Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Monday, May 28
မျှော်လင့်နေသူ .....
နံနက်ခင်းလေး အိပ်ရာနိုးရင် နင့်အပြုံးလေးနဲ့အတူ
နိုးထချင်သူပါ ...
နင်ပြင်ပေးတဲ့ နံနက်စာလေးကို တစ်သက်တာ
စားချင်သူပါ ...
နင်ထုတ်ပေးတဲ့ အကျီများကို ဘ၀တစ်သက်စာ
ဝတ်ချင်သူပါ ...
နင်နှုတ်ဆက်တဲ့ လိုက်ပို့အပြုံးနဲ့ ရုံးကိုအမြဲ
သွားချင်သူပါ ...
နင်ချက်ပေးတဲ့နေ့လည်စာများနဲ့ နေ့တိုင်း
စားချင်သူပါ ...
ချိုမြိန်လွန်းတဲ့ စောင့်ကြိုအနမ်းနဲ့ ရုံးဆင်းချိန်
စောင့်စေချင်သူပါ ...
နင်လျှော်ထားတဲ့အ၀တ်အထည်များနဲ့ တစ်သက်သာ
ဆင်မြန်းချင်သူပါ ...
နင်ပြင်ထားတဲ့ ညစာများနဲ့ အမြဲတမ်းသာ
စားချင်သူပါ ...
နင်လိုအပ်တဲ့ အရာတိုင်းကို ကြိုးစားကာ
ဖြည့်ဆည်းပေးချင်သူပါ ...
အမှန်တကယ်ဖြစ်မဲ့နေ့ရက်များကို တမ်းတကာ
စောင့်မျှော်နေသူပါ
Thursday, April 5
လွမ်းနေသူပါနှင်း
နှင်းရယ်....
တို့တွေဆုံတွေ့တယ် ရင်းနှီးခဲ့တယ်
မင်းကိုဖွင့်ပြောခဲ့တယ်
မင်းက အချိန်အတိုင်းအတာတစ်ခုကိုစောင့်ဆိုင်း
ဖို့တောင်းဆိုခဲ့တယ်
ကိုလည်းလက်ခံခဲ့တယ်
မင်းကိုဘ၀ရဲ့လက်တွဲဖော်အဖြစ်ရွှေးချယ်ခဲ့ပြီပဲ
ကိုမင်းကိုပဲချစ်တယ်
မင်းမျက်ကွယ်မှာ ကိုလမ်းမှားခဲ့တာကိုလည်းတောင်းပန်ချင်တယ်
မင်းနဲ့ကိုယ်က နီးရက်နဲ့ဝေးနေတယ်
မင်းကို့ကိုရက်စက်ရက်မယ်လို့လဲ
ကိုမယုံချင်ဘူး ကို့ရဲ့ရည်ရွယ်ချက်တွေ
အိပ်မက်တွေ အနာဂတ်တွေကို
နှင်းက ပုံဖော်ပေးမယ်လို့ကိုယုံကြည့်တယ်
နှင်းရယ် လွမ်းတယ် နှင်းကိုမတွေ့တဲ့နေ့ဆို
ရူးနေလားမှတ်ရတယ်
အလွမ်းပြေဆိုလို့ ပုံရိပ်လေးတောင် ဖမ်းခွင့်မပေးခဲ့ပေမဲ့
ကို့ရင်ထဲနှလုံးသားထဲမှာတော့ နှင်းပုံရိပ်လေးကို
တံဆိပ်နှက် လက်မှတ်ထိုးပြီးသားပါ
နှင်းဟာကို့ ဘ၀ရဲ့မျှော်လင့်ချက်လေးပါ
ခုလိုဝေးနေချိန်မှာ ကိုလွမ်းနေတာနှင်းပါ
ကိုသတိရနေတာနှင်းပါ
ကျေးဇူးတင်ချင်တာကတော့ ညတိုင်း
ကို့အိပ်မက်လေးထဲကို နှင်းဝင်လာပေးခဲ့တာကိုပေါ့ကွယ်
ဘာပဲပြောပြော နှင်းကိုလွမ်းတဲ့နေ့တွေကို
ရေတွကနေရင်း ကိုမျှော်လင့်တဲ့နေ့ရက်ကို
နှင်း ...........
Monday, March 5
ထာဝရအတွက်နှင်း
အခြေအနေတွေဝေးကွာလည်း
ကိုမြတ်နိုးတာ နှင်း
ဘ၀တွေ ကွာခြားပစေ
ကို တန်ဖိုးထားတာနှင်း
ဓနနဲ့ ခွဲခိုင်းလည်း
ကိုရွှေးချယ်မှာ နှင်း
အနေတွေဝေးနေလည်း
ကို လွမ်းနေတာ နှင်း
နိုင်ငံတွေခြားနေလဲ
ကို အရောက်ပြန်မယ် နှင်း
ချစ်သူတွေ များနေလည်း
ကိုစောင့်မျော်မယ် နှင်း
အချိန်တွေ ဆွဲနေလဲ
ကိုမျှော်လင့်နေမယ် နှင်း
မာနတွေကို ခ၀ါချလည်း
ကိုဒူးထောက်မှာ နှင်း
အလှတွေ နဲ့ လာချုပ်ကုန်လဲ
ကို ချစ်နေတာက နှင်း
ဘယ်လိုနေရာတွေဝေးဝေး
ဘယ်လိုအချိန်တွေဆိုင်းဆိုင်း
ဘယ်လိုအလှမျိုးကဆွဲဆောင်ဆောင်
ဘယ်လိုဘ၀မျိုးနဲ့ ပြောပြော
ကိုတကယ်ချစ်မှာ က နှင်းပဲ
ဘယ်သူတွေဘာတွေပြောပြော
နှင်းဆိုတာ ကို့အတွက်တော့ထာဝရပါ ။ ။
ကိုမြတ်နိုးတာ နှင်း
ဘ၀တွေ ကွာခြားပစေ
ကို တန်ဖိုးထားတာနှင်း
ဓနနဲ့ ခွဲခိုင်းလည်း
ကိုရွှေးချယ်မှာ နှင်း
အနေတွေဝေးနေလည်း
ကို လွမ်းနေတာ နှင်း
နိုင်ငံတွေခြားနေလဲ
ကို အရောက်ပြန်မယ် နှင်း
ချစ်သူတွေ များနေလည်း
ကိုစောင့်မျော်မယ် နှင်း
အချိန်တွေ ဆွဲနေလဲ
ကိုမျှော်လင့်နေမယ် နှင်း
မာနတွေကို ခ၀ါချလည်း
ကိုဒူးထောက်မှာ နှင်း
အလှတွေ နဲ့ လာချုပ်ကုန်လဲ
ကို ချစ်နေတာက နှင်း
ဘယ်လိုနေရာတွေဝေးဝေး
ဘယ်လိုအချိန်တွေဆိုင်းဆိုင်း
ဘယ်လိုအလှမျိုးကဆွဲဆောင်ဆောင်
ဘယ်လိုဘ၀မျိုးနဲ့ ပြောပြော
ကိုတကယ်ချစ်မှာ က နှင်းပဲ
ဘယ်သူတွေဘာတွေပြောပြော
နှင်းဆိုတာ ကို့အတွက်တော့ထာဝရပါ ။ ။
Tuesday, February 28
ချစ်သော နှင်းအတွက် ပါ
ဆောင်းဦးရာသီပါ ♣ ♣ ♣ ♣ ♣
မြောက်ပြန်လေပြာပြာတွေ ...
တည်ငြိမ်စီးမျော ♠ ♠ ♠ ♠
ငါချစ်သော ပန်းခင်းကလေးမှာ ...♥¸.•*´`*♥...♥*´`*•.¸♥...
အဝါရောင်ရွှေအိပ်မက်တွေဝေပြီ။
သူ့အတွက် ♥ ♥ ♥
ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
မြတ်နိုးခွင့်ကို ♦ ♦ ♦
လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် ♥ ♥ ♥
စောင့်ရှောက်ရတဲ့ညများမှာ ♠ ♠ ♠ ♠
တမျှော်တခေါ် အလင်းဝိုးဝါးနဲ့ပါလား ...
သွားလိုက်တော့ ငါ့ညဒီဇင်ဘာရေ ♥¸.•*´`*♥...♥*´`*•.¸♥...
Sunday, February 26
မုန်းပရစေတော့
မင်းကိုသိမ်းကျုံးမက်တတ်တဲ့ ငါ့ညတွေကိုမုန်းတယ်
သိပ်မုန်းတာပဲ ....ခါးခါးလျှလျှကိုမုန်းတာ ။ ။
အသွားသာရှိပီး အပြန်မဲ့တဲ့ငါ့ချစ်ခြင်းတရားကိုလဲမုန်းတယ်
နင့်ကိုမုန်းလိုက်တာ
နင့်ကို နှုတ်က မုန်းတယ်လို့ တဖွဖွပြောတဲ့
ငါ့လိမ်ညာစကားတွေကိုလဲ ငါမုန်းသင့်ပီ
သေရာပါအောင် ကဗျည်းထိုးလိုက်တဲ့
ငါ့နှလုံးသားပေါ်က မင်းနာမည်ကိုလဲ ဖျက်မရလို့မုန်းလိုက်တာ
လက်ညိုးထိုးအန်မထုတ်နိုင်အောင်ကိုမုန်းလို့ ။ ။
သိပ်မုန်းတာပဲ ....ခါးခါးလျှလျှကိုမုန်းတာ ။ ။
ငါ့အသက်ရူသံတိုင်း မင်းအငွေ့အသက်တွေကိုရှာနေမိတာကြီးကိုမုန်းတာ
ဟုတ်တယ်.......ငါ နင့်ကို မုန်းတယ် ။ ။
မုန်းတယ်ဆိုတဲ့စကားရဲ့ ခြုံလွာအောက်မှာ အရမ်းချစ်လိုက်ရတာဆိုတဲ့
ခံစားမှုကြီးကပ်ကပ်ပါသွားတာကို .....မုန်းတာ ။
ဟုတ်တယ်.......ငါနင့်ကိုမုန်းတယ်
နင်စေစားရာအတိုင်း စည်းချက်လိုက်ခဲ့တဲ့ ငါ့ရင်ခုန်သံကို ........မုန်းတယ်
ဘယ်တော့မှ မချစ်နိုင်မှန်းသိလျှက်နှင့် ငါချစ်ခဲ့တာကို ငါမုန်းတာ
ငါ့ဝိဥာဉ်တွေ ပေါက်ကွဲထွက်မတတ် နင့်ကိုငါ မုန်းတယ်
ငါ့ကိုညာသွားတဲ့ နင့်ကို........မုန်းတယ် ။ ။
အမုန်းမြို့ကို အမုန်းတံတိုင်းခတ်ပီး....အမုန်းပါတီကျင်းပ
အမုန်းဝိုင်တွေသောက်သုံး....အမုန်းသီချင်းတွေတီးခတ်.......
အမုန်းမျက်ရည်တွေဖောက်ထုတ်နေမိအောင်မုန်းတယ်
ကျေးဇူးပြုပီး.....ငါကိုယ်ငါ မုန်း ခွင့်ပြုပါ ။ ။
ချစ်သူ မင်းကိုမုန်းတယ် အဲ့ ဒီ့အကြောင်းပြချက်တွေ ကြောင့်မုန်းတယ်
ငါ့အချစ်ကိုလိမ်သွားတဲ့ အတွက်လဲ မုန်းတယ် ..ပီးတော့ နင်မှတ်ထား
နင်နဲ့ မတန်ဆုံးအရာက အချစ်စစ်ဘဲ ...
Sunday, February 19
ချစ်သူများနေ့ မှာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်...
ချစ်သူများနေ့ က ဖေဖော်ဝါရီ ၁၄ရက်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အကျီဆင်တူ ဝတ်ရမယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
တနေကုန် လျှောက်သွားရမယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အဲဒီနေ့ မဖြစ်မနေ လျှောက်လည်ရလိမ့်မယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အဲဒီနေ့ မှာ အမှတ်တရ လက်ဆောင်ပေးရမယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အဲဒီနေ့ မှာ ချစ်သူနဲ့ ဘဲရှိရမယ်ဆိုတာ
ဖေဖော်ဝါရီ ၁၄ မှ ချစ်သူများနေ့ မဟုတ်ပါဘူး
ချစ်သူနဲ့ ရှိတဲ့ နေ့ တိုင်း ချစ်သူများနေ့ ပါ
အကျီဆင်တူ ဝတ်ရမှ မဟုတ်ပါဘူး
စိတ်ချင်းဆင်တူ ဖြစ်နေယုံနဲ့  တင်ပြည့် စုံပါတယ်
တနေကုန် လျှောက်လည်နေမှမဟုတ်ပါဘူး
တနာရီနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောရင်တောင်ပြည့် စုံပါတယ်
အမှတ်တရ လက်ဆောင်ပေးရမှ မဟုတ်ပါဘူး
တယောက်နဲ့ တယောက်နားလည်မှုတွေ နဲ့ တင်ပြည့် စုံပါတယ်
အဲဒီနေ့ ဘဲ ချစ်သူနဲ့ အတူတူရှိမှ မဟုတ်ပါဘူး
လူချင်းမတွေ့ ရဘဲ စိတ်ထဲအမြဲရှိရင်တောင် ပြည့် စုံပါတယ်
ချစ်သူများနေ့ က ဖေဖော်ဝါရီ ၁၄ရက်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အကျီဆင်တူ ဝတ်ရမယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
တနေကုန် လျှောက်သွားရမယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အဲဒီနေ့ မဖြစ်မနေ လျှောက်လည်ရလိမ့်မယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အဲဒီနေ့ မှာ အမှတ်တရ လက်ဆောင်ပေးရမယ်ဆိုတာ
ဘယ်သူများ တီထွင်ခဲ့ပါလိမ့်
အဲဒီနေ့ မှာ ချစ်သူနဲ့ ဘဲရှိရမယ်ဆိုတာ
ဖေဖော်ဝါရီ ၁၄ မှ ချစ်သူများနေ့ မဟုတ်ပါဘူး
ချစ်သူနဲ့ ရှိတဲ့ နေ့ တိုင်း ချစ်သူများနေ့ ပါ
အကျီဆင်တူ ဝတ်ရမှ မဟုတ်ပါဘူး
စိတ်ချင်းဆင်တူ ဖြစ်နေယုံနဲ့  တင်ပြည့် စုံပါတယ်
တနေကုန် လျှောက်လည်နေမှမဟုတ်ပါဘူး
တနာရီနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောရင်တောင်ပြည့် စုံပါတယ်
အမှတ်တရ လက်ဆောင်ပေးရမှ မဟုတ်ပါဘူး
တယောက်နဲ့ တယောက်နားလည်မှုတွေ နဲ့ တင်ပြည့် စုံပါတယ်
အဲဒီနေ့ ဘဲ ချစ်သူနဲ့ အတူတူရှိမှ မဟုတ်ပါဘူး
လူချင်းမတွေ့ ရဘဲ စိတ်ထဲအမြဲရှိရင်တောင် ပြည့် စုံပါတယ်
Tuesday, January 3
နင်
င့ါရဲ့စိတ်တွေလေနေတိုင်း အမြဲ
အားပေးတတ်တဲ့ နင်...
င့ါလက်သည်းတွေ ရှည်လာတိုင်း အမြဲ
ဂရုစိုက်တတ်တဲ့ နင်...
င့ါဆံပင်တွေရှည်နေတိုင်း အမြဲ
သတိပေးတတ်တဲ့ နင်...
ငါစာမေးပွဲတွေမှ အဆင့်ကျတိုင်း အမြဲ
စာကူကျက်ပေးတဲ့ နင်...
င့ါစိတ်တွေပေါက်ကွဲတိုင်း အမြဲ
သည်းခံတတ်တဲ့ နင်...
င့ါအချစ်ကိုမြတ်နိုးပြီး အမြဲ
တန်ဖိုးထားမယ်ဆိုတဲ့ နင်...
ငါလိမ္မာတဲ့အခါမှဟိုး အဝေး
ထွက်ခွာနေတဲ့ နင်...
ဘ၀အတွက်ပညာတော်တင်အချိန်လေး ခဏ
ခွဲခွာရတာပါဆိုတဲ့ နင်...
ငါကိုလည်းအဝေးတစ်နေရာက ထာဝရ
လွမ်းနေပါတယ်ဆိုတဲ့ နင်...
င့ါတို့ ပညာတွေစုံကာမှ ဘဝ
စတင်ကြမယ်ဆိုတဲ့ နင်...
ခုတော့...
နင်လည်းဘွဲ့တွေတော့ခါနီးပြီဆိုတော့
မြန်မာပြည်ပြန်ရောက်တာနဲ့တို့တွေနီးစပ်တော့မှာပေါ့နော်......
နင့်သို့လွမ်းခြင်း 4နှစ်ပြည့်
ရွှေရန်လေး
မှတ်ချက်။ ။ 2014 ဖေဖော်ဝါရီလကိုစောင့်မျော်နေလျက်ပါ ချစ်သူ.....
အားပေးတတ်တဲ့ နင်...
င့ါလက်သည်းတွေ ရှည်လာတိုင်း အမြဲ
ဂရုစိုက်တတ်တဲ့ နင်...
င့ါဆံပင်တွေရှည်နေတိုင်း အမြဲ
သတိပေးတတ်တဲ့ နင်...
ငါစာမေးပွဲတွေမှ အဆင့်ကျတိုင်း အမြဲ
စာကူကျက်ပေးတဲ့ နင်...
င့ါစိတ်တွေပေါက်ကွဲတိုင်း အမြဲ
သည်းခံတတ်တဲ့ နင်...
င့ါအချစ်ကိုမြတ်နိုးပြီး အမြဲ
တန်ဖိုးထားမယ်ဆိုတဲ့ နင်...
ငါလိမ္မာတဲ့အခါမှဟိုး အဝေး
ထွက်ခွာနေတဲ့ နင်...
ဘ၀အတွက်ပညာတော်တင်အချိန်လေး ခဏ
ခွဲခွာရတာပါဆိုတဲ့ နင်...
ငါကိုလည်းအဝေးတစ်နေရာက ထာဝရ
လွမ်းနေပါတယ်ဆိုတဲ့ နင်...
င့ါတို့ ပညာတွေစုံကာမှ ဘဝ
စတင်ကြမယ်ဆိုတဲ့ နင်...
ခုတော့...
နင်လည်းဘွဲ့တွေတော့ခါနီးပြီဆိုတော့
မြန်မာပြည်ပြန်ရောက်တာနဲ့တို့တွေနီးစပ်တော့မှာပေါ့နော်......
နင့်သို့လွမ်းခြင်း 4နှစ်ပြည့်
ရွှေရန်လေး
မှတ်ချက်။ ။ 2014 ဖေဖော်ဝါရီလကိုစောင့်မျော်နေလျက်ပါ ချစ်သူ.....
Saturday, December 24
‘’ရွဲ့စောင်းနေတဲ့ ဆောင်း’’
မျှော်လင့်ထားတဲ့ နှင်းပွင့်တွေကို
မျှော်လင့်မထားတဲ့ အပူရက်တွေက
လူသတ်လက်နက်တွေနဲ့ အဓမ္မကျင့်သိမ်းဖျောက်ထားခဲ့လို့
ဆောင်းဟာ ဆောင်းမှာပဲ
ခေါင်းစဉ်ပျောက်ပြီး အကြောင်းအရာပျက်နေခဲ့ရတယ်….
နှင်းမကြွင်းတဲ့
လေရိုင်းခြွေ ဆောင်းမနက်ခင်းတွေမှာ
ခုတ်ရာနဲ့ရှရာလွဲနေဆဲ သတင်းဟောင်းတွေကိုပဲ
လူမတွေ့အောင်ဝှက်ထားတဲ့ အပူငွေ့တွေကြားက
တရွက်ချင်းဆွဲထုတ်လှန်လှောပြီး ဖတ်နေခဲ့ရတယ်….
အပြင်ဘက်မှာ
ဆောင်းဟာ ဆောင်းနဲ့မတူတဲ့ စွေစောင်းစောင်းမိုးတွေကို
နွေရက်ဟောင်းတွေတုန်းကအတိုင်း အပြိုင်းအရိုင်းရွာချနေပြန်တယ်…
ဆောင်းဟာ
အကြောင်းအရာထပ်နေတဲ့ ကဗျာတပုဒ်နဲ့တူလာသလို
မြူနဲ့နှင်းမရှိတဲ့နွေလိုလည်း ရုတ်တရက်ပူနေခဲ့တယ်….
ဆောင်းဟာ
သီချင်းဟောင်းတပုဒ်ကို Version အသစ်ပြန်လုပ်ထားပြီး
အသံသေတ္တာကြီးထဲက တရစ်ချင်းပြန်ဖြေထုတ်နေကြတဲ့
လူတအုပ်နဲ့ ချွတ်စွပ်တူလာခဲ့တယ်…
ဆောင်းဟာ
ဒီဇင်ဘာပြက္ခဒိန်စာရွက်တွေပေါ်မှာ
ဟန်ဆောင်ရုပ်ဖျက် သစ္စာနဲ့ကတိပျက်နေခဲ့တာကြာခဲ့ပြီ…..
ငါ့မှာတော့…ဆောင်းသတင်းတွေအတွက်
နေ့တွေကိုဖောင်ဖျက် ဘဝတွေလည်းနက်ခဲ့ရပြီ။ ။
မူရင်း။ ။
ဆောင်းယွန်းလ
မျှော်လင့်မထားတဲ့ အပူရက်တွေက
လူသတ်လက်နက်တွေနဲ့ အဓမ္မကျင့်သိမ်းဖျောက်ထားခဲ့လို့
ဆောင်းဟာ ဆောင်းမှာပဲ
ခေါင်းစဉ်ပျောက်ပြီး အကြောင်းအရာပျက်နေခဲ့ရတယ်….
နှင်းမကြွင်းတဲ့
လေရိုင်းခြွေ ဆောင်းမနက်ခင်းတွေမှာ
ခုတ်ရာနဲ့ရှရာလွဲနေဆဲ သတင်းဟောင်းတွေကိုပဲ
လူမတွေ့အောင်ဝှက်ထားတဲ့ အပူငွေ့တွေကြားက
တရွက်ချင်းဆွဲထုတ်လှန်လှောပြီး ဖတ်နေခဲ့ရတယ်….
အပြင်ဘက်မှာ
ဆောင်းဟာ ဆောင်းနဲ့မတူတဲ့ စွေစောင်းစောင်းမိုးတွေကို
နွေရက်ဟောင်းတွေတုန်းကအတိုင်း အပြိုင်းအရိုင်းရွာချနေပြန်တယ်…
ဆောင်းဟာ
အကြောင်းအရာထပ်နေတဲ့ ကဗျာတပုဒ်နဲ့တူလာသလို
မြူနဲ့နှင်းမရှိတဲ့နွေလိုလည်း ရုတ်တရက်ပူနေခဲ့တယ်….
ဆောင်းဟာ
သီချင်းဟောင်းတပုဒ်ကို Version အသစ်ပြန်လုပ်ထားပြီး
အသံသေတ္တာကြီးထဲက တရစ်ချင်းပြန်ဖြေထုတ်နေကြတဲ့
လူတအုပ်နဲ့ ချွတ်စွပ်တူလာခဲ့တယ်…
ဆောင်းဟာ
ဒီဇင်ဘာပြက္ခဒိန်စာရွက်တွေပေါ်မှာ
ဟန်ဆောင်ရုပ်ဖျက် သစ္စာနဲ့ကတိပျက်နေခဲ့တာကြာခဲ့ပြီ…..
ငါ့မှာတော့…ဆောင်းသတင်းတွေအတွက်
နေ့တွေကိုဖောင်ဖျက် ဘဝတွေလည်းနက်ခဲ့ရပြီ။ ။
မူရင်း။ ။
ဆောင်းယွန်းလ
Wednesday, November 30
G-Talk မှလွမ်းဆွေးသူ
ကွန်ပျူတာရှေ့ သူရှိမလားလို g-talk ကို ဖွင့်ကြည်မိတယ်
သူ ရိုက်တဲ စာသားလေးတွေ ကို မျက်ဝန်းမှာ ပုံဖော်ပြနေတယ်။
အသိစိတ် တစ်ခုကြောင့်သာ သူ ကိုယ်ကို မချစ်မှန်းသိနေပေ့မဲ
လက်မခံချင်ဘူး သူကို ဘဲချစ်နေမိတယ်။
သူအသံလေးကို ကြားမလားလို earphone လေးကို
ကိုင်ပြီးနားထောင်နေမိတယ်
internet ဆိုတာလေးကို တွေးတိုင်း သတိရနေမိတယ်သူကို
သူ sign out လုပ်သွားထိတိုင် မိုးလင်းထိ အိပ်မပျော်ခဲ့ဘူး။
ဆုံးရှုံးမှုမဟုတ်သော်လည်း ငါ့နားမှာ သူမရှိတဲ့အခါ လစ်ဟာနေတဲ ရင်ကိုဘယ်လို အစားထိုးရမလဲ။
ချစ်သူနဲ့ဝေးနေတဲ့အချိန်မှ
ာ ဘာနဲ့မှ အလွမ်းမပြေဘူး။
သူရဲ့ဆွဲဆောင်မှု စွမ်းရည် က ငါ့နှလုံးသားကို အရည်ဖျော်လိုက်ပြီ။
သူကိုတမ်းတ
လွမ်းရစ်သည်ကလွဲလို့
ဘာကိုမှမလုပ်ချင်ဘူး။
ငါလွမ်းသလို သူလွမ်းနေမယ်ဆိုရင်ပေါ့
ငါ့အနမ်းလေးတွေ သူသတိတရ ရှိနေမယ်ဆိုရင်ပေါ့
ငါ ကျေနပ်ပါပြီ.....................
သူ ရိုက်တဲ စာသားလေးတွေ ကို မျက်ဝန်းမှာ ပုံဖော်ပြနေတယ်။
အသိစိတ် တစ်ခုကြောင့်သာ သူ ကိုယ်ကို မချစ်မှန်းသိနေပေ့မဲ
လက်မခံချင်ဘူး သူကို ဘဲချစ်နေမိတယ်။
သူအသံလေးကို ကြားမလားလို earphone လေးကို
ကိုင်ပြီးနားထောင်နေမိတယ်
internet ဆိုတာလေးကို တွေးတိုင်း သတိရနေမိတယ်သူကို
သူ sign out လုပ်သွားထိတိုင် မိုးလင်းထိ အိပ်မပျော်ခဲ့ဘူး။
ဆုံးရှုံးမှုမဟုတ်သော်လည်း ငါ့နားမှာ သူမရှိတဲ့အခါ လစ်ဟာနေတဲ ရင်ကိုဘယ်လို အစားထိုးရမလဲ။
ချစ်သူနဲ့ဝေးနေတဲ့အချိန်မှ
ာ ဘာနဲ့မှ အလွမ်းမပြေဘူး။
သူရဲ့ဆွဲဆောင်မှု စွမ်းရည် က ငါ့နှလုံးသားကို အရည်ဖျော်လိုက်ပြီ။
သူကိုတမ်းတ
လွမ်းရစ်သည်ကလွဲလို့
ဘာကိုမှမလုပ်ချင်ဘူး။
ငါလွမ်းသလို သူလွမ်းနေမယ်ဆိုရင်ပေါ့
ငါ့အနမ်းလေးတွေ သူသတိတရ ရှိနေမယ်ဆိုရင်ပေါ့
ငါ ကျေနပ်ပါပြီ.....................
တွေ့ဆုံခွင့်
ရည်းစားစကား
မျက်နှာချိုသွေး သွေးပြီး ချစ်ရေးဆိုရမှာ ရှက်လိုက်တာကွာ
ဂစ်တာမတီးချင်ဘူး
သီချင်းမဆိုချင်ဘူး
စာမပေးချင်ဘူး
ကဗျာမရွတ်ချင်ဘူး
အုတ်ခုံကိုဂစ်တာနဲ့ ရိုက်ခွဲ
အဲ့ဒါ ငါ့အသည်းပါပဲ
အိုက်တင်ပေး၊ ဖက်ရှင်ပြ
အ၀တ်အစားလှလှလေးတွေဝတ်ပြီး
ဖက်ရှင်မပြချင်ဘူး
ဟောင်းနွမ်းနေတဲ့ အကျီ င်္ကြယ်စေ့တွေကို
လက်နှစ်ဖက်နဲ့(ဖြန်းခနဲ)ဆွဲ
ဖွင့်
အဲ့ဒါ ငါ့ရဲ့ပန်ကြားခွင့်ပေါ့
အသဲမကွဲချင်ဘူး
မျက်ရည်မကျချင်ဘူး
ကွန်ပျူတာစက်ခလုတ်တွေပေါ်မှာ တို့နှစ်ယောက်ပျော်ရွှင်စွာ ဆုံတွေ့ကြရအောင်
မျက်နှာချိုသွေး သွေးပြီး ချစ်ရေးဆိုရမှာ ရှက်လိုက်တာကွာ
ဂစ်တာမတီးချင်ဘူး
သီချင်းမဆိုချင်ဘူး
စာမပေးချင်ဘူး
ကဗျာမရွတ်ချင်ဘူး
အုတ်ခုံကိုဂစ်တာနဲ့ ရိုက်ခွဲ
အဲ့ဒါ ငါ့အသည်းပါပဲ
အိုက်တင်ပေး၊ ဖက်ရှင်ပြ
အ၀တ်အစားလှလှလေးတွေဝတ်ပြီး
ဖက်ရှင်မပြချင်ဘူး
ဟောင်းနွမ်းနေတဲ့ အကျီ င်္ကြယ်စေ့တွေကို
လက်နှစ်ဖက်နဲ့(ဖြန်းခနဲ)ဆွဲ
ဖွင့်
အဲ့ဒါ ငါ့ရဲ့ပန်ကြားခွင့်ပေါ့
အသဲမကွဲချင်ဘူး
မျက်ရည်မကျချင်ဘူး
ကွန်ပျူတာစက်ခလုတ်တွေပေါ်မှာ တို့နှစ်ယောက်ပျော်ရွှင်စွာ ဆုံတွေ့ကြရအောင်
လေးခတ်သံ ......................
အလွမ်းတွေကိုသီကုံးရပါများတော့
ငါ့လေးညို့တွေတောင်
ကဗျာမဆန်နိုင်တော့ဘူး..........
ကြေကွဲခြင်းက ခါးသတ်တယ်ဆို
လွမ်းဆွေးခြင်းက အပါးတော်ကပ်တဲ့
ပျော်တော်ဆက်လား......
တွေးနေပါလျှက် ထွက်လာသမျှ
စကားလုံးတွေက ပျင်းခြောက်ခြောက်နဲ့
သိနေပါတယ်......
နင်ကတော့....ပျော်နေဆဲပဲပေါ့
အိမ်မက်ကမ်းပါးတွေ
တစ်ဝုန်းဝုန်း......ပြိုကျခဲ့တော့
မထူးတော့ပါဘူးလေ.......
ငါပာာ....ကမ်းပါးမဲ့တဲ့....ကမ်းစပ်လေးပေါ့
မရှိလို့ဖြစ်မှန်းသိရက်နဲ့......
အဝေးကိုထွက်သွားရက်တဲ့ မိငှက်ငယ်
ရင်နာနာနဲ့ပဲ ဆုတောင်းခဲ့တယ်
လေမှာလွင့်ရင်း..........
တိမ်တွေပေါ်မှာပျော်ရင်း............နဲ့
နင်တောင်ပံတစ်စုံ......
ဒဏ်ရာမရပါစေနဲ့ပာာ................။ ။
ငါ့လေးညို့တွေတောင်
ကဗျာမဆန်နိုင်တော့ဘူး..........
ကြေကွဲခြင်းက ခါးသတ်တယ်ဆို
လွမ်းဆွေးခြင်းက အပါးတော်ကပ်တဲ့
ပျော်တော်ဆက်လား......
တွေးနေပါလျှက် ထွက်လာသမျှ
စကားလုံးတွေက ပျင်းခြောက်ခြောက်နဲ့
သိနေပါတယ်......
နင်ကတော့....ပျော်နေဆဲပဲပေါ့
အိမ်မက်ကမ်းပါးတွေ
တစ်ဝုန်းဝုန်း......ပြိုကျခဲ့တော့
မထူးတော့ပါဘူးလေ.......
ငါပာာ....ကမ်းပါးမဲ့တဲ့....ကမ်းစပ်လေးပေါ့
မရှိလို့ဖြစ်မှန်းသိရက်နဲ့......
အဝေးကိုထွက်သွားရက်တဲ့ မိငှက်ငယ်
ရင်နာနာနဲ့ပဲ ဆုတောင်းခဲ့တယ်
လေမှာလွင့်ရင်း..........
တိမ်တွေပေါ်မှာပျော်ရင်း............နဲ့
နင်တောင်ပံတစ်စုံ......
ဒဏ်ရာမရပါစေနဲ့ပာာ................။ ။
ငိုသံတွေနဲ့ နှိုးလိုက်ပါ လရိပ်ဖြူ
ချစ်သူကို ကွန်ပျူတာထဲ ထည့်သိမ်း
အချစ်တွေ အင်တာနက်မှာ
မီးသင်္ဂြိုဟ်ပစ်လိုက်မယ်။
မိုက်မဲမှုတစ်ခုတဲ့လား
မှုတွေများတဲ့
ငါ့ကဗျာလည်းမကြိုက်တော့ဘူး
တွေဝေသွားတဲ့ ကောင်မလေးလည်း
ငါ့ အဝေးဆုံးမှာ တစ်ယောက်တည်း
အားနာပါတယ် အပြောအဆို
မျက်နှာပြောင်တိုက် အသုံးအနှုန်းလို့ ထင်ယောင်
၂၁ရာစုဟာ လတ်ဆတ်ဆူပွက်
သွေးကြွလွန်းတယ်
လူငယ်တွေကြားမှာ ရေပန်းစားသလို
ကိုရီယားစတိုင်နဲ့ ကုန်းပိုးချော့ရမလား
ဖုန်းကြော်ငြာသလို မက်ဆေ့ခ်ျ
ခဏခဏ ပို့ပြရမလား
ကမ္ဘာတစ်ဖက်မှာ မင်းငိုသံ ငါမကြားပါ
ဆောရီးပါ . . .
ငါရိုင်းများသွားလား
မိန်းမတွေရဲ့ လက်နက် မျက်ရည်နဲ့ မပစ်ခဲ့တဲ့ မင်း
ငါ့ဒီတစ်သက်ကျေးဇူးတင်တယ်
အလေး(၁၀)ကြိမ်ပြုလိုက်ပါရဲ့
စိတ်ကူးယဉ်ဆန်တဲ့ငါ
အိပ်မက်တွေ အကြိမ်ကြိမ်ယောင်သလို
ငါ့အနား လာနားတဲ့ လိပ်ပြာတစ်ကောင်ဖြစ်ဖို့
ဆုတောင်းဖူးတယ်။
ငါ့ဖက်မှာ အမှောင်
မင်းဖက်မှာ လင်းပါစေ
ကောင်းကင်က လမင်းကို
အဖြေရှာဖူးပါတယ် မိန်းခလေးရယ်။
ဘ၀မျိုးစုံ မဖြတ်သန်းဘူးပေမယ့်
တောတောင်ရေမြေ သဘာဝဟာ
သူစိမ်းဖြစ်ခဲ့ဖူးပါတယ်။
လောကဓံကို ရေမပါမှန်းသိရဲ့နဲ့
ရေဘူးပေါက်နဲ့ ရေခတ်ခဲ့ဘူးတယ်
ခြင်းကျားနဲ့ငါးဖမ်းသလို
မင်းအချစ်တွေ ငါဖမ်းခဲ့ဘူးတယ်
လကွယ်ညဟာ ငါတို့နှစ်ယောက်ကို
ခြားသွားတဲ့ စည်းလို
ဆက်ထုံးများတဲ့ ကြိုးတစ်ချောင်း
ငါတို့ရင်အုံထုတ်ချင်းပေါက် ချည်နှောင်သွားတယ်
ဒီပွဲမှာ ငါရှုံးပါတယ်
မင်းနိုင်ပါတယ်
ခေါင်းပန်းလှန်သလို
ကျား/ဗိုလ်ဆွဲသလို နွှဲခဲ့ကြတာ မဟုတ်ဘဲ။
ငါအရှုံး မင်းအနိုင်
မင်းအရှုံး ငါအနိုင်
လွန်ဆွဲသလို နှစ်ဦးစလုံး
ရင်ဆိုင်လဲခဲ့ကြတယ် မဟုတ်လား
တရုတ်ဘုန်းကြီးတစ်ပါးလို
“ဝေါ်မီတော်ဖု”နဲ့ဣနြေ္ဒဆောင်ရမလား
“ဝေါ်အိုက်နီ”ဆိုပြီး အချစ်ကို
ပြန်သီရမလား
မရေရာတာတွေ ခေါင်းစားနေခဲ့ပြီ
နေခဲ့တော့ လရိပ်ဖြူ
နေခဲ့တော့
သံသရာတစ်ဖက်ကမ်းမှာ လမ်းမမြင်ပေမယ့်
လျှောက်ရမယ်မှန်း ငါသိခဲ့ပြီ
ကျန်ရစ်သူတစ်ယောက်ရဲ့ ဓားတစ်ရာ
မွှမ်းတဲ့ရင်ခွင်ကို
ခွေးတစ်ကောင်အဖြစ်နဲ့ ငါဦးခိုက်လိုက်ပါရဲ့
မင်းအချော့အမြူမှာ
ကြယ်အစင်းစင်း ကြွေသားစမ်းစေ
မှောင်မဲမဲထဲ ငါဆက်လျှောက်ရဲပါတယ်။
အနားလာပါ ငါမျှော်နေမယ်
အောက်တိုဘာမှာ ငါ့ရင်ခုန်သံ
သွေးစွန်းသွားခဲ့
မင်းမသိပေမယ့် ငါသိတယ် လရိပ်ဖြူ
နက္ခတ်ဆရာမသိတဲ့ နေကြတ်၊လကြတ် အခါသမယဟာ
အဲဒီကာလပေါ့
ဒါလီရေ. . . ငါ့နာရီတွေ ပျော့ခွေမသွားဘူး
ကြွပ်ဆတ်ကျိုးပျက်သွားတာကွ လို့
ငါအော်ခဲ့တယ်။
မျှော်လင့်ချက်ဟာ မီးကျိုးမောင်းပျက်
ရေကုန်သွားတဲ့ သင်္ကြန်သေနတ်
မီးလောင်သွားတဲ့ အချစ်တစ်စုံ
ပြာဖြစ်သွားမှ ဂဟေဆက်မရတော့သလို
၁…၂…၃…၎
မင်းနဲ့ငါ ၃နဲ့၎ လိုပြေးထွက်ခဲ့ပြီ
လရိပ်ဖြူရေ. . .
ပြဒါးလို အတက်အကျမမြန်ခဲ့သလို
သံလိုမမာကျောခဲ့ပါဘူး
ပြဒါးတစ်လမ်း သံတစ်လမ်းမှာ
မင်းနဲ့ငါ့ နာမည် ကမ္ဗည်းတင်ပြီ
အေးစက်ပေမယ့် ပေးဆပ်ခဲ့ကြပါတယ်
ဘယ်ရွေ့ဘယ်မျှ ပမာဏက
ဘယ်ဂါလံခွက်နဲ့မှ ချိန်လို့မရ
အချစ်တွေ အလွမ်းတွေနဲ့အတူ
တောင်ကုန်းမြင့်မြင့်
မျှော်စင်လေးထိပ်မှာ ချိတ်ဆွဲထားမယ်
ငှက်ကလေးတွေ လာနားတဲ့အခါ
ဆည်လည်းသံတလွင်လွင်နဲ့
မင်းနဲ့ငါ့အလွမ်းကို
သူတို့ အသိအမှတ်ပြုလိမ့်မယ်
စာကြည့်တိုက်တစ်ခုမှာ မင်းနဲ့ ငါ့အနမ်းက
တိတ်ဆိတ်ခဲ့ပြီ။
သိမ်းထားပါ
မြုပ်နှံပါ
ရဲရင့်ပါ
စွန့်စားပါ
မြတ်နိုးတန်ဖိုးထားပါ
တခါတခါ ပိတ်နေတဲ့ တံခါးကို
ခြေဆောင့်ကန်ဖွင့်ရသလို
ကံကြမ္မာကို လက်ဝါးစောင်းပြင်းပြင်းတစ်ချက်
ကျွေးပါ။
သူနာ ကိုယ်နာ
ရင်မနာဖို့ ဂရုစိုက်ပါ လရိပ်ဖြူ
ငါ့ အမှားမှာ သင်ခန်းစာ
ယူပါ
အိပ်ရေးဝ ၀ အိပ်ပါ
အိပ်ယာက နိုးလျှင်
ကမ္ဘာတစ်ဖက်က ငါ့ကို
မင်းငိုသံတွေနဲ့ နှိုးလိုက်ပါ
ဟန်မဆောင်တတ်တဲ့ မင်းကို
ငါ စိတ်နဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ် လရိပ်ဖြူ
ငါချစ်တဲ့ မင်းတစ်ယောက် ကျန်းမာပျော်ရွှင် စိတ်တိုင်းကျသူ ဖြစ်ပါစေ ။
အချစ်တွေ အင်တာနက်မှာ
မီးသင်္ဂြိုဟ်ပစ်လိုက်မယ်။
မိုက်မဲမှုတစ်ခုတဲ့လား
မှုတွေများတဲ့
ငါ့ကဗျာလည်းမကြိုက်တော့ဘူး
တွေဝေသွားတဲ့ ကောင်မလေးလည်း
ငါ့ အဝေးဆုံးမှာ တစ်ယောက်တည်း
အားနာပါတယ် အပြောအဆို
မျက်နှာပြောင်တိုက် အသုံးအနှုန်းလို့ ထင်ယောင်
၂၁ရာစုဟာ လတ်ဆတ်ဆူပွက်
သွေးကြွလွန်းတယ်
လူငယ်တွေကြားမှာ ရေပန်းစားသလို
ကိုရီယားစတိုင်နဲ့ ကုန်းပိုးချော့ရမလား
ဖုန်းကြော်ငြာသလို မက်ဆေ့ခ်ျ
ခဏခဏ ပို့ပြရမလား
ကမ္ဘာတစ်ဖက်မှာ မင်းငိုသံ ငါမကြားပါ
ဆောရီးပါ . . .
ငါရိုင်းများသွားလား
မိန်းမတွေရဲ့ လက်နက် မျက်ရည်နဲ့ မပစ်ခဲ့တဲ့ မင်း
ငါ့ဒီတစ်သက်ကျေးဇူးတင်တယ်
အလေး(၁၀)ကြိမ်ပြုလိုက်ပါရဲ့
စိတ်ကူးယဉ်ဆန်တဲ့ငါ
အိပ်မက်တွေ အကြိမ်ကြိမ်ယောင်သလို
ငါ့အနား လာနားတဲ့ လိပ်ပြာတစ်ကောင်ဖြစ်ဖို့
ဆုတောင်းဖူးတယ်။
ငါ့ဖက်မှာ အမှောင်
မင်းဖက်မှာ လင်းပါစေ
ကောင်းကင်က လမင်းကို
အဖြေရှာဖူးပါတယ် မိန်းခလေးရယ်။
ဘ၀မျိုးစုံ မဖြတ်သန်းဘူးပေမယ့်
တောတောင်ရေမြေ သဘာဝဟာ
သူစိမ်းဖြစ်ခဲ့ဖူးပါတယ်။
လောကဓံကို ရေမပါမှန်းသိရဲ့နဲ့
ရေဘူးပေါက်နဲ့ ရေခတ်ခဲ့ဘူးတယ်
ခြင်းကျားနဲ့ငါးဖမ်းသလို
မင်းအချစ်တွေ ငါဖမ်းခဲ့ဘူးတယ်
လကွယ်ညဟာ ငါတို့နှစ်ယောက်ကို
ခြားသွားတဲ့ စည်းလို
ဆက်ထုံးများတဲ့ ကြိုးတစ်ချောင်း
ငါတို့ရင်အုံထုတ်ချင်းပေါက် ချည်နှောင်သွားတယ်
ဒီပွဲမှာ ငါရှုံးပါတယ်
မင်းနိုင်ပါတယ်
ခေါင်းပန်းလှန်သလို
ကျား/ဗိုလ်ဆွဲသလို နွှဲခဲ့ကြတာ မဟုတ်ဘဲ။
ငါအရှုံး မင်းအနိုင်
မင်းအရှုံး ငါအနိုင်
လွန်ဆွဲသလို နှစ်ဦးစလုံး
ရင်ဆိုင်လဲခဲ့ကြတယ် မဟုတ်လား
တရုတ်ဘုန်းကြီးတစ်ပါးလို
“ဝေါ်မီတော်ဖု”နဲ့ဣနြေ္ဒဆောင်ရမလား
“ဝေါ်အိုက်နီ”ဆိုပြီး အချစ်ကို
ပြန်သီရမလား
မရေရာတာတွေ ခေါင်းစားနေခဲ့ပြီ
နေခဲ့တော့ လရိပ်ဖြူ
နေခဲ့တော့
သံသရာတစ်ဖက်ကမ်းမှာ လမ်းမမြင်ပေမယ့်
လျှောက်ရမယ်မှန်း ငါသိခဲ့ပြီ
ကျန်ရစ်သူတစ်ယောက်ရဲ့ ဓားတစ်ရာ
မွှမ်းတဲ့ရင်ခွင်ကို
ခွေးတစ်ကောင်အဖြစ်နဲ့ ငါဦးခိုက်လိုက်ပါရဲ့
မင်းအချော့အမြူမှာ
ကြယ်အစင်းစင်း ကြွေသားစမ်းစေ
မှောင်မဲမဲထဲ ငါဆက်လျှောက်ရဲပါတယ်။
အနားလာပါ ငါမျှော်နေမယ်
အောက်တိုဘာမှာ ငါ့ရင်ခုန်သံ
သွေးစွန်းသွားခဲ့
မင်းမသိပေမယ့် ငါသိတယ် လရိပ်ဖြူ
နက္ခတ်ဆရာမသိတဲ့ နေကြတ်၊လကြတ် အခါသမယဟာ
အဲဒီကာလပေါ့
ဒါလီရေ. . . ငါ့နာရီတွေ ပျော့ခွေမသွားဘူး
ကြွပ်ဆတ်ကျိုးပျက်သွားတာကွ လို့
ငါအော်ခဲ့တယ်။
မျှော်လင့်ချက်ဟာ မီးကျိုးမောင်းပျက်
ရေကုန်သွားတဲ့ သင်္ကြန်သေနတ်
မီးလောင်သွားတဲ့ အချစ်တစ်စုံ
ပြာဖြစ်သွားမှ ဂဟေဆက်မရတော့သလို
၁…၂…၃…၎
မင်းနဲ့ငါ ၃နဲ့၎ လိုပြေးထွက်ခဲ့ပြီ
လရိပ်ဖြူရေ. . .
ပြဒါးလို အတက်အကျမမြန်ခဲ့သလို
သံလိုမမာကျောခဲ့ပါဘူး
ပြဒါးတစ်လမ်း သံတစ်လမ်းမှာ
မင်းနဲ့ငါ့ နာမည် ကမ္ဗည်းတင်ပြီ
အေးစက်ပေမယ့် ပေးဆပ်ခဲ့ကြပါတယ်
ဘယ်ရွေ့ဘယ်မျှ ပမာဏက
ဘယ်ဂါလံခွက်နဲ့မှ ချိန်လို့မရ
အချစ်တွေ အလွမ်းတွေနဲ့အတူ
တောင်ကုန်းမြင့်မြင့်
မျှော်စင်လေးထိပ်မှာ ချိတ်ဆွဲထားမယ်
ငှက်ကလေးတွေ လာနားတဲ့အခါ
ဆည်လည်းသံတလွင်လွင်နဲ့
မင်းနဲ့ငါ့အလွမ်းကို
သူတို့ အသိအမှတ်ပြုလိမ့်မယ်
စာကြည့်တိုက်တစ်ခုမှာ မင်းနဲ့ ငါ့အနမ်းက
တိတ်ဆိတ်ခဲ့ပြီ။
သိမ်းထားပါ
မြုပ်နှံပါ
ရဲရင့်ပါ
စွန့်စားပါ
မြတ်နိုးတန်ဖိုးထားပါ
တခါတခါ ပိတ်နေတဲ့ တံခါးကို
ခြေဆောင့်ကန်ဖွင့်ရသလို
ကံကြမ္မာကို လက်ဝါးစောင်းပြင်းပြင်းတစ်ချက်
ကျွေးပါ။
သူနာ ကိုယ်နာ
ရင်မနာဖို့ ဂရုစိုက်ပါ လရိပ်ဖြူ
ငါ့ အမှားမှာ သင်ခန်းစာ
ယူပါ
အိပ်ရေးဝ ၀ အိပ်ပါ
အိပ်ယာက နိုးလျှင်
ကမ္ဘာတစ်ဖက်က ငါ့ကို
မင်းငိုသံတွေနဲ့ နှိုးလိုက်ပါ
ဟန်မဆောင်တတ်တဲ့ မင်းကို
ငါ စိတ်နဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ် လရိပ်ဖြူ
ငါချစ်တဲ့ မင်းတစ်ယောက် ကျန်းမာပျော်ရွှင် စိတ်တိုင်းကျသူ ဖြစ်ပါစေ ။
Subscribe to:
Posts (Atom)




