Wi-Fi ကို စီးပွားဖြစ် လွှင့်တဲ့သူများဟာ လောလောဆယ်တော့ Antamedia Hotspot software ကို အသုံးချပြီး လွှင့်နေကြပါတယ်။ တစ်ချို့က Ubuntu+Chillispot နဲ့ လွှင့်ကြတာလဲ ရှိပါတယ်။ နောက်တစ်ခုက Hotspot function ပါပြီးသား Router ၀ယ်ပြီး လွှင့်လည်း ရပါတယ်။ သူက နည်းနည်းကုန်ကျစရိတ်များပေမဲ့ Wi-Fi login, logout လုပ်ဖို့ ကွန်ပျူတာတစ်လုံး ပေးထားတာထက် စာရင်တော့ တော်သေးတယ် ပြောရမှာပေါ့။
နောက်တစ်ခုက ကိုယ့် Router မှာ DD-WRT Firmware ထည့်ပြီး Hotspot ဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။ DD-WRT Firmware ထည့်ပြီး CSP (Chillispot Service Provider) နဲ့ ချိတ်ဆတ်ပြီး Wi-Fi login page တစ်ခု တည်ဆောက်နိုင်ပါတယ်။ Hotspotsystem.com က CSP တစ်ခုပါ။ သူ့ site မှာ register လုပ်၊ သူတို့ပေးတဲ့ setting တွေကို ကိုယ့် DD-WRT ထည့်ထားတဲ့ Router မှာ ထည့်သွင်းပေးရုံနဲ့ Pay Per Use Hotspot တစ်ခု တည်ထောင်နိုင်ကြောင်း လက်တို့လိုက်ပါတယ်။
No comments:
Post a Comment