Tuesday, January 17

ကားဝယ်ရန်သွားရာမှ လေယာဉ်ပျံဝယ်ခဲ့သည့် ခင်ပွန်းနှင့် ဇနီးဖြစ်သူ ပြဿနာဖြစ်



လေယာဉ်သည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သလို နှစ်ပေါင်း အတန်ကြာအတွင်း တစ်ကြိမ်တစ်ခါမျှလည်း လေထဲမပျံဖူးသေးချေ။
ကားသွားဝယ်သော်လည်း လေယာဉ်ပျံဝယ်ကာ ပြန်ရောက်လာသည့် ခင်ပွန်းသည်ကြောင့် လင်မယားနှစ်ဦး ပြဿနာ တက်နေကြောင်း သိရသည်။ အီရတ်နိုင်ငံမှ မူစတာဖာ အဇစ်သည် ပေါင်စတာလင် (၇၀၀၀)မျှ တန်ကြေးရှိသည့် အီရတ်သုံးငွေကို ယူဆောင်ကာ ပိုရှေးကားလေးတစ်စင်း ဝယ်ယူရန် အိမ်မှ ထွက်သွားသည်။ ယင်းငွေကို ကားဝယ်ရန် ရည်ရွယ်ချက်ဖြင့် လင်မယားနှစ်ဦး စုဆောင်းထားခြင်းဖြစ်သည်။
သို့သော် ၎င်းပြန်လာချိန်တွင် ချက်နိုင်ငံ၌ တည်ဆောက်ခဲ့သော MiG တိုက်လေယာဉ် အဟောင်းတစ်စင်းသာ ပါလာသည်။ အသက်(၄၅)နှစ်ရှိ အဇစ်သည် ယင်းလေယာဉ်ကို လေယာဉ်ဟောင်း စုဆောင်းသူ တစ်ဦးထံမှ ဝယ်ယူလာခြင်းဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဇနီးဖြစ်သူ မာမူသည် ထိုလုပ်ရပ်ကြောင့် အလွန်ဒေါသထွက်နေကြောင်း သိရသည်။ ထိုလေယာဉ်သည် ပျက်စီးယိုယွင်းနေပြီ ဖြစ်သလို နှစ်ပေါင်း အတန်ကြာအတွင်း တစ်ကြိမ်တစ်ခါမျှလည်း လေထဲမပျံဖူးသေးချေ။
နောက်ပိုင်းတွင် အဇစ်က မိမိ စိတ်ထင်ရာ လုပ်ခဲ့မိကြောင်း ဖွင့်ဟ ဝန်ခံခဲ့သည်။ “ကျွန်တော့်မိန်းမက ကျွန်တော်လုပ်ခဲ့တာကို မပျော်နိုင်ဘူး။ ကျွန်တော့်ကိုလည်း ပေါကြောင်ကြောင်ကောင်လို့ ခေါ်တယ်”ဟု ၎င်းက ဆိုသည်။ ၎င်းက ဆက်လက်၍ “ဘာပဲဖြစ်ဖြစ် သူဟာ နားလည်မှုရှိတဲ့ ဇနီးကောင်း တစ်ယောက်ဆိုတော့ အဆင်ပြေသွားပါတယ်”ဟုလည်း ပြောကြားသွားသည်။

MiG 15 လေယာဉ်သည် အာဏာရှင် ဆာဒမ်ဟူစိန် လက်ထက်က လေတပ်တွင် အသုံးပြုခဲ့ပြီးနောက်ပိုင်း (၈)နှစ်လုံးလုံး မပျံသန်းတော့ဘဲ မြေစိုက်အနေအထား ဖြစ်နေခဲ့သည်။ အဆိုပါ လေယာဉ်ကို လင်မယားနှစ်ဦး၏ ကားဂိုဒေါင်ထဲတွင် ထားရန်မှာလည်း မဖြစ်နိုင်လောက်အောင် ကြီးမားနေကြောင်း သိရှိရသည်။

Source: DailyChilli

No comments:

Post a Comment