Saturday, December 17

စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်


စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။ မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။

တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကိုပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကိုသယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများခံစားနေရသော်လည်း သတိတော့ကောင်းစွာရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီးလုံးဝလှုပ်ရှားခွင့်မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူအဆုံးစီရင်ချင်တယ်ဆိုတဲ့အကြောင်းကို တစ်ခြားအိမ်အကူအမျိုးသမီးတွေကိုပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။


source: http://news.omy.sg/News/Local%2BNews/Story/OMYStory201112111535-296761.html
@ Myanmar Express Group

Thursday, December 15

ကာရိုဘီလူးငှက်နှင့်လီမွန်ချိုးငှက်

တရုတ်နိုင်ငံမှ ကွန်ပျူတာပညာရှင်များ ဖန်တီးပေးထားတဲ့ ကာရိုးဘီလူးငှက်ကို အခုဆိုရင် မြန်မာပြည်အင်တာနက် သုံးစွဲသူ တော်တော်များ များ မြင်တွေ့ပြီး သုံးစွဲနေကြပါပြီ။ ပြည်တွင်းမှာ မြန်မာပြည် ISP တွေရဲ့ Traffic Shaping ကြောင့် Gtalk နှင့် Gmail ကိုသုံးစွဲဖို့ အချိန်များစွာ စောင့်ရပါတယ်။ Karoolark လို့ခေါ်တဲ့ ကာရိုးဘီလူးငှက်က ပြဿနာကို ဖြေရှင်းပေးလိုက်ပါတယ်။ Gtalk ကို အချိန်များစွာမပေးရဘဲ www.karoolark.com မှာ login ၀င်ပြီး သုံးစွဲလို့ရသွားပါတယ်။ Karoolark Server ဟာ တောင်အာရှအတွက် Server တစ်လုံး ထိုင်ထားတာကြောင့် မြန်မာအပါအ၀င် အိန္ဒိယ၊ထိုင်း၊အင်ဒိုနီးရှားနိုင်ငံတွေကနေ လျင်မြန်မြန်ဆန်စွာ သုံးစွဲနိုင်လိ့မ်မယ်လို့ Karoolark ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါသေးတယ်။ မူလ Google Talk Client လောက်တော့ Features တွေ မစုံလင်ပေမဲ့ သုံးလို့တော့ ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ လီမွန်ချိုးငှက်လို့ခေါ်တဲ့ www.lemondove.com ဟာလည်း Gmail ကို သုံးစက္ကန့်လောက်အတွင်းမှာပဲ ပွင့်လာအောင် ကူညီပေးနိုင်ပါတယ်။ မူလ Gmail မှာလို Features တွေအစုံအလင် မပါဝင်ပေမဲ့ အီးမေးလ်ပို့ခြင်း၊ လက်ခံခြင်းတို့ကိုတော့ ချောမွေ့မြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ်။ Gmail ကို ပိုပြီးမြန်ဆန်လိုချင်ရင်တော့ Gmail ရဲ့ Setting အတွင်းသို့ ၀င်ရောက်ပြီး IMAP ကို ဖွင့်ထားဖို့ Karoolark က အကြံပြုထားပြန်ပါသေးတယ်။

How to get US text free number

သင့်အနေနဲ့ မြန်မာနိုင်ငံကနေ နိုင်ငံခြားဖုန်းတွေဆီ SMS ပို့ဖို့ ဒါမှမဟုတ် နိုင်ငံခြားဖုန်းတွေဆီကနေ SMS အ၀င်လက်ခံဖို့အခက်အခဲဖြစ်နေပါသလား။

Internet တဆင့် US phone number ကိုအသုံးပြုပြီး အခမဲ့ messaging ပြုလုပ်နိုင်တဲ့ Service တစ်ခုအကြောင်း ပြောပြလိုပါတယ်။


ကဲ …

www.pinger.com/textfree ကိုသွားပြီး Signup လုပ်ရအောင်။



Username , Password နဲ့ သင့် email လိပ်စာကိုဖြည့် ၊

I agree to the Terms of Service and Privacy Policy ဆိုတာကို check လုပ် ၊

Security code ကိုမှန်အောင်ဖြည့်ပြီးရင် Create ကိုနှိပ်လိုက်ပါ။

နောက်တဆင့်မှာတော့ zip code တောင်းပါလိမ့်မယ်။ http://www.mongabay.com/igapo/ ကနေ သင်နှစ်သက်ရာ US zip code တစ်ခု ရှာပြီး ဖြည့်လိုက်ပါ။ နောက် Gender နဲ့ Age ကိုဖြည့်ပြီး Find ကိုနှိပ်။

ဒါဆိုရင် သင့်အတွက် US phone number ၁၀ ခုကို List လုပ်ပေးပါလိမ့်မယ်။ အဲဒီထဲကမှ သင်ကြိုက်တဲ့ နံပါတ်တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။
သင့်နံပါတ်ကို Option ကနေတဆင့် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
Google Account verification အတွက်လည်း ဒီဆားဗစ်ကို အသုံးပြုနိုင်ပါတယ်။ (country မှာ United States ကိုရွေးပေးရပါမယ်။ )

တစ်ခုသိထားရမှာက တစ်လအတွင်း Login မ၀င်ဖြစ်ခဲ့ရင် Signup လုပ်ခဲ့တဲ့ ဖုန်းနံပါတ်ကို အသုံးပြုလို့ရတော့မှာမဟုတ်ပဲ နောက်နံပါတ်တစ်ခုကို ပြန်လည်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။



ကဲ .. သင့်စိတ်ကြိုက် US ဖုန်းနံပါတ်တွေ ရွေးချယ်အသုံးပြုကြရအောင် ...


အမေရိကန် ဖုန်းတစ်လုံး အခမဲ့ယူနည်း (အ၀င်သီးသန့်)



စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။

ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။



ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP SoftPhone တွေဟာလည်း အဲဒီလိုပါပဲ။



SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။



ကဲ..စလိုက်ရအောင်။



၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။



၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။



၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။



၎။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။



၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။



၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Using IOS 5 Guide (ebook)




Apple ရဲ့ I-devices တွေအတွက် နောက်ဆုံးဖြစ်နေတဲ့ ios 5 ကို အသုံးပြုနည်းနဲ့ သူ့ရဲ့ထူးခြားချက်လေး
တွေကို လေ့လာချင်ရင် လေ့လာဖတ်ဖို့တင်ပေးလိုက်ပါတယ်။

DOWNLOAD
http://www.MegaShare.com/3754856
OR
http://fileape.com/dl/NIDWfRG0n8iN1mC7
OR
http://ifile.it/yg8qr52

2012 PC Journal



PC Advisor - February 2012 (HQ PDF)
PC Advisor - February 2012
English | 148 pages | HQ PDF | 119.00 Mb

Pc Advisor Magazine issuing 13 times a year, PC Advisor provides expert guidance in all areas of technology, whether you are buying, upgrading, downloading software, or just updating your knowledge. PC Advisor features news from the technological world, reviews of new hardware and software, and buying advice, as well as advice on how to get the best from your technology. It features how tos on subjects from networking to windows to photo software, each month.

DOWNLOAD LINKS

http://www.filesonic.com/file/4133620015/PCAdvisor_2012-02.pdf
or
http://www.fileserve.com/file/N2UmdXn/PCAdvisor_2012-02.pdf
Computer Shopper/February 2012

Computer Shopper/February 2012

English | 164 pages | HQ PDF | 134.00 Mb

Computer Shopper gives you independent buying advice, hundreds of product reviews and all the hints and tips a PC owner needs. The DVD cover disc on every issue contains bonus full software and games, plus video content and a photo library.


Download links:

FileSonic:
http://www.filesonic.com/file/4133279385/Computer_Shopper_2012-02.pdf

FilePost:
http://filepost.com/files/37715ec5/Computer_Shopper_2012-02.pdf/

Monday, December 5

အမည်ပေး၍မရသော File ၊ Folder များအကြောင်း

သင့်ရဲ့ Folder နဲ့ File Name တွေကို အောက်ပါ Name တွေ ပေးလို့မရဘူးဆိုတာကိုမသိသေးတဲ့သူများအတွက်နေ

1. CON 2. PRN

3. AUX 4. NUL




5. COM1 6. COM2

7. COM3 8. COM4

9. COM5 10. COM6

11. COM7 12. COM8

13. COM9 14. LPT1

15. LPT2 16. LPT3

17. LPT4 18. LPT5

19. LPT6 20. LPT7

21. LPT8 22. LPT9

တို့ဖြစ်ပါတယ်။