Monday, May 28

မျှော်လင့်နေသူ .....



နံနက်ခင်းလေး အိပ်ရာနိုးရင် နင့်အပြုံးလေးနဲ့အတူ
နိုးထချင်သူပါ ...
နင်ပြင်ပေးတဲ့ နံနက်စာလေးကို တစ်သက်တာ
စားချင်သူပါ ...
နင်ထုတ်ပေးတဲ့ အကျီများကို ဘ၀တစ်သက်စာ
ဝတ်ချင်သူပါ ...
နင်နှုတ်ဆက်တဲ့ လိုက်ပို့အပြုံးနဲ့ ရုံးကိုအမြဲ
သွားချင်သူပါ ...
နင်ချက်ပေးတဲ့နေ့လည်စာများနဲ့ နေ့တိုင်း
စားချင်သူပါ ...
ချိုမြိန်လွန်းတဲ့ စောင့်ကြိုအနမ်းနဲ့ ရုံးဆင်းချိန်
စောင့်စေချင်သူပါ ...
နင်လျှော်ထားတဲ့အ၀တ်အထည်များနဲ့ တစ်သက်သာ
ဆင်မြန်းချင်သူပါ ...
နင်ပြင်ထားတဲ့ ညစာများနဲ့ အမြဲတမ်းသာ
စားချင်သူပါ ...
နင်လိုအပ်တဲ့ အရာတိုင်းကို ကြိုးစားကာ
ဖြည့်ဆည်းပေးချင်သူပါ ...
အမှန်တကယ်ဖြစ်မဲ့နေ့ရက်များကို တမ်းတကာ
စောင့်မျှော်နေသူပါ

No comments:

Post a Comment