Showing posts with label Mobile. Show all posts
Showing posts with label Mobile. Show all posts

Sunday, May 6

Knowledge of Android



Activities ဆိုတာဘာလဲ?
Activity ဆို Android Application တခုရဲ့ component တခုလို့ ပြောလို့ ရပါတယ်။ အလွယ်ဆုံးပြောရရင် အသုံးပြုသူ (user) ဟာ Application တခုကိုသုံးနေတဲ့အချိန်မှာ Screen ပေါ်မှာပေါ်နေတာ မြင်နေရတာကို Activity တခုလို့ ပြောလို့ ရပါတယ်။ ဥပမာ ကျနော်ကသူငယ်ချင်းတစ်ယောက်ရဲ့  ဆက်သွယ်ရန်လိပ်စာ (Contact Address) တခုကိုရေးမှတ်နေတယ်ဆိုပါစို့ ။ အဲဒီအချိန်မှာ မြင်နေရတဲ့ screen ဟာ Activity တခုပါ။ Application တခုမှာ Activities တွေအများကြီးရှိနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ ကလဲ Activities တွေကို တခုကနေ တခုကို အပြန်အလှန် ကူးပြောင်းအသုံးပြုနေပါတယ်။ user နဲ့ လုံးဝ interaction ရှိတဲ့သဘောပါ။

ဒါကို လွယ်ကူတဲ့ ဥပမာ တခုပေးရမယ်ဆိုရင် ကျနော်တို့ Website ကြည့်ရှု အသုံးပြုချင်းနဲ့  ဥပမာပြနိုင်ပါတယ်။ ကျနော်တို့ website တခုကို ကြည့်ရှု အသုံးပြုတဲ့အခါမှာ ၄င်းမှာ webpage တွေအများကြီးရှိတာ သတိထားမိမှာပါ။ ဒီ Webpage တွေကို ကျနော်တို့ က activities တွေအဖြင့် မြင်ကြည့်ရအောင်လား။ ပြီးတော့ ကျနော်တို့ Webpage တခုကနေ တခုကို ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လှည့်ပတ်ကြည့်ရှုကြပါတယ်။ Website တခုမှာ Home Page ရှိသလိုပဲ ကျနော်တို့ ရဲ့ Android app တခုမှာလဲ main activity ဆိုတာရှိပါတယ်။ Main Activity ဟာ ကျနော်တို့ application ကို စတင် launch လုပ်လိုက်တဲ့အခါ ပေါ်လာတဲ့ screen ပေါ်မြင်ရတဲ့ activity ပါပဲ။ Website တွေမှာ Webpage အချင်းချင်း Links ဖြင့် ချိတ်ဆက်ညွှန်းတာသတိထားမိမှာပါ။ ဒီလိုပါပဲ Android app တွေမှာလဲ activity တခုကနေ တခုကို ချိတ်ဆက် အလုပ်လုပ်နေပါတယ်။ ဥပမာ ကျနော်က ဓါတ်ပုံရိုက်တဲ့ application ကိုသုံးနေတယ် ရိုက်ပြီးတော့ save လုပ်တယ်။ နောက် Edit လုပ်ချင်ရသေးတယ် အဲလို တခုကနေတခုကို ကူးပြောင်းချိတ်ဆက်နေတာကိုဆို လိုချင်တာပါ။ နောက်ပြီး Website တခုကနေပြီး အခြား website တခုကို Link ချိတ်ဆက်ပြီး ညွှန်းတာကိုလဲ သတိပြုမိမယ်ထင်ပါတယ်။ ဒီလိုပါပဲ Android app တခုကနေ တခုကို ပြောင်းလဲချိတ်ဆက်ကာ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ ကျနော် တို့ Facebook application တခုကိုသုံးနေတယ်ဆို ပါစို့ ။ ကျနော်တို့ ဓါတ်ပုံတင်ချင်တယ်ဆို camera application ကိုချိတ်ဆက်ပြီး ခုဏရိုက်ထားတဲ့ပုံကို တင်မလား ဒါမှမဟုတ် အသစ်ရိုက်မလားဆိုပြီး application တခုကနေတခုကို ပြောင်းလဲ ချိတ်ဆက်ကာ ခေါ်ယူအသုံးပြုပါတယ်။

နောက် ဥပမာ တခုပေးရလျှင် camera application မှာ ဓါတ်ပုံကို email ပို့ ရန်အတွက် mail app တခုကိုခေါ်သုံးသည်။ ထို mail app မှ mail ပို့ မည့် လိပ်စာအတွက် contact book app မှ contact list ကိုရယူအသုံးပြုသည်။ ဒီလို အသစ်အသစ် သော activity တွေဟာ user ရဲ့ interact ပေါ်မူတည်ပြီးပြောင်းလဲနေပါတယ်။ Activity တခုအသစ်ပေါ်လာတိုင်း အရင်အသုံးပြုခဲ့တဲ့ Activity ဟာ pause state ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ mobile မှာ screen သေးလေး တခုသာ ပိုင်ဆိုင်တာကြောင့် တခုနဲ့ တခုကို အစားထိုးပြသနေရတာ ကြောင့်ပဲဖြစ်ပါတယ်။


Activity Life Cycle
-------------------------

ကျနော်တို့ Android Application တခုကို ပထမဆုံး စဖွင့်လို်က်ပြီဆိုပါစို့ ။ ဒါActiviy တခုကို mobile device မှာ launch လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါမှာ Mobile OS ပေါ်မှာ Linux Process တခုကိုဖန်တီးရယူခြင်း၊ User Interface Object များအတွက် Memory ကို ဖဲ့ယူသုံးစွဲရခြင်း Screen တခုလုံးကို Set up လုပ်ရခြင်း စသည်ဖြင့် activity ဖြစ်လာဖို့ ဒီလို Resource တွေ မျှယူသုံစွဲရပါတယ်။ ယခုလို အဆင်ဆင့် ဖန်တီးထားတဲ့ actvity ဟာ ခဏလေး သာ ကြည့်ဖို့ ဖြစ်သွားပါတယ်။ ဘာလို့ လဲဆိုတော့ အသုံးပြုသူ (user) ဟာ နောက် activity တခုကို ကူးပြောင်းသွားမှာဖြစ်ပါတယ်။ အသုံးပြုသူ ကလဲ နောက်ထပ် အသစ်သစ်သော activity ကိုသာ ကူးပြောင်း ကာသုံးစွဲနေမှာဖြစ်ပါတယ်။ ဒီလို အဆင့်အဆင် ဒုက္ခခံ ဖန်တီးထားတဲ့ activity တွေဟာ ခဏကြည့်ပြီး ပြန်ပိတ် ပြန်ပြီးဖွင့် နေရရင် Mobile ရဲ့ စွမ်းဆောင်ရည်နဲ့ကတော့ လုံးဝ မဖြစ်နိုင်တော့တာ အသေချာပါပဲ။ ဒီလို တွေ ဖြစ်ပျက် ဖြစ်ပျက်ဖြစ်နေတဲ့ Activity Life Cycle ကို့ Activity Manager ဖြင့် ထိန်းချုပ်ရပါတယ်။


What is Activity Manager?

Activity Manager ဆိုတဲ့အတိုင်း Component Activity တွေကို စီမံခန့် ခွဲပါတယ်။ Activity Manager က Activities များကို ဖန်တီးခြင်း၊ ဖျက်သိမ်းခြင်း ထိန်းချုပ် စီမံချင်းများကို လုပ်ဆောင်ပါတယ်။ ကျနော်တို့  app တခုကို စပြီး ဖွင့်လိုက်ပြီဆိုတာနဲ့  Activity Manager ဟာ Activity တခုကို ဖန်တီးလိုက်ပြီး Screen ပေါ်ကို တင်ပေးလိုက်ပါတယ်။ နောက် ကျနော်တို့ နောက်ထပ် Activity တခုကို ကူးပြောင်းတဲ့အခါ Activity Manager ဟာ ပထမ activity ကို ခတ္တ သိမ်းရာ Holding Place ပေါ်တင်လိုက်ပြီး နောက်ထပ် activity တခုကိုဖန်တီးပေးပါတယ်။ တကယ်လို့ အသုံးပြုသူဟာ ယခင် Activity ကို ပြန်သွားပါက အစအဆုံးပြန်လည် ဖန်တီးနေစရာမလိုတဲ့အတွက် ပိုမို မြန်ဆန်စွာ launch လုပ်နိုင်မှာပါ။ activity တွေဟာ Pause state မှာရှိနေပေမယ့်လဲ Memory ကိုတော့အနည်းနဲ့ အများကတော့ ယူသုံးနေအုံးမှာဖြစ်ပါတယ် ဒါကြောင့် မလိုအပ်တော့ဘူးလို့ ထင်တဲ့ မသုံးတာ ကြာတဲ့ Activity တွေကို AM ကနေ ဖျက်သိမ်း( destroy ) လုပ်လိုက်ပစ်ပါတယ်။ ထို့ ကြောင့် memory Free space ပိုမို ရရှိလာပြီး Performace ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ UI ရဲ့  speed လဲသိသာစွာကောင်းမွန်တိုးတက်လာပါတယ်။ ဒါဟာ Activity Manager ရဲ့ အကျိုးကျေးဇူးတွေပေါ့။


Starting State
-----------------
Starting State ဆိုတာ mobile device ရဲ့ Memory ပေါ်မှာ app မရှိသေးဘူးဆိုတဲ့သဘောပါပဲ။ app တခုကို စဖွင့်လိုက်တဲ့ သဘောပေါ့။ အဲချိန်မှာ callback Method အများကြီး တပြိုင်ထဲ run လေ့ရှိတဲ့အတွက် developer အနေနဲ့ callback method များကို ကြိုတင်ပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီလိုအဆင့်တွေပြီးရင်တေ့ Running state ကို ရောက်သွားပါပြီ။
ဒီလို starting state ကနေ running state ကိုရောက်ဖို့ အတွက် computing power ကို OS နဲ့ အတူ သုံးစွဲပါတယ်။ ဒီလိုပဲ Battery ကိုလဲ အတူအသုံးပြုကြတယ်။ computing time ဘက်ကကြည့်မယ်ဆို အတော့်ကိုသုံးစွဲတဲ့အချိန်ပေါ့။ ကျနော်တို့ app တခုရဲ့ activity တခုကိုသုံးနေပြီး နောက်တခုကို ကူးပြောင်းတဲ့အခါ ပထမ activity က holding place ပေါ်ရောက်သွားတာ အပေါ်မှာပြောခဲ့ပါတယ်။ ဘာကြောင့် တခါတည်း destroy မလုပ်ဘဲ ဒီနောက်ကွယ်က activity တွေချန်ထားရလဲ ဆိုတော့ staring state ကနေ running state ကိုရောက်ဖို့  Resource တွေအရမ်းသုံးရတယ်။ ကရိကထ နိုင်တယ်ဆိုရမှာပေါ့။ user က သူပြန်သုံးတဲ့အခါ ဒီလိုသာ အစအဆုံးပြန်ပြီး စနေရရင် Performace ပိုင်းအရ ပြဿနာ ရှိနေပြီပေါ့။ ဒါကြောင့် တခါတည်း Destroy မလုပ်ပဲ ချန်ထားတာပါ။

Running State
---------------------
တခါတလေ Focus activity လို့ ခေါ်လေ့ရှိပါတယ်။ ကျနော်တို့ Android app တခုခုကို အသုံးပြုနေတဲ့အချိန် ကျနော်တို့ စာရိုက်နေတာလဲဖြစ်မယ် Website ကြည့်နေတာလဲဖြစ်မယ်၊ ဓါတ်ပုံရိုက်နေတာလဲဖြစ်မယ်၊ အဲလိုချိန်မှာ User နဲ့ လုံးဝ Interact ရှိနေပါတယ်။ User သုံးနေတဲ့ Activity ကတော့ Focus Activity ပါပဲ။ အဲလိုချိန်မျိုးမှသူက Focus ဖြစ်နေတဲ့အတွက် Memory နှင့် အခြား Resource များ တွေကို လက်ဝါးကြီးသိမ်းပိုက်ထားတဲ့အချိန်ပေါ့။ ဒီချိန်မှာ သူက ခရာကျတယ်လေ။ ဒါပေမယ့် အချိန်တချိန်မှာ Running State Focus Activity တခုပဲရှိပါတယ် ဘာလို့ လဲဆိုတော့ အသုံးပြုသူက နောက်ထပ် Screen တခုကိုပြောင်းလဲ သုံးပြုတာနှင့်တပြိုင်နက် ပထမ Activity လို့  ဟာ Focus မဟုတ်တော့ပါဘူး။ သူက Pause State ကို ပြောင်းလဲသွားရတယ်။ ဒါတွေအားလုံးကို Activity Manager က ကောင်းကောင်း နောက်ကွယ်ကလုပ်ဆောင်ပေးနေတာပါ။

တခါတလေလဲ Running state Focus Activity ဆိုတိုင်း အရမ်းကြီး အလုပ်ရှုတ်နေတဲ့ activity လို့ တရားသေ မယူဆ စေချင်ပါဘူး။ တခါတလေ running focus activity တောင်မှ user ဆီက input ကိုစောင့်ဆိုင်းနေရတဲ့ အချိန် အဲလိုမျိုး အခိုက်အတန့် မျိုးလဲ ရှိတက်တာပဲလေ။ ဒီလိုပဲ
stopped state မှာရှိနေတဲ့ activity ဟာလဲ ဘာမှ အလုပ်မလုပ်တော့ လို့ ပုံသေကားခြပ် ပြောလို့ မရနိုင်ပါဘူး။ ဒီလိုသတ်မှတ်ဖို့ ဆိုတာက activty ဟာ focus state တွင်ရှိခြင်း မရှိခြင်း screen ပေါ်တွင် ရှိခြင်းမရှိုခင်းတို့  အပေါ်မှာသာ အခြေခံခြင်းဖြစ်ပါတယ်။


Pause Statement
---------------------

အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ တကယ်လို့ Activity တခုဟာ Focus အဆင့် သုံးနေတဲ့အဆင့်မှာမဟုတ်တော့ရင်တောင်မှ Screen ပေါ်မှာရှိနေသေးပါတယ်။ Pause State မှာတော့ Resources တွေကတော့ ၄င်း activity အတွက် ဦးစားပေးအဆင့်တွင်ပင်ရှိပါသေးသည်။ ဘာကြောင့်လဲဆိုတော့ ၄င်းကို လုံးဝဖျက်သိမ်းလိုက်ခြင်းမရှိသေးသောကြောင့်ဖြစ်ပါသည်။

Stopped State
-------------------
၎င်း အဆင့်မှာ Activity ဟာ Screen ပေါ်မှာရှိမနေတော့ပေမယ့် Memory ရဲ့ နေရာတခုမှာတော့ရှိနေပါသေးတယ်။ Pause state လောက် ဦးစားပေး အဆင့်မဟုတ်ရင်တောင် Stopped Activity ဟာ လက်ရှိ အလုပ်လုပ်နေဆဲ Running Focus state Activity တခုက ခေါ်ယူတဲ့အခါမှာ Focus Activity တခုအဖြင့် Screen ပေါ်သို့ ပြန်လည်ရောက်ရှိလာနိုင်ပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ ခေါ်ယူသုံးစွဲမှု မရှိဘူး မရှိနိုင်တော့ဘူးလို့  Activity Manager ထင်ရင် လုံးဝ destroy လုပ်ပြီး Memory ပေါ်က ဖယ်ရှားလိုက်ပါတယ်။ Memory ပေါ်မှာ Free space လိုအပ်မှုပေါ်ကိုကြည့်ပြီး AM က အလုပ်လုပ်ဆောင်ပေးနေတာပါ။

ဥပမာ တခုပေးရမယ်ဆိုရင် ပြဇာတ်ပွဲ တခုဆိုပါစို့ ။ ပထမဆုံး ပွဲထွက်ဖို့ တော်တော်ကြာတယ်ဗျ။ ကျနော်ကတော့ဘယ်သူပါ ဘာသီချင်းဆိုမှာဘာညာနဲ့ အချိန်တော်တော်ကြာတယ် ဒါ Android App တခုကို Launch လုပ်လိုက်တာနဲ့ ဆင်တယ်။ ။ state စင်မြင့် ကို Screen လို့ ယူစလိုက်ပါ။ စင်မြင့် ပေါ်မှာကပြ အသုံးတော်ခံ (performance) လုပ်နေတဲ့သူက Running state focus activity ပေါ့။ အဲချိန် ကြည့်ရှု့ နေတဲ့ မင်းပရိတ်သတ်နဲ့ တသားထဲကြနေတာ user က activity တခုနဲ့  interact လုပ်နေတဲ့နဲ့ ဆင်တူပါတယ်။။ အဲသူ ကပြလို့ ပြီးတော့ ခဏ နားပါတယ်။ နောက်တစ်ယောက် က စင်မြင့်ပေါ်မှာဖျော်ဖြည်ပေါ့။ အဲချိန်မှာ ပထမကတဲ့လူက ကလကာ ရဲ့ နောက်မှာ အင်္ကျီလဲ ခဏနားပေါ့ဗျာ။ သူ့ ကို Pause state လို့ ပြောလို့ ရတယ် သူ Memory ပေါ်မှာပဲရှိသေးတယ်လေ သူပြန်ဖျော်ဖြည်ဖို့ အဆင်သင့်ဖြစ်နေတဲ့အနေထားပေါ့။ သူအလှည့် သူပြန် ကပြမယ်ပေါ့။ တကယ်လို့ သူကပြဖို့ တာဝန်ပြီးပြီဆို ရင် သူအ၀တ်လဲပြီး နားကောင်းနားမယ် ကပွဲကိုပရိတ်သတ်နဲ့ အတူကြည့်ချင်ကြည့်နေမယ်။သူ ကဇာတ်ရုံကနေ အိမ်ပြန်သွားရင်တော့ ဒါdestroy state ကိုရောက်သွားတာပါ။ ကျနော်တို့ အပေါ်မှာပြောခဲ့သလိုဆို သူကိုမလိုအပ်တော့လို့ Stopped လုပ်ပြီး memory ပေါ်ကနေလုံးဝဖယ်ရှားလိုက်တာပါ။ တကယ်လို့ destroy လုပ်ပြီးမှ ပြန်ခေါ်မယ်ဆို အစအဆုံး Launch ပြန်လုပ်ရမှာမို့ Resource ကော အချိန်ကော ပေးရမှာပေါ့။ အိမ်ကလူ ပြန်ခေါ်ပြီး လာပြန်ကဆိုသလိုဖြစ်နေမယ်ထင်တယ်။


Destroy State
-------------------
ဒီအဆင့်မှာတော့ destroy လုပ်လိုက်ပြီးတဲ့ activity ဟာ memory ပေါ်မှာ မရှိနေတော့ပါ။ AM က မလိုအပ်တော့ဘူးထင်လို့ သူက Activity လုံးဝ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ Developer တစ်ယောက်အနေနဲ့  ကိုယ်ရေးသားမယ့် app တခုမှာ save process ကို pause state မတိုင်ခင်ရေးသားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့ လဲဆိုတော့ app တခုရဲ့ component activity ကို destroy မလုပ်ခင် မသိမ်းဆည်း ရသေးတဲ့ အချက်အလက် data တွေကို သိမ်းဆည်းပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ pause state မှာ ရှိတဲ့ activity ဟာလဲ destroy လုပ်ခံရနိုင်ပါတယ်။ ဒါကြောင့် အရေးပါတဲ့ save process ကို pause state မတိုင်ခင်ရေးသားသင့်တယ်လို့  ကျနော်ထင်ပါတယ်။

နောက်တပိုင်းကျမှာပဲ Intent များ Content Providers များ Background service များအကြောင်းကို ဝေမျှရေးသားလိုပါတယ်။
Ref: M51A

Friday, February 17

Knowledge of Android 3

ယခုအပိုင်းမှာတော့ ကျနော် Android Run Time မှာပါဝင်တဲ့ Dalvik Virtual Machine ရဲ့  အလုပ်လုပ်ပုံကို အနည်းငယ်တင်ပြဆွေးနွေးလိုပါတယ်။


Dalvik VM ဆိုတာဘာလဲ?
Dalvik VM ဆိုတာ ၂၀၀၅ ခုနှစ်လောက်မှာ Android mobile ကိရိယာများအတွက် အထူးသီးသန့် ဒီဇိုင်းထုတ်ပြီး Google မှ Engineer ဖြစ်သူ Dan Bornstein ဦးဆောင်သော အဖွဲ့  က တည်ဆောက်ထားတဲ့ Virtual Machine ဖြစ်ပါတယ်။


Java Virtual Machine ( JVM )
ဒီနေ ရာမှာ ကျနော် Java Virtual Machine ကို Android mobile devices များအတွက် သီးသန့် အထူးထုတ်လုပ်ထားတဲ့ထုတ်လုပ်ထား Dalvik Virtual Machine နှင့် အနည်းငယ် နှိုင်းယှဉ် တင်ပြလိုတာကြောင့် JVM ကို ဦးစွာ ရှင်းလင်းတင်ပြပါရစေ။
အောက်က ပုံကို တချက်ကြည့်ပေးပါ။




သင်ကြိုက်နှစ်သက်ရာText Editor (ဥပမာ -Notepad လိုမျိုး ရေးသားပြင်ဆင်နိုင်တဲ့ ပရိုဂရမ်တစ်မျိုး) မှာ ကျနော်တို့  Java Program တခုကိုေ၇းသားနိုင်ပါတယ်။

example HelloWorld java program

public class HelloWorld{
public static void main (String[] args){
System.out.println(“Hello World”);
}
}

ကျနော်တို့  ဒီဥပမာ Java Program လေးကိုကို Text Editor တခုခုမှာရေးသားလိုက်ပါတယ်။ ပြီးတော့ ကျနော်တို့  class name နဲ့ နာမည်တူအောင် ပေးပြီး classname.java (HelloWorld.java) ဆိုပြီး သိမ်းလိုက်ပါတယ်။ ဒါကို ကျနော်တို့ က source code လို့  ခေါ်ပါတယ်။ ဒီ source code file မှာ ပြင်ဆင်ခွင့်ရေးသားခွင့်ရှိပါတယ်။ အဲဒီ source code ကို java compiler က compile လုပ်လိုက်တဲ့အခါမှာ classname.class ဆိုပြီး file တဖိုင်ကျလာပါလိမ့်မယ်။ source file ကို compile လုပ်တဲ့အခါ ရရှိလာတဲ့ file ဟာ bytecodes ဖြစ်ပါတယ်။ ဒီ bytecodes ဟာ Operating System (OS ) နားလည်တဲ့ အဆင့်တော့မရောက်သေးပါဘူး။


Source code ကို ရေးသားရာမှာ တခုခုမှားယွင်းခဲ့ရင် compile လုပ်တဲ့အခါမှာ errors တွေပြပါလိမ့်မယ်။ တကယ်လို့ မှားယွင်းခဲ့ပြီး errors ပြခဲ့ရင်တော့ bytecodes ဖြစ်တဲ့ classname.class (HelloWorld.class) ဟာကျလာမှမဟုတ်ပါဘူး။ ဒီ errors ကိုတော့ compile time errors လို့ ခေါ်ပါတယ်။ ဒီအဆင့်က ဘယ်လို ဥပမာပေးရမလဲဆိုတော့ English Grammar ရေးသားတာနဲ့ ဥပမာပေးပါ့မယ်။ English စာမှာဆိုရင် စာကြောင်း တကြောင်းရဲ့ အစကို အကြီးနဲ့ ရေးသားရမယ် စာကြောင်း (၀ါကျ) အဆုံးမှာ full stop (.) ပါဝင်ရမယ်။ စသည်ဖြင့် နည်းဥပဒေတွေရှိပါတယ်။ ဒီလိုပဲ Java programming ကိုရေးသားရာမှာ လိုက်နာရမည့် syntax rules တွေရှိပါတယ်။(ဒီအကြောင်းကို နောက်ပိုင်း Java tutorials များမှာဆက်လက်လေ့လာနိုင်ပါတယ်)


တကယ်လို့ မှန်ခဲ့တယ်ဆိုပါစို့ … classname.class (HelloWorld.class) ဖိုင်လေးကျလာပြီဆိုရင် အဲ *.class file ကို Java Virtual Macnhine (JVM ) က interpret လုပ်လိုက်တဲ့အခါမှာ OS နားလည်တဲ့ executable file ဖြစ်ပြီး မိမိရေးသားခဲ့တဲ့ ပရိုဂရမ်အတိုင်း ကွန်ပျူတာက လုပ်ဆောင်ပေးမှာပါ။ ဥပမာ program မှာ Hello World ကိုရိုက်ထုတ်ဖို့ ရေးသားထားလို့  Hello World ကို ရိုက်ထုတ်ပေးပါလိမ့်မယ်။


တကယ်လို့ များ interpret (run)လုပ်လိုက်တဲ့အချိန် errors တွေပြခဲ့ရင် ဒါဟာ Run Time errors ပါ။ ဒါကို ဘယ်လို ဥပမာပေးရမလဲဆိုတော့ ကျနော်တို့ Microsoft World မှာ စာရိုက်တာနဲ့  ဆင်တူပါတယ်။ MS world ကျနော်တို့ English စာ ၀ါကျရေးသားရာမှာ စာလုံးပေါင်းမှားရင်၊ အကြီးအသေးမှားရင်၊ စားလုံးထားသိုနေရာထားမှု (space) များမှားတဲ့အခါ အနီရောင် အစိမ်းရောင် အတွန့် ကလေးတွေ ပြတာ သတိထားမိမှာပါ။ ဒါဟာ programming မှာဆို syntax မှားတာပေါ့။ အဲလိုမှားပြီး Run လို့ ကတော့ compile လုပ်တဲ့အဆင့်မှာကို errors တွေတက်မှာပါ။ တခါတလေ ကိုရေးသားတဲ့အခါမှာ လုံးဝ အဲလို အနီရောင် အတွန့်  မျဉ်းလေးတွေမပြ ဘူးဆိုတိုင်း မှန်တယ်မထင်ပါနဲ့ ။ ဥပမာ ကျနော်က I am Aung Aung. လို့ များ ရေးသားခဲ့ရင် ဘာအမှားမှ ပြမှာမဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ရေးသားပုံ grammar ကမှန်နေတာကိုးဗျ။ ဘယ်နေရာမှာ မှားမလဲဆိုတော့ ကျနော့်ကိုသိတဲ့လူတွေဖတ်တဲ့အခါ ဟ မင်းက Aung Aung မဟုတ်တာYe’ Paing Phyo ပါကွဆိုပြီးပြန်ပြောပါလိမ့်မယ်။ ဒါမျိုးကို Run Time errors လို့ ခေါ်ပါတယ်။ ဒီနေရာမှာ compile time errors နှင့် run time errors ကို ရှင်းလင်း နားလည်စေချင်တာပါ။


JVM ဟာ OS platform အတော်များများအတွက် ရရှိနိုင်တာမို့  Java ဟာ platform လွတ်လပ်မှုရှိတယ်လို့ ဆိုနိုင်တာပေါ့။ ဒါကြောင့် သင်ဟာ Windows OS မှာ compile လုပ်ထားတဲ့ HelloWorld.class ဖိုင်လ် ကို JVM တင်ထားတဲ့ ကြိုက်တဲ့ OS မှာ interpret လုပ်နိုင်ပြီပေါ့။


အားလုံးကို ပြန်ခြုံငုံ ပြောရရင်တော့ Text editor တခုခုမှာ java program (classname.java) ရေးသားထားတဲ့ source code ကို compile လုပ်တဲ့အခါ byte codes (classname.class) ရပါတယ်။ အဲ .class file ကို JVM က interpret လုပ်လိုက်မှ OS နားလည်တဲ့ executable file/program ရလာတာပါ။


Dalvik VM ကို ရှိနှင့်ပြီးသား Java Virtual Machine (JVM ) ထက်ပိုမိုကောင်းမွန်အောင်၊ အထူးသဖြင့် ကြိုးမဲ့မိုဘိုင်းကိရိယာများအတွက် ရည်ရွယ် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Mobile device တွေဟာ သယ်ယူရ အဆင်ပြေလွယ်ကူစေရန် အရွယ်အစား အားဖြင့် သေးငယ်အောင် ထုတ်လုပ်ရတာ ဖြစ်တဲ့အတွက် Battery life, processign power, memory management ပြဿနာတွေကရှိနေဆဲဖြစ်ပါတယ်။ Dalvik ကို အဓိကအားဖြင့် battery life ကြာချိန်နှင့် မောင်းနှင်တွက်ချက်နိုင်စွမ်းအား processing power တို့ ကဲ့သို့ သော mobile devices များ၏ အကန့် အသတ်များအတွက် အဆင်ပြေစေရန် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။


၂၀၀၅ ခုနှစ်လောက်မှာ Google က Dan Bornstein ဦးဆောင်တဲ့ Engineer အဖွဲ့ ဟာ Dalvik VM ဖြင့် JVM ကို အစားထိုးနိုင်ဖို့ အသည်းအသန် ကျားကုတ်ကျားခဲ ကြိုးပန်း ဖန်တီးရလဲဆိုတာ နောက်ကွယ် မှာအကြောင်းအရင်း တခုရှိနေသေးလို့ ပါပဲ။ ဒါဆို အဲဒါဘာများဖြစ်မလဲ? LICENSE ခွင့်ပြုမှု ကိစ္စကြောင့်ဖြစ်ပါတယ်။ အမှန်တကယ်တော့ Java Programming Language, Java tools and Java Libraries တွေဟာ မည်သူမဆို ရယူသုံးစွဲနိုင်သော (Open Source) ဆိုပေမယ့် Java Virtual Machie (JVM) ကတော့ Free မဟုတ်ပါဘူး။ ဒီကိစ္စကလဲ Dalvik ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်း တရပ်ပါပဲ။ ဒါပေမယ့်လည်း ခုချိန်ခါမှာတော့ Sun အဖွဲ့ ကြီးမှ Java ဖြင့်တည်ဆောက်ထားသော VM ကို အစားထိုးစရာအဖြင့် Open JDK နှင့် Apache Harmony တို့ လည်းရှိနေပြီဖြစ်သည်။ ဒီနေ ရာမှာသတိထားမိရမှာက လူသားတွေရဲ့ တီထွင်ဖန်တီးလိုမှုဖြစ်ပါတယ်။ Open Source အဖွဲ့ စည်းတွေဟာ ကန့် သတ်မှုတွေကိုကျော်လွှားနိုင်ဖို့  အသစ်တီထွင်ဖန်တီးနိုင်ဖို့ ကို အမြဲတမ်းကြိုးစားကြပါတယ်။ လူသားတွေရဲ့ တီထွင်ဖန်တီးမှုဟာလဲ အကန့် သတ်တွေမရှိတဲ့အခါ ပိုမိုတောက်ပြောင်လာအုံးမှာပါပဲ။


Dalvik VM & Java VM
Java မှာ source file ကို text editor တခုခုမှာရေးသားပြီး java compiler ( javac HelloWorld.java) ကိုသုံးပြီး Java byte codes အဖြစ် ပြောင်းလဲကာ compile လုပ်ပါတယ်။ ထို့ နောက် Java byte code ကို Java VM ပေါ်တွင် run (java HelloWorld) ယူသည်။ Android OS ပေါ်တွင်မှု မတူတော့သည့် ကိစ္စများရှိလာသည်။ source file (*.java) ကို compiler ဖြင့် java byte codes (*.class) ဖိုင်ရယူသည်အထိက အတူတူုဖြစ်ပါတယ်။ သို့ သော် ထိုအဆင့်တွင် Dalvik compile ကို ထပ်ဖြတ်ပြီး Dalvik byte code အဖြစ် ထုတ်ယူပြီး ရရှိလာတဲ့ Dalvik byte code ကိုမှ Dalvik VM ပေါ်တွင် အလုပ်လုပ်စေခြင်းမျိုးဖြစ်ပါတယ်။



ကျနော် တို့ ဒီနေ ရာမှာ သတိထားရမှာက Dalvik byte code ရအောင် java က နေ တိုက်ရိုက်မထုတ်ယူပဲ Dalvik compiler ကို တဆင့်ခံသုံးထားတယ်ဆိုတာကိုပါ။ ဒီလို တဆင့်ခံသုံးထားတာကြောင့် အကျိုးဆက်များ ဖြစ်လာပါတယ်။ ဥပမာ- java byte code ဖြစ်စေတဲ့ ( Python/ Ruby စသည့်) မည်သည့် programming language မဆို Android Application များ ရေးသားနိုင်သွားခြင်းမျိုးဖြစ်သည်။
Java မှာ အဓိကအားဖြင့်အောက်ပါအတိုင်း …


Java Standard Edition (J2SE) – Desktop application များရေးသားရာတွင် အသုံးပြုသည်။
Java Enterprise Edition ( J2EE) – Enterprise System , e-Commerce ကဲ့သို့ သော လုပ်ငန်းကြီးများ အတွက် application များရေးသားရာတွင် အသုံးပြုသည်။
Java Micro Edition (J2ME/ Java ME) – java phone များ mobile application များအတွက်ဖြစ်သည်။

Android တွင် ပါဝင်ပေါင်းစပ်သော java libraries များမှာ Java Standard Edition နှင့်အနီးစပ် ဆုံးဖြစ်သည်။ ၄င်းတို့ ၂ ခု၏ အဓိက ကွာခြားသော အချက်မှာ J2SE မှ user interface libraries ကို ဖယ်ထုတ်လိုက်ပြီး Android အဓိက user interface librarires များကိုဖြည့်သွင်းထားခြင်းဖြစ်သည်။ သို့ သော Java ၏ standard features များကို ထောက်ပံ့ပေးထားသည်နှင့် တပြိုင်နက်တွင် features အသစ်များကိုလည်း Android တွင် ဖြည့်စွက် ထည့်သွင်းထားပေးပါသည်။ နောက် တပိုင်းမှပဲ Application Framework များ နှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေးပါတော့မယ်။

Saturday, February 4

Knowledge of Adroid 2

ယခု အပိုင်း (၂) မှာတော့ နည်းပညာပိုင်းဆိုင်ရာ စကားလုံးများ အသုံးအနှုန်းများ အနည်းငယ်ပိုမို ပါဝင်လာမှာဖြစ်တယ်ဆိုတာ ဦးစွာပထမ အသိပေးပါရစေ။ ယခု အပိုင်း (၂) မှာ Android ကို ဘယ်လို ဘယ်ပုံဖွဲ့ စည်းထားလဲဆိုတာကို ကျနော်သိသလောက် အတက်နိုင်ဆုံးတင်ပြ ရေးသားသွားမှာပါ။ လိုအပ်ချက်တွေရှိနေခဲ့ရင် မှားယွင်းနေတာများရှိရင်လဲ စာဖတ်သူတို့ ရဲ့ အတွေ့အကြုံကိုလဲ ချက်ခြင်းဝေမျှပေးဖို့ ထောက်ပြဝေဖန်ပေးဖို့ ကြိုတင်ပန်ကြားအပ်ပါတယ်။ ဒါမှ ပိုပြီးမှန်ကန် ကောင်းမွန်တဲ့ အချက်အလက်တွေ လူအများဆီကိုရောက်နိုင်မယ်လို့  ကျနော်ထင်ပါတယ်။

Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။

Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့်ဖြစ်လို့ ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို့ ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating System) တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux ဟာလဲ Free and Open Source ဖြစ်ပါတယ်။ ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။

Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile ဖုန်းတွေ၊ tablet computers တွေ network routers, televisions , vedio game consoles, desktop computer, mainframes နဲ့ super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တခုအထိချုံ့ နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း Linux ရဲ့ Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code တွေနဲ့ ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android application တို့ ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင် နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါတယ်။

နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို ကင်းရှင်းသွားပါတယ်။ Adroid ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ့ drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ လောက်မှာတော့ Android ရဲ့ MainLining Project ကိုစတင်ခဲ့ပြီး ၄င်းတို့ ရဲ့  ရည်ရွယ်ချက်ကတော့ Adriod ရဲ့ drivers များ Patch များ နဲ့ Features များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

Android မှာ Linux ကဲ့သို့ ပင် Mobile devices (ေ၇ွ့ လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက်


မှတ်ဥာဏ် ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management) : မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအားရှင်းလင်းခြင်း၊ အမြဲတမ်းသုံးလေ့ရှိသော applicaiton များလုပ်ငန်းဆောင်တာများကို မှတ်သားထားပြီး ရှာဖွေလုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ မှတ်ဥာဏ်ပိုင်းဆုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။

ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management) : မလိုအပ်တဲ့လုပ်ငန်းဆောင်တာများအား memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက် စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း screen resolution ကိုထိန်းချုပ်စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန် ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု ကြာချိန်ကိုမြင့်တင်နိုင်ဖို့ ရေးဆွဲးထားသည့် Management tool တခုပါပဲ။

ကွန်ယက်ချိတ်ဆက်သုံးစွဲနိုင်တဲ့ networking စတဲ့စွမ်းအင်မြင့် Features များလဲပါဝင်ပါတယ်။ Android ဟာ GSM/EDGE, CDMA, IDEN, EV-DO, UMTS, Bluetooth, Wifi, LTE နှင့် Wimax အစရှိတဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာများကို အထောက်အပံ့ပေးပါတယ်။

အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts ( graphic ရုပ်ပိုင်းဆိုင်များအဆင်ပြေစေရန်)၊ Storage (data တွေသုံးဖို့ အတွက် ပေါ့ပါးတဲ့ Relational database အမျိုးစား ဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း)။ Multiple Language Support, Web Browser, JavaSupport , Multitasking,Multi touch, Screen capture ,Additional Hardware support, Media/Streaming Media support, Video calling စတဲ့ Features များကိုရရှိနိုင်ပါတယ်။

တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခု နှင့် တခုဟာလည်း သည်းခြားစွာ ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခု နှင့် တခုပေါင်းစပ် အလုပ် လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကတော့ Android Operating System ကို ဘယ်လိုအလွှာ အဆင့်ဆင့်နဲ့  ဖွဲ့ စည်းထားသလဲ ဆိုတာကိုပြသတဲ့ပုံ ( Android Stack) ပါပဲ။

Android Stack


Android ဟာ ၄င်းရဲ့  တကယ့် core system services တွေဖြစ်တဲ့ လုံခြုံမှု (security)၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိမ်းချုပ် စီမံခန့် ခွဲမှု (Memory management)၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စီမံခန့် ခွဲမှု (Power Management)၊ လုပ်ငန်းဆောင်တာ စီမံခန့် ခွဲမှု (process management)၊ ကွန်ယက်ချိတ်ဆက်မှုဆုdင်ရာ (nework stack)၊ hardware များ နိုးကြွားလုပ်ဆောင်နိုင်စေမယ့် (driver model) စသည်တို့ အတွက် Linux Kernel 2.6 ကိုစတင်ပြီး ရယူသုံးစွဲခဲ့ပါတယ်။ Apache 2.0 license အောက်မှာ ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ linux ရဲ့ low level အပိုင်းအတော်များများဟာ C code တွေဖြစ်တာကြောင့် hardware များကို ကောင်းစွားသိရှိပြီး လွယ်ကူပေါ့ပါးစွာ ပေါင်းစပ်အလုပ်လုပ်နိုင်ပါတယ်။

Android အတွက် applications များ၊ လိုအပ်တဲ့ services များ ဖန်တီးရေးသား တဲ့အခါမှာ ၄င်း apps များနှင့် services များဟာ Andorid OS ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android သာမန်အသုံးပြုသူ(end user)ဟာ ဒီ Application Layer ပေါ်မှ apps များ၊ services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို့ သတိထားမိမှာမဟုတ်ပါဘူး။

ဥပမာ ကျနော်တို့  Contact Book application တခုရေးသားတယ်ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊ ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။ ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို သိထားရမှာပါ။ အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေသိမ်းဖို့ အတွက် SQLite လို libraries တွေ စတဲ့ libraries တွေအသုံးပြုရမှာပါ။ ဆိုလိုချင်တာက applcation layer မှာရေးသားမယ် applications တွေဟာ Native Libraries တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်တာပါ။ ၄င်း Native Libraries တွေဟာ C/C++ လို programming နဲ့ ရေးသားထားပြီး open source ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင်လေ့လာနိုင်တဲ့အပြင် ရယူသုံးစွဲပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီအကြောင်းတွေကို အရင်အပိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။

SQLite :application အားလုံးအတွက် ပေါ့ပါးပြီး စွမ်းအင်မြင့်မားတဲ့ Relational Database Engine ရရှိနိုင်ပါတယ်။ Features တော်တော်များများ စုံလင်စွာ ပါရှိတဲ့ SQL Database အမျိုးအစားပါ။


Surface Manager
WebKit- modern web browser engine တမျိုးပါ။ Safari ၊ Chrome နှင့် အခြား browser များတွင်သုံးထားသော web rendering engine မျိုးဖြစ်ပါတယ်။
Open GL -3D graphic libraries များပါ။ Open GL ES 1.0 APIs ကိုအခြေခံထားတာပါ။


FreeType-bitmap and vector font rendering
Surface Manager- Application ပေါင်းစုံက ၂ ဖက်မြင် ၃ ဖက်မြင် အလွှာများအဆင်ပြေပြေ ပေါင်းစပ် အလုပ်လုပ်နိုင်ဖို့ ၊ သက်ဆိုင်ရာ subsystem တွေအထိ display access ကို စီမံခန့် ခွဲနိုင်တဲ့ libraries ဖြစ်သည်။
Media libraries များမှာလဲ လူသုံးများတဲ့ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင် ဖိုင်တွေရဲ့ format တွေဖြစ်တဲ့ ( MPEG4, 3GP, MP3, JPG, PNG စတဲ့ ဖိုင်အမျိုးစားများ ထောင့်ပံ့တဲ့ libraries များဖြစ်သည်။


SSL -Secure Socket Layer လုံခြုံမှုဆိုင်ရာ libraries များ ဖြစ်သည်။
Libc - ဆိုတာကတော့ System C libraries များဖြစ်ပါတယ်။

အထက်ဖော်ပြပါ libraries များကို နဂိုအရှိတိုင်း တိုက်ရိုက်အသုံးချနိုင်ပါတယ်။ ဒါပေမယ့်တချို့  mobile ကိ၇ိယာ ထုတ်လုပ်သူများက မိမိတို့ ထုတ်လုပ်မယ့် hardware များနှင့်ကိုက်ညီစေရန် စံထား C Library များကို ပြန်လည်ရေးသားပြီး အသုံးပြုသော မူကွဲ တစ်မျိုး အဖြစ် Bionic ကို ထည့်သွင်း သုံးစွဲပါတယ်။ Bionic ကို သုံးစွဲရတာ အကြောင်း ၂ ရပ်ကြောင့်ပါ။
နည်းပညာအပို်င်းအရ moblie devices များကို သယ်ယူရအဆင်ပြေစေရန် သေးငယ်အောင် ထုတ်လုပ်ရပါတယ်။ mobile devices များဟာလည်း battery မှစွမ်းအင်ကို ရယူသုံးစွဲနေရတဲ့အချိန် battery များရဲ့ စွမ်းအင်သိုလောင်နိုင်မှု ကိုလည်း ချက်ခြင်းကြီး တိုးတက်အောင်မလုပ်နိုင်သေးတဲ့အချိန်မျိုးမှာ အတက်နိုင်ဆုံး အဆင်ပြေစေရန် ၄င်းတို့ အတွက် ရည်ရွယ်ပြီး Bionic ကိုထည့်သွင်းထားပါတယ်။
ခွင့်ပြုမှု - ၄င်းကို ပြုပြင်ယူကာသုံးလိုသူများအတွက် အဆင်ပြေသော license မျိုးရှိခြင်း တို့ ကြောင့် Bionic ကိုထည့်ထသွင်းထားပါတယ်။

Android Run time ကိုတော့ JVM နဲ့  အနည်းငယ် နှိုင်းယှဉ်တင်ပြလိုတာကြောင့် နောက်တပိုင်းမှ ရေးသားပါတော့မယ်။

Post By: Ye` Paing Phyo



Ref: developer.android.com/index.html
en.wikipedia.org/wiki/Android_(operating_system)
www.m5a.com

Friday, February 3

Knowledge of Adroid 1

What is Android?( Android ဆိုတာ ဘာလဲ)
Android လို့ ပြောလိုက်တာနဲ့ ကျနော်တို့တတွေ မျက်လုံးထဲမှာ အစိမ်းရောင် စက်ရုပ်ကလေးကတာ့ မြင်ယောင် နေမယ်ထင်တယ်။ မြန်မာ mobile ဖုန်းအသုံးပြုသူအများစုကတော့ Android ဆိုတဲ့နာမည်ကို တီးမြည့်ခေါက်မည့်ရှိပြီးသားဖြစ်မှာပါ။ အခုမှ ဘာလို့  ထရေးရလည်းဆိုတော့ မသိသေးတဲ့သူတွေလဲ သိရအောင် ကျနော်သိထားတဲ့ Android အကြောင်းလေး အနည်းငယ်ကို ဝေမျှတဲ့သဘောလောက်ပါပဲ။
androidlogo
တကယ်တော့ Android ဆိုတာ Linux Kernel ကိုအခြေခံရေးသားထားတဲ့ Operating System တခုဖြစ်ပါတယ်။ mobile ကိရိယာများ ဖုန်းများနဲ့  tablet computer တွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားသော အသုံးပြူရလွယ်ကူတဲ့ Open source platform တခုဖြစ်ပါတယ်။ Android ကုမ္မဏီကို ၂၀၀၃ အောက်တိုဘာလောက်က Andy Rubin ၊ Rich Miner ၊ Chris White ၊ Nick Sears တို့တတွေ က US California မှာ တည်ထောင်ခဲ့ ကြပါတယ်။ mobile phone တွေအတွက် သူတို့ တွေကြိုးပန်းနေရင်း Rubin တစ်ယောက် ငွေကြေး အဆင်မပြေမှု့တွေ စတင်လာခဲ့ပါတော့တယ်။၂၀၀၅ လောက်မှာတော့ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ နာမည်ကြီး Google က Android Inc. ကို ၀ယ်ယူလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အားလုံးက တော့ Google ကတော့ Mobile လောကထဲ ၀င်လာတော့မယ်လို့ သုံးသပ်ထင်မြင် နေကြတာပေါ့။ Google ဖုန်းထွက်ပေါ် လာလိမ့်မယ် ဆိုပြီး ထင်မြင်ချက်တွေ ပေးပြီး မျှော်လင့်နေပေမယ့် Google ဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသံတိတ်နေခဲ့ပါတယ်။ အချိန် အတော်ကြာ Google က ဘာထူးခြားမှုမှ မလုပ်ခဲ့ပါဘူး။
ဒါပေမယ့် ၂၀၀၇ ခုနှစ်လောက်မှာ Google က OHA (Open Handset Alliance ) အဖွဲ့ ကိုစတင် ဖွဲ့ စည်းတည်ထောင်တယ်ဆိုတာ ကြေငြာ လိုက်ပါတယ်။ တဆက်တည်း Android ကို Open Source လွတ်လပ်သော မည်သူမဆို ရယူသုံးစွဲနိုင်သော အရင်းမြစ် (ပွင့်လင်း ရင်းမြစ်) အဖြစ် တရားဝင်ကြေငြာလိုက်တဲ့အချိန်မှာ အားလုံး မျက်သေသေကုန်ကြရလောက်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာ OHA အဖွဲ အကြောင်းအနည်းငယ် ဝေမျှရှင်းလင်းလိုပါတယ်။
What is Open Handset Alliance (OHA)?
Open Handset Alliance အဖွဲ့ ကြီးဟာ mobile ကိရိယာများအတွက် open standard တွေကို အကောင်ထည်ဖော်ဖို့  mobile ကိရိယာတွေထုတ်လုပ်တဲ့သူတွေ နောက် mobile နက်ဝက်ကွန်ယက် ၀န်ဆောင်မှုရောင်းချမှုလုပ်တဲ့သူတွေ နဲ့ mobile နှင့် သက်ဆိုင်တဲ့ အခြားသက်ဆိုင်တဲ့အဖွဲ့ စည်းတွေ ပူးပေါင်းတည်ထောင်ထားသော Non -Profit အဖွဲ့ ကြီး တဖွဲ့ ဖြစ်ပါတယ်။ OHA က mobile users တွေကို ပိုမိုကောင်းမွန်တဲ့ Features တွေ ပေးနိုင်ဖို့  တီထွင်ဆန်းသစ်မှုတွေ ပိုပြီး တိုးတက် ပွင့်လင်းလာဖို့ ဈေးသက်သာတဲ့ mobile ဆက်သွယ်ရေးရရှိဖို့  ရည်ရွယ် ဦးတည်ပါတယ်။ Android ဟာ Google ကပဲ ပိုင်ဆိုင်တဲ့ အနေအထားတင် မဟုတ်တော့ဘဲ OHA က ပိုင်ဆိုင်တဲ့အခြေအနေဖြစ်သွားတဲ့သဘောပေါ့။ OHA အဖွဲ့ ကြီးမှာ Google, Sony , HTC, Samsung, LG, T-Mobile , Nividia, Dell စတဲ့ ကုမ္ဗဏီကြီးတွေပါဝင်ပါတယ်။

OHA

ဒီနေရာမှာ အရင်တုန်းကလို ကုမ္ဗဏီကြီးတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရပ်တည်ချင်းမရှိတော့ပဲနယ်ပယ်စုံမှာ ပါဝင်လှုပ်ရှားလာတာကိုသတိပြုရမှာပါ။ အရင်ကလို Google ဟာလည်း Search Engine နယ်ပယ်တင်မကတော့ပဲ mobile phone နယ်ပယ် လူမှုဆက်သွယ်ရေး နယ်ပယ်တွေအထိ ၀င်ရောက်လုပ်ကိုင်လာတာကို သတိပြုမိကြမှာပါ။
Google က၂၀၀၇ ခုနှစ်မှာ OHA ကိုတည်ထောင်ကြောင်းနှင့် Android ကို Open Source ဖြစ်ကြောင်းကြေငြာပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ Android SDK (Software Development Kit) version 1.0 ကို စတင်ဖြန့် ချီလိုက်ပါတယ်။ သိပ်တောင် မကြာလိုက်ပါဘူး T-Moblie ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ဗဏီက US မှာ HTC ကထုတ်တဲ့ G1 mobile ဖုန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။
၂၀၀၉ -၂၀၁၀ လောက်မှာတော့ Android အသုံးပြုတဲ့ ဖုန်းတွေ Tablet computer တွေ device တွေဟာ မှိုလိုပေါက်အောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ Android ဟာ Open Source ဖြစ်တာကြောင့် အချို့ သောထုတ်လုပ်သူတွေဟာ မိမိတို့ လိုအပ်ချက်အလိုက်ပြင်ဆင်ထုတ်လုပ်ထားတဲ့ မူကွဲတဲ့ Version အသစ်တွေ (Donut , Eclair , Cupcake ) ဟာလဲ အတော်များများထွက်ပေါ်လာတယ်။ ခုဆို Smart phone လောကထဲမှာ ထိပ်တန်းကို တိုးထွက်လာခဲ့ပြီး ခေါင်းဆောင်ဖို့ တောင် ဖြစ်နေပြီပဲ။ နေ့ စဉ် Android User တွေဟာလဲ တိုးပွားလျှက်ရှိပါတယ်။
Android ဟာ developer တွေအတွက်တော့တကယ့်ကို ပြည့်စုံကောင်မွန်တဲ့ နတ်ဘုရားသခင်တပါးလိုပါပဲ။ လူသားတွေအတွက် အကြိုးပြုစက်ရုပ်လေး ပေါ့ဗျာ။ကျနော်တို့ တွေ Android Touch Screen ဖုန်းတွေကို ဈေးသက်သက် သာသာ အရည်သွေးကောင်းကောင်းမွန်နဲ့  သုံးနိုင်တာဟာ Open Souce ဖြစ်တာကလဲ တကယ့်ကို အရေးကြီးတဲ့ အပိုင်း တခုပါ။ ပိုပြီးကောင်းမွန်အောင် ဖန်တီးပြုပြင်၇င်း ပိုပြီးကောင်းမွန်လာခဲ့တာပါပဲဖြစ်ပါတယ်။ ဒီထက်လဲ ပိုကောင်းလာကြအုန်းမှာပါ လူသားတို့ ရဲ တီထွင်ဖန်တီးနိုင်မှုကို ဘောင်တွေဖယ်ရှားပေးလိုက်တာ လူသားတွေအတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်စေတာ အားလုံးသတိပြုမိမှာပါ။ ဒါဟာ Open Source ဖြစ်တာကြောင့်ပဲမဟုတ်ပါလော။ Android ဟာ ဘယ်သူမဆို ရယူသုံးစွဲနိုင် တာ ပြုပြင်နိုင်တာတာ လွတ်လပ်စွာ ဆင့်ပွားအသုံးပြုနိုင်တဲ့ မူပိုင်ခွင့် အမျိုးစားထဲကပါ။ ဒီလို Open Source လုပ်တဲ့နေရမှာ တကယ့် Meaching Level မှာအလုပ်လုပ်တဲ့ Low Level Linux module တွေအထိ နောက် Android သုံး ကိရိယာ ဘယ်ကိရိယာပေါ်မှာမဆို အလုပ်လုပ်တဲ့ code အစုအဝေး code library ဖြစ်တဲ့ Native Library တွေ Application Framework တွေ အိုး နောက်ဆုံးအဆင့် complete application တွေထိအောင် မည်သူမဆို မည်သည့် developer မဆို ရယူသုံးဆွဲ နိုင်တဲ့ Open Source ပဲဖြစ်ပါတယ်။ တချို့ သိပ်ပြီး ၀ါသနာကြီးလွန်းတဲ့ developers တွေဆို application lelvel ကနေ Kernel အထိဆင်းကုန်ကြတော့တာပါပဲ။ ဒီလိုတွေကြောင့် developer တစ်ယောက်ဘက်ကကြည့်မယ်ဆိုရင် platform တခုလုံးရဲ့  source ကိုသိရှိနိုင်မှတော့ Operating System တခုလုံးဘယ်လိုတည်ဆောက်ထားလဲဆိုတာ လုံ၀၀အသေးစိတ်နားလည်နိုင်ပါတယ်။ ဒီတော့ သူ့ အတွက် ရေးသား develop လုပ်မယ့် applications တွေဟာ OS ပေါ်မှာ ကောင်းမွန်စွာအလုပ်လုပ်ပြီး စွမ်းရည်မြင့်တဲ့ application တခုအဖြစ်ရရှိနေနိုင်ပဲလေ။ Handset တွေ Devices တွေထုတ်လုပ်တဲ့သူဘက်ကြည့်မယ်ဆိုရင်လဲ ကိုယ်ထုတ်လုပ်မယ့် Hadware devices တွေနဲ့ ကိုက်ညီမယ့်၊ customer ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကိုယ်ပိုင် Android OS တခုလိုမျိုးဖြစ်အောင် ပြင်ဆင်ထုတ်လုပ် ထည့်သွင်းနိုင်နေပါတယ်။
Android ရဲ့ တကယ့်ရည်ရွယ်ချက်တွေကလဲ mobile user တွေဈေးသက်သာဖို့ နောက် developer တွေ ထုပ်လုပ်သူတွေ အဆင်ပြေပြေထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ခဲ့တာပဲလေ။ ဒီလို Mobile လောကအတွက် mobile devices တွေအတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သလို mobile devlce တွေရဲ့ အားနည်ချက်တွေဖြစ်တဲ့ battery life ၊ နောက် RAM speed , processign speed တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ mobile ကိရိယာအများစုဟာ battery ရဲ့ပါဝါနဲ့  အလုပ်လုပ်ကြတာ အားလုံး သတိထားမိမယ်ထင်ပါတယ်။ ဘထ္ထရီသက်တန်းကို လည်း အရမ်းကြီး ကောင်းမွန် အောင် မလုပ်နိုင်သေးတဲ့အခြေအနေမျိုးမှာ ဘယ်လိုလုပ်ချင်းအားဖြင့် battery ကိုသက်သာစေနိုင်မလဲ နောက် Mobile ဆိုတဲ့အတိုင်း သယ်ရပြုရလွယ်ကူစေဖို့ တဲ့ ရည်ရွယ်ချက်ကရှိနေပြန်တော့ size ကိုလဲ သေးနိုင်သမျှသေးအောင် လုပ်ရပြန်တယ် ဒီတော့ မှတ်ဥာဏ် Memory ပိုင်းမှာလဲ အကန့်အသတ်တွေက ရှိနေပါသေးတယ်။ ဒီလိုအခြေအနေမျိုးတွေကိုပါထည့်သွင်းစဉ်းစားထားတဲ့ Android OS ဟာ device ရဲ့  size အလိုက် screen size ၊ resolution ရုပ်ထွက်ပြင်းအား နောက် အတွင်းပိုင်း ပါဝါပိုင်းဆိုင်၇ာလုပ်ဆောင်မှု တွေကို ကိုယ်လိုသလိုလိုက်လျှောညီထွေမှု ရှိအောင် ပြုပြင်ရေးသားနိုင်တဲ့ Bionic ကိုထည့်သွင်းထားပါတယ်။ Bionic အကြောင်းကို နောက်ပိုင်း ရေးသားမယ် အပိုင်းများမှာရှင်းလင်းတင်ပြပေးပါ့မယ်။
နောက်ပြီး ကျနော်တို့ အနေနဲ့  စိတ်ပါဝင်စားလာလို့ စမ်းသပ် မယ်ဆိုရင် တောင် Application developer တစ်ယောက်အဖို့ Application တခုကို လွယ်ကူလျှင်မြန်စွာရေးသားနိုင်ဖို့  tools တွေ Framework တွေအားလုံးရရှိပါဝင်နေပါတယ်။နောက်ဆုံးဗျာ စတင်စမ်းသပ်ရေးသား ဖန်တီးဖို့  Android Device တောင် ၀ယ်နေစရာမလိုပဲ Android Software Developement Kit (SDK) ရှိလျှင်ကိုဖြစ်နေပါပြီ။ ဒီတော့ကိုေ၇းသားမယ့်စက်ပေါ်မှာတင်စမ်းသက်နိုင်တာပေါ့ဗျာ။ ကျနော်ရေးတာလဲနဲနဲ ရှည်သွားပါပြီ ။ လိုအပ်တာများရှိရင်လဲ ထောက်ပြသွားကြပါအုံး။ နောက်တပတ်မှပဲ ဆက်ရေးတော့မယ်ဗျာ။
Ref :wikipedia

Thursday, January 12

iOS 5.0.1 အတွက် Untethered JailBreak ရပြီ

iOS 5.0.1 အတွက် JailBreak Tool က ဒီနေ့ပဲ ထွက်ရှိလို့လာပါပြီ။ ဒါပေမဲ့ A5 အသုံးပြုထားတဲ့ device တွေ အတွက်တော့ မရသေးဘူးလို့ ဆိုပါတယ်။ iOS 5.0.1 တွေကို Jailbreak လုပ်နိုင်သွားတဲ့ Tool ကတော့ redsn0w 0.9.10 ပါ။ Tethered Jailbreak လုပ်ထားသူများ အတွက် Cydia ကနေ Corona package ကို ထည့်သွင်းပြီး Untethered ဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။ iOS 5.0.1 ထည့်ထားပြီး Jailbreak လုံးဝမပြုလုပ်ရသေးသူအတွက်ကတော redsn0w 0.9.10 ကို download ဆွဲပြီး အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။



ပြုလုပ်နည်း



1. redsn0w 0.9.10 ကို http://www.mediafire.com/?gz86866z6960qxe ကနေ download ပြုလုပ်ပါ။

2. redsn0w ကို Run as Administrator အနေနဲ့ run ပါ။

3. redsn0w ပွင့်လာရင် Extras ကို နှိပ်ပါ။

4. Select IPSW ကို ရွေးပြီး iOS 5.0.1 Firmware ကို ရွေးချယ်ပေးပါ။ ပြီးရင် Back ပြန်နှိပ်ပါ။

5. Jailbreak ကို နှိပ်ပါ။ Install Cydia ကို အမှန်ခြစ်ပြီးရင်တော့ Jailbreak စတင်လုပ်ဆောင်နိုင်ပါပြီ။

Saturday, December 24

Jailbreak IOS 5.0.1



ပထမဦးဆုံး ကိုယ့်ရဲ့ I-devices (ipod,ipad,iphone) ကို setting - general- about မှာ ကိုယ့်ရဲ့ IOS
ကို အရင် check ကြည့်ပါ 5.0.1 ဟုတ်မဟုတ်ဆိုတာကို သိပ်ခြာပြီဆိုရင် ကိုယ့်ရဲ့ i-devices (ipod,ipad,iphone) ကို Shutdown လုပ်လိုက်ပါ။

Itunes က update ဖြစ်ရပါမယ် update မရှိသေးရင် ဒီမှာ
Redsn0w latest လိုအပ်ပါတယ် ဒီမှာ windows အတွက် ဒီမှာ MAC အတွက်။
Redsn0w ကို download လုပ်ပြီး Run တဲ့အခါမှာ Extra ကိုသွားပါပြီးတော့ Select IPSW ကိုနှိပ်ပါ
ပြီးတော့ IOS အဟောင်းဖြစ်တဲ့ 5.0.0 ကို အောက်ပါတွင်ရွေးပြီး Download လုပ်ပါ။

iPhone 4S
iPhone 4 (GSM)
iPhone 4 (CDMA)
iPhone 3GS
iPad 2 WiFi
iPad 2 GSM
iPad 2 CDMA
iPad
iPod touch 3G
iPod touch 4G
Apple TV (4.4)


ပြီးတော့ ဒီ IOS ကို Select လုပ်ပေးပါပြီးတော့ back ကိုပြန်နှိပ်ပါ။
ပြီးတော့ Jailbreak ကိုနှိပ်ပြီး Jailbreak နိုင်ပါတယ်။ ပြီးတဲ့အခါမှာ ပြန်ပြီး I-devices ကိုပိတ်ပြီးတော့
Redsn0w ကနေ Extra မှာ Just boot ကိုပြန်နှိပ်ပေးပါ။
အဆင်ပြေမယ်ထင်ပါတယ်။ မပြေရင်လဲပြောပါ။

Sunday, December 4

Android 3.0 Animations: Beginner's Guide (+Source Code) ebook

Android 3.0 Animations: Beginner's Guide (+Source Code))



Alex Shaw, "Android 3.0 Animations: Beginner's Guide" | 5.2 MB
Publisher: P,c,t P,,lishmng | ISBN: 184951528X | November 1, 2011 | PDF/code | 304 pages
Uploading & Filesonic
Bring your Android applications to life with stunning animations.
The first and only book dedicated to creating animations for Android apps.
Covers all of the commonly used animation techniques for Android 3.0 and lower versions.
Create stunning animations to give your Android apps a fun and intuitive user experience.
A step-by-step guide for learning animation by building fun example applications and games.

In Detail
An enjoyable, understandable, and eye-catching user interface is a key part of getting users to love your app. Users today expect a polished multimedia experience on their mobile device, and animation is a core part of that. The Android operating system is at the forefront of tablet and smartphone technology, and there is a plethora of opportunities for developing exciting applications with animation.

Android 3.0 Animations Beginner's Guide will introduce each of the most popular animation techniques to you. Using step-by-step instructions, you will learn how to create interactive dynamic forms, moving graphics, and 3D motion.

You will be taken on a journey from simple stop motion animations and fades, through to moving input forms, then on to 3D motion and game graphics.

In this book, you will create standalone animated graphics, three-dimensional lifts, fades, and spins. You will become adept at moving and transforming form data to bring boring old input forms and displays to life. Learn how game programmers create fast animations on the fly, and also build live wallpapers to liven up your users home-screens!

If you are tired of writing lifeless interfaces and want to add some animated excitement, this is the book for you!

A step-by step guide for creating, testing, and making use of stunning animations for android applications and games.

What you will learn from this book

Create animated graphics from a set of still images
Fade between graphical elements
Move, distort, and generally mess around with parts of your user interface
Create Dazzling 3D motion with a few simple principles
Strip back the Android user interface to create fast animated graphics on the fly
Experience striking results by changing your animation's rhythm
Create a live wallpaper to bring motion to your home-screen
Design your animations to look great and work well on different Android devices

Approach
Written in Packt's Beginner's Guide series, this book takes a step-by-step approach with each chapter made up of three to five tutorials that introduce and explain different animation concepts. All concepts are explained with real-world examples that are fun to read and work with.

Who this book is written for
If you are familiar with developing Android applications and want to bring your apps to life by adding smashing animations, then this book is for you. The book assumes that you are comfortable with Java development and have familiarity with creating Android Views in XML and Java. The tutorials assume that you will want to work with Eclipse, but you can work just as well with your preferred development tools.

Download
http://www.filesonic.com/file/4064577414
OR
http://uploading.com/files/1cba3b22/Android%2B3.0%2B%252B%2BSource%2BCode.rar/

Wednesday, November 30

Installous for Android

ဒီဟာလေးကတော့ Jail-broken Iphone,ipad တို့မှာ ၀ယ်ရတဲ့ Apps တွေကို Free ရသလို Android မှာလဲဒေါင်းလို့ရမဲ့ apps လေးတခုဖြစ်ပါတယ်.အခုတလော
Android နဲ့ပက်သက်တာတွေ ရေပန်းစားတဲ့အတွက် Android အသုံးပြုတဲ့လူတွေလဲများလာမှာပေါ့ ဒါကြောင့် ဒီ apps လေးက အဆင်ပြေပြေနဲ့ Free apps တွေ ဒေါင်းလို့ရမယ်ထင်တယ်။
ဒါမှမဟုတ်အောက်ပါလင့်များမှာ Android apps တွေအများအပြား free download လို့ရပါမယ်။

http://applanet.net/
http://www.apktops.com/
http://www.androidfreeware.net/
http://www.freenew.net/android.htm
http://getandroidstuff.com/



DOWNLOD APPS (ifile.it)
OR
DOWNLOD APPS (mediafire)