Showing posts with label Joke. Show all posts

Sunday, February 26
သိပ်ခြစ်ရပါသော မ အတွက် ... ( ပုလင်းကွဲနဲ့  )
............................................................
ကျနော်ချစ်သော်မမသို့
ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။
အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့
ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့
နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့
ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ်
မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက ဖြတ်သွားတုန်း ပုဆိုးကို
ဗွက်စင်သွားတာပဲ ရှိပါသေးတယ် မမရယ်။
* နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။
ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့
သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့
သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား
လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျနော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့
ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျနော် အာလူးတစ်လုံး
ချန်ထားမိတယ်...
* မမနဲ့ နီးဖို့ ကျနော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို
လိုက်လည်တိုင်း ထန်းပင်တက် သင်နေပါတယ် မမ။ တကယ်တော့ ဟိုး မိုးပေါ်
လေယဉ်ပျံထဲက ခြေသုတ်ဖုံလို မမရဲ့ ဘဝဟာ မဟာအဝီစိ ငရဲ အောက်ဆုံးမှာ ဒေဝဒတ်
ဖင်ခုထိုင်တဲ့ ခွေးခြေခုံလို ကျနော့် ဘဝက လက်လှမ်း မမီနိုင်အောင်
မြင့်မားလှပါတယ်ဗျာ။ စွဲလန်း တတ်လိုက်ပုံများ မမကို လွမ်းလို့
ကိုရီးယားကား မကြည့်ဖြစ်တာတောင် သုံးရက်ရှိပြီပေါ့။
* မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒန်ပေါက်ချည်း ဝယ်စားနေရတာ နှစ်ရက်တောင် ရှိပြီ။
ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။
လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊
သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့
ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။ မမနဲ့ တွေ့မှ ကြော်စားဖို့
ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။
* မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ
မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့
မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ်
ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျနော့်ရဲ့
အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ
ကျနော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ မမ။
Friday, February 17
လူမိုက်ကြီး (၁၀)ယောက်
တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး
(၁၀)ယောက်အားရှာဖွေ၍ စာရင်း ကောက်ခဲ့ရန် တာဝန်ကေးလိုက်သည်။
တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်း ကောက်ရန်
ခရီးထွက်ခဲ့သည်။
သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။
လူတစ် ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။
ဘာကြောင့်ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည်
။
“ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ
ကုန်အောင်ခပ်ထုတ်နိုင် ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို
ရအောင်ကြိုးပမ်းနေရတာဗျ” ။
အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁)
အဖြစ်စာရင်းမှတ်လိုက်လေ၏။
ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည်
မြစ်ထဲသို့ခေါက်ခေါက်အခါခါ လှော် နေသည်ကို တွေ့ရပြန်သည်။
သူဌေးကြီးရဲ့ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။
“ ကျူပ်သူငယ်ချင်းပေါ့ မနေ့က ကျူပ်နွားကို ဌားပြီး တစ်နေကုန်ခိုင်းလိုက်တာ
နွားကိုဖတ်ဖတ်ကိုမောလို့၊ ကျူပ်က လဲဘယ်ရမလဲ သူလှေကိုဌားပြီး
တစ်နေလုံးအားရပါးရ လှော်ပြီး လက်စားချေနေတာလေ”
သူဌေးကြီးတပည်လဲ အံသြစွာ ဖြင့်ထိုသူ၏ နံမည်ကိုမေးပြီး
လူမိုက်နံပါတ်(၂)အဖြစ်စာရင်းမှတ်လိုက်လေသည်။
ထိုနောက်ဆက်လက်ထွက်ခွာလာခဲ့ရာ လူတစ်ယောက်သည်
လူတစ်ယောက် သစ်ပင်ပေါ်၌ ရှိနေ၏။ သစ်ခုတ် သမားက ထိုသစ်ပင်
ကိုခုတ်လဲနေ၏။
“ ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင်ခုတ်လဲနေတယ်”
“ ကျွန်တော် သစ်ပင်ပေါ်တတ်တာ မဆင်းတတ်လို့ တွေ့တဲ့သစ်ခုတ်သမားပြောပြီး
သစ်ပင်လဲခိုင်းနေတာပါ။ သစ်ပင်လဲမှ ကျွန်တော် လွယ်လွယ်ကူကူ
အောက်ရောက်နိုင်မှာပါ ” ။
သူဌေးကြီးတပည့်လည်း အံသြသွားပြီး မထူးပါဘူး ဒီလူလဲနံမည်မေးပြီး
စာရင်းသွင်းလိုက်ရုံပေါ့။ သူဌေးကြီး တပည့်လည်း နံမည်မေးပြီး လူမိုက် နံပါတ်
(၃) အဖြစ်စာရင်းမှတ်လိုက်လေသည်။
ဒီလိုနဲ့ ဆက်လက်ထွက်ခွာ လာခဲ့ရာ တောစပ်တစ်နေရာ အရောက်တွင
် လူတစ်ယောက်သည် ဓားမကိုကိုင်လျှက် တွင်းဝတစ်ခုတွင်ထိုင် နေလေသည်။
“ ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး ဘာလုပ်နေတာလဲ “
“ ကျွန်တော် မြေကြွက်တစ်ကောင်လိုက်ဖမ်းနေတာပါ။ အခုတွင်းထဲ
ဝင်သွားလို့ပါ။ကြွက်ထွက်လာအောင်စောင့် နေတာပါ။ထွက်လာလို့ကတော့ ဟောဒီဓားနဲ့
ခုတ်သတ်ဖို့ပါပဲ “။
“ မထွက်လာရင်ကောဗျာ “
“ထွက်လာမှာပါဗျာ၊ ကြွက်ကတွင်းထဲမှာ ကြာကြာဘယ်နေနိုင်ပါမလဲ၊ သူနေရ
ထိုင်ရကြပ်လို့ ထွက်လာရင်တော့ အသိပဲ၊ ကျွန်တော် ကမြေကြွက်သား
အရမ်းကြိုက်တယ်လေ”။
သူဌေးကြီးတပည့်လည်း ထိုသူအားနံမည်မေးပြီး လူမိုက်နံပါတ် (၄)
အဖြစ်မှတ်လိုက်လေသည်။ လူမိုက်စာရင်း ကောက်ရန်ဆက်လက်ထွက်ခွာ လာရာ
သူဌေးကြီးတပည့်သည် ရွာတစ်ရွာသို့ရောက်လေသည်။
ရွာအဝင်လမ်း တွင် လူတစ်ယောက် လက်နှစ်ဖက်မြောက်လျက် ဖင်ထိုင်လျက်လဲနေသည်ကို တွေ့ရ၏။
“ဟေ့လူ ထလေဗျာ၊ ဘာဖြစ်လို့လဲ၊ ခြေထောက်နာသွားလို့ မထနိုင်ဘူးလား၊
ကျွန်တော်ထူပေးမယ် ဟုပြောပြော ဆိုဆိုနှင့် ထိုလူလက်နှစ်ဖက်ကို
ကိုင်လိုက်ရာ” “အား မကိုင်နဲ့ မကိုင်နဲ့ ကျွန်တော် ကိုထူရင် ချိုင်းကမပြီး ထူပေး”
ဟုပြေလေ၏။ သူဌေးကြီးတပည့်လည်း ထိုလူ ပြောသည့်အတိုင်း
ချိုင်းကမပြီးထူပေးလိုက်လေ၏။ သို့သော် လက်နှစ်ဖက်ကမြောက်မြဲအတိုင်း
မြောက်နေ၏။ “ ခင်ဗျား လက်နှစ်ဖက်က ချလို့မရဘူးလား အကြောကပ်နေတာလား “။
“မဟုတ်ဘူး၊ ကျွန်တော် သေတ္တာ ဝယ်မလို့မြို့ပေါ်တတ်လာတာ၊ အဲဒါအိမ်က သေတ္တာ
အဟောင်း အတိုင်းကို လက်နှစ်ဖက်နဲ့ တိုင်းလာခဲ့တာ၊ မတော်တဆ ချော်လဲပြီး
မိတ်ဆွေရောက်လာပြီး ထူပေးတာ ကျေးဇူးတင်ပါ တယ်” ။
သူဌေးကြီးတပည့်လဲ ထိုသူနံမည်မေး၍ လူမိုက်နံပါတ် (၅)
အဖြစ်သတ်မှတ်လိုက်လေသည်။ ပြီးတော့ သူဌေး ကြီးတပည့်လည်းရွာထဲသို့ဝင်လာလေ၏။
လမ်းခရီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည် ကိုတွေ့ရ၍ အကြောင်း စုံကိုမေးကြည့်၏။
“ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးကအတူတူ ထွက်လာတာမို့
တစ်ယောက်တစ်ဝက် ပိုင်သင့် တယ်လို့”
“ မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက
ပိုပြီးရသင့်တာပေါ့၊ မဟုတ်ဘူးလားဗျာ “
“ နေပါဦး ခင်ဗျား တို့က အဲဒီငွေထုပ် ကိုကောက်ရထားလို့လား”
“မကောက်ရပါဘူးဗျာ၊ ကောက်ရခဲ့ရင် ဆိုပြီး ငြင်းခုန်နေကြတာပါ”
ချက်ချင်းပင် ထိုသူနှစ်ယောက်၏ နံမည်များမေးပြီး စာရင်းသွင်းလိုက်၏။
လူမိုက်နံပါတ်(၆) နှင့်လူမိုက်နံပါတ်(၇) ဟုစာရင်းမှတ်လိုက်၏။
ထိုနောက် သူဌေးကြီးတပည့်လည်း အကြောင်းအရာအဖြစ်အပျက်များ နှင့်တကွလူမိုက် (၇)ဦး၏
နာမည်စာရင်းများ ကိုပေးအပ်လိုက်လေ၏။ သူဌေးကြီးလည်း သူတပည့်တင်ပြသော
စာရင်းအားကြည့် ၍ “ ငါကောက်ခိုင်းတာက ဆယ်ဦးကွ၊ မင်းကောက်ခဲ့တာ
ခုနှစ်ဦးပဲရှိသေးတယ်၊ သုံးဦးလိုသေးတာပဲ “။
“ ဆယ်ဦးပြည့်ပါတယ် သူဌေးမင်း၊ ကျန်တဲ့ သုံးဦးက ၊ ဘာမှ အရည်မရအဖတ်မရ
လူမိုက်စာရင်းကောက်ခိုင်းတဲ့ သူဌေးမင်းနဲ့ လူမိုက်စာရင်း လိုက်ကောက်တဲ့
ကျွန်တော်ရယ်၊ ဘာမှ အရည်မရ အဖတ်မရ ဘာဗဟုသုတမှ မရှိတဲ့ ဒီပိုစ့်ကို
ဖတ်တဲ့လူရယ်ပေါင်းလိုက်ရင် ဆယ်ဦးပြည့်တာပေါ့ သူဌေးမင်းရယ် “။

Saturday, December 24
ကျွန်တော်နှင့် Custom Message များ
Online တက်နေတုန်း အလုပ်လည်း သိပ်မရှိတာနဲ့ ကျွန်တော့် Gtalk မှာရှိတဲ့ သူတွေရဲ့ Custom Message မှာ ရေးထားတာလေးတွေကို သဘောကျလို့ ပြန်တင်ပေးလိုက်တယ်။
ရှေ့ကသွားပါဆိုလည်း အီးအီးပေါက်တယ် နောက်ကလိုက်ခဲ့ဆိုလည်း ဖိနပ်တတ်နင်းတယ် ဘေးတိုက် ကျတော့ အရပ်ပုလို့တဲ့ ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်ကျမလဲ...........
မမ...မမအင်္ကျီကိုချွတ်လိုက်ပါ..ပြီးတော့မမဘောင်းဘီကိုလဲချွတ်လိုက်ပါ.....
နောက်မှတ်ထားသူများအ၀တ်အစားတွေယူမ၀တ်နဲ့....:P
အေး... ငါဆိုတဲ့ကောင်က မလုပ်ဖူးဆို လုံးဝမလုပ်ဘူးကွ။ လုပ်ပီဟေ့ ဆိုရင်လဲ အိယောင်ဝါးပဲ။
အခုခေတ်မှာ အိုင်တွေ့တိုင်း ခြေဆေးတက်တဲ့ ယောက်ျားလေးတွေပေါတယ်တဲ့ ... ခြေဆေးမခံချင်ရင် အိုင်ထဲကရေမဖြစ်အောင် နေပေါ့ ... ဘယ်သူမှတော့ သောက်ရေအိုးထဲကရေကို ခြေမခတ်ဆေးပါဘူး ...
ကိုလှရွှေ နေမကောင်းဖြစ်လို့ .....
မသိန်းကြည် ငါးသွားရောင်းတာ......
တာမွေမှာရေကြီးလို့ တဲ့.......
အဲဒါနဲ့ အမေရိကန်နဲကိုရီးယားစာချုပ် ချုပ်လိုက်တာ....
ဒွေးသေသွားတယ်
......နင့်ကိုသတိရလိုက်တာဟာ...
ရည်းစား ဟုတ်လား သွားစမ်းပါ ရည်းစားမထားချင်သေးလို့ အွန်လိုင်းပဲလာထိုင်နေတာ ဆောရီးပဲ သူငယ်ချင်း မင်းကိုကြူနေတယ်ထင်နေရင်တော့ အခုချက်ချင်းငါ့အကောက်ထဲက ထွတ်သွားလိုက်တော့
ငါမာနကြီးနေတယ်ဆိုတာလဲ တိမ်တွေလိုရေမှုန်ပါဟယ် .ယုံကြည်ထားငါဟာလေညင်းလေးလိုရင်တွေခုန်စပါကွယ်
အရည်အသွေးမပြည့်သေးခင် ကလေး ကလှောင် ခွေးကဟောင်မည်... အမောင်ဒီအတွက် စိတ်မပျက်နဲ့ ရှေ့ဆက်ကြိုးကုတ် အလုပ်လုပ်ပါ။ :
ခင်ယုံပါဆို ရင်ခုန်စရာဘာလို့တွေးတာလဲ? ရိုးရိုးသိတာပါဆိုလဲ
ခိုးခိုးကြည့်စရာ မလိုပါဘူး... ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက
သိသာတယ်နော်... အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့...
နင်နဲ့ငါတစ်ခေါက်ပြန်ဆုံရင် ငါ့မာန ငါရိုက်ချိုးပြီး နင့်ရှေ့ဒူးထောက်မော်ဖူးပါရစေကွယ်
အချစ်ဆိုတာ ဓါးသွားပေါ်က ပျားရည်စက်တဲ့... တောက်! ဘယ်သူကများ
ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် . ငါ့အလှည့်ကျ
ဓါးသွားချည်းကျန်တော့တယ် .
ပျော်နေပြီလား....အဝေးမှာအဆင်ပြေနေတော့ ငါဆိုတဲ့ အကောင်ကိုမေ့ ကာထားဖြေနေပြီပေါ့ ပြန်မလာလဲနင့်ကို ငါတာဝန်ကျေအောင်မျှော်နေမှာနော်
မဖြစ်သေးခင် ကံကြမ္မာကို မယုံဖို့နဲ့... ဖြစ်ပြီးသွားရင် ကံကြမ္မာကို ယုံဖို့ပဲ....
ချမ်းသာစွာနေထိုင်ပါ။ချိုသာစွာပြောဆိုပါ။ချစ်ခင်စွာပေါင်းသင်းပါ။
ငါချစ်တဲ့ မင်း တစ်ခြားတစ်ယောက်နဲ့ Q လို့ ပါသွားရင်
ခေါင်းလောင်းထိုးပြီး လျှူလိုက်မယ်... မလွမ်းတက်တာတော့ တော်တော်ခက်တယ်...
နင့်ပေါ်မှာအနစ်နာခံတဲ့ငါ့ဆီကနေဘာကြောင့်ပြေးချင်လဲ...
နင်နဲ့ငါနဲ့မဆုံပဲလွဲပေးဆပ်မှုဒါအကုန်ပဲကွယ်..........နင်ဘယ်လိုပဲလိမ်လိမ်ဘယ်လိုပဲညာညာ ငါကအမြဲတမ်းယုံတဲ့ငနဲ.....
မင်းက မင်းကို ချစ်တဲ့ သူတစ်ယောက်ဆုံးရှုံးသွားတာ ငါက ငါ့ကို မချစ်တဲ့
သူတစ်ယောက် ဆုံးရှုံးရတာ အေးဆေးပဲ...
အေးအေးဆေးဆေးနေ နေတာနော် ငါ့ဖာသာ အေးဆရာလိုလိုဆရာမလိုလို သူတော်ကောင်းလိုလိုလာမလုပ်နဲ့ အပြင်မှာပြောင်လာပြော ခိုခြောင်ခိုးဝှပ်နဲ့ အွန်လိုင်းကလာတိုက်ခိုက်မနေနဲ့
အဆင့်အတန်းဆိုတာ ငွေကြေးမဟုတ်ဘူး ပညာမဟုတ်ဘူး ဂုဏ်မဟုတ်ဘူး ထားရှိရမယ့် စိတ်ဓါတ် စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ရမယ့် လူ့ ကျင့်ဝတ် လူ့စည်းကမ်း ကိုပြောတာ....
အမြည်းမရှိတော့အာပူ...သူကြီးမရှိတော့ရွာဆူ...(ဆိုသလို)
ဘုန်းတစ်ခိုးရှိတဲ့အသင်လူလည်း...ရည်းစားမရှိရင်ကြူသာကြူ...:-).
u see i see တော့ဒန်းကျိုးတာပေါ့ u say i say တော.ပန်ကန်ပါးတာပေါ့u no
i no တော.နှစ်ယောက်လုံးအိမ်ရေးပျက်တာပေါ့ Smile
လုပ်ချင်တာကို ရအောင်လုပ်နိုင်တာက ဘဝပဲ...။
what's wrong ? Mind is under the ground
♫ ဘ၀ဆက်တိုင်း England မှာ ဘောလုံးသမား, Korea မှာ မင်းသား, ဂျပန်မှာ
ယာကူဇာ, US မှာ Mafia, မြန်မာနိုင်ငံမှာ သူဌေးသား ဖြစ်ရပါစေ၊
အရှင်ဘုရား... Razz
လေတိုက်တိုင်း ယိမ်းနွဲ့တတ်တဲ့ သစ်ရွက်တွေအစား ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် နောက်လူတွေ နမူနာယူဖို့ အတိတ်တွေကို မြေမြှုပ်ပစ်လိုက်တော့မယ်
အချို့ အချို့ ကပြောတယ်ဗျာ.. မိန်းကလေးများသည် အမျိုးမျိုးပြောင်း
လဲတတ်သည်တဲ့ ... အမျိုး မျိုး မဟုက်ပါဘူးနော်........
နှစ်မျိုးတည်းပြောင်းတာပါ..လိုတမျိုး ...မလိုတမျိုး.....
အချို့ အချို့ ကပြောတယ်ဗျာ.. ကောင်ကလေးများသည် အမျိုးမျိုးပြောင်း

ကြိုက်လို့လိုက်တာ မိုက်လို့ခိုက်တာ Fight ဖို့ Case မပါဘူး
လိုက်လို့ညစ်ရင်လည်း မမိုက်လို့ ပစ်တယ်မှတ်လိုက်မယ် But
သင့်အတွက်မှတ်ရန်က အချစ်အတွက်မနက်ဖြန်မရှိပါတဲ့။
ဒီမှာချစ်သူ....မင်းအတွက်ဆို..Zoo ထဲကဆင် Assကို ပင်အပ်နဲ
့ထိုးရထိုးရ..တောထဲကခြင်္သေ့ကို လောက်စလုံးနဲ့စော်ရစော်ရ Mr Bush
ကိုဒီမှာငချွတ် မင်းဟာဖွတ်လို့ ပြောရပြောရဟာ..အသက်မရူပါးစပ်မကူဘဲ စက္ကန်
့ဝက်နေဆို နေပါ့မယ်ဟာ....နော်...Razz
နွားခြေရာခွက်ထဲက ရေကို . . . သမုဒ္ဒရာကြီးမှတ်ပြီး . . . လက်ပစ်ကူးချင်နေသူတွေနဲ့ စကားပြောရတာ . . . မောတယ်ကွာ . . . :P
နင်းဖြတ်သွားတိုင်း ခြေရာကျန်ခဲ့ ရအောင် ငါ့နှလုံးသားက သဲမြေမဟုတ်ဘူး
ချစ်မိတဲ့ ရင်ခွင်အစုံဟာ.......လှိုက်မောစွာ.......မင်းလေရဲ့ ရယ်သံတွေမှာ.......ခိုနားကာ.........နှလုံးသားရဲနေရာတွေဟာ.......မင်းလေးအတွက်ပါဘဲ.......အကုန်ယူသွားပါ
လွမ်းရဲရင် လမ်းခွဲလိုက်ပါချစ်သူ
အချစ်ကြောင့် သေမသွားပေမယ့် သေလောက်တဲ့အထိ ချစ်ခဲ့တယ် မင်းထားရစ်လဲ ကျေနပ်တယ်
မင်းနှိပ်စက်လဲ ကျေနပ်တယ် မနက်ဖြန်ဆိုတာ ရှိနေသမျှ မင်းကိုဆက်ချစ်
နေဦးမယ်မင်းရက်စက်လည်း ချစ်နေဦးမယ်
လိမ်ချင်ရင် ကြိုးကျစ်... ချစ်ချင်ရင် ဘောပင်ဆောင်ထား...
အကွက်ရွေ့ချင်ရင်ကျားထိုး...ကြောင်ချင်ရင်တော့ ညမအိပ်နဲ့..
fallချင်ရင်ခုန်ချ...လာတော့မဖြီးနဲ့
မနက်ဖြန်တိုင်းသာစကား ပြောတတ်ရင်မင်းကိုသတိရ ကြောင်းကိုယ် ကတစ်ဆင့်သူပြောပေးမှာပါ
ဗလတောင့်တယ် ရုပ်ဖြောင့်တယ် .
ရှူ ရှူး ပေါက်ရင် အဝေးကြီးရောက်တယ်
စောစောထ-လက်ကျန်မော.-သွားတိုက်-ရေချိုး-အ၀တ်လဲ- ၀ါးတီဆွဲ-မုန်.ဖိုးတောင်း-.ကျောင်းသွား-အတန်းမတက်ကန်တင်းထိုင်-အာရိုက်-အိမ်ပြန်-အိမ်မရောက်-အွန်လိုင်းတက်-ရန်ဖြစ်-ဆော်ကြောင်-အိမ်ပြန်-ရေချိုး-
တတ်ချင်ရင် သင်.တော်ချင်ရင်ကျင့် မမေ့ချင်ရင် စိတ်ဝင်စား မမှားချင်ရင် ပြန်စစ်
အချစ်ကို မတမ်းတ။ ချစ်ရန်သော်လည်းကောင်း၊ အချစ်ခံရရန်သော်လည်းကောင်း ငြင်းဆိုခြင်းမရှိ။ ယင်းအတွက် သူတို့သည် အထီးတည်းလည်း ပျော်၏၊ ချစ်သူနှင့်လည်း ပျော်ရွှင်သည်သာဖြစ်၏။
ခင်မင်နေတဲ့တို့ နှစ်ယောက်ကြားမှာ စိတ်မခိုင်လို့ ယိမ်းယိုင်မိရင်ခွင့်လွှတ်ပါ
တစ်သက်လုံးပဲ ရင်မှာ သိမ်းဆည်းထားပါ့မယ်
I REALLY LOVE YOU(BAO BEI OR YRQ OR NAT) with my heart & I KEEP OUR(u & me PROMISE REAL TOGETHER & FOREVER
အသားမကျသေးတဲ့ မျက်လုံးတွေက နေရာတကာကို လိုက်ပြီးချိန်ရွယ်နေတယ် ငါ့မှာလဲ သေနတ်တစ်လက်လိုလို စက်နာရီ ဆန်ဆန် ဘာသာပြန်ရခက်တယ်...။
ဆန္ဒတွေတော့ရှိသေးတယ် မျှော်လင့်ခြင်းတွေတော့မရှိတော့ပါဘူး
အချစ်တွေတော့ရှိသေးတယ် ယုံကြည်မှုတွေတော့မရှိတော့ပါဘူး
သတိတွေတော့ရသေးတယ် တွေ့ ချင်စိတ်တော့မရှိတော့ပါဘူး
ငါက တွေ့နေကျ၊ မြင်နေကျ၊ ရိုးရိုးလူမျိုးပေါ့ ပန်းနဲ့ပဲဖြစ်ဖြစ်၊ကောက်ရိုးနဲ့ပဲဖြစ်ဖြစ် အရမ်းလာပစ်ပေါက်ရင်တော့ ကြောက်တတ်တဲ့ ကောင်မျိုးလေ..။
ဆောင်းတစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စ
အချစ်ကို ကိုးကွယ်နေတဲ့ သူမဟုတ်ပါဘူး... အချစ်ကို ဒူးထောက်တောင်းခံ
သူလည်းမဟုတ်ပါဘူး.. ဒါပေမယ့် အချစ်ကို တင်းတင်းကျပ်ကျပ် ပွေ
့ဖက်ထားတတ်သူပါ...
ချောတာကြိုက်ရင်...... မင်းသားတွေရှိတယ်............
ချမ်းသာတာမှလိုချင်ရင်..........
သူဌေးသားတွေရှိတယ် ..........ဂုဏ်မက်တယ်ဆိုရင်လည်း........
စစ်ဗိုလ်တွေရှိတယ်........ ချစ်တတ်တာကိုပဲလိုချင်တယ်ဆိုမှ ငါ့ဆီလာခဲ့ပါ .
တစ်ကယ်တော့အချစ်ဆိုတာ လူတိုင်းပါးစပ်ဖျားမှာပြောနေကြတဲ့ ယုံတမ်းစကားပါပဲ
ပိုင်ရှင်မရှိပါ ရည်းစားစကား ပြောခြင်းကိုလက်ခံစဉ်းစားပေးမည်
လူတွေကပြောတယ်အချစ်မရှိရင်သေနိုင်တယ် တဲ့ မဖြစ်နိုင်တာအချစ်က oxygenမှမဟုတ်တာ
အရှုံးပေးတာ ...ဒုံးဝေးတာမဟုတ်ဘူး
အချက်အပြုတ် မောင့် အလုပ်
အပြေးအလွှား မောင် ဈေးသွား
ဖွတ်အလျှော် မောင် ပဲနော်
ကလေးထိန်းကျောင်း မောင် ပဲကောင်း
ကျောင်းကြိုကျောင်းပို့ မောင် အဖို့
ထင်းမီးသွေးဝယ် မောင် ပဲကွယ်
ဆန်ဆီရှာလည်း မောင် ပါပဲ
ဖျားနာပြုစု မောင် ပဲကု
သို့သော်.............သို့သော်
အင်္ကျီဝယ်ချုပ် မောင် မဟုတ်
လက်ဝတ်ရတနာ မ အတွက်ပါ
ဆလင်းဘက်အသစ် မ အတွက်ဖြစ်
ဗိုလ်ချုပ်ဈေးသွား မောင် မတား
အလှပြင်ဆိုင် မ ပဲထိုင်
အသစ်အဆန်းအထည် မ ပဲဝယ်
ဘာပဲပြောပြော မ သဘော......... မ သဘော။
My name is ဖိုးရှုပ်...
All call me အမျိုးယုတ်....
I Live in တဲစုတ်.... I
only eat ပဲပြုတ်...
I walk in လမ်းစုတ်..
So I meet မိပုတ်...
I give her အမှိုတ်ထုတ်...
So she beat me with ထီး
ပုံပြင်ကြိုက်တဲ့ငါ့ကို ပုံပြောကောင်းတဲ့နင်က ပုံပြင်ထဲမှာဘဲထားသွားတယ် ပုံပြင်ထဲမှာကျန်ခဲ့တဲ့ ငါပုံပြင်တွေကိုပြန်ဖတ်ပြီး ပုံပြောကောင်းအောင်လေ့ကျင့်ခဲ့တယ် အခုတော့ငါပုံတွေပြောတတ်နေပြီ
စာကမရ ၀ိုင် သာချ ...
စိတ်လေတယ်နော် beer ဆော် ...
အသည်းကကွဲ wiskey ဆွဲ...
အပျင်းပြေသောက် spy ဖောက်..
သောက်ပြီးရင်ဇိမ် ဒီ Champain ..
ပိုက်ဆံကမွဲ ဘီအီးဆွဲ .. စိတ်ညစ်လို့ထိုင် ခေါင်ရည်ဆိုင်
မုန်းပြီဆိုရင်...1500 ကို 3000 ပေးလည်း လှည့်မကြည့်ဘူး။ အချစ်ဆိုတာ Bus ကားလိုပဲ
ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့မောတယ်... ခဏစောင့်လိုက်..
နောက်တစ်စီးလာလိမ့်မယ်။
ကဗျာဆန်ဆန် တွေ့ဆုံခဲ့တာ မဟုတ်ပေမဲ့ ၀တ္ထုဆန်ဆန်ပဲ ခွဲခွာခဲ့တရ် နှလုံးသားကို ငုံကြည့်လိုက်တော့အံသြစရာကောင်းစွာပဲ နှလုံးသားကလည်း ရုပ်ရှင်ဆန်ဆန်ကြီး ငိုကြွေးနေတရ်..
အချစ်ဆိုတာတမာလိုခါးပိန်းလိုယားတယ်အသဲမခိုင်သွားမပြိုင်နဲ့ငယ်ငယ်လေးနဲ့ဆွေးတတ်တယ်.......
ပညာသင်ခိုက် '' မ''ဘက်လိုက်ပါ.. မ ဘက်လိုက်လျှင် စိတ်ရွှင်ဥာဏ်ထက် တော်ကီညက်၏ ... သင်၏တော်ကီယုံကြည်လာလျှင်... အပျိုကညာ အလိုလိုသာ သင်ဘာပြောပြော ရေစုန်မျော၏။ လေအတိုက်ကြွေလိုက်မည်ဆိုသည့် ပျိုကညာ
ချစ်ပါဗျာ ပျော်ပါဗျာ ဆန္ဒတွေပြည့်အောင် ကျနော်မျိုးကြီးကို ချက်နိုင်ပါတယ်....ဒါပေမယ့် ချက်လို.ပြီးရင် ချက်ချင်းပြန်မေ့ပေးပါ။
အချစ်ဆိုတာချစ်နေဖို့သာအဓိကပါ လူချင်းဝေးပါစေအသည်းချင်းနီးနေမယ်
ထားခဲ့မယ်ဆို ပြန်လှည့်ကြည့်မနေပါနဲ့ ဒီရင်မှာဘာဖြစ်ဖြစ်ပေါ့....
ဘုရားပေးသလောက်ထဲမှာမှ ငါဟာ ကိုယ်နဲ့တန်သလောက်ပဲ ရခဲ့တဲ့သူပါ ဘဝကို နေတတ်အောင် ကြိုးစားနေရတယ် ရောင့်ရဲနိုင်အောင် ကျင့်ကြံနေရတယ် ကိုယ့်အထာနဲ့ ကိုယ့်အထွာနဲ့ပေါ့

(မြန်မာထောက်လှမ်းရေးကွ)
ကမ္ဘာ့တွေ့ရတဲ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ် တဲ့။ ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။ CIA ရယ်၊ FBIရယ်၊ မြန်မာထောက်လှမ်းရေးရယ်။ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲ အနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်၊ တောအုပ် တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။
... ပထမဆုံး CIA ၀င်သွားတယ်။
... သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။ တိရိစ္ဆာန် သတင်းပေးတွေကို နေရာအနှံ့ ချထားတယ်။ သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ ဒါပေမယ့် လုံးဝ မတွေ့ဘူး။ ရှုံးတယ်။အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။
FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။ မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ ပစ်ခဲ့တယ်။
း)) နောက်ဆုံးကျတော့ မြန်မာထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွား တာပေါ့။ သိပ်မကြာပါဘူး။ မိလာတယ်။ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ ၀က်ဝံတစ်ကောင်။ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ.. အမလေးဗျ.. ကြောက်ပါပြီဗျ..ကျနော်ယုန်ပါခင်ဗျ..မနှိပ်စက်ပါနဲ့ တော့.. ကြောက်ပါပီ
ကျနော်ယုန်အစစ်ပါခင်ဗျတဲ့ ... တဲ့

Saturday, December 17
အမတ်ကြီး ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။
၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။ ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။
၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။ သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။
၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။ ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။ ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။
၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။ လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။ ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။
၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။ သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။
၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။ သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။
၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။ ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။ မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။ လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။ ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။
၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။ ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။
၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။ ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။
၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။ ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။ အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။ သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။ နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။ သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။ တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။ ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။ ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။ ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။ သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။
၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။ အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။ သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။ သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။ မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။ ၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။ မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။
၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။ ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။
၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။ ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။
၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။ မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။
၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။ တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။ စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။
၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။ ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။ ၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။ ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။
၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။ တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။ မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။
၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။ ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။
၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။ ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။
၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။ ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။ သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။ သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။
၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။ စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။
၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။ မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။
၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။ ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။ ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။
၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။ လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။ စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။ စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။ သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။ ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။
၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။ မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။ မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။ မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။
၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။ တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။
၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။ မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။ တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။ သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။ ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။
၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။ ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။
၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။ အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။ တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။ အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။ မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။ အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။ သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။
ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။ လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။
၆ - ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

သင်ဟာကွန်ပျူတာသုံးနေတဲ့သူဆိုလျှင် ဒါကိုသိထားသင့်ပါတယ်
ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကိုလုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါကကွန်ပြူတာ s
creen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။
ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။
ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။
CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။
ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။
အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ) ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။
အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။ အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။
ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။ ဘယ်ဘုတ်မှ အဆင်မပြေပါက မော်တော် ဘုတ် တပ်ကြည့်ပါ ။ အဆင်ပြေသွားနိုင်ပါသည်။
မိမိကွန်ပြူတာကို အခြားတစ်ဦး မကိုင်စေရန် system ပုံး ကိုသွားလေရာ ဖြုတ်ပြီး သယ်သွားပါ။ laptop ကွန်ပြူတာဆိုပါက စိတ်အချရဆုံးနည်းလမ်းမှာ သော့တပ်ပြီး ခတ်ထားပါ။ သတိ မူရင်းသော့ မပျောက်ပါစေနှင့်။

Subscribe to:
Posts (Atom)