Thursday, May 31

ထမင်းစားပြီးရှောင်ကြဉ်သင့်သော အချက်(၇)ချက်




မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး
နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး
စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန်
အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ
တစ်နာရီအလိုတွင်သာစားသုံးသင့်

သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။

(၄) သင့်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်
ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့်
ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး
အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည်
ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ
အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန်
အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

Monday, May 28

မျှော်လင့်နေသူ .....



နံနက်ခင်းလေး အိပ်ရာနိုးရင် နင့်အပြုံးလေးနဲ့အတူ
နိုးထချင်သူပါ ...
နင်ပြင်ပေးတဲ့ နံနက်စာလေးကို တစ်သက်တာ
စားချင်သူပါ ...
နင်ထုတ်ပေးတဲ့ အကျီများကို ဘ၀တစ်သက်စာ
ဝတ်ချင်သူပါ ...
နင်နှုတ်ဆက်တဲ့ လိုက်ပို့အပြုံးနဲ့ ရုံးကိုအမြဲ
သွားချင်သူပါ ...
နင်ချက်ပေးတဲ့နေ့လည်စာများနဲ့ နေ့တိုင်း
စားချင်သူပါ ...
ချိုမြိန်လွန်းတဲ့ စောင့်ကြိုအနမ်းနဲ့ ရုံးဆင်းချိန်
စောင့်စေချင်သူပါ ...
နင်လျှော်ထားတဲ့အ၀တ်အထည်များနဲ့ တစ်သက်သာ
ဆင်မြန်းချင်သူပါ ...
နင်ပြင်ထားတဲ့ ညစာများနဲ့ အမြဲတမ်းသာ
စားချင်သူပါ ...
နင်လိုအပ်တဲ့ အရာတိုင်းကို ကြိုးစားကာ
ဖြည့်ဆည်းပေးချင်သူပါ ...
အမှန်တကယ်ဖြစ်မဲ့နေ့ရက်များကို တမ်းတကာ
စောင့်မျှော်နေသူပါ

Friday, May 11

Home Articles Categories About Wi-Fi လွှင့်နည်းများ



အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။

Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။

လောလောဆယ် လူသုံးများနေတဲ့ TP-Link Outdoor Antenna ANT-2421D ကို ကြည့်ကြည့်ရအောင်ပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ ANT-2421D ဖြစ်ပါတယ်။

ပုံကြည့်ရင်တော့ လက်တစ်တောင်လောက်ပဲ ရှိမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ လူတစ်ရပ်စာနီးပါး ရှည်ပါတယ်။ ဒီ Antenna ကို Wireless Router နဲ့ ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ Wi-Fi ဧရိယာက ခပ်ဝေးဝေးထိကို ရောက်ပါလိမ့်မယ်။

သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။

Specification မှာ အဓိကထားပြီး ကြည့်ရမှာက Gain ပါ။ ဒီ Antenna ဆိုရင် Gain က 15 dBi ထိ ရပါတယ်။ dBi ဆိုတာက decibel isotropic ရဲ့ အတိုကောက်ဖြစ်ပါတယ်။ decibel ဆိုတာက အသံရဲ့အတိုးအကျယ်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။ dBi ယူနစ်ဟာ Ominidirectional Antenna တွေအတွက် တိုင်းတာတဲ့ ယူနစ် ဖြစ်ပါတယ်။ dBi တန်ဖိုးများလေလေ လှိုင်းများကို ဖမ်းနိုင်၊ပို့နိုင်တဲ့ ခွင်ကျဉ်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရပ်ရှစ်မျက်နှာအနှံ့ ၀ိုင်ဖိုင်ကွန်ယက် ဖြန့်ချင်ရင် dBi တန်ဖိုး နည်းတဲ့ Antenna တွေကို သုံးစွဲသင့်ပြီး လားရာတစ်ဖက်တည်းကို အဓိက ဦးတည်ချင်ရင်တော့ dBi တန်ဖိုးများတဲ့ Antenna ကို သုံးစွဲသင့်ပါတယ်။

dBi တန်ဖိုးအနည်းအများဟာ အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ (dBi တန်ဖိုးများရင် အဝေးကြီးရောက်အောင် လွှင့်နိုင်တယ်လို့ မယူဆမိပါစေနဲ့) ဖမ်းယူနိုင်တဲ့ဧရိယာကိုတော့ Beamwidth ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီ Antenna မှာ Beamwidth က horizontal ဆိုရင် ၃၆၀ဒီဂရီ ရရှိပြီး vertical က ၉ ဒီဂရီပဲ ရပါတယ်။ ဆိုလိုတာက Antenna နဲ့ horizonal အနေအထားအတိုင်း ဖမ်းမယ်ဆိုရင် ၃၆၀ ဒီဂရီရတာမို့ အရှေ့က ဖမ်းဖမ်း၊ အနောက်က ဖမ်းဖမ်း မိမှာပါ။ ဒါပေမဲ့ vertical အနေအထားနဲ့ ဖမ်းမယ်ဆိုရင်တော့ 9 ဒီဂရီအတွင်းမှာပဲ ရရှိနိုင်ပါလိမ့်မယ်။

ဒါကြောင့်လည်း ဒီ Antenna ကို Omini Antenna ရယ်လို့ အလွယ်ခေါ်ကြတာပါ။ ၃၆၀ ဒီဂရီ ဖမ်းနိုင်၊လွှတ်နိုင်တယ်ပေါ့လေ။

Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။ Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။

External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။

ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။

http://www.tp-link.com/support/wireless_calculator/index.asp

ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။

လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။

Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။

ပြီးခဲ့တဲ့ အပိုင်းတွေတုန်းက Router နဲ့ Antenna နဲ့ တွဲပြီး လွှင့်တဲ့အကြောင်းကို ရေးသားခဲ့ပါတယ်။ တကယ်တမ်း မြန်မာပြည်တွင်းမှာ အသုံးချနေတဲ့ပုံစံကတော့ အဲဒီပုံစံမဟုတ်ပါဘူး။ CPE ဗူးတွေကို အသုံးချပြီး လွှင့်နေကြတာပါ။ အခုဆောင်းပါးမှာတော့ CPE ဗူးတွေနဲ့ Wi-Fi လွှင့်နည်းတွေကို ဖော်ပြပေးသွားပါ့မယ်။

CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။

Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။ CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။

Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။

CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။
Ref: IT Man

Blogger မှာမှာ MixPod player ထည့်သွင်းနည်း



ဟုတ်ကဲ့ အခုကျနော်ဆွေးနွေးချင်တာကတော့ MIXPOD player လေးကိုဘလော့မှာထည့်သွင်းနည်းပါ
မသုံးတတ်သူတွေအတွက် ရည်ရွယ်ပါတယ်
ပထမဆုံးအနေနဲ့ http://www.mixpod.com ကိုဝင်ပါ
နောက် ပုံပါအတိုင်း Register လုပ်ပါ ဒါတော့လူတိုင်းရမှာပါ

ပြီးရင် Login ၀င်ပါ
ပြီးရင် Create Play List ကို Click ပါ

ပြီးလျှင် Add Music မှ နေပြီး Add Url သို့ Popular Soung ၏ Search မှနေပြီး သီချင်းထည့်သွင်းနိုင်ပါသည်

ပြီးလျှင် Customize မှ နေပြီး Skin Colour , Setting ( Autoplay or menual play)

ပြီးလျှင် Save Playlist မှ စိတ်ကြိုက်ထပ်ကလိပါ
ပြီးလျှင် Get Code မှ ကုဒ်ယူပါ

ပြီးလျှင် Blogger ထဲမှ Desing >> Add a Gadget >> HTML/JavaScript တွင် ကူးယူထားသောကုဒ်လေးအားထည့်လိုက်ပါ
သင့် Blog တွင် MIX POD player လေး ရပြီပေါ့

Tuesday, May 8

Korea မလေးတွေ ဘာ့ကြောင့် စကတ်တို ဘောင်းဘီတိုဝတ်သလဲ ?

ကျနော်အခုဝေဖန်ချင်တာက မြန်မာအမျိုးသမီးများသည် မိမိတို့၏ လှပသောယဉ်ကျေးမှု
ကိုယ်လုံးကိုပေါက်ကို ဘာမှန်းညာမှန်းမသိအရုပ်ဆိုးအောင် (တချို့ပေါ့နော် အားလုံးမဟုတ်) လုပ်ဆောင်နေကြလို့ပါပဲ



ကိုရီးယားမလေးတွေ ဘာ့ကြောင့် စကတ်တို ဘောင်းဘီတိုဝတ်သလဲ ?
----------------------------------------------
ကိုရီးယားဟာတောင်အာရှ ထဲမှာပါတယ်၊ရာသီဥတုကအေးလွန်းတယ် ဒါ့ကြောင့် အသားအရည်တွေဟာ ဖွေးပြီးနု
တယ် အသားအရည်ကတော့ ပင်ကိုက ချောမွတ်မနေပဲကြမ်းတယ်လို့သိရပါတယ်
ဒါ့ကြောင့် အသားလှအောင် ပေါင်းသင်ကြတယ် အလှနဲ့ပတ်သတ်တာအားလုံးလိုလုပ်ဆောင်တယ်
ကိုရီးယားတွေရဲ့အားနည်းချက်က ရာသီဥတုက ပင်ကိုယ်အေးပေမဲ့ ကျနော်တို့လို လှုပ်ရှားနေခဲတယ်
လေ့ကျင့်ခန်းတွေသိပ်ပြီးတော့လုပ်ဆောင်တာမရှိ
ဒါ့ကြောင့် မိန်းကလေးအများစုဟာ ရုပ်ကလေးတွေအသားအရည်တွေလှပပေမဲ့ လိပ်ခါး ဖားဖင် တွေဖြစ်နေတယ်
ပိုပြောမယ်ဆို ကျောနဲ့ ရင်နဲ့ တသားတည်း တင်နဲ့ ကျောနဲ့ တသားတည်းပေါ့ဗျာအဲလိုတွေကြောင့် သူတို့ဟာပေါ်လွင်အောင်
လို့ ဖြူဖွေးရှင်းသန့်တဲ့ပေါင်တန်တွေ ခြေသလုံးတွေပေါ်ပြီး ထင်ရှားအောင် စကတ်တိုလေးတွေ ဘောင်းဘီတိုလေးတွေကို
(အအေးပတ်ခံပြီး ဟီ) ၀တ်ကြတာလို့လေ့လာဖူးပါတယ်
တကယ်တော့ ကိုရီးယားတွေဟာလည်းအတို အပြတ်ကိုစခဲ့တာမဟုတ်ပါဘူး
အနောက်တိုင်းက စတာပါ Fashion Design သမားတွေဟာ ကိုယ်တာဝန်ယူရတဲ့ မော်ဒယ်တွေရဲ့ အချိုးအစားအလိုက်
အတိုအပြတ်တွေကို Design ဆွဲခဲ့ကြတာပါ အဲကစခဲ့တယ်ဆိုပါတော့
မြန်မာအမျိုးသမီးများကျတော့ သူများဝတ်တာကိုလိုက်အတုခိုးတယ်လို့ ဆိုနေကျပါတယ် (ဆိုနေကျတာနော် အနော်ပြောတာဟုတ်ဝူး)
တချို့တွေပေါ့လေ မြန်မာ အမျိုးသမီးတွေမှာ ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင်အလှ နဲ့ရှိနေတာကို
ဘာ့ကြောင့်များ လိပ်ခါး ဖားဖင် အ၀တ်တွေနဲ့ မြန်မာ့ ယဉ်ကျေးမှုကို မေ့လျှော့နေကြတာလဲ လို့ မေးလိုက်ချင်ပါတယ်
ဒီနှစ်သင်္ကြန်တုန်းက အဆိုးဆုံပါပဲ ကျနော် ဘုန်းကြီး ၀တ်ပြီး လူထွက်တော့ ကွန်ပျူတာလေးပြန်ကိုင်မိတယ်
အားပါးပါး ယူထားတဲ့ကုသိုလ်လေးတွေ (ရှားရှားပါးပါး)တောင် ဘယ်ရောက်မှန်းမသိအောင် စိတ်ပျက်မိတယ်
ဒို့မြေ ဒို့ရေ ဒို့ယဉ်ကျေးမှုတွေ
ဘယ်ဆီကိုများရောက်ကုန်ပါသလဲ
ဘယ်သူတွေက ခိုးယူကုန်တာလဲ
ဘယ်သူတွေကမေ့လျှော့နေကြတာလဲ

ဘယ်သူတွေမှာတာဝန်ရှိပါသလဲ

COMPUTER ကိုဘယ်သူသုံးသေးလဲ

နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။
အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်
Ref: ကြေးစားလေး

Sunday, May 6

Knowledge of Android



Activities ဆိုတာဘာလဲ?
Activity ဆို Android Application တခုရဲ့ component တခုလို့ ပြောလို့ ရပါတယ်။ အလွယ်ဆုံးပြောရရင် အသုံးပြုသူ (user) ဟာ Application တခုကိုသုံးနေတဲ့အချိန်မှာ Screen ပေါ်မှာပေါ်နေတာ မြင်နေရတာကို Activity တခုလို့ ပြောလို့ ရပါတယ်။ ဥပမာ ကျနော်ကသူငယ်ချင်းတစ်ယောက်ရဲ့  ဆက်သွယ်ရန်လိပ်စာ (Contact Address) တခုကိုရေးမှတ်နေတယ်ဆိုပါစို့ ။ အဲဒီအချိန်မှာ မြင်နေရတဲ့ screen ဟာ Activity တခုပါ။ Application တခုမှာ Activities တွေအများကြီးရှိနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ ကလဲ Activities တွေကို တခုကနေ တခုကို အပြန်အလှန် ကူးပြောင်းအသုံးပြုနေပါတယ်။ user နဲ့ လုံးဝ interaction ရှိတဲ့သဘောပါ။

ဒါကို လွယ်ကူတဲ့ ဥပမာ တခုပေးရမယ်ဆိုရင် ကျနော်တို့ Website ကြည့်ရှု အသုံးပြုချင်းနဲ့  ဥပမာပြနိုင်ပါတယ်။ ကျနော်တို့ website တခုကို ကြည့်ရှု အသုံးပြုတဲ့အခါမှာ ၄င်းမှာ webpage တွေအများကြီးရှိတာ သတိထားမိမှာပါ။ ဒီ Webpage တွေကို ကျနော်တို့ က activities တွေအဖြင့် မြင်ကြည့်ရအောင်လား။ ပြီးတော့ ကျနော်တို့ Webpage တခုကနေ တခုကို ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လှည့်ပတ်ကြည့်ရှုကြပါတယ်။ Website တခုမှာ Home Page ရှိသလိုပဲ ကျနော်တို့ ရဲ့ Android app တခုမှာလဲ main activity ဆိုတာရှိပါတယ်။ Main Activity ဟာ ကျနော်တို့ application ကို စတင် launch လုပ်လိုက်တဲ့အခါ ပေါ်လာတဲ့ screen ပေါ်မြင်ရတဲ့ activity ပါပဲ။ Website တွေမှာ Webpage အချင်းချင်း Links ဖြင့် ချိတ်ဆက်ညွှန်းတာသတိထားမိမှာပါ။ ဒီလိုပါပဲ Android app တွေမှာလဲ activity တခုကနေ တခုကို ချိတ်ဆက် အလုပ်လုပ်နေပါတယ်။ ဥပမာ ကျနော်က ဓါတ်ပုံရိုက်တဲ့ application ကိုသုံးနေတယ် ရိုက်ပြီးတော့ save လုပ်တယ်။ နောက် Edit လုပ်ချင်ရသေးတယ် အဲလို တခုကနေတခုကို ကူးပြောင်းချိတ်ဆက်နေတာကိုဆို လိုချင်တာပါ။ နောက်ပြီး Website တခုကနေပြီး အခြား website တခုကို Link ချိတ်ဆက်ပြီး ညွှန်းတာကိုလဲ သတိပြုမိမယ်ထင်ပါတယ်။ ဒီလိုပါပဲ Android app တခုကနေ တခုကို ပြောင်းလဲချိတ်ဆက်ကာ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ ကျနော် တို့ Facebook application တခုကိုသုံးနေတယ်ဆို ပါစို့ ။ ကျနော်တို့ ဓါတ်ပုံတင်ချင်တယ်ဆို camera application ကိုချိတ်ဆက်ပြီး ခုဏရိုက်ထားတဲ့ပုံကို တင်မလား ဒါမှမဟုတ် အသစ်ရိုက်မလားဆိုပြီး application တခုကနေတခုကို ပြောင်းလဲ ချိတ်ဆက်ကာ ခေါ်ယူအသုံးပြုပါတယ်။

နောက် ဥပမာ တခုပေးရလျှင် camera application မှာ ဓါတ်ပုံကို email ပို့ ရန်အတွက် mail app တခုကိုခေါ်သုံးသည်။ ထို mail app မှ mail ပို့ မည့် လိပ်စာအတွက် contact book app မှ contact list ကိုရယူအသုံးပြုသည်။ ဒီလို အသစ်အသစ် သော activity တွေဟာ user ရဲ့ interact ပေါ်မူတည်ပြီးပြောင်းလဲနေပါတယ်။ Activity တခုအသစ်ပေါ်လာတိုင်း အရင်အသုံးပြုခဲ့တဲ့ Activity ဟာ pause state ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ mobile မှာ screen သေးလေး တခုသာ ပိုင်ဆိုင်တာကြောင့် တခုနဲ့ တခုကို အစားထိုးပြသနေရတာ ကြောင့်ပဲဖြစ်ပါတယ်။


Activity Life Cycle
-------------------------

ကျနော်တို့ Android Application တခုကို ပထမဆုံး စဖွင့်လို်က်ပြီဆိုပါစို့ ။ ဒါActiviy တခုကို mobile device မှာ launch လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါမှာ Mobile OS ပေါ်မှာ Linux Process တခုကိုဖန်တီးရယူခြင်း၊ User Interface Object များအတွက် Memory ကို ဖဲ့ယူသုံးစွဲရခြင်း Screen တခုလုံးကို Set up လုပ်ရခြင်း စသည်ဖြင့် activity ဖြစ်လာဖို့ ဒီလို Resource တွေ မျှယူသုံစွဲရပါတယ်။ ယခုလို အဆင်ဆင့် ဖန်တီးထားတဲ့ actvity ဟာ ခဏလေး သာ ကြည့်ဖို့ ဖြစ်သွားပါတယ်။ ဘာလို့ လဲဆိုတော့ အသုံးပြုသူ (user) ဟာ နောက် activity တခုကို ကူးပြောင်းသွားမှာဖြစ်ပါတယ်။ အသုံးပြုသူ ကလဲ နောက်ထပ် အသစ်သစ်သော activity ကိုသာ ကူးပြောင်း ကာသုံးစွဲနေမှာဖြစ်ပါတယ်။ ဒီလို အဆင့်အဆင် ဒုက္ခခံ ဖန်တီးထားတဲ့ activity တွေဟာ ခဏကြည့်ပြီး ပြန်ပိတ် ပြန်ပြီးဖွင့် နေရရင် Mobile ရဲ့ စွမ်းဆောင်ရည်နဲ့ကတော့ လုံးဝ မဖြစ်နိုင်တော့တာ အသေချာပါပဲ။ ဒီလို တွေ ဖြစ်ပျက် ဖြစ်ပျက်ဖြစ်နေတဲ့ Activity Life Cycle ကို့ Activity Manager ဖြင့် ထိန်းချုပ်ရပါတယ်။


What is Activity Manager?

Activity Manager ဆိုတဲ့အတိုင်း Component Activity တွေကို စီမံခန့် ခွဲပါတယ်။ Activity Manager က Activities များကို ဖန်တီးခြင်း၊ ဖျက်သိမ်းခြင်း ထိန်းချုပ် စီမံချင်းများကို လုပ်ဆောင်ပါတယ်။ ကျနော်တို့  app တခုကို စပြီး ဖွင့်လိုက်ပြီဆိုတာနဲ့  Activity Manager ဟာ Activity တခုကို ဖန်တီးလိုက်ပြီး Screen ပေါ်ကို တင်ပေးလိုက်ပါတယ်။ နောက် ကျနော်တို့ နောက်ထပ် Activity တခုကို ကူးပြောင်းတဲ့အခါ Activity Manager ဟာ ပထမ activity ကို ခတ္တ သိမ်းရာ Holding Place ပေါ်တင်လိုက်ပြီး နောက်ထပ် activity တခုကိုဖန်တီးပေးပါတယ်။ တကယ်လို့ အသုံးပြုသူဟာ ယခင် Activity ကို ပြန်သွားပါက အစအဆုံးပြန်လည် ဖန်တီးနေစရာမလိုတဲ့အတွက် ပိုမို မြန်ဆန်စွာ launch လုပ်နိုင်မှာပါ။ activity တွေဟာ Pause state မှာရှိနေပေမယ့်လဲ Memory ကိုတော့အနည်းနဲ့ အများကတော့ ယူသုံးနေအုံးမှာဖြစ်ပါတယ် ဒါကြောင့် မလိုအပ်တော့ဘူးလို့ ထင်တဲ့ မသုံးတာ ကြာတဲ့ Activity တွေကို AM ကနေ ဖျက်သိမ်း( destroy ) လုပ်လိုက်ပစ်ပါတယ်။ ထို့ ကြောင့် memory Free space ပိုမို ရရှိလာပြီး Performace ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ UI ရဲ့  speed လဲသိသာစွာကောင်းမွန်တိုးတက်လာပါတယ်။ ဒါဟာ Activity Manager ရဲ့ အကျိုးကျေးဇူးတွေပေါ့။


Starting State
-----------------
Starting State ဆိုတာ mobile device ရဲ့ Memory ပေါ်မှာ app မရှိသေးဘူးဆိုတဲ့သဘောပါပဲ။ app တခုကို စဖွင့်လိုက်တဲ့ သဘောပေါ့။ အဲချိန်မှာ callback Method အများကြီး တပြိုင်ထဲ run လေ့ရှိတဲ့အတွက် developer အနေနဲ့ callback method များကို ကြိုတင်ပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီလိုအဆင့်တွေပြီးရင်တေ့ Running state ကို ရောက်သွားပါပြီ။
ဒီလို starting state ကနေ running state ကိုရောက်ဖို့ အတွက် computing power ကို OS နဲ့ အတူ သုံးစွဲပါတယ်။ ဒီလိုပဲ Battery ကိုလဲ အတူအသုံးပြုကြတယ်။ computing time ဘက်ကကြည့်မယ်ဆို အတော့်ကိုသုံးစွဲတဲ့အချိန်ပေါ့။ ကျနော်တို့ app တခုရဲ့ activity တခုကိုသုံးနေပြီး နောက်တခုကို ကူးပြောင်းတဲ့အခါ ပထမ activity က holding place ပေါ်ရောက်သွားတာ အပေါ်မှာပြောခဲ့ပါတယ်။ ဘာကြောင့် တခါတည်း destroy မလုပ်ဘဲ ဒီနောက်ကွယ်က activity တွေချန်ထားရလဲ ဆိုတော့ staring state ကနေ running state ကိုရောက်ဖို့  Resource တွေအရမ်းသုံးရတယ်။ ကရိကထ နိုင်တယ်ဆိုရမှာပေါ့။ user က သူပြန်သုံးတဲ့အခါ ဒီလိုသာ အစအဆုံးပြန်ပြီး စနေရရင် Performace ပိုင်းအရ ပြဿနာ ရှိနေပြီပေါ့။ ဒါကြောင့် တခါတည်း Destroy မလုပ်ပဲ ချန်ထားတာပါ။

Running State
---------------------
တခါတလေ Focus activity လို့ ခေါ်လေ့ရှိပါတယ်။ ကျနော်တို့ Android app တခုခုကို အသုံးပြုနေတဲ့အချိန် ကျနော်တို့ စာရိုက်နေတာလဲဖြစ်မယ် Website ကြည့်နေတာလဲဖြစ်မယ်၊ ဓါတ်ပုံရိုက်နေတာလဲဖြစ်မယ်၊ အဲလိုချိန်မှာ User နဲ့ လုံးဝ Interact ရှိနေပါတယ်။ User သုံးနေတဲ့ Activity ကတော့ Focus Activity ပါပဲ။ အဲလိုချိန်မျိုးမှသူက Focus ဖြစ်နေတဲ့အတွက် Memory နှင့် အခြား Resource များ တွေကို လက်ဝါးကြီးသိမ်းပိုက်ထားတဲ့အချိန်ပေါ့။ ဒီချိန်မှာ သူက ခရာကျတယ်လေ။ ဒါပေမယ့် အချိန်တချိန်မှာ Running State Focus Activity တခုပဲရှိပါတယ် ဘာလို့ လဲဆိုတော့ အသုံးပြုသူက နောက်ထပ် Screen တခုကိုပြောင်းလဲ သုံးပြုတာနှင့်တပြိုင်နက် ပထမ Activity လို့  ဟာ Focus မဟုတ်တော့ပါဘူး။ သူက Pause State ကို ပြောင်းလဲသွားရတယ်။ ဒါတွေအားလုံးကို Activity Manager က ကောင်းကောင်း နောက်ကွယ်ကလုပ်ဆောင်ပေးနေတာပါ။

တခါတလေလဲ Running state Focus Activity ဆိုတိုင်း အရမ်းကြီး အလုပ်ရှုတ်နေတဲ့ activity လို့ တရားသေ မယူဆ စေချင်ပါဘူး။ တခါတလေ running focus activity တောင်မှ user ဆီက input ကိုစောင့်ဆိုင်းနေရတဲ့ အချိန် အဲလိုမျိုး အခိုက်အတန့် မျိုးလဲ ရှိတက်တာပဲလေ။ ဒီလိုပဲ
stopped state မှာရှိနေတဲ့ activity ဟာလဲ ဘာမှ အလုပ်မလုပ်တော့ လို့ ပုံသေကားခြပ် ပြောလို့ မရနိုင်ပါဘူး။ ဒီလိုသတ်မှတ်ဖို့ ဆိုတာက activty ဟာ focus state တွင်ရှိခြင်း မရှိခြင်း screen ပေါ်တွင် ရှိခြင်းမရှိုခင်းတို့  အပေါ်မှာသာ အခြေခံခြင်းဖြစ်ပါတယ်။


Pause Statement
---------------------

အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ တကယ်လို့ Activity တခုဟာ Focus အဆင့် သုံးနေတဲ့အဆင့်မှာမဟုတ်တော့ရင်တောင်မှ Screen ပေါ်မှာရှိနေသေးပါတယ်။ Pause State မှာတော့ Resources တွေကတော့ ၄င်း activity အတွက် ဦးစားပေးအဆင့်တွင်ပင်ရှိပါသေးသည်။ ဘာကြောင့်လဲဆိုတော့ ၄င်းကို လုံးဝဖျက်သိမ်းလိုက်ခြင်းမရှိသေးသောကြောင့်ဖြစ်ပါသည်။

Stopped State
-------------------
၎င်း အဆင့်မှာ Activity ဟာ Screen ပေါ်မှာရှိမနေတော့ပေမယ့် Memory ရဲ့ နေရာတခုမှာတော့ရှိနေပါသေးတယ်။ Pause state လောက် ဦးစားပေး အဆင့်မဟုတ်ရင်တောင် Stopped Activity ဟာ လက်ရှိ အလုပ်လုပ်နေဆဲ Running Focus state Activity တခုက ခေါ်ယူတဲ့အခါမှာ Focus Activity တခုအဖြင့် Screen ပေါ်သို့ ပြန်လည်ရောက်ရှိလာနိုင်ပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ ခေါ်ယူသုံးစွဲမှု မရှိဘူး မရှိနိုင်တော့ဘူးလို့  Activity Manager ထင်ရင် လုံးဝ destroy လုပ်ပြီး Memory ပေါ်က ဖယ်ရှားလိုက်ပါတယ်။ Memory ပေါ်မှာ Free space လိုအပ်မှုပေါ်ကိုကြည့်ပြီး AM က အလုပ်လုပ်ဆောင်ပေးနေတာပါ။

ဥပမာ တခုပေးရမယ်ဆိုရင် ပြဇာတ်ပွဲ တခုဆိုပါစို့ ။ ပထမဆုံး ပွဲထွက်ဖို့ တော်တော်ကြာတယ်ဗျ။ ကျနော်ကတော့ဘယ်သူပါ ဘာသီချင်းဆိုမှာဘာညာနဲ့ အချိန်တော်တော်ကြာတယ် ဒါ Android App တခုကို Launch လုပ်လိုက်တာနဲ့ ဆင်တယ်။ ။ state စင်မြင့် ကို Screen လို့ ယူစလိုက်ပါ။ စင်မြင့် ပေါ်မှာကပြ အသုံးတော်ခံ (performance) လုပ်နေတဲ့သူက Running state focus activity ပေါ့။ အဲချိန် ကြည့်ရှု့ နေတဲ့ မင်းပရိတ်သတ်နဲ့ တသားထဲကြနေတာ user က activity တခုနဲ့  interact လုပ်နေတဲ့နဲ့ ဆင်တူပါတယ်။။ အဲသူ ကပြလို့ ပြီးတော့ ခဏ နားပါတယ်။ နောက်တစ်ယောက် က စင်မြင့်ပေါ်မှာဖျော်ဖြည်ပေါ့။ အဲချိန်မှာ ပထမကတဲ့လူက ကလကာ ရဲ့ နောက်မှာ အင်္ကျီလဲ ခဏနားပေါ့ဗျာ။ သူ့ ကို Pause state လို့ ပြောလို့ ရတယ် သူ Memory ပေါ်မှာပဲရှိသေးတယ်လေ သူပြန်ဖျော်ဖြည်ဖို့ အဆင်သင့်ဖြစ်နေတဲ့အနေထားပေါ့။ သူအလှည့် သူပြန် ကပြမယ်ပေါ့။ တကယ်လို့ သူကပြဖို့ တာဝန်ပြီးပြီဆို ရင် သူအ၀တ်လဲပြီး နားကောင်းနားမယ် ကပွဲကိုပရိတ်သတ်နဲ့ အတူကြည့်ချင်ကြည့်နေမယ်။သူ ကဇာတ်ရုံကနေ အိမ်ပြန်သွားရင်တော့ ဒါdestroy state ကိုရောက်သွားတာပါ။ ကျနော်တို့ အပေါ်မှာပြောခဲ့သလိုဆို သူကိုမလိုအပ်တော့လို့ Stopped လုပ်ပြီး memory ပေါ်ကနေလုံးဝဖယ်ရှားလိုက်တာပါ။ တကယ်လို့ destroy လုပ်ပြီးမှ ပြန်ခေါ်မယ်ဆို အစအဆုံး Launch ပြန်လုပ်ရမှာမို့ Resource ကော အချိန်ကော ပေးရမှာပေါ့။ အိမ်ကလူ ပြန်ခေါ်ပြီး လာပြန်ကဆိုသလိုဖြစ်နေမယ်ထင်တယ်။


Destroy State
-------------------
ဒီအဆင့်မှာတော့ destroy လုပ်လိုက်ပြီးတဲ့ activity ဟာ memory ပေါ်မှာ မရှိနေတော့ပါ။ AM က မလိုအပ်တော့ဘူးထင်လို့ သူက Activity လုံးဝ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ Developer တစ်ယောက်အနေနဲ့  ကိုယ်ရေးသားမယ့် app တခုမှာ save process ကို pause state မတိုင်ခင်ရေးသားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့ လဲဆိုတော့ app တခုရဲ့ component activity ကို destroy မလုပ်ခင် မသိမ်းဆည်း ရသေးတဲ့ အချက်အလက် data တွေကို သိမ်းဆည်းပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ pause state မှာ ရှိတဲ့ activity ဟာလဲ destroy လုပ်ခံရနိုင်ပါတယ်။ ဒါကြောင့် အရေးပါတဲ့ save process ကို pause state မတိုင်ခင်ရေးသားသင့်တယ်လို့  ကျနော်ထင်ပါတယ်။

နောက်တပိုင်းကျမှာပဲ Intent များ Content Providers များ Background service များအကြောင်းကို ဝေမျှရေးသားလိုပါတယ်။
Ref: M51A

Saturday, May 5

အရောင်ကွဲ သံယောဇဉ်

ဘယ်သူတွေ ဘယ်လို ပြောပြော........... သံယောဇဉ် တစ်ခုကြောင့် ........ ငါ အရူးဖြစ်လဲ ကျေနပ်ခဲ့တယ်..........။ မလိုတော့ ထားခဲ့......... နင်လိုတိုင်း ရင်ဖွင့်ကြိုပေးခဲ့တယ်........။ ရင်နာရလွန်းလို့....... နာလို့ နာမှန်းတောင် ငါမသိတော့ဘူးးးးးးးး.......။ အော်......အဖြူရောင်ဆိုလဲ စွတ်စွတ် ဖြူပါရစေ....... အနီရောင် ဆိုလဲ ရဲရဲတောက် နေပါရစေ........... မာယာများတဲ့ ပန်းရောင် တော့ မဖြစ်ပါရစေနဲ့..........။ အမည်းရောင်ဆိုလဲ နက်မှောင်နေပါရစေ......... ဝိုးတိုးဝါးတားနဲ့ မီးခိုးရောင် မဖြစ်ပါရစေနဲ့...........။ တစ်ခါတစ်လေပေါ့.......... နင့်ကို ငါ့မျက်နှာကိုကြည့်လို့........ ငါ့မျက်ဝန်းကို နားလည်စေချင်တယ်..........။ နင့်ကို ရပ်ကြည့်ပြီးးးးးးးနောက်ချန်နေခဲ့တာ........ သွားစေချင်လို့မှ မဟုတ်တာ......... ငါ နာကျင်တာ မြင်မှာ စိုးလို့........... ငါ့ အရှုံးတွေ.......သိမှာစိုးလို့........။ နင် လှမ်းကြည့်လိုက်စမ်းးးးးပါ.......... နင် ရှိမယ့် နေရာမှာ ငါရှိနေမယ်......... နင် မှားမဲ့အချိန်တိုင်းးးငါ အမှားထောက်ပေးမယ်....... နင် သွားမဲ့ခြေလှမ်းတိုင်းးးးးး ငါ့မေတ္တာနဲ့ ခလုတ်မငြိ ဆူးမထိစေရဘူးးးးး ခြေလှမ်းတိုင်းးးးးခြေလှမ်းတိုင်းးးးးးးးးကိုပေါ့..........။ နင် စိတ်ချမ်းသာဖို့ ပဲ ကြည့်ပေးတဲ့ငါ့ကို....... ရူးလိုက်တာလို့ နင် ပြောနေမလားး??? သနားစရာ လို့များ မြင်နေမလား??? တကယ်တော့လေ........ ငါက ငါချစ်တဲ့ ငါမြတ်နိုးတဲ့ နင့်ကို.... သာတာ နာတာ မတွက်ဘဲ ဖြည့်ဆည်းပေးချင်တာပါ........ မလိုတော့ဘူးးးးးးးဆိုလဲ ..... နင် တစ်ချက် ကြည့်စရာမလိုအောင်....... ငါအလိုက်သိပါတယ်.........။ အချစ် ဆိုတာ ကိုယ်ကပဲ ချစ်ချစ်.......ကိုယ့်ကိုပဲ ချစ်ချစ်.... မေတ္တာမှန်နဲ့ ချစ်နေဖို့ပဲ လိုတာပါ............။ တစ်ခုတော့ ရှိတာပေါ့............. ပေးတိုင်းတော့ ဘယ်ပြန်ရပါ့မလဲ............ ကိုယ်ပေးနိုင်သလောက်.......... သူလက်ခံနိုင်သလောက်ပေါ့...............။ ။

Thursday, May 3

သာမန်မိတ်ဆွေ vs တကယ့်မိတ်ဆွေ

-
သာမန်မိတ်ဆွေက ဘယ်တော့မှ သင်ငိုမှာကို မကြည့်ရက်ဘူး... တကယ့်မိတ်ဆွေက သင် စိတ်ကြိုက်ငိုဖို့အတွက် သူ့ရဲ့ ပုခုံးကို သင့်ကို ပေးထားတယ်.... သာမန်မိတ်ဆွေက နေသာလေလာတဲ့အခိုက်မှာ သင့်ကို လာကြည့်တယ်... တကယ့်မိတ်တွေက သင် လဲကျ ဆုံးရှုံးခြင်းနဲ့ ကြုံတဲ့ အခိုက်မှာ သင့်ကို လာကြည့်တယ်... သာမိန်မိတ်ဆွေက ညသန်းခေါင် အချိန်မတော် ဖုန်းဆက်တဲ့ သင့်ကို မုန်းတီးတယ်... တကယ့်မိတ်ဆွေက...ဒီအချိန်ကြီး ဘာကိစ္စရှိလို့ ဆက်တာလဲဆိုတာ သင့်ကို မေးတယ်... သာမန်မိတ်ဆွေက သင့်ရဲ့အခက်အခဲတွေ အရှုပ်အရှင်းတွေကို ပြောဖို့ သင့်ဆီ ရောက်လာတယ်... တကယ့်မိတ်ဆွေက သင့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ သင့်ဆီ ရောက်လာတယ်... သာမန်မိတ်ဆွေက သင့်ရဲ့ ဇာတ်လမ်းတွေကို စပ်စုတယ်... တကယ့်မိတ်ဆွေက သင့်ရဲ့ ခံစားချက်တွေကို သူ့ကို ပြောပြဖို့ တောင်းဆိုတယ်... သာမန်မိတ်ဆွေက သင်သူ့ဆီ သွားလည်တဲ့ အခါ ဧည့်သည်လိုပဲ ဆက်ဆံတယ်... တကယ့်မိတ်ဆွေက... ရေခဲသေတ္တာထဲက စားစရာတွေ ကိုယ်တိုင်ယူလာပြီး ကျွေးတယ်... သာမန်မိတ်ဆွေက သူနဲ့ ရန်ဖြစ်ပြီးတဲ့အခါ...ဘော်ဒါ အကန့် နိဂုံးချုပ်သွားတယ်... တကယ့်မိတ်ဆွေက ရန်မဖြစ်ဘူးရင် မိတ်ဆွေစစ်မဟုတ်ဘူးလို့ လက်ခံတယ်... သာမန်မိတ်ဆွေက သင် အကူအညီလိုတဲ့အခါ ဟိုမေးဒီမေး လုပ်တယ်... တကယ့်မိတ်ဆွေက အရင်ကူညီပြီးမှ သင့်ကို မေးတယ်... သာမန်မိတ်ဆွေက သူ့ရဲ့ ဘေးနားမှာ သင် အမြဲရှိနေဖို့ လိုလားတယ်... တကယ့်မိတ်ဆွေက သင့်ရဲ့ ဘေးနားမှာ သူ အမြဲ အဖော်ပြုပေးဖို့ မျှော်လင့်တယ်... သာမန်မိတ်ဆွေက ကိစ္စရှိရင် ငါ့ကို လာခေါ်လို့ပြောတယ်... ဒါပေမဲ့ တကယ်အရေးကြုံရင် ဘေးနားမှာ မရှိတော့ဘူး.... တကယ့်မိတ်ဆွေက ကိစ္စရှိမရှိ ဆက်သွယ်ဖို့ သင့်ကိုပြောတယ်...တကယ်ကိစ္စကြုံတဲ့အချိန်မှာတော့ အရင်ဆုံး သင့်အနားကို ရောက်လာပြီး ကူညီဖို့ အဆင်သင့်ရှိနေတတ်တယ်... Ref : Zayar

သတိရခြင်း...

၁ မိနစ်ကြာပြီးနောက်... သူ သင့်ဆီက မက်ဆေ့ခ်ျကို ဖွင့်ကြည့်နေတယ်လို့ သင်က ထင်တယ်.... ၂ မိနစ်ကြာပြီးနောက်....သူ သင့်ကို မက်ဆေ့ခ်ျ ပြန်မယ်လို့ သင်က ထင်တယ်.... ၃ မိနစ်ကြာပြီးနောက်...သင့်ရဲ့ ဖုန်းကို ဖွင့်ပြီး သူ့ဆီက မက်ဆေ့ခ်ျကို စတင် စစ်ဆေးတယ်... ၄မိနစ်ကြာပြီးနောက်...သူ ဘာလို့ မက်ဆေ့ခ်ျပြန်တာ ဒီလောက်နှေးလဲ သင် စတင် စဉ်းစားတယ်.... ၅ မိနစ်ကြာပြီးနောက်.... သူ သင့် မက်ဆေ့ခ်ျကို မမြင်လို့ ဖြစ်မယ်ဆိုပြီး သင့်ကိုယ်သင် နှစ်သိမ့်တယ်... ၆မိနစ်ကြာပြီးနောက်...ဖုန်းကိုကိုင်ပြီး...မက်ဆေ့ခ်ျပြန်လာမှာကို ခဏစောင့်တယ်.... ၇ မိနစ်ကြာပြီးနောက်....ဖုန်းကို ထုတ်ကြည့်ပြီး ကြာလိုက်တာလို့ သင်ထင်တယ်.... ၈ မိနစ်ကြာပြီးနောက်... သင်စိတ်ပူပန်စ ပြုလာတယ်...သူ မက်ဆေ့ခ်ျ မပြန်တော့ဘူးလို့ ထင်သွားတယ်... ၉ မိနစ်ကြာပြီးနောက်...သူ့ဆီကို မက်ဆေ့ခ်ျ ထပ်ပို့ရင်ကောင်းမလား သင် စဉ်းစားတယ်.... ၁၀မိနစ်ကြာပြီးနောက်... မက်ဆေ့ခ်ျ ရိုက်လိုက်တယ်...နောက်ဆုံး ပို့ခါနီး ပြန်ဖျက်လိုက်တယ်... မိနစ် ၂၀ ကြာပြီးနောက်...သင်စိတ်မကောင်း ဖြစ်စ ပြုလာတယ်.... မိနစ် ၃၀ကြာပြီးနောက်... သူ့ရဲ့ မက်ဆေ့ခ်ျ ပြန်လာမှာကို မျှော်နေမိပြန်တယ်... မိနစ် ၄၀ ကြာပြီးနောက်...နောက်ဆုံးမှာ သူ့ကို နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်တယ်.... မိနစ် ၅၀ ကြာပြီးနောက်....နဂိုတုန်းက ကြည်လင်နေတဲ့ စိတ်ကလေး... အရောင်ဆိုး ဖျက်ဆီး ခံလိုက်ရတယ်... အခု ၁ နာရီရှိသွားပြီ....သူ့ဆီက မက်ဆေ့ခ်ျကို မျှော်သာမျှော် ပေမဲ့  မပေါ်လာသေးဘူး... နာရီအနည်းငယ်ကြာတော့... သင့်ရဲ့ အကြင်နာ စိတ်ကလေးက သင့်ကို မျှော်လင့်ချက် ပေးလာပါတယ်... နောက်တခါ ဟန်းဖုန်းကို ဖွင့်ကြည့်လိုက်တယ်... သူ့ဆီက စာပြန်လာပါတယ်.... သင့်ကို ဘာဖြစ်လို့လဲ လို့မေးပါတယ်... စိတ်ထဲမှာ စောစောကလောက် မတင်းမာတော့ဘူး... ဒေါသ နဲနဲ ပြေသွားတယ်... ဒါပေမဲ့ သူ့ကို ဘယ်လို စာပြန်ရမှန်းမသိဘူးဖြစ်နေတယ်... ဘာလို့လဲဆိုတော့ သူ့ဆီ စာပို့တုန်းကလို ပျော်ရွှင်တဲ့ ခံစားချက်မျိုး သင် ပြန်မရတော့ဘူးလေ.... သူ သင့်ကို စာပြန်လာပြီလေ...ဒါပေမဲ့ သင့်ကိုယ်သင် သနားပြီး စာမပြန်တော့ဘူး....အကြာကြီးစောင့်နေခဲ့တာ သူ့ဆီက မက်ဆေ့ခ်ျပဲ မဟုတ်လား.... သူ့ကိုလဲ စောင့်စားခြင်းရဲ့ ခံစားမှုကို နားလည်စေချင်တယ်လေ..ဒါပေမဲ့ သင် မခံစားနိုင်ဘူး...သူ့ကို မက်ဆေ့ခ်ျ မပြန်ပဲ မနေနိုင်ပြန်ဘူး.... ဒါပေမဲ့သင် သူ့ဆီကို စာပြန်လိုက်တဲ့နောက်...ပြန်ရလိုက်တာကတော့ အကြာကြီး ထပ်မံ စောင့်စားရခြင်းပါပဲ.... တကယ်တော့ နောက်တစ်ခါ ပြန်ပြီး စောင့်စားနေရတဲ့ သူနဲ့ သင် မထိုက်တန်ပါဘူး.... သူ အရမ်းအလုပ်များတယ်ဆိုတာ သင်သိရင်...သူ့ကို အနှောင့်အယှက် မပေးသင့်ဘူး.... သူ အလုပ်မများဘူးဆိုတာ သင်သိရင်... သင့်ကို စာပြန်တဲ့ နှုန်းက အတိုင်းထက် အလွန် မနှေးသင့်ဘူးလေ... သင့်ကို သူ လုံးဝ ဂရုမစိုက်တာ သင်သိသင့်တယ်.... သူ အဲလောက် စာပြန်တာ နှေးနေတာ ဘာလို့ အသည်းအသန် သူ့ကို စာပို့နေမှာလဲ.... မိမိကို တကယ် ဂရုစိုက်တဲ့သူဆိုတာ ဘယ်လောက် အလုပ်များများ...နည်းလမ်းရှာပြီး စာပြန်တယ်.... မိမိကို အလေးထားတဲ့ သူဆိုတာ သူ့ကို လိုက်၇ှာပြီး သတိပေးစရာမလိုဘူး.... သူ့ဘာသာ အလိုအလျောက် သင့်ကို သတိရနေတတ်တာမဟုတ်လား..... Ref: (ဇေယျာ)