Thursday, January 12

သိပ်မကြည့်နဲ့ 

သူမသည် အလွန်လှ၏ ။
ချောမောလှပသော သူမ၏ ရူပါကား ကျွန်ုပ်၏ အာရုံကို သိမ်းသွင်းဖမ်းစားထား၏ ။
သူမကား စင်စစ်ဧကန် လှဘုရင်မပင်တည်း။
အလို....ရူပါလော့.......ထိုမည်သော

အရပ်၌ ရပ်တန့် ၍နေသူကား အသူနည်း?
အိုး....တပါးသော မိန်းမသား တစ်ယောက်ပင်တည်း။ အို လှပချောမောလိုက်သော
မိန်းမငယ်ပေတည်း။
ငါကား အရူးပင်။ အစောက မိန်းမကား ယခု ဤမိန်းမသား၏ အလှတို့ နှင့်ယှဉ်ကား
မြူမှုံမျှ မမှီ။
ဤမိန်းမသာလျှင် အစစ်အမှန် လှနတ်မိမယ် ပင်တည်း။


အဘယ်သို့ သောအကြောင်းကြောင့် ငါ၏ အမြင်သို့ ဤတတိယမြောက် မိန်းမကား ၀င်လာအံ့နည်း?
အို စာဖတ်သူ........ဤမိန်းမကား ငါတွေ့ ဖူးသမျှ၌ အလှဆုံး ဖြစ်ပါပေသည် တကား။
အို ငါကား အမှန်ပင် အရူးတည်း။ အစောက နှစ်ယောက်ကား ဤတစ်ယောက်၏ ခြေရာမျှပင်
မလှပါချေတကား။

စတုတ္ထ
ပဉ္စမ
ဆဋ္ဌမ


အဲဒါပဲလေ.........လှတိုင်း၊ချောတိုင်း၊ချစ်စရာကောင်းတိုင်း.......လိုချင်တပ်မက်နေမယ်ဆိုရင်တော

ပြီးကို ပြီးတော့မှာမဟုတ်ဘူး။

အရမ်းလှတဲ့ မိန်းကလေးတွေအများကြီးပဲဗျ။ များတာမှ တော်တော်များတာ။
ချောတာမှ မှုံနေတာပဲ။ နှစ်ခါမကလို့ သုံးခါတောင် လှည့်ကြည့်ချင်သွားမယ်။

ဒါပေမယ့် ကျုပ်ကတော့ သိပ်ဂရုမစိုက်။ တစ်ခါတော့ ကြည့်ဖြစ်သည်။
ဒါကြောင့်လည်း လှမှန်းသိနေသည်။
အေးပေါ့။ ဆယ်ခါကြည့်တော့လည်း ဟိုက ပြန်ကြိုက်မှာဆိုတော့ တစ်ခါပဲ ကြည့်တာပေါ့။
ဟဲဟဲ နောက်တာပါ။

နှာဘူးကျနေတဲ့ ယောင်္ကျားတွေကို ပြောပါတယ်။ အလုပ်မရှိအကိုင်မရှိအချောအလှတွေ
ထိုင်ငေးနေတာ ရပ်လိုက်ပါလားလို့ အကြံပေးကြည့်ချင်တာပါ။
လောကမှာ မိန်းမ အပြင် အခြားအခြားသော စိတ်အပန်းဖြေရာတွေ အများကြီးရှိပါတယ်။

တာဝမှာ ဂျီတီစီမှာ ရှိပါတယ်။
အုပ်စုလိုက်တွေ အုတ်ခုံမှာ ထိုင်လို့ လာသမျှကို စကြ နောက်ကြ။
ပျော်ရွှင်အူမြူးကြ။

ဘာရလဲ မေးချင်ပါတယ်။
ဘာရလဲ?

မှန်တယ်။ စိတ်အပန်းပြေတယ်။ ပျော်တယ်။
ဒါဆိုမေးမယ်
တစ်ခေါက်လောက်ကြည့်တာနဲ့ တစ်သက်လုံး အပန်းပြေသွားလား? တစ်သက်လုံးက
အရမ်းများလွန်းတယ်ထင်တယ်။ တစ်ရက်ပေါ့ တစ်ရက်လုံးလုံး ပျော်နေတယ်လား?

ကြည့်တယ်။ ခနခနကြည့်တယ်။ ကြည့်ပါများတော့ ပိုကြည့်ချင်လာတယ်။ ထပ်ကြည့်တယ်။
ရည်းစားရတယ်။ ထပ်ကြည့်သေးတယ်။ အော် မိန်းမယူတယ်။ ထပ်ကြည့်နေတုန်း။
ဘယ်အထိလဲ သေတဲ့ အထိပဲ။
မယုံမရှိနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာကို ပြောတာပဲ။


ကျုပ်ပြောချင်တာက မကြည့်နဲ့ မဟုတ်ပါဘူး။ တစ်ယောက်လောက်ရွေးချယ်လိုက်ပါ။
အဲ့တစ်ယောက်ကိုပဲ ကြည့်။
ကျန်တာတွေကို ဘေးမဲ့ပေးလိုက်ပါ။
အလကား ကိုယ်လည်း တန်ဖိုးလျော့တယ်။ အကြည့်ခံတွေလဲ
တန်ဖိုးလျော့တယ်။(သိက္ခာရှိတယ်ဆိုရင်ပေါ့။)

"ကြည့်ပဲကြည့်တာ အသားပဲ့ပါသွားလို့ လား"
အသားတော့ပဲ့မပါဘူး။ အလိုရမ္မက်တွေတိုးပွားလာတယ်။ ကိုယ်ကျင့်တရားတွေ
ပျက်ရွင်းလာတယ်။ စိတ်တွေ ဖောက်ပြန်ချင်လာတယ်။ ပစ်မှားချင်လာတယ်။

ရည်းစားသညာမရှိတဲ့လူက သိပ်အပြစ်ဆိုစရာမရှိပေမယ့်
ရည်းစားရှိတဲ့လူကျ.......သစ္စာေ
ဖာက်ရာမကျဘူးလား? လိပ်ပြာလုံတယ်ထင်ရင်တော့
ဆက်လုပ်ပေါ့။

ရည်းစားမရှိလဲ သိပ်မကြည့်တာကောင်းတယ်။ ကျုပ်ပြောသလိုပဲ အကျင့်ဆိုးဆိုတာက
ဖျောက်ရ အင်မတန်ခက်တယ်။

အသေးအဖွဲကြည့်တာလေးကို ဇာချဲ့ ပြီးပြောနေတယ်မထင်နဲ့ ။
မျက်လုံးနှစ်လုံးပါလို့ ကြည့်မိလို့ ပဲ မဟုတ်က ဟုတ်က ဇာတ်လမ်းတွေ
စဖြစ်တာ။ မကြည့်ရင် ဖြစ်စရာအကြောင်းကို မရှိ။

"မိန်းမတွေက ချောတော့ ယောင်္ကျားတွေက ကြည့်တယ်။ ဒါထုံးစံမယ်။"
"မင်းကသာပြောနေတာ သူတို့ က ငါတို့ မကြည့်မှာကိုတောင် စိုးရိမ်နေရင် နေမှာ။"
"သူတို့ အလှပြင်ရှိုးထုတ်မိတ်ကပ်ရိုက်
တယ်ဆိုတာ ငါတို့ ယောင်္ကျားတွေ ကြည့်အောင်ပဲကွ။"
"ယောင်္ကျားမှာ နှစ်မျိုးပဲရှိတယ်။ နှာဘူးနဲ့ ဂန်ဒူးတဲ့။ အဲဒါမင်းသိလား။"

အဲလိုမျိုးတွေတော့ လာမပြောနဲ့ ဗျ။ ရိုးနေပြီမို့ လို့ ပါ။
ယောင်္ကျားမှာ နှာဘူးနဲ့ ဂန်ဒူးပဲရှိတယ်ဆိုတဲ့ လူများ
သုံးမျိုးမြောက်ယောင်္ကျားကိုမကြားဖူးသေးလို့ ပါ။

လောကမှာ ပေါ့ပျက်ပျက်မိန်းမတွေ မွေးဖွားလာရတာက သူတို့ ကို ကြည့်မယ့်
ငန်းမယ့် ပေါ့ပျက်ပျက်ယောင်္ကျားတွေ ရှိနေတဲ့ အတွက်ကြောင့်ပဲ။
အဲဒီ အထဲ စာဖတ်သူ မပါစေနဲ့ ။

လူလောကမှာ ကျင်လည်နေတဲ့ လူတစ်ယောက်။ မြန်မာပြည်မှာနေနေတဲ့ လူတစ်ယောက်ရဲ့
တန်ဖိုးက ဘယ်မှရှိလဲဆိုတာ မြန်မာပြည်သားမှန်ရင်တော့ သိတယ်လို့ ယူဆပါတယ်။
အကျင့်စာရိတ္တလို့ ပြောရင်မမှားသလို...အိနြေ္ဒသိက္ခာဆိုပြန်ရင်လည်း မှန်နိုင်ပါတယ်။


မလိုလားအပ်တဲ့ အာရုံစူးစိုက်မှုတွေကိုလျော့...
အမြင်အာရုံတွေကို လွှဲလို့ ...
ဘ၀တိုးတက်ဖို့ ကိုပဲ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။


(မှတ်ချက် : လူအားလုံးအတွက် မရည်ရွယ်ပါ။ ရေးသမျှကို ထောက်ခံပါလို
့လည်းမပြောပါ။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။)

No comments:

Post a Comment