Friday, March 9

ကိုယ့်ရဲ့ Wifi များ ယူသုံးနေ ကြသလား



အခုက တော့ အားလုံး နီးပါး wireless ခေတ်ပါ။ ရုံးတွေ သာမက၊ အိမ်တွေ မှာပါ wireless ကို လွယ်လွယ် ကူကူ သုံးလာ ကြသလို၊ တော်တော် များများကလည်း wireless network အတွက် လုံခြုံရေးကို ပေါ့ပေါ့ တန်တန် သဘော ထား လာကြပါတယ်။

တကယ့်လို့ ကိုယ်က မြန်နှုန်းမြင့် အင်တာနက် ကိုတပ်ထားတယ်။ ဘေး ပတ်ဝန်းကျင်ကသာ ကိုယ့်ရဲ့ wireless network ကို ယူသုံးပြီး အဲဒီ မြန်နှုန်းမြင့် လိုင်းကို ပါ သုံးနေ ရင် ကိုယ့်အတွက် နစ်နာမှု တွေ ရှိသလို ကိုယ့် ကွန်ယက် အတွက်ပဲ share လုပ်ထားတဲ့ အရေးကြီး data တွေပါ သူတို့ ယူကြည့်လို့ ရ လို့ကတော့ ပြသနာ ရှိတဲ့ အပြင် မတော်လို့ သူတို့က တရားမဝင် အလုပ် တွေကို ကိုယ့်ရဲ့ ကွန်ယက်ကို အသုံးပြုပြီး လုပ်တယ် ဆိုရင် အကြီး အကျယ် ပြသနာ တက်မဲ့ ကိစ္စ ပါ။ ဒါကြောင့်အခု .

ကိုယ့်ရဲ့ wireless network ကို ယူသုံး နေတာ ရှိမရှိ ဆိုတာ သိနိုင်ဖို့ စစ်ဆေးနိုင်တဲ့ အချက် အလက် တွေကို သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

အလွယ်ဆုံးက မီးစစ်ဖို့

Wireless router မှာ မီးတွေ ပါပါတယ်။ အဲဒီမီးတွေ ထဲက အင်တာနက် မီး က network ထဲက စက်တစ် လုံးလုံးက internet ကို သုံးနေရင် မှိတ်တုတ်မှိတ်တုတ်နဲ့ ပြနေပါတယ်။ ဒါကြောင့် အလွယ်ဆုံး စစ်ဆေး ချင်ရင် ကိုယ့် network ထဲမှာ ရှိတဲ့ အင်တာနက်သုံး နိုင်တဲ့ ပစ္စည်းတွေ အားလုံးကို ပိတ်၊ မပိတ် ချင်ရင် လည်း အင်တာနက်မသုံး နိုင်အောင် setting ထဲမှာပြောင်းပြီး အဲဒီ မီးကို ကြည့်ဖို့ပါ။ ပစ္စည်းတွေကို ပိတ်ဆို့ တဲ့ နေရာမှာ အင်တာနက် ကို သုံး နိုင်တဲ့ iPod, music player, game console, TV စသဖြင့် အင်တာနက် ချိတ်ဆက်တဲ့ function ပါတဲ့ ပစ္စည်း အားလုံး အားလုံးကို ပိတ်ရမှာ ဖြစ်ပါတယ်။ အားလုံးပိတ်ပြီး လို့မှ ကိုယ့်ရဲ့ wireless router က မီးက မငြိမ်ပဲ မှိတ်တုတ်ပဲ ပြနေ သေးတယ် ဆိုရင်တော့ သေချာ သလောက်ရှိပါပြီ – အနီးအနားက တစ်ယောက်ယောက်က ယူသုံးနေပြီ ဆိုတာ။

MAC address ကို စစ်ဖို့

နောက် ပိုသေချာတဲ့ နည်းကတော့ router ရဲ့ setup ကနေ ဝင်စစ်ဖို့ ပါ။ အဲလို စစ်ဖို့အတွက် ပထမဆုံး router ရဲ့ IP address ကို သွားရပါမယ်။ router ရဲ့ IP address ကို မသိရင် ကွန်ပျူတာ ရဲ့ run မှာ cmd လို့ ရိုက်ထည့်၊ ပေါ်လာတဲ့ screen အမဲ နဲ့ command prompt မှာ ipconfig လို့ ရိုက်ထည့်ပြီး ကျလာတဲ့ list ထဲက default gateway ဆိုတာ router ရဲ့ IP address ပါ။

ဒါဆိုရင် အဲဒီ IP ကို browser မှာ ရိုက်ထည့်ရင် username နဲ့ password တောင်းပါလိမ့်မယ်။ အဲဒီမှာ ကိုယ်ထည့် ထားတဲ့ password ကို ထည့်ပြီး setup ထဲကို ဝင်နိုင်ပါတယ်။ တကယ်လို့ password မပြောင်းထား ရင် router ရဲ့ manual ထဲမှာ သူ့ရဲ့ default password ကို ရှာဖတ် လို့ရပြီး ကောင်းတာကတော့ router ရဲ့ default password ကိုလည်း ပြောင်းလဲ ထားဖို့ပါ။

Setup ထဲ ရောက်ပြီ ဆိုရင်တော့ အဲဒီမှာ သုံးတဲ့ router ပေါ်မူတည်ပြီး connected devices, attached devices, device list စသဖြင့် ရေးထားတဲ့ နေရာ ရှိပါတယ်။ အဲဒီမှာ လက်ရှိ ကိုယ့်ရဲ့ network ကိုသုံးနေတဲ့ လက်ရှိ MAC address တွေ ကို ပြသ ပေးပါတယ်။ ကျွန်တော် က တော့ linksys router ကို သုံးတာကြောင့် အဲဒါကို status အောက်က local network အောက်က DHCP list အောက်မှာ ကြည့်ရင် MAC address တွေ အပြင် device name တွေ ပါ ပြပေးတာ တွေ့ရပါတယ်။



အဲဒီမှာ MAC address ဆိုပြီး အခု တလော ဂျာနယ် တွေရဲ့ wireless router ကြော်ငြာ တွေမှာ မကြာခဏ တွေ့နေ ရပါတယ်။ MAC address နဲ့ စစ်နိုင်တယ် စသဖြင့် ပါတတ်ပါတယ်။ အထူး သဖြင့် outdoor wireless router ကြော်ငြာ တွေမှာပါ။

အဲဒီ MAC address ဆိုတာ – Media Access Control address ဖြစ်ပြီး network ကတ် တိုင်းမှာ ထည့်သွင်းထားတဲ့ မတူညီတဲ့ နံပါတ် တစ်ခုဆီ ကို ဆိုလို တာပါ။ ဒါကြောင့် router ထဲမှာ ကိုယ်မသိတဲ့ MAC တွေ ရှိမရှိ စစ်ကြည့်ပြီးတော့လည်း wifi ကို ယူသုံးနေ မသုံးနေ၊ ပွားသုံးနေ မသုံးနေ ဆိုတာ ကို သိနိုင်ပါတယ်။

MAC ကို ဘယ်လို ရှာမလဲ

ကိုယ်ခွင့်ပြုထားတဲ့ ကွန်ပျူတာ တွေမှာ တပ်ထားတဲ့ network card တွေရဲ့ MAC ကို သိဖို့က တော့ပထမဆုံး start ထဲက run မှာ cmd လို့ ရိုက်ထည့်ပြီး ပေါ်လာတဲ့ command prompt – screen အမဲ ထဲမှာ ipconfig /all ဆိုပြီး ရိုက်ထည့် ရပါမယ်။ ipconfig ရဲ့ နောက်မှာ space တစ်ခု ချန်ပြီးမှာ /all ကို ရိုက်ရမှာပါ။ ကျလာတဲ့ list ထဲမှာ ကိုယ်သုံးထားတဲ့ network card ရဲ့ အောက်ဖက်မှာ ပုံမှာ ပြထားတဲ့ အတိုင်း MAC address ရှိပါတယ်။



အဲဒါတွေကို မှတ်ထားပြီး ကိုယ့် router ရဲ့ list ထဲက MAC နဲ့ တိုက်စစ်လို့ ရသလို၊ တချို့ Router တွေမှာ Wireless ကို သတ်မှတ်ထားတဲ့ MAC တွေပဲ သုံးလို့ ရအောင် filter လုပ်လို့ ရပါတယ်။ Linksys ရဲ့ router မှာတော့ ဒီလို ပြထားတာ တွေ့ရပါတယ်။


မိုဘိုင်းဖုန်းတွေမှာလည်း Wifi သုံးလို့ရတဲ့ ဖုန်း ဖြစ်ရင် MAC ကို setting တစ်နေရာရာ မှာ ရှာလို့ရပါတယ်။ ဖုန်း အမျိုးအစားပေါ် မူတည် ပြီး website တွေမှာ ရှာကြည့်လို့ ရနိုင်ပါတယ်။
Ref. m51a

No comments:

Post a Comment