Monday, February 20

ဗိုလ်ချုပ်ဟာ ပါတီပိုင်လား ? တိုင်းပြည်ပိုင်လား ?



အန်အယ်ဒီ ပါတီ နိုင်ငံရေးစည်းဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခြင်းနဲ့ အတူ ကျနော်သဘောမကျသော အချက်တချို့လည်းဒန်တွဲ၍ပါလာသည် ။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်လှုပ်ရှားမှု့ တစ်လျှောက် နှင့် အန်အယ်ဒီ ပါတီရုံးခွဲများတွင် အများဆုံးတွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းပုံကြောင့်
လည်း စိတ်ထဲတွင်မသက်မသာဖြစ်မိသည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ဖြစ်သည် ။ တပ်မတော်ကို စတင်ဖွဲ့စည်း
ခဲ့သော တပ်မတော်၏ ဖခင်လည်းဖြစ်သည် ။ တိုင်ပြည်ထူထောင်ခဲ့သော တိုင်းပြည်၏ ဖခင်လည်း ဖြစ်နေပြန်သေးသည် ။ အခုတလောတွင် အန်လယ်ဒီရုံးများရှေ့ မျက်နှာစာတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် အမေစု ပုံများကို ပူးတွဲ၍ချိတ်ဆွဲထားသည်ကိုလည်း မကြာခဏမြင်တွေ့နေရသည် ။

နိုင်ငံရေးမဆက်နွယ်သော တိုင်းသူပြည်သူတစ်ယောက်လို ခံစား၍ တိုင်းသူပြည်သားတစ်ယောက်လို ပြောဆိုပါမည် ။ ထိုအန်အယ်ဒီရုံးများတွင်
ဗိုလ်ချုပ်ပုံ ကို အပြင်ထုတ်ဗန်းပြ၍ချိတ်ဆွဲထားသည်ကို မနှစ်မသက်ဖြစ်မိသည် ။ အဘယ်ကြောင့်နည်း . . . ဗိုလ်ချုပ်သည် တိုင်းပြည်၏ ပြယုဒ်သာ
ဖြစ်သင့်သည် . . . ဗိုလ်ချုပ်သည် ပါတီတစ်ခု ၊ အစိုးရတစ်ခု ၊ အဖွဲ့အစည်းတစ်ခု၏ ပြယုဒ်မဖြစ်စေလိုပါ ။ ဗိုလ်ချုပ်သည် မိသားစုတစ်ခုပိုင်ဟု
သဘောမထားနိုင် ။ ဗိုလ်ချုပ်သည် တိုင်းပြည်ပိုင်သာ ဖြစ်သည် ဟု ခံယူပါသည် ။ အမေစုသည် ဗိုလ်ချုပ်၏ သမီးဖြစ်သည်ကားမှန်သည် . . .
ထိုအတူ မြန်မာနိုင်ငံသားအားလုံးသည်လည်း ဗိုလ်ချုပ်၏ သားသမီးများ ဖြစ်နေပြန်သေးသည် ။


အန်အယ်ဒီပါတီသည် မဲဆွယ်စည်းရုံးရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ ၊ အန်အယ်ဒီပါတီ၏ အီးစီ နှင့် စီအီးစီတို့ ၏ ပုံများနှင့်သာ မဲဆွယ်စည်း
ရုံးသင့်သည် ဟု ယူဆမိပါသည် ။ အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်သက်ရှိထင်ရှားရှိနေသည်ကားမဟုတ် . . . အန်အယ်ဒီပါတီကြီးကိုယ်တိုင်က ဗိုလ်ချုပ်
ကို ပြပြီးမဲဆွယ်လျှင် တခြားပါတီတွေရော မည်ကဲ့ သို့ ခံစားရမည်နည်း ။ ထိုအပြင် အန်အယ်ဒီပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်
လောင်းများ ရွေးချယ်ပုံကို သိပ်မဘောမတွေ့လှပါ ။ ကိုယ်စားလှယ်လောင်းများသည် ပြည်သူလူထု၏ ကိုးစားခံရသူများဖြစ်သင့်သည် ။ ကိုယ်စားလှယ်
လောင်းများ သည် အန်အယ်ဒီပါတီ၏ ခေါင်းစီး ပါဝါကြောင့် အနိုင်ရသည်မျိုးကား မဖြစ်သင့် . . . မိမိပင်ကိုယ်အစွမ်းအစပြပြီး အနိုင်ရသည်က ပို၍ သင့်တော်ပေလိမ့်မည် ။ အမှန်အတိုင်းဆိုပါရလျှင် အန်အယ်ဒီသည်ကြံ့ဖွံ့ထက်စာလျှင် ပြည်သူလူထူ၏ ကိုးစားမှု့ကို အပြည့်အ၀ရရှိပြီးသော ပါတီကြီး
ဖြစ်သည် ။ ယခင်အစိုးရကို ထိထိမိမိ ဆန့်ကျင်ခဲ့သော တခုထည်းသောအတိုက်အခံပါတီကြီးလည်း ဖြစ်သည် ။ ထိုကဲ့ သို့ ပါတီကြီးကို အချို့သော
ကိစ္စများတွင် ပြည်သူများ စိတ်စနိုးစနှောင့် ဖြစ်မိသည်ကား အမှန်ပင်ဖြစ်သည် ဟု ပြည်သူတစ်ယောက် အနေဖြင့် မှန်ရာကို ဆိုပါ၏ ။

( နိုင်ငံရေးသမားစစ်စစ်များသည် အကြောင်းအရာများကို မိမိလိုရာဘက်သို့ ဆွဲငင်၍ ၊ မီဒီယာသမားများစစ်စစ်များသည် အကြောင်းအရာများကို မိမိမြင်သည့်အတိုင်း သမာသမတ်ကျကျ တင်ပြသည် )

မာဃလုလင်

(http://margaluelin.blogspot.com/)

Weight gain လှယုံမက ဝချင်သေးရင်

ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ “ငါးကျီးခြောက် ကြပ်တင်”လို့၊ “ငါးဖေါင်ရိုးခြောက်” လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက Skinny body type ခပ်ပိန်ပိန် သမားများအတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူး ထင်ပါရဲ့။


ဝချင်ရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဘို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည် ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ TB, HIV-AIDS ကင်ဆာ၊ လည်ပင်ကြီးဟော်မုန်းများနေသူ စတာတွေပါ။ တီဘီ ဖြစ်နေသူတယောက် ဆေးပါတ်လည်လို့ ပျောက်လာရင် သေခြာပေါက် ဝလာပါတယ်။ တိတိကျကျ ဆိုရရင် ညိုပြီး ဝလာတာပါ။
ခပ်လွယ်လွယ် သဘောပေါက်အောင်ပြောရရင် ဝချင်ရင် ကြီးကြီးကြံပါလေ။ အိန္ဒိယကို ရောက်ခါစ ဦးမောသီရိ ဆိုတဲ့ စာပေဆုရဘူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတခုက ဘာလဲဆိုတော့ “တံငါဖြစ်မှတော့ ငါးကြီးကြီးမျှားပါ” တဲ့။ သူက အပြောတင် မဟုတ်ဘူး။ အင်္ဂလိပ်စကား တလုံးမှ မတတ်ပေမဲ့ သတ္တိကောင်းလှတဲ့ တိုင်းရင်းသူတယောက်ကို ဝန်ကြီးချုပ် ဆိုသူနဲ့ တွေ့အောင် အားလဲပေး၊ အကူညီလဲ ပေးခဲ့တဲ့သူပါ။

ကြီးကြီးကြံဘို့ရာ တခါစား များများ၊ အကြိမ်လဲ များများ၊ ထမင်းလုပ် ကြီးကြီး၊ ထမင်းပန်းကန်အစား ဇလုံ၊ ဇွန်းဆိုရင် ယောက်ချို သုံးပါ။ အတွေ့အကြုံအရ ပြောရရင် လူကောင်ကြီးသူတွေ လက်ရေးလက်သား သေးသေး၊ လက်မှတ်က ငယ်ငယ်လေး ဖြစ်တတ်တယ်။ အဲတော့ လက်ရေးပါ ပြောင်းချင် ပြောင်းလို့ အကြံပေးရမလားဘဲ။

ဝချင်ရင် အလေး(ဝိတ်) မ, တာ ငြင်းစရာတော့ မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ) တွေ ပိုရဘို့ လိုပါတယ်။ စာသင်သလို ပြောရရင် အဆင့် ၅ ဆင့်ရှိတယ်။ ကိုယ်အလေးချိန် ချိန်ထားပါ။
၁။ ခါတိုင်း တနေ့မှာ (ကယ်လိုရီ) ဘယ်လောက် စားနေသလဲ။
၂။ စားနေတာထက် ၅ဝဝ (ကယ်လိုရီ) ပိုစားပါ။ စားနိုင်အောင် တနေ့ ၃ ထပ်ကနေ ၄-၅ ထပ် စားပြစ်လိုက်ပါ။
၃။ (ဝိတ်)မ ပါ။ Gym သွားချင်သွား၊ အိမ်မှာဘဲ လုပ်လုပ်။
၎။ အလေးချိန် ပြန်ချိန်ပါ။ တပါတ်အပြီး ၁-၂ ပေါင်တိုးရင် ကောင်းတယ်။ ၁ဝ ပေါင် မတိုးချင်ပါနဲ့။ ကျန်းမာရေးအရ အကောင်း မဟုတ်ပါ။ ၁ လကုန်ရင် ၅-၈ ပေါင် တိုးတာ ကောင်းတယ်။
၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅ဝ ပိုစားပါလေ။

တနေ့ (ကယ်လိုရီ) ဘယ်လောက်လိုတာ သိဘို့ “ဦးတိကျ” တွေအတွက် ဖေါ်မြူလာ ရှိတယ်။ အရင်ဆုံး ဘာမှမလုပ်ဘဲ နေတဲ့ အချိန်မျိုးမှာ လိုမဲ့နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လဲခေါ်တယ် Basal Metabolic Rate (BMR) လဲခေါ်တယ်။ လမ်းလဲမလျောက်၊ ပြေးလဲမပြေး၊ အသားလေးနေတုံး ကိုယ်ခန္ဓာက အသက်ရှူဘို့၊ နှလုံးခုန်ဘို့၊ အစာခြေနေဘို့ စတာတွေရဲ့ ဇီဝအလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။

ပျင်းတော့ ပျင်းစရာကြီး။ သင်္ချာလို ထပ်ရှင်းရအုန်းမယ်။
RMR = 9.99w + 6.25h - 4.92a + 166g-161
w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)
တနေ့တာလိုမဲ့ (ကယ်လိုရီ) သိဘို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။

ပိုပြီး စားနိုင်အောင် စားပုံစားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အဝစား ၃ ခါနဲ့ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဘက်ရည် သောက်မဲ့အစား၊ နွားနို့၊ သစ်သီးဖျော်ရည် သောက်ပါ။ ပေါင်မုံ့စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများ ပါတာမျိုးဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူး တို့က သာတယ်။ အသီးတွေဆိုရင် လိမ်မော်၊ ပိခ်ျ၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေက သာတယ်။ (ဆု-ပ်)ဆိုတဲ့ ဟင်းရည်ဆိုရင် (ခရင်)ပါတာက အကြည်ရည်ထက် သာတယ်။

ဖြစ်နိုင်သမျှ အစားအသောက်တွေထဲမယ် စားသုံးဆီ ထည့်ရပါမယ်။ သံလွင်ဆီ၊ စားအုန်းဆီ၊ ထောပတ်ဆီတို့က နေကြာစေ့ဆီ၊ ပဲဆီတို့ထက် သာတယ်။ သာတယ်ဆိုတာ (ကယ်လိုရီ) ပိုရတာကို ပြောတာပါ။ ရှောင်သင့်တာတွေကတော့ ကျန်းမာရေးနဲ့ မကိုက်တဲ့ trans-fats တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊ (မာဂျရင်)၊ အလွယ်ဝယ်ရတဲ့ အစားအစာတွေပါ။

မဖြစ်မနေစားရမှာက (ပရိုတင်း) ဓါတ်ပါ အစာတွေ ဖြစ်တယ်။ အသားမျိုးစုံ၊ ငါးမျိုးစုံ။ စားနိုင်တဲ့ အသားအမျိုးမျိုးအပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်)ဆီ၊ (ခရင်မ်)ဆိုတာတွေ ထပ်ဖြည့်ပါ။ အသားမစားသူတွေလဲ ဝနိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။

စိတ်လှုတ်ရှားမှုတွေဟာ (ကလ်လိုရီ) အတော် ဖြုန်းပြစ်တယ်။ ဒါ့ကြောင့် စိတ်အေးအေးထားပါ။ လွမ်းစရာ ဝတ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်)ကား၊ (အက်ရှင်)ကားတွေ မကြည်နဲ့၊ ဇာတ် မနာနာအောင် ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။ ဗမာတွေ ဒါကြောင့် ပိန်နေတာ။

စားခိုင်းတာတော့ ဟုတ်ပါပြီ၊ စားချင်စိတ် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် B အုပ်စု ဆေးတွေက အထောက်အပံ့ ပြုပါတယ်။ Cyproheptadine (Cypon) ဆိုတဲ့ဆေးက (အလာဂျီ) စတာတွေအတွက် ဖြစ်ပေမဲ့ Anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နည်းနေသူတွေကိုလဲ ပေးနိုင်ပါတယ်။ ကလေးတွေဟာ နဲနဲလေး ဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွားဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြမယ်။

နောက်တခုက အစပ်စားတဲ့လူ၊ (မဆလာ)ကြိုက်သူ၊ အချဉ်ပါမှဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ်အမွှေးအကြိုင်တို့ဆိုတာ စားချင်လာအောင် လုပ်ပေးတဲ့ တန်ခိုးရှိတယ်။ တရူပ်နံနံ (ကြံမဆိုင်) ခပ်ထားတဲ့ ဟင်းချိုရည်က ပိုချိုသလို မဟုတ်လား။ “နှာညွန့်ကို ခြူတတ်သော” ဆိုတဲ့အစားပေါ့။ ငရုပ်သီးက မတူတဲ့ အကျိုး နှစ်မျိုး ရစေပါတယ်။ အစပ်တွေဟာ (ကယ်လိုရီ) ပိုသုံးလို့ ပိန်စေတယ်။ အစပ်ပါမှ စားချင်စိတ်ပိုလို့ ဝစေမယ်။

ကိုယ်ခန္ဓာ ကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝ မဟုတ်ဘဲ အပိုဆောင်းချင်သူတွေအတွက် (စတီရွိုက်) ဟော်မုန်း ဆေးတွေလဲ ရှိပါတယ်။ Human Growth hormone (HGH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများအတွက်ပါ သုံးနေတာဖြစ်တယ်။ အိုလံပစ် ဆုတံဆိပ် ပြန်အပ်သူတွေ မနည်းတော့ဘူး မဟုတ်လား။ ဟော်မုန်းဆိုတာ အစွမ်းကြီးသလို သတိကြီးကြီးလည်းထား သုံးရတာမျိုး ဖြစ်တယ်။

ဂျပန် (ဆူမို) နပမ်းသမားနည်းက “(ကယ်လိုရီ)များတဲ့ အစာတွေစား၊ အဆီ မများစေနဲ့”။ (အင်စူလင်) ဆိုတဲ့ သကြားဓါတ် ထိန်းတဲ့ ဟော်မုန်းကို ဆွပေးလို့၊ (ကယ်လိုရီ) များရင် သိမ်းထားတဲ့ အဆီကို ထုတ်မသုံးစရာ မလိုတော့ဘူး။ တခါတည်း များများ စားနိုင်အောင် တချို့က မနက်စောစောစာ မစားဘဲနေတယ်။ သူလို ကိုယ်လိုတွေက တနေ့မှ ၂ဝဝဝ-၃ဝဝဝ သာ စားတယ်။ (ဆူမို) နပမ်းသမားတွေ တနေ့ကို (ကယ်လိုရီ) ၆ဝဝဝ ကနေ ၂ဝဝဝဝ အထိ စားသတဲ့။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ သူလို ကိုယ်လိုဘဲပေါ့။ တထိုင်ထဲ ဘီယာ ဗူး ၁ဝဝ ကုန်သူဆိုတာ ရှိဆိုဘဲ။ လေ့ကျင့်ခန်းကို ပိုပြီး၊ ပြင်းပြင်း ထံထံ၊ နေ့စဉ်မှန်မှန်၊ လုပ်တာကြောင့် စားချင်စိတ်တွေ ပိုလာစေတယ်။

ကျန်းမာရေးသတင်း အသစ်စက်စက်တခုက ဘာပြောလဲဆိုတော့ မျောက်တွေကို စုထားပြီး စမ်းတဲ့အခါ၊ အကောင်ကြီး တွေက နိုင်ချင်တာကြောင့် စိတ်ညစ်ရတဲ့ မျောက်တွေမှာ အဆီစုပြီး၊ ဝမ်းခေါင်း ကျယ်လာသတဲ့။ ကောက်ချက်ဆွဲရင် စိတ်ဒုက္ခရရင် ဝတယ်ဆိုဘဲ။ နိုင်လိုမင်းထက် အနှိပ်စက်ခံနေရသူများ အတော်ဘဲပေါ့။ ဒါပေမဲ့ ဒီ သီအိုရီက လူတွေအတွက် မှားပါတယ်။ မြန်မာပြည်ဆိုရင် အမှားကြီး မှားတယ်။ စိတ်သောက များတိုင်းသာ ဝရရင်လား ဗမာပြည်မှာ (ဆူမို) သမားချည်းသာ ဖြစ်တော့မယ်။

ချုပ်လိုက်ရင် “ရောဂါ ကင်ရှင်း၊ ထမင်းဟင်း များများ၊ ဆေးဝါးလဲစား၊ အလေးလဲ မပါ” ခင်ဗျား။ စားနည်းလည်း သိပြီ။ စားချင်အောင် လုပ်နည်းလည်း သိပြီ။ စားချင်တာ စားနိုင်တဲ့ဘဝမျိုး ရဘို့ကတော့ မျောက်ဆိုးများ နှိပ်စက်တာ မခံကြပါနဲ့ ခင်ဗျား။

Dr. တင့်ဆွေ

စိတ်ဓာတ်မာကျောချင်ယောင်ဆောင်တဲ့သူတွေ ဒီလိုပြုမူတတ်ပါသတဲ့...



၁။ ဟန်းဖုန်းကို လက်ကမချဘူး...

၂။ တစ်ခါတလေ စိတ်မပါတပါ ရယ်တယ်...တခါတလေ တိတ်ဆိတ်ငြိမ်သက်နေတတ်တယ်...

၃။ လူပေါ်မူတည်ပြီး ဆက်ဆံရေး ပြောင်းလဲတတ်တယ်...

၎။ ဖက်စရာကိုင်စရာ တစ်ခုခုလက်ထဲမှာ ကိုင်ထားတတ်တယ်...

၅။ ကိစ္စ တစ်ခုကို ရုတ်တရက်သတိရတာနဲ့ ၀မ်းနည်းပြီး ငိုတတ်တယ်...

၆။ လူတစ်ယောက်ရဲ့ စကားကြောင့် စိတ်ဆင်းရဲသွားတတ်တယ်...

၇။ ရုတ်တရက် စိတ်ထိခိုက်လွယ်သလို...ဒေါသလဲဖြစ်လွယ်တယ်...ရုတ်တရက် ၀မ်းသာတတ်ပြန်တယ်...

၈။ မိတ်ဆွေ အပေါင်းအသင်းလိုချင်တယ်...ဒါပေမဲ့ လူလိမ်ခံရမှာလဲ စိုးမိပြန်တယ်...

၉။ ငယ်ငယ်ထဲက အသိတရားပေါင်းစုံကို အရွယ်နဲ့ မလိုက်အောင် နားလည်ခဲ့ရတယ်...

၁၀။ အဆွေးသီချင်းကို နားထောင်တာ ပိုနှစ်သက်တယ်...

၁၁။ ကိစ္စလေးတစ်ခုအတွက်နဲ့ တိတ်တိတ်လေး အကြာကြီး ငိုနေတတ်တယ်...

၁၂။ လူတွေကို နှစ်သိမ့်တတ်ပေမဲ့ ကိုယ်တိုင်မှာတော့ နှစ်သိမ့်သူမရှိဘူးလို့ ထင်နေတတ်တယ်...

၁၃။ အမြဲတမ်း ဖုန်းကို ဖွင့်ကြည့်ပြီး မက်ဆေ့ခ်ျ ရှိမရှိ စစ်ဆေးတတ်တယ်...

၁၄။ အွန်လိုင်းပေါ်မှာ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ စောင့်နေတတ်တယ်...

၁၅။ အတိတ်ကို တမ်းတပြီး ပစ္စုပ္ပန်ကို မုန်းတီးနေတတ်တယ်...

၁၆။ တစ်ခုခုစဉ်းစားမိတာနဲ့ စာအုပ်ထဲမှာ ရေးမှတ်ထားတတ်တယ်...

၁၇။ စိတ်ထဲရှိတဲ့ သီချင်းကို ညည်းတွားသီဆိုတတ်တယ်...

၁၈။တခါတလေ တက်ကြွတယ်...တခါတလေ မလှုပ်မယှက်နေတတ်တယ်...

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၀) ချက်



(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မဖြစ်ခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့်သူငယ်ချင်းဖြစ်သူက နားညီးသက်သာသောကြောင့်သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။

Sunday, February 19

ချစ်သူများနေ့ မှာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်...

ချစ်သူများနေ့ က ဖေဖော်ဝါရီ ၁၄ရက်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အကျီဆင်တူ ဝတ်ရမယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

တနေကုန် လျှောက်သွားရမယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အဲဒီနေ့ မဖြစ်မနေ လျှောက်လည်ရလိမ့်မယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အဲဒီနေ့ မှာ အမှတ်တရ လက်ဆောင်ပေးရမယ်ဆိုတာ

ဘယ်သူများ တီထွင်ခဲ့ပါလိမ့်

အဲဒီနေ့ မှာ ချစ်သူနဲ့ ဘဲရှိရမယ်ဆိုတာ



ဖေဖော်ဝါရီ ၁၄ မှ ချစ်သူများနေ့ မဟုတ်ပါဘူး

ချစ်သူနဲ့ ရှိတဲ့ နေ့ တိုင်း ချစ်သူများနေ့ ပါ

အကျီဆင်တူ ဝတ်ရမှ မဟုတ်ပါဘူး

စိတ်ချင်းဆင်တူ ဖြစ်နေယုံနဲ့  တင်ပြည့် စုံပါတယ်

တနေကုန် လျှောက်လည်နေမှမဟုတ်ပါဘူး

တနာရီနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောရင်တောင်ပြည့် စုံပါတယ်

အမှတ်တရ လက်ဆောင်ပေးရမှ မဟုတ်ပါဘူး

တယောက်နဲ့ တယောက်နားလည်မှုတွေ နဲ့ တင်ပြည့် စုံပါတယ်

အဲဒီနေ့ ဘဲ ချစ်သူနဲ့ အတူတူရှိမှ မဟုတ်ပါဘူး

လူချင်းမတွေ့ ရဘဲ စိတ်ထဲအမြဲရှိရင်တောင် ပြည့် စုံပါတယ်

Friday, February 17

လူမိုက်ကြီး (၁၀)ယောက်

တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး
(၁၀)ယောက်အားရှာဖွေ၍ စာရင်း ကောက်ခဲ့ရန် တာဝန်ကေးလိုက်သည်။
တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်း ကောက်ရန်
ခရီးထွက်ခဲ့သည်။

သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။
လူတစ် ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။
ဘာကြောင့်ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည်

“ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ
ကုန်အောင်ခပ်ထုတ်နိုင် ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို
ရအောင်ကြိုးပမ်းနေရတာဗျ” ။
အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁)
အဖြစ်စာရင်းမှတ်လိုက်လေ၏။

ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည်
မြစ်ထဲသို့ခေါက်ခေါက်အခါခါ လှော် နေသည်ကို တွေ့ရပြန်သည်။
သူဌေးကြီးရဲ့ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။
“ ကျူပ်သူငယ်ချင်းပေါ့ မနေ့က ကျူပ်နွားကို ဌားပြီး တစ်နေကုန်ခိုင်းလိုက်တာ
နွားကိုဖတ်ဖတ်ကိုမောလို့၊ ကျူပ်က လဲဘယ်ရမလဲ သူလှေကိုဌားပြီး
တစ်နေလုံးအားရပါးရ လှော်ပြီး လက်စားချေနေတာလေ”
သူဌေးကြီးတပည်လဲ အံသြစွာ ဖြင့်ထိုသူ၏ နံမည်ကိုမေးပြီး
လူမိုက်နံပါတ်(၂)အဖြစ်စာရင်းမှတ်လိုက်လေသည်။

ထိုနောက်ဆက်လက်ထွက်ခွာလာခဲ့ရာ လူတစ်ယောက်သည်
လူတစ်ယောက် သစ်ပင်ပေါ်၌ ရှိနေ၏။ သစ်ခုတ် သမားက ထိုသစ်ပင်
ကိုခုတ်လဲနေ၏။
“ ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင်ခုတ်လဲနေတယ်”
“ ကျွန်တော် သစ်ပင်ပေါ်တတ်တာ မဆင်းတတ်လို့ တွေ့တဲ့သစ်ခုတ်သမားပြောပြီး
သစ်ပင်လဲခိုင်းနေတာပါ။ သစ်ပင်လဲမှ ကျွန်တော် လွယ်လွယ်ကူကူ
အောက်ရောက်နိုင်မှာပါ ” ။
သူဌေးကြီးတပည့်လည်း အံသြသွားပြီး မထူးပါဘူး ဒီလူလဲနံမည်မေးပြီး
စာရင်းသွင်းလိုက်ရုံပေါ့။ သူဌေးကြီး တပည့်လည်း နံမည်မေးပြီး လူမိုက် နံပါတ်
(၃) အဖြစ်စာရင်းမှတ်လိုက်လေသည်။

ဒီလိုနဲ့ ဆက်လက်ထွက်ခွာ လာခဲ့ရာ တောစပ်တစ်နေရာ အရောက်တွင
် လူတစ်ယောက်သည် ဓားမကိုကိုင်လျှက် တွင်းဝတစ်ခုတွင်ထိုင် နေလေသည်။
“ ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး ဘာလုပ်နေတာလဲ “
“ ကျွန်တော် မြေကြွက်တစ်ကောင်လိုက်ဖမ်းနေတာပါ။ အခုတွင်းထဲ
ဝင်သွားလို့ပါ။ကြွက်ထွက်လာအောင်စောင့် နေတာပါ။ထွက်လာလို့ကတော့ ဟောဒီဓားနဲ့
ခုတ်သတ်ဖို့ပါပဲ “။
“ မထွက်လာရင်ကောဗျာ “
“ထွက်လာမှာပါဗျာ၊ ကြွက်ကတွင်းထဲမှာ ကြာကြာဘယ်နေနိုင်ပါမလဲ၊ သူနေရ
ထိုင်ရကြပ်လို့ ထွက်လာရင်တော့ အသိပဲ၊ ကျွန်တော် ကမြေကြွက်သား
အရမ်းကြိုက်တယ်လေ”။
သူဌေးကြီးတပည့်လည်း ထိုသူအားနံမည်မေးပြီး လူမိုက်နံပါတ် (၄)
အဖြစ်မှတ်လိုက်လေသည်။ လူမိုက်စာရင်း ကောက်ရန်ဆက်လက်ထွက်ခွာ လာရာ
သူဌေးကြီးတပည့်သည် ရွာတစ်ရွာသို့ရောက်လေသည်။

ရွာအဝင်လမ်း တွင် လူတစ်ယောက် လက်နှစ်ဖက်မြောက်လျက် ဖင်ထိုင်လျက်လဲနေသည်ကို တွေ့ရ၏။
“ဟေ့လူ ထလေဗျာ၊ ဘာဖြစ်လို့လဲ၊ ခြေထောက်နာသွားလို့ မထနိုင်ဘူးလား၊
ကျွန်တော်ထူပေးမယ် ဟုပြောပြော ဆိုဆိုနှင့် ထိုလူလက်နှစ်ဖက်ကို
ကိုင်လိုက်ရာ” “အား မကိုင်နဲ့ မကိုင်နဲ့ ကျွန်တော် ကိုထူရင် ချိုင်းကမပြီး ထူပေး”
ဟုပြေလေ၏။ သူဌေးကြီးတပည့်လည်း ထိုလူ ပြောသည့်အတိုင်း
ချိုင်းကမပြီးထူပေးလိုက်လေ၏။ သို့သော် လက်နှစ်ဖက်ကမြောက်မြဲအတိုင်း
မြောက်နေ၏။ “ ခင်ဗျား လက်နှစ်ဖက်က ချလို့မရဘူးလား အကြောကပ်နေတာလား “။
“မဟုတ်ဘူး၊ ကျွန်တော် သေတ္တာ ဝယ်မလို့မြို့ပေါ်တတ်လာတာ၊ အဲဒါအိမ်က သေတ္တာ
အဟောင်း အတိုင်းကို လက်နှစ်ဖက်နဲ့ တိုင်းလာခဲ့တာ၊ မတော်တဆ ချော်လဲပြီး
မိတ်ဆွေရောက်လာပြီး ထူပေးတာ ကျေးဇူးတင်ပါ တယ်” ။
သူဌေးကြီးတပည့်လဲ ထိုသူနံမည်မေး၍ လူမိုက်နံပါတ် (၅)
အဖြစ်သတ်မှတ်လိုက်လေသည်။ ပြီးတော့ သူဌေး ကြီးတပည့်လည်းရွာထဲသို့ဝင်လာလေ၏။

လမ်းခရီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည် ကိုတွေ့ရ၍ အကြောင်း စုံကိုမေးကြည့်၏။
“ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးကအတူတူ ထွက်လာတာမို့
တစ်ယောက်တစ်ဝက် ပိုင်သင့် တယ်လို့”
“ မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက
ပိုပြီးရသင့်တာပေါ့၊ မဟုတ်ဘူးလားဗျာ “
“ နေပါဦး ခင်ဗျား တို့က အဲဒီငွေထုပ် ကိုကောက်ရထားလို့လား”
“မကောက်ရပါဘူးဗျာ၊ ကောက်ရခဲ့ရင် ဆိုပြီး ငြင်းခုန်နေကြတာပါ”
ချက်ချင်းပင် ထိုသူနှစ်ယောက်၏ နံမည်များမေးပြီး စာရင်းသွင်းလိုက်၏။
လူမိုက်နံပါတ်(၆) နှင့်လူမိုက်နံပါတ်(၇) ဟုစာရင်းမှတ်လိုက်၏။

ထိုနောက် သူဌေးကြီးတပည့်လည်း အကြောင်းအရာအဖြစ်အပျက်များ နှင့်တကွလူမိုက် (၇)ဦး၏
နာမည်စာရင်းများ ကိုပေးအပ်လိုက်လေ၏။ သူဌေးကြီးလည်း သူတပည့်တင်ပြသော
စာရင်းအားကြည့် ၍ “ ငါကောက်ခိုင်းတာက ဆယ်ဦးကွ၊ မင်းကောက်ခဲ့တာ
ခုနှစ်ဦးပဲရှိသေးတယ်၊ သုံးဦးလိုသေးတာပဲ “။
“ ဆယ်ဦးပြည့်ပါတယ် သူဌေးမင်း၊ ကျန်တဲ့ သုံးဦးက ၊ ဘာမှ အရည်မရအဖတ်မရ
လူမိုက်စာရင်းကောက်ခိုင်းတဲ့ သူဌေးမင်းနဲ့ လူမိုက်စာရင်း လိုက်ကောက်တဲ့
ကျွန်တော်ရယ်၊ ဘာမှ အရည်မရ အဖတ်မရ ဘာဗဟုသုတမှ မရှိတဲ့ ဒီပိုစ့်ကို
ဖတ်တဲ့လူရယ်ပေါင်းလိုက်ရင် ဆယ်ဦးပြည့်တာပေါ့ သူဌေးမင်းရယ် “။

Knowledge of Android 3

ယခုအပိုင်းမှာတော့ ကျနော် Android Run Time မှာပါဝင်တဲ့ Dalvik Virtual Machine ရဲ့  အလုပ်လုပ်ပုံကို အနည်းငယ်တင်ပြဆွေးနွေးလိုပါတယ်။


Dalvik VM ဆိုတာဘာလဲ?
Dalvik VM ဆိုတာ ၂၀၀၅ ခုနှစ်လောက်မှာ Android mobile ကိရိယာများအတွက် အထူးသီးသန့် ဒီဇိုင်းထုတ်ပြီး Google မှ Engineer ဖြစ်သူ Dan Bornstein ဦးဆောင်သော အဖွဲ့  က တည်ဆောက်ထားတဲ့ Virtual Machine ဖြစ်ပါတယ်။


Java Virtual Machine ( JVM )
ဒီနေ ရာမှာ ကျနော် Java Virtual Machine ကို Android mobile devices များအတွက် သီးသန့် အထူးထုတ်လုပ်ထားတဲ့ထုတ်လုပ်ထား Dalvik Virtual Machine နှင့် အနည်းငယ် နှိုင်းယှဉ် တင်ပြလိုတာကြောင့် JVM ကို ဦးစွာ ရှင်းလင်းတင်ပြပါရစေ။
အောက်က ပုံကို တချက်ကြည့်ပေးပါ။




သင်ကြိုက်နှစ်သက်ရာText Editor (ဥပမာ -Notepad လိုမျိုး ရေးသားပြင်ဆင်နိုင်တဲ့ ပရိုဂရမ်တစ်မျိုး) မှာ ကျနော်တို့  Java Program တခုကိုေ၇းသားနိုင်ပါတယ်။

example HelloWorld java program

public class HelloWorld{
public static void main (String[] args){
System.out.println(“Hello World”);
}
}

ကျနော်တို့  ဒီဥပမာ Java Program လေးကိုကို Text Editor တခုခုမှာရေးသားလိုက်ပါတယ်။ ပြီးတော့ ကျနော်တို့  class name နဲ့ နာမည်တူအောင် ပေးပြီး classname.java (HelloWorld.java) ဆိုပြီး သိမ်းလိုက်ပါတယ်။ ဒါကို ကျနော်တို့ က source code လို့  ခေါ်ပါတယ်။ ဒီ source code file မှာ ပြင်ဆင်ခွင့်ရေးသားခွင့်ရှိပါတယ်။ အဲဒီ source code ကို java compiler က compile လုပ်လိုက်တဲ့အခါမှာ classname.class ဆိုပြီး file တဖိုင်ကျလာပါလိမ့်မယ်။ source file ကို compile လုပ်တဲ့အခါ ရရှိလာတဲ့ file ဟာ bytecodes ဖြစ်ပါတယ်။ ဒီ bytecodes ဟာ Operating System (OS ) နားလည်တဲ့ အဆင့်တော့မရောက်သေးပါဘူး။


Source code ကို ရေးသားရာမှာ တခုခုမှားယွင်းခဲ့ရင် compile လုပ်တဲ့အခါမှာ errors တွေပြပါလိမ့်မယ်။ တကယ်လို့ မှားယွင်းခဲ့ပြီး errors ပြခဲ့ရင်တော့ bytecodes ဖြစ်တဲ့ classname.class (HelloWorld.class) ဟာကျလာမှမဟုတ်ပါဘူး။ ဒီ errors ကိုတော့ compile time errors လို့ ခေါ်ပါတယ်။ ဒီအဆင့်က ဘယ်လို ဥပမာပေးရမလဲဆိုတော့ English Grammar ရေးသားတာနဲ့ ဥပမာပေးပါ့မယ်။ English စာမှာဆိုရင် စာကြောင်း တကြောင်းရဲ့ အစကို အကြီးနဲ့ ရေးသားရမယ် စာကြောင်း (၀ါကျ) အဆုံးမှာ full stop (.) ပါဝင်ရမယ်။ စသည်ဖြင့် နည်းဥပဒေတွေရှိပါတယ်။ ဒီလိုပဲ Java programming ကိုရေးသားရာမှာ လိုက်နာရမည့် syntax rules တွေရှိပါတယ်။(ဒီအကြောင်းကို နောက်ပိုင်း Java tutorials များမှာဆက်လက်လေ့လာနိုင်ပါတယ်)


တကယ်လို့ မှန်ခဲ့တယ်ဆိုပါစို့ … classname.class (HelloWorld.class) ဖိုင်လေးကျလာပြီဆိုရင် အဲ *.class file ကို Java Virtual Macnhine (JVM ) က interpret လုပ်လိုက်တဲ့အခါမှာ OS နားလည်တဲ့ executable file ဖြစ်ပြီး မိမိရေးသားခဲ့တဲ့ ပရိုဂရမ်အတိုင်း ကွန်ပျူတာက လုပ်ဆောင်ပေးမှာပါ။ ဥပမာ program မှာ Hello World ကိုရိုက်ထုတ်ဖို့ ရေးသားထားလို့  Hello World ကို ရိုက်ထုတ်ပေးပါလိမ့်မယ်။


တကယ်လို့ များ interpret (run)လုပ်လိုက်တဲ့အချိန် errors တွေပြခဲ့ရင် ဒါဟာ Run Time errors ပါ။ ဒါကို ဘယ်လို ဥပမာပေးရမလဲဆိုတော့ ကျနော်တို့ Microsoft World မှာ စာရိုက်တာနဲ့  ဆင်တူပါတယ်။ MS world ကျနော်တို့ English စာ ၀ါကျရေးသားရာမှာ စာလုံးပေါင်းမှားရင်၊ အကြီးအသေးမှားရင်၊ စားလုံးထားသိုနေရာထားမှု (space) များမှားတဲ့အခါ အနီရောင် အစိမ်းရောင် အတွန့် ကလေးတွေ ပြတာ သတိထားမိမှာပါ။ ဒါဟာ programming မှာဆို syntax မှားတာပေါ့။ အဲလိုမှားပြီး Run လို့ ကတော့ compile လုပ်တဲ့အဆင့်မှာကို errors တွေတက်မှာပါ။ တခါတလေ ကိုရေးသားတဲ့အခါမှာ လုံးဝ အဲလို အနီရောင် အတွန့်  မျဉ်းလေးတွေမပြ ဘူးဆိုတိုင်း မှန်တယ်မထင်ပါနဲ့ ။ ဥပမာ ကျနော်က I am Aung Aung. လို့ များ ရေးသားခဲ့ရင် ဘာအမှားမှ ပြမှာမဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ရေးသားပုံ grammar ကမှန်နေတာကိုးဗျ။ ဘယ်နေရာမှာ မှားမလဲဆိုတော့ ကျနော့်ကိုသိတဲ့လူတွေဖတ်တဲ့အခါ ဟ မင်းက Aung Aung မဟုတ်တာYe’ Paing Phyo ပါကွဆိုပြီးပြန်ပြောပါလိမ့်မယ်။ ဒါမျိုးကို Run Time errors လို့ ခေါ်ပါတယ်။ ဒီနေရာမှာ compile time errors နှင့် run time errors ကို ရှင်းလင်း နားလည်စေချင်တာပါ။


JVM ဟာ OS platform အတော်များများအတွက် ရရှိနိုင်တာမို့  Java ဟာ platform လွတ်လပ်မှုရှိတယ်လို့ ဆိုနိုင်တာပေါ့။ ဒါကြောင့် သင်ဟာ Windows OS မှာ compile လုပ်ထားတဲ့ HelloWorld.class ဖိုင်လ် ကို JVM တင်ထားတဲ့ ကြိုက်တဲ့ OS မှာ interpret လုပ်နိုင်ပြီပေါ့။


အားလုံးကို ပြန်ခြုံငုံ ပြောရရင်တော့ Text editor တခုခုမှာ java program (classname.java) ရေးသားထားတဲ့ source code ကို compile လုပ်တဲ့အခါ byte codes (classname.class) ရပါတယ်။ အဲ .class file ကို JVM က interpret လုပ်လိုက်မှ OS နားလည်တဲ့ executable file/program ရလာတာပါ။


Dalvik VM ကို ရှိနှင့်ပြီးသား Java Virtual Machine (JVM ) ထက်ပိုမိုကောင်းမွန်အောင်၊ အထူးသဖြင့် ကြိုးမဲ့မိုဘိုင်းကိရိယာများအတွက် ရည်ရွယ် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Mobile device တွေဟာ သယ်ယူရ အဆင်ပြေလွယ်ကူစေရန် အရွယ်အစား အားဖြင့် သေးငယ်အောင် ထုတ်လုပ်ရတာ ဖြစ်တဲ့အတွက် Battery life, processign power, memory management ပြဿနာတွေကရှိနေဆဲဖြစ်ပါတယ်။ Dalvik ကို အဓိကအားဖြင့် battery life ကြာချိန်နှင့် မောင်းနှင်တွက်ချက်နိုင်စွမ်းအား processing power တို့ ကဲ့သို့ သော mobile devices များ၏ အကန့် အသတ်များအတွက် အဆင်ပြေစေရန် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။


၂၀၀၅ ခုနှစ်လောက်မှာ Google က Dan Bornstein ဦးဆောင်တဲ့ Engineer အဖွဲ့ ဟာ Dalvik VM ဖြင့် JVM ကို အစားထိုးနိုင်ဖို့ အသည်းအသန် ကျားကုတ်ကျားခဲ ကြိုးပန်း ဖန်တီးရလဲဆိုတာ နောက်ကွယ် မှာအကြောင်းအရင်း တခုရှိနေသေးလို့ ပါပဲ။ ဒါဆို အဲဒါဘာများဖြစ်မလဲ? LICENSE ခွင့်ပြုမှု ကိစ္စကြောင့်ဖြစ်ပါတယ်။ အမှန်တကယ်တော့ Java Programming Language, Java tools and Java Libraries တွေဟာ မည်သူမဆို ရယူသုံးစွဲနိုင်သော (Open Source) ဆိုပေမယ့် Java Virtual Machie (JVM) ကတော့ Free မဟုတ်ပါဘူး။ ဒီကိစ္စကလဲ Dalvik ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်း တရပ်ပါပဲ။ ဒါပေမယ့်လည်း ခုချိန်ခါမှာတော့ Sun အဖွဲ့ ကြီးမှ Java ဖြင့်တည်ဆောက်ထားသော VM ကို အစားထိုးစရာအဖြင့် Open JDK နှင့် Apache Harmony တို့ လည်းရှိနေပြီဖြစ်သည်။ ဒီနေ ရာမှာသတိထားမိရမှာက လူသားတွေရဲ့ တီထွင်ဖန်တီးလိုမှုဖြစ်ပါတယ်။ Open Source အဖွဲ့ စည်းတွေဟာ ကန့် သတ်မှုတွေကိုကျော်လွှားနိုင်ဖို့  အသစ်တီထွင်ဖန်တီးနိုင်ဖို့ ကို အမြဲတမ်းကြိုးစားကြပါတယ်။ လူသားတွေရဲ့ တီထွင်ဖန်တီးမှုဟာလဲ အကန့် သတ်တွေမရှိတဲ့အခါ ပိုမိုတောက်ပြောင်လာအုံးမှာပါပဲ။


Dalvik VM & Java VM
Java မှာ source file ကို text editor တခုခုမှာရေးသားပြီး java compiler ( javac HelloWorld.java) ကိုသုံးပြီး Java byte codes အဖြစ် ပြောင်းလဲကာ compile လုပ်ပါတယ်။ ထို့ နောက် Java byte code ကို Java VM ပေါ်တွင် run (java HelloWorld) ယူသည်။ Android OS ပေါ်တွင်မှု မတူတော့သည့် ကိစ္စများရှိလာသည်။ source file (*.java) ကို compiler ဖြင့် java byte codes (*.class) ဖိုင်ရယူသည်အထိက အတူတူုဖြစ်ပါတယ်။ သို့ သော် ထိုအဆင့်တွင် Dalvik compile ကို ထပ်ဖြတ်ပြီး Dalvik byte code အဖြစ် ထုတ်ယူပြီး ရရှိလာတဲ့ Dalvik byte code ကိုမှ Dalvik VM ပေါ်တွင် အလုပ်လုပ်စေခြင်းမျိုးဖြစ်ပါတယ်။



ကျနော် တို့ ဒီနေ ရာမှာ သတိထားရမှာက Dalvik byte code ရအောင် java က နေ တိုက်ရိုက်မထုတ်ယူပဲ Dalvik compiler ကို တဆင့်ခံသုံးထားတယ်ဆိုတာကိုပါ။ ဒီလို တဆင့်ခံသုံးထားတာကြောင့် အကျိုးဆက်များ ဖြစ်လာပါတယ်။ ဥပမာ- java byte code ဖြစ်စေတဲ့ ( Python/ Ruby စသည့်) မည်သည့် programming language မဆို Android Application များ ရေးသားနိုင်သွားခြင်းမျိုးဖြစ်သည်။
Java မှာ အဓိကအားဖြင့်အောက်ပါအတိုင်း …


Java Standard Edition (J2SE) – Desktop application များရေးသားရာတွင် အသုံးပြုသည်။
Java Enterprise Edition ( J2EE) – Enterprise System , e-Commerce ကဲ့သို့ သော လုပ်ငန်းကြီးများ အတွက် application များရေးသားရာတွင် အသုံးပြုသည်။
Java Micro Edition (J2ME/ Java ME) – java phone များ mobile application များအတွက်ဖြစ်သည်။

Android တွင် ပါဝင်ပေါင်းစပ်သော java libraries များမှာ Java Standard Edition နှင့်အနီးစပ် ဆုံးဖြစ်သည်။ ၄င်းတို့ ၂ ခု၏ အဓိက ကွာခြားသော အချက်မှာ J2SE မှ user interface libraries ကို ဖယ်ထုတ်လိုက်ပြီး Android အဓိက user interface librarires များကိုဖြည့်သွင်းထားခြင်းဖြစ်သည်။ သို့ သော Java ၏ standard features များကို ထောက်ပံ့ပေးထားသည်နှင့် တပြိုင်နက်တွင် features အသစ်များကိုလည်း Android တွင် ဖြည့်စွက် ထည့်သွင်းထားပေးပါသည်။ နောက် တပိုင်းမှပဲ Application Framework များ နှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေးပါတော့မယ်။