Tuesday, January 17

"ကောင်မလေးတွေကြိုက်တာက ဒီလိုတဲ့"........ :)

1။

ကောင်မလေးတွေဟာ သူတို့ချစ်တဲ့သူတွေကို သိတဲ့အတိုင်း ချွဲနွဲ့တတ်ကြတယ်... အမျိုးမျိုးစိတ်စမ်းကြတယ်...

ဒါပေမဲ့ ယောင်လို့တောင် ခိုင်းတိုင်း လုပ်နဲ့နော်.... သုံးခါခိုင်းရင် တစ်ခါလောက်ပဲလုပ်ပေးသိလား၊ အဲ့ဒါတောင်သိပ်ချစ်လို့

လုပ်ပေးတာလို့ပြောနော်... ဒါတောင် သူတို့ကသေချာစဉ်းစားဦးမှာတဲ့.... တကယ်ချစ်လို့လုပ်ပေးတာလားဆိုတာ.... :)

ဘာလို့လဲဆိုတော့....

မိန်းကလေးတွေဟာ သူတို့ကို သိပ်ဂရုမစိုက်တတ်တဲ့သူတွေကို ပိုစိတ်ဝင်စားတတ်လို့ပဲတဲ့... :)

2။

ကောင်လေးတွေ ဘယ်လိုပဲ စတိုင်သစ်တွေထွင်ထွင်၊ ဘယ်လိုပဲ စမတ်ကျအောင်ဝတ်ဝတ် ကောင်မလေးတွေစိတ်ဝင်စားတာ

သူတို့ရဲ့ မျက်နှာပေါ်က ဆွဲဆောင်မှုတဲ့..... ( မျက်လုံး၊ နှုတ်ခမ်း၊ ) အကြည့်နဲ့ ဆုံတဲ့အခိုက်၊ သို့မဟုတ်၊ စကားပြောရင်

ရယ်ပြုံးပီး ဟာသဥာဏ်နဲ့ ပြောတတ်သူတဲ့... ကောင်မလေးတွေက စိတ်ဝင်စားလာပီဆိုရင်" ကြိုက်မရှက်" ဆိုတဲ့အတိုင်း

အတင်းလိုက် ရောတတ်တယ်.... အဲ့အချိန်မှာ "မကျူ"လို့ကတော့ "ငအူ"ဖြစ်ပီမှတ်.... တို့မြန်မာမိန်းကလေးတွေဟာ

သေလောက်အောင်ချစ်ပါစေ ကိုယ်ကစ"ချစ်တယ်"လို့မပြောဘူး။( သင့်ကို ချစ်နေတဲ့မိန်းကလေးရှိသလား )?????

သေချာပြန်စဉ်းစားနော်.. ရှိနေရင် အမြန်သာ"ချစ်ခွင့်"တောင်းလိုက်တော့ကောင်လေးရေ... :P

3။

မိန်းကလေးတွေက လက်ဆောင်ပေးရင်ကြိုက်ကြတယ်ဆိုတာထက်.... သူတို့ ကိုယ်တိုင်ပြန်ပေးရတာကိုပိုနှစ်သက်တယ်တဲ့။

ချစ်သူရှိတဲ့ကောင်မလေးတစ်ယောက်ဟာ ကျောင်းစာ၊ အိမ်စာ၊ အလုပ်၊ အစရှိသဖြင့် ဘာပဲလုပ်လုပ် အချိန်ပြည့်ချစ်သူကို

သတိယနေတတ်တယ်တဲ့.... ( ယောင်္ကျားလေးတွေနဲ့တော့တခြားစီနော် ) တူတို့မှာ.. လက်ဖက်ရည်ဆိုင်ထိုင်ရတာနဲ့

ဘီယာဆိုင်ထိုင်ရတာနဲ့၊ဘောလုံးပွဲကြည့်ရတာနဲ့၊ ဂိမ်းဆော့ရတာနဲ့ အလုပ်ကိုရှုပ်နေတာပဲ....

( မိန်းကလေးတွေဖက်ကကူပြောပေးတာနော် ) ဟိဟိ

4။

ကောင်မလေးတွေက ကောင်လေးတွေကို ဒီလိုပြောလေ့ရှိတယ်.... ငါ့ကို (.......... ) က ကျူနေတယ်တဲ့....

အဲ့ဒါဆိုရင် အဲ့ကလေးမ ကောင်လေးကိုစိတ်ဝင်စားနေပြီ။ :)

ဂျီတော့ဖွင့်လိုက်တာနဲ့ အရင်ဆုံး စနှုတ်ဆက်တဲ့ကောင်မလေးဟာ သင့်ကိုစိတ်ဝင်စားနေသူဖြစ်တယ်.... ( အမျိုးတွေပါဝူး ) ဟီးး

သူ့ကောင်လေးအကြောင်းချည်းပဲ ပြောနေပေမဲ့ သီးခံနားထောင်ပေးပါ။ သူပြောချင်တာသူ့ကောင်လေးအကြောင်းမဟုတ်...

သင့်အကြောင်းသိချင်လို့ဖြစ်တယ်ဆိုတာသဘောပေါက်လိုက်ပါ။ :P

5။

ကောင်မလေးတွေမှာ အရမ်းကြီးကို ချစ်စရာကောင်းတဲ့အချက်တစ်ချက်ရှိတယ်.... အဲ့ဒါကတော့ သင်ကိုယ်တိုင်သိလိမ့်မယ်..

အတွေးတွေချော်မနေနဲ့ဦးနော်.... ( ချစ်ဖူးသူတိုင်းသိကြတယ် ) :)

မိန်းကလေးတစ်ယောက်ဟာ ယောင်္ကျားလေးတစ်ယောက်ကိုချစ်မိပြီဆိုရင်၊ ( နှာခေါင်းမပါရင် -ျီးစားတယ် )ဆိုတာထက်ကို

ရဲ့ဝံ့စွန့်စား အံ့မခန်းလောက်အောင်ကိုချစ်သူကိုမြတ်မြတ်နိုးနိုးအသက်ပေးချစ်တတ်ကြတယ်တဲ့ကွယ်....:o

No comments:

Post a Comment