင့်ဆောင့်ဆိုင်းနေပါတယ်။ ထိုဒါးကိုင်းသူများမှာ ထောင်ထောင်မောင်းမောင်း သန်မာသူများဖြစ်ကြပါတယ်၊ အရပ်ပုသူများလဲ ပါပါသေးတယ်။ ကားပေါ်မှ ဆင်းလားသူများမှာ ရပ်ကွက်သူရပ်ကွက်သားများကို “မဆိုင်သူမကပ်နဲ့ဟေ့” ဟု ဒါးများပြကာ ခြိမ်းခြောက်ဟန့်တားနေစဉ်မှာပဲ ဒါးကိုင်သူ (၃)ဦးမှာ နွယ်သာကီ(၆)လမ်းထိပ်ဘက်ရှိ 6star အရက်ဆိုင်ထဲသို့ဝင်ပြီး TV ကို Remove ဖြင့်ဖွင့်နေသူ ကိုကျော်မင်းအား ဒါးဖြင့်ဝင်ရောက်ခုတ်ကြရာ ကိုကျော်မင်းမှာ ဆိုင်အတွင်းရှိ ထိုင်ခုံများဖြင့် ခုခံပြီး ဆိုင်အတွင်းမှထွက်ပြေးစဉ် ဆိုင်ရှေ့တွင်အသင့်ဆောင့်နေသော ဒါးကိုင်သူတစ်ဦးမှ အရှိန်ဖြင့် ဆောင့်ထိုးရာ ညာဘက်နို့အုံကိုထိပြီး ကျောထိပေါက်ထွက်ခဲ့ပါတယ်။ ကိုကျော်မင်းမှာ ဆက်ပြီးပြေးခဲ့ရာ အခြားလမ်းတစ်ဘက်ရှိ ဆံပင်ညှပ်ဆိုင်အတွင်းသို့ ၀င်ရောက်လွတ်မြောက်သွာခဲ့ပါတယ်။အခင်းဖြစ်ပွားချိန်မှာ မိနစ်ပိုင်းသာ ကြာပြီး ဒါးကိုင်သူများမှာ ကား(၂)စီးဖြင့် လူစည်ကားရာအရပ်သို့ ညင်သာစွာ ထွက်ခွာသွားသည်ကို မည်သူတစ်ဦးတစ်ယောက်မှ “ဒါးနှဲ့ထိုးပြီးထွက်ပြေးတယ်ဟေ့၊ ၀ိုင်းထားကြ” လို့တောင် မပြောကြပါဘူး။ ဒါးနှင့် လာထိုးသူ (၁၈/၂၀) ဦးခန့် စီးလာသောကား (၂)စီးသည် လူထူထပ်ရာဘက်မှ ညင်သာစွာ ထွက်ခွာသွားသည်ကို ကြောက်ရွံ့တုန်လှုပ်စိတ်များဖြင့် ကြည့်နေကြသလောဟုပင် မေးရတော့မလိုပါပဲ။
ကိုကျော်မင်းမှာ ဆံပင်ညှပ်ဆိုင်အတွင်းသို့ထွက်ပြေးလွတ်မြောက်ခဲသော်လည်း ဦးခေါင်းတွင် ဒါဏ်ရာ (၁)ချက်၊ ဂုတ်ပိုးနောက်စေ့အောက်တွင် (၁)ချက်၊ ညာလက်ဖျံတွင် အသားများပြတ်ထွက်သည့် ဒဏ်ရာများရရှိခဲ့ကာ မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်ဌာနတွင် ဆေးဝါးကုသမှုခံယူခိုက် (၁)နာရီကျော်အချိန်တွင် သေဆုံးသွားခဲ့ပါတယ်။ ထို့ကြောင့် နယ်မြေခံ ဝေဘာဂီရဲစခန်းမှ (ပ)၅၂၂/၂၀၁၁ ပုဒ်မ ၃၀၂/၂၀၁၁ ဖြင့်ချက်ချင်းအမှုဖွင့်ခဲ့ပါတယ်။ နယ်မြေခံရဲတပ်ဖွဲ့မှလည်း ပြစ်မှုကျူးလွန်သူတို့ နောက်သို့ချက်ချင်းမလိုက်နိုင်ဘဲ ၀ိုင်းအုံလားသော ပြည်သူလူထုကို ဖြေရှင်းပေးနေခဲ့ရပါတယ်။ ထိုသို့ ပြည်သူလူထု စိတ်ခြောက်ခြားစရာ ဒါးထိုးမှုဖြစ်စဉ်ကို မြို့နယ်ရဲတပ်ဖွဲ့မှုးမှ လာရောက်၍ ကိုယ်တိုင်စစ်ဆေးဖော်ထုတ်နေစဉ် (က)ရပ်ကွက်သူရပ်ကွက်သားများမှာ အုပ်ချုပ်ရေးမှုးရုံးသို့ ၀ိုင်းလာပြီး “သက်ဦးကလူငှားပြီးသတ်ခိုင်းတာ သက်ဦးကိုချက်ချင်းဖမ်းပေး” ဟုဆော်သြလှုံဆော်ကြသော်လည်း တာဝန်ရှိသူရဲတပ်ဖွဲ့မှ အမှုဖွင့်ခြင်း၊ နယ်မြေသတင်းစုံစမ်းခြင်း၊ သက်သေများစစ်ဆေးခြင်း၊ တရားခံများ၏ ပုံသဏ္ဍာန်ကို ခဲပန်းချီရယူခြင်း စသောလုပ်ငန်းများကို ဒေါသထွက်နေသော လူထုကြီးကြားမှ ထိုးဖောက်ရယူနိုင်ခဲ့ကြပါတယ်။ နယ်မြေခံရဲတပ်ဖွဲမှ ဒေါသထွက်နေသော လူအုပ်ကြီးအား ရှင်းလင်းမရနိုင်၍ ခရိုင်ရဲမှုးကိုယ်တိုင် လာရောက်ဖြေရှင်းပေးခဲ့မှ ညိမ်းချမ်းသွားခဲ့ကြပါတယ်။ ညတွင်းချင်းပင် ကိုသက်ဦးနှင့် သားဖြစ်သူသက်ဇော်တို့ကို ရဲကားဖြင့်သွားရောက်ဖမ်းဆီးကြတော့လဲ ရဲကားကိုပင်ခဲနှင့် ထုခံရပါတယ်။ သို့သော်လည်း ကိုသက်ဦးတို့မိသားစုအား အချိန်မှီဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ ထိုအချိန်တွင်ပင် နယ်မြေခံ ရဲတပ်ဖွဲ့မှ ကိုမျိုးကြီး နှင့် ကိုဇော်မင်းတို့ကို အချိန်မှီထပ်မံဖမ်းဆီးခဲ့ကြပါတယ်။ ခရိုင်ရဲတပ်ဖွဲ့မှုးကိုယ်တိုင်အနီးကယ်ကြီးကြပ် စစ်ဆေးဖော်ထုတ်မှု၊ ညွှန်ကြားမှုတို့ဖြင့် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှုး၊ ဝေဘာဂီရဲစခန်းမှုး၊ နယ်ထိန်းခေါင်းဆောင်၊ အထူးမှုခင်းနှိမ်နှင်းရေး အဖွဲ့တို့မှ အချိန်နှင့်တပြေးညီ အားကျိုးမန်တက် စုံစမ်းဖော်ထုတ်ခဲကြပါတယ်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှလည်း ပြည်သူလူထု စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်သော၊ ရွံရှာမုန်းတီးဖွယ်ဖြစ်သော လူသတ်မှုကြီးအား ၀ိုင်းဝန်းဖော်ထုတ်လျှက်ရှိကြောင်းကိုလည်း တိုင်းရဲတပ်ဖွဲ့ မှသတင်းရရှိပါတယ်။

ပြစ်မှုကျူးလွန်ရာတွင် နောက်ကွယ်မှ စေခိုင်းသူဟု ရပ်ကွက်ပြည်သူများက ထင်ကြေးပေးသော ကိုသက်ဦးနှင့်သူ၏သား သက်ဇော်၊ ကိုသက်ဦး၏ဇနီး မသီတာ၊ တူဖြစ်သူ မျိုးကြီး၊ ကိုဇော်မင်းတို့အား ဖမ်းစီးစစ်ဆေးခဲ့ရာမှ (၆/၇) ရက်ခန့်အကြာတွင် အမှုမှတ်ပေါ်ပေါက်ခဲပါပြီ။ ပြစ်မှုကျူးလွန်သူ၊ ကြံစည်ပေးသူ (၉)ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဖြစ်သလို လူသတ်မှုကျူးလွန်သူများကိုလည်း သိရှိပြီးဖြစ်ကြောင်း သိရပါတယ်။ ပြစ်မှုကိုကျူးလွန်သူတချို့မှာ ထွက်ပြေးနေသောကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ရဲတပ်ဖွဲ့ဝင်များ စွမ်းစွမ်းတမံ ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း ခိုင်မာသော သတင်းရပ်ကွက် မှရရှိထားသောသတင်းကို အတင်းအဖျင်းကြားမှ မြန်မာပြည်သူများ မျက်စိမလည်ရအောင် သတင်းစကားအမှန်ကို နေ့ရက်၊ အချိန်ကအစ နေရာပါ အတိအကျ ဖြစ်အောင် စုစောင်းနေရသဖြင့် အမှုမှန်ပေါ်ပေါ်ခြင်း မတင်ပြပေးနိုင် သည်ကို ခွင့်လွတ်ကြစေလိုကြောင်း တောင်းပန်အပ်ပါသည်။ ပြည်သူလူထုအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ကလင်တန်ခရီးစဉ်အတွင်း အစိုးရလုံခြုံသမားများကို ကလင်တန်လုံခြုံရေးအဖွဲ့က မှန်ပြောင်းရှည်သုံးခွင့် မပြု




ဟီလာရီကလင်တန် (Hilary Clinton) ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံရေးအရ အန္တရာယ်ရှိနိုင်သည့်ပစ္စည်းများကို မြန်မာအစိုးရ လုံခြုံရေးများ အသုံးမပြုရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဟီလာရီ ကလင်တန်၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“အဓိကတော့ အဝေးကြည့်မှန်ပြောင်းရှည်တွေနဲ့ မကြည့်ဖို့ ညှိထားတယ်။ ကျွန်တော်တို့ဘက်ကိုလည်း
ဘယ်လိုပစ္စည်းတွေတော့ အသုံးပြုခွင့် ပြုတယ်ဆိုပြီး အပြန်အလှန်ညှိနှိုင်းထားကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံသို့ နှစ် ၅၀ အတွင်း ပထမဦးဆုံးလာရောက်မည့် အမေရိကန်ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး အစိုးရအရာရှိဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် နိုဝင်ဘာ ၃၀ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အရှေ့အာရှထိပ်သီးညီလာခံသို့ တက်ရောက်နေစဉ် အမေရိကန်သမ္မတ ဘရက်အိုဘားမား(Barack Obama) က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟု ထုတ်ဖော်ပြောကြားထားသည်။
ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့လည်း ကလင်တန်၏ လုံခြုံရေးသမား ၄ယောက် ရောက်ရှိနေပြီး ခြံဝင်းအတွင်းအပြင်ကို အသေးစိတ်စစ်ဆေးနေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လုံခြုံရေးတာဝန်ခံ တစ်ဦးက ပြောကြားသည်။
ပထမဆုံးအကြိမ်လာရောက်သော ကလင်တန်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး အခြေအနေနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးစသည့် တိုးတက်မှုဖြစ်ပေါ်ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးနိုင်ရေးအတွက် အချက်အလက်များကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံတွင် စူးစမ်းရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
Peace Press