Tuesday, April 24

ဆရာမ နဲ့ သူ့တပည့်များ .....

ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။ မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။ "ဂွတ်မောနင်း တီချာ" ' ဘာလဲ၊ မင်းတို့က ဒါပဲတက်သလား၊ နေ့ခင်း ညနေခင်း တစ်နေ့လုံးအတွက်ပါသွားအောင် မပြောတက် ကြတော့ဘူးလား' ထိုအခါ တပည့်လေးများက "ဂွတ်မောနင်း၊ အားဖတားနွန်း၊ အီးဗီးနင်း "ဟု ညီညီညာညာ ရွတ်ပြလိုက်ကြ၏။ 'မကောင်းဘူးရှည်တယ်၊ တစ်နေ့လုံးပါသွားအောင် အကောင်းဆုံး စဉ်းစားကြ' ခဏကြာတော့ တပည့်လေးများက "ဂွတ်ဟိုးလ်ဒေး တီချာ" အေး၊ အဲဒါမှန်တယ်၊ ကဲ စာသင်မယ်၊ ငါက စကားတစ်လုံး၊ ဒါမှမဟုတ် ၀ါကျတစ်ကြောင်း ရွတ်ပြလိုက်မယ်၊ မင်းတို့က ဆန့်ကျင်ဘက် ၀ါကျကို ပြန်ပြောရမယ်၊ ကဲ စပြီ ၊ လိမ်မာသော... တပည့်လေးများက မဆိုင်းမတွပင် မိုက်သော ဟု ညီညီညာညာ ပြောလိုက်ကြသည်။ ဆရာမက' မြင့်သော' တပည့်လေးများက "နိမ့်သော"
'ကျဉ်းသော' "ကျယ်သော" '၀သော' "ပိန်သော" 'ပေါ်ပျူလာဖြစ်သော' "ပေါ်ပျူလာမဖြစ်သော" 'မဟုတ်ဘူး၊ မှားတယ်' "ဟုတ်တယ်၊ မှန်တယ်" 'ဟာ၊ အမိုက်အမဲလေးတွေ" "ဟာ၊ အလိမ်မာကြီးတွေ" 'အို၊ ဘုရားသခင်' "အို၊ ကျေးကျွန်" 'ဟဲ့၊ ငါမေးနေတာ မဟုတ်ဘူး' "ဟဲ့၊ ငါဖြေနေတာ မဟုတ်ဘူး" 'အမလေး၊ သေတော့မှာပဲ' "အမလေး၊ ရှင်တော့မှာပဲ" 'ဟေ့ ရပ်တော့' "ဟေ့ စတော့" 'တော်ပြီ၊ သင်တန်းပြီးပြီ' "တော်သေးဘူး၊ သင်တန်းစပြီ" 'နင်တို့ဟာ နင်တို့ စစ မစစ ငါသွားပြီ' တပည့်များ ဆန့်ကျင်ဘက်ဝါကျ စဉ်းစားမရခင်မှာ ဆရာမ အတန်းအပြင်ဘက် ရောက်သွားတော့၏။

My Aquarmarine - 2



Type your summary here.Type the rest of your post here.

Friday, April 20

တောင်ကိုးရီးယား ပဲ့ထိန်းတပ် ဒုံးလက်နက် လွှတ်နိုင်စွမ်းရှိပြီ



ဓာတ်ပုံ AP
တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန က စမ်းသပ် ပစ်လွှတ်လိုက်သော ပဲ့ထိန်းတပ် ဒုံးကျည်အား တွေ့ရစဉ်။ မြောက်ကိုးရီးယား နိုင်ငံရှိ မည်သည့် ပစ်မှတ် မဆို ပစ်ခတ်နိုင်စွမ်းရှိသည် ဟု ဆိုသည်။ ဧပြီ ၁၉၊ ၂၀၁၂။
မြောက်ကိုရီးယား နျုးကလီးယားနဲ့ ဒုံးလက်နက်တွေရှိတဲ့ နေရာတွေကို ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ တပ်ဆင်ထားပြီးပြီလို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။
အဲဒီ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်လိုက်တဲ့အကြောင်း တောင်ကိုရီးယား စစ်ဖက်အရာရှိတဦးက တောင်ကိုရီးယား သတင်းထောက်တွေ နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။ မြောက်ကိုရီးယားဖက်က မအောင်မြင်တဲ့ ဒုံးပျံ စမ်းသပ်ပစ်လွှတ် လိုက်ပြီး နောက်ထပ် နျုးကလီးယား စမ်းသပ်ဖောက်ခွဲမှုအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် အခုလို တပ်ဆင်တာလဲ ဖြစ်ပါတယ်။
အဲဒီ ပဲ့ထိန်းတပ်ဒုံးကျည်ကို ပစ်လွှတ်ပုံ၊ ဝေဟင်မှာပျံသွားပုံနဲ့ ပစ်မှတ်ကို ထိမှန်သွားတဲ့ ဗွီဒီယို မှတ်တမ်းတွေကို တောင်ကိုရီးယားအစိုးရက နောက်ပိုင်းမှာ ပြသခဲ့ပါတယ်။
အဲဒီ ဒုံးကျည်ဟာ မိုင် ၆၂၀ ကျော်အထိ အရောက်သွားနိုင်တာမို့ မြောက်ကိုရီးယားနိုင်ငံအတွင်းက ဘယ်နေရာကိုမဆို ပစ်လို့ရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ရှင်ဝန်ဆစ် (Shin Won-sik) က ပြောပါတယ်။
တောင်ကိုရီးယားက အခု တပ်ဆင်လိုက်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ဟာ ရန်သူ့နယ်မြေအတွင်း ခပ်နိမ့်နိမ့်ပျံသန်းပြီး ပစ်မှတ်ကိုထိအောင် ပစ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုပါတယ်။
Ref: Tit Htoo Lwin

တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ



မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ်ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေ ပေါ်မှာ စီမံကိန်းဘေးထွက် ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကား ကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ် လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ် အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ်လူစုခွဲရလိမ့်မယ်လို့
ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်း
လည်း ဆည်တဲရွာသူက နောက်ဆုံး အခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီ တခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်း နယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံ တွေက သူတို့  ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့ အတွက် အခုလို ကားတွေနဲ့  လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက်စုပုံနေတာ ဖြစ်ကြောင်း ရွာသူရွာသားတွေ က ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တော နဲ့ ရွာသာရွာ က တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်
မှာ မြန်မာယမ်စီ ကုမ္ပဏီ က ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀)
လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်
သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြ ပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီ ဟာ မြန်မာ့စီးပွားရေး ဦးပိုင်
လိမိတက် နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Ref: Tit Htoo Lwin

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း


ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈)



တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိက၀ဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

Keygen တွေ Serial key တွေကို ရှာဖွေပေးတဲ့ software Craagle.4.0.FINAL

ဒီတစ်ခါတော့ Keygen တွေ Serial key တွေကို ရှာဖွေပေးတဲ့ software လေးကို တင်ပေးလိုက်ပါ သည်။ No proxy သုံးတဲ့သူတွေကတော့ ရှာချင်တဲ့ serial key တွေ ကို search box မှာ ရိုက်ထည့် ပြီး ရှာရုံပဲဖြစ်ပါတယ်။ Proxy သုံးတဲ့သူတွေကတော့ အောက်မှာပုံနဲ့ ရှင်းပြထားပါတယ်။ Box လေးမှာ Right Click နှိပ်ပြီး Option ထဲမှာ ပြင်ဆင်ရုံပဲဖြစ်ပါသည်။ အသေးစိတ်ကို ကြည့်ရှုကြပါ။ အောက်မှာပေးထားတဲ့ Download Link လေးမှ Download လုပ်နိုင်ပါသည်။
keygen သုံးတဲ့ software ဖြစ်လို rar ဖြည့်ပြီးတာနဲ antivirus ပိတ်ထားပေးပါ။











mediafire download link

zippyshare download link

min.us download link
Ref: onekokoaung.

Tuesday, April 10

ကိုကို/မမ ဟက်ယောင်ကားများအတွက်



အားလုံးသော ဟက်ကင်းဝါသနာရှင်များ ပညာရှင်များ မင်္ဂလာပါလို့ နှုတ်ဆက်ပါရစေ။
ကျနော်အခု ဆွေးနွေးချင်တာကတော့ ဟက်ယောင်ကြောင် လုပ်ချင်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်
ကျနော်လဲအဲအထဲမှာ ပါကောင်းပါနိုင်ပါတယ် (ရှက်လို့သာပြောတာ ဂယ်လည်းပါပါတယ်ဟီး)
အခု ဘယ်ဖိုရမ်ကိုပဲကြည့်ကြည့်ခင်ဗျ ဟက်ကင်းဆိုတာနဲ့ စိတ်ဝင်စားကြတာပါပဲ
မြန်မာနိုင်ငံမှာသာမဟုတ် နိုင်ငံတကာမှာကောပဲခင်ဗျ. ခုကျနော်တို့ဆီမှာ ခေတ်စားနေတာက (mmitd မှာကောပဲ) Wi Fi hacking ကို
အရမ်းခေတ်စားနေတယ် အရင်တုန်းက လည်း Google Talk အကောင့်ကို ဟက်ချင်လို့ပါဆိုတဲ့ စကားတွေ ပို့တွေ Comment တွေ သိန်း သန်း မက .
တွေ့ခဲ့ရပါတယ် အဲ အောင်မြင်ကြပါသလား နိုး မအောင်မြင်ပါဘူး အောင်မြင်တယ်ဆိုတာလည်း အကြောင်းသုံးချက်ပါ
တစ်ခုက အကောင့်ပိုင်ရှင်စက်ကတဆင့်ဖြစ်ဖြစ် SQLT ကိုသိလို့ဖြစ်ဖြစ် တခြားသော Clone များဖြစ်ဖြစ်
နောက်တစ်ခုက တော့ အဆင့်မရှိဆုံးဖြစ်တဲ့ နောက်မှ ခိုးကြည့်ခြင်းကြောင့်သာ ဖြစ်ပါတယ် ။
ကျန်တဲ့တစ်ခုက တော့ လူအထင်ကြီးအောင်လို့ ဟက်နိုင်ယောင်ဆောင်ပြီး ရွီးနေတဲ့အချက်ပါ
အဲလို Google Account ကို ဟက်တာက တကယ်တော့ ကျနော်ပြောသလိုလောက်ပဲရတာပါ
မလွယ်ပါဘူး တော်ရုံလူဟက်နိုင်ဖို့က (မလွယ်တာနော် မရတာမဟုတ်ဘူး) Google Sever ကိုတောင်ဟက်နိုင်ရင်
ဆရာတော်တော်ကျလို့ပဲ
အခု Wi FI ကတော့ အဲလိုမဟုတ်ဘူးဗျ ADMIN ရဲ့ Knowledge တွေ Skill တွေ SQLT တွေနဲ့ဆိုင်တယ်ဗျ
http://www.xaiyak.blogspot.com/2012/04/how-to-hack-crack-wifi-network-in.html အဲကိုသွားကြည့်ပါ
WEP ကိုတော့ ရပါတယ် MAC မကန့်ထားရင်နဲ့ သုံးတဲ့ User အနည်းအများပေါ်မူတည်ပြီး ရပါတယ်
ကျနော်စမ်းသက်တာလည်း 75% လောက်အောင်မြင်တယ် ကျနော်မြို့က လိုင်း တွေမှာ 75% လောက် ကိုကျနော်ရပါတယ်
ဒီတော့ Wi Fi ကိုဟက်တာဟာ အခက်ခဲကြီးမဟုတ်ကြောင်းပြောချင်ပါတယ်
WPA2 ကိုတော့ ခုထိမရဖူးပါ ကျနော်အခု ဒီပို့ကနေပဲဖိတ်ခေါ်ပါရစေ
ဟက်ကင်းဝါသနာရှင်များအတွက်သော်၎င်း ပညာရှင်များအတွက်သော်၎င်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်
အခု Wi Fi ကို ဟက်တာအောင်မြင်တဲ့သူများကို တောင်းဆိုပါရစေ
အင်တာနက်လိုင်းရတာတော့ဟုတ်ပါပြီ Router ကို Configure လုပ်ဖို့ကိစ္စကို ခင်ဗျားတွေ ဆောင်ရွက်နိုင်ပြီလား?
ကျနော်ဆိုလိုတာက Wi Fi ကို ဟက်တာအောင်မြင်ပြီဆိုပါတော့ Admin ခပ်ပိန်းပိန်းဆိုရင်တော့ ဟုတ်တာပေါ့
ခင်ဗျားတို့ကျနော်တို့လိုကောင်တွေဆိုရင် အနည်းဆုံး 3ရက်တစ်ခါတော့ Configure ၀င်လုပ်မှာပဲ အဲမှာ ဘယ်သူတွေသုံးနေတယ်ဆိုတာသိလို့
Block လုပ်နိုင်ပါတယ် အဲအတွက် ကျနော်တို့တွေဟာ Wi Fi ပတ်စ၀က်တာမက Router ရဲ့ Admin account ကိုပါသိဖို့လိုအပ်လာပါပြီ
ဖိတ်ခေါ်တယ်ဗျာ ကျနော်လည်း လေ့လာနေပါတယ်
နောက်တစ်ခုက ကျနော် 10 တန်းဖြေပြီး ကွန်ပျူတာဆိုင်မှာလုပ်နေတုန်းက အင်တာနက်နဲ့ပတ်သတ်တဲ့သင်တန်းတစ်ခုသင်ဖူးတယ်ဗျ (လေကျယ်တာမဟုတ်ကြွားတာမဟုတ်ပါ)
အဲတုန်းက အဲတုန်းက သင်တန်းလာတက်တဲ့ အကိုကြီးနှစ်ယောက်စကားကြောင့် ကျနော် အခုလိုပြောင်းလဲခဲ့တာလဲပါတယ်ဗျ
သူတို့ပြောတာက ကျနော့်ကိုရည်ရွယ်တာတော့ဟုတ်ဝူးဗျ တချို့ကောင်တွေကတဲ့ ကွန်ပျူတာ ကို ၀င်ဒိုးလေး တင်တက်ရုံနဲ့ ဆရာကြီးဖြစ်နေပြီထင်တဲ့ကောင်တွေအများကြီးပဲတဲ့
အဲ ကောင်တွေက ၀င်ဒိုးတောင် ဘာမှန်းမသိ သူများလုပ်တာသင်တာပဲသိပြီးကိုတင်တဲ့ ၀င်းဒိုးတာ XP လား Vista လား Service Pack ဘယ်လောက်မှန်းမသိတဲ့ကောင်တွေတဲ့
နောက် ဆော့ဝဲတွေတောင်စုံအောင်မသွင်းတတ်တဲ့ကောင်တွေတဲ့ မှန်ပါတယ် တချို့ဆိုအခုထိ Patch မဖြည်တတ် Crack မဖြည်တတ်တာတွေ တပုံကြီးပါ
အဲတုန်းကလည်းကျနော်လည်း အဲလောက်မဆိုးပေမဲ့ အဲအကိုတွေပြောတဲ့စရင်းထဲမှာပါပါတယ် ဒါကြောင့်ပြင်တယ်လေ့လာတယ် မှတ်သားတယ် ခုလိုအခြေအနေထိရောက်အောင်ပဲဗျာ
အခုဆိုလဲ ဟက်ချင်ပြုချင်တဲ့သူတွေဟာ သူများကိုမဟက်ခင် ကို့အတွက်လုံချုံရေးကိုကို ကာကွယ်နိုင်လားဆိုတာကိုအရင်ဆုံးဆုံးဖြတ်ပါ
သူများကို ဟက်ချင်ရင် ကိုအဟက်မခံရအောင် ကြိုတင်ကာကွယ်ပါလို့အကြံပေးချင်ပါတယ် ဟက်မယ်ဆိုရင်လည်း အလကားရတဲ့ဆော့ဝဲတွေစွတ်မသုံပါနဲ့
ကိုခံရနိုင်လို့ပါ အခုအခြေအနေဟာလည်း လူတိုင်းကဟက်ဖို့စိတ်ဝင်စားနေကြတော့ မဟက်နဲ့လို့ပြောတာထက် အားလုံး ဆွေးနွေးတိုင်ပင် မျှဝေ ပြီးကူညီကြရင်
အောင်မြင်ကြမှာပါလို့ အကြံပြုခြင်ပါတယ်
သင့်မကောင်းမှုသည်သင့်ထံတစ်နေ့ပြန်လာတတ်သည်
ကြိုးစားလျှက်
Xai Yak

Thursday, April 5

လွမ်းနေသူပါနှင်း



နှင်းရယ်....
တို့တွေဆုံတွေ့တယ် ရင်းနှီးခဲ့တယ်
မင်းကိုဖွင့်ပြောခဲ့တယ်
မင်းက အချိန်အတိုင်းအတာတစ်ခုကိုစောင့်ဆိုင်း
ဖို့တောင်းဆိုခဲ့တယ်
ကိုလည်းလက်ခံခဲ့တယ်
မင်းကိုဘ၀ရဲ့လက်တွဲဖော်အဖြစ်ရွှေးချယ်ခဲ့ပြီပဲ
ကိုမင်းကိုပဲချစ်တယ်
မင်းမျက်ကွယ်မှာ ကိုလမ်းမှားခဲ့တာကိုလည်းတောင်းပန်ချင်တယ်
မင်းနဲ့ကိုယ်က နီးရက်နဲ့ဝေးနေတယ်
မင်းကို့ကိုရက်စက်ရက်မယ်လို့လဲ
ကိုမယုံချင်ဘူး ကို့ရဲ့ရည်ရွယ်ချက်တွေ
အိပ်မက်တွေ အနာဂတ်တွေကို
နှင်းက ပုံဖော်ပေးမယ်လို့ကိုယုံကြည့်တယ်
နှင်းရယ် လွမ်းတယ် နှင်းကိုမတွေ့တဲ့နေ့ဆို
ရူးနေလားမှတ်ရတယ်
အလွမ်းပြေဆိုလို့ ပုံရိပ်လေးတောင် ဖမ်းခွင့်မပေးခဲ့ပေမဲ့
ကို့ရင်ထဲနှလုံးသားထဲမှာတော့ နှင်းပုံရိပ်လေးကို
တံဆိပ်နှက် လက်မှတ်ထိုးပြီးသားပါ
နှင်းဟာကို့ ဘ၀ရဲ့မျှော်လင့်ချက်လေးပါ
ခုလိုဝေးနေချိန်မှာ ကိုလွမ်းနေတာနှင်းပါ
ကိုသတိရနေတာနှင်းပါ
ကျေးဇူးတင်ချင်တာကတော့ ညတိုင်း
ကို့အိပ်မက်လေးထဲကို နှင်းဝင်လာပေးခဲ့တာကိုပေါ့ကွယ်
ဘာပဲပြောပြော နှင်းကိုလွမ်းတဲ့နေ့တွေကို
ရေတွကနေရင်း ကိုမျှော်လင့်တဲ့နေ့ရက်ကို
နှင်း ...........

သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် အလျား ၄၇ ပေ၊ လုံးပတ် ၁၅ ပေခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် အသက်ရှင်လျက် သောင်ပေါ်တင်နေ



အလျား ၄၇ ပေရှည်လျားပြီး လုံးပတ် ၁၅ ပေ ခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့မှစ၍ သောင်ပေါ်တင်နေပြီး ပင်လယ်အတွင်း ပြန်လည်ရောက်ရှိရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးသည် ပိုက်စီးကျေးရွာ၏ ခြောက်မိုင်ခန့် ကွာဝေးသောနေရာတွင် သောင်တင်နေလျက်ရှိပြီး ရေလုပ်သားများက ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
သောင်တင်နေသော ဝေလငါးကြီး.


''အဲဒီဝေလငါးကြီးကို ရေလုပ်သားတွေက ဧပြီလ ၂ ရက်နေ့ မွန်း တည့် ၁၂ နာရီမှာ စတွေ့ခဲ့တယ်။ တွေ့ပြီးတော့ အဲဒီရေလုပ်သားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို အကြောင်းကြားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက ဝေလငါးကြီးကို ဓာတ်ပုံရိုက်ပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကို ပေးပို့ခဲ့ပါတယ်။ အဲဒါနဲ့ ဦးတို့ငါးလုပ်ငန်း ဦးစီးဌာနက အဖွဲ့တွေ သွားရောက်ကြည့်ရှုခဲ့တယ်။ ရေတက်ချိန်နဲ့ကြုံလို့ လှိုင်းတွေပုတ်တဲ့အခါမှာ ကမ်းခြေဘက် ပိုရောက်လာတယ်။ လူ ၄၀ လောက်နဲ့ ၀ိုင်းတွန်းကြပေမယ့် ဝေလကြီးက လုံးဝမရွေ့သွားပါဘူး။ ဒီနေ့ ညနေပိုင်းမှာတော့ မော်တော်စက်လှေတွေနဲ့ ဆွဲဖို့ စီစဉ်နေပါတယ်။ ဦးတို့အနေနဲ့ကတော့ ဝေလငါးကြီး အသက်ရှင်ရေးအတွက်ပဲ ကြိုးစားဆောင်ရွက်သွားမှာပါ''ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Monday, April 2

WIFI Password ခိုးနည်းလေး ပေးလိုက်ပါတယ်

WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။

အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။

အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်
လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..
ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။
ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။
လုပ်နည်းလေးကတော့။
အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။
အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက်
က ထည့်ရမဲ့စာလုံးကို တော့သေချာထည့်ပေးဖို့လိုပါတယ်။
အဲဒါကို ကလစ်လိုက်ရင် Password တောင်းလာလိုက်မယ်။
ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့ ဥပမာ..ပြထားတဲ့ ( 069500 ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး ( 695001FFB0 )
လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့် ပါ။
Azlie
617a6c69303761707231393738


092f222
>>>>>>>>>>>>>>>>>>>>>>>>>>>>>>

shaiful
30313232343433333730313233

>>>>>>>>>>>>>>>>>>>>>>>>>>>>>

Ghost
abcd368368
>>>>>>>>>>>>>>>>>>>>>>>>>>>>>

Yong ah foo
31393230333331313435323233
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
meingan
63353131313036303535323735
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။

နောက်တစ်နည်း။။ ။။

SSID နာမည်တွေကို Cracking ခွေနဲ့ခိုးတဲ့နည်းပါ။
အဲဒီအခွေက Wireless password တင်မကဘူး Creadit card password အထိ Hacking လုပ်လို့ ရပါတယ်။

CD အခွေလေးပါတင်ပေးထားပါတယ် ဒေါင်းထားလိုက်ပါဦး



အဆင်ပြေပါစေဗျာ

Google Chrome ကို သုံးပြီး အခြားကွန်ပျူတာ ကို ထိန်းချုပ်မယ်

1. သင့်စက်မှာ ထည့်ချင်ရင် ဒီမှာနှိပ်ဒေါင်းလိုက်ပါChrome Remote Desktop Extension Chrome Browser အတွက်ဖြစ်ပါတယ် size က 20 MB ရှိပါတယ်
2. ဒီ extension ကို စက်မှာထာ့်ပြီးရင် အောက်မှာပြထားတဲ့နေရာတစ် ခုခုကနေ ဖွင့်နိုင်ပါတယ်


3. ကျွန်တော်ကတော့ ဒီကနေပြပေးပါမယ်
4. Continue ကိုနှိပ်ပါ
5. Allow access ကိုနှိပ်ပါ
6. အခြားကွန်ပျူတာကိုရှယ်ဖို့ Share This Computer ကိုနှိပ်ပါ
7. ကုဒ်တစ်ခုကို သင်မြင်နေရပါမယ် သင်ထိန်းချုပ်လိုတဲ့ သင့် သူငယ်ချင်းကွန်ပျူတာကို အဲကုဒ်လေးပေးလိုက်ပါ
အဲကုဒ်လေးပေးလိုက်လို့ သင့်သူငယ်ချင်းကတော့ သင့်စက်ကို ထိန်းချုပ်နိုင်ပြီဆိုပြီး ပျော်နေမည် ဟိဟိ, Access a Shared Computer ကိုသူနှိပ်တာနဲ့ အောက်ကပုံလေးသင့်စက်မှာ လာပေါ်နေမယ်
အဲ ကုဒ်တွေ က ဥပမာနော်


8.ဒီဆော့ဝဲလ်ကို သူ့စက်မှာ Run မထားရင် သင့် သူငယ်ချင်းက ထိန်းချုပ်လို့ မရပါဘူး ဟိဟိ ကိုယ့်ပဲ ချုပ်တော့်နော် ကြုပ်ကျပ်တော့လိပေါ့နော် တားတားနဲ့ဆိုင်ဘူးနော်တားတားက လမ်းညွှန်တာ
INSTALL CHROME EXTENSION

Bluetooth ဖြင့် တစ်ယောက်သောသူ၏ အချက်လက်နှင့်ဖုန်းအလကားခေါ်ဆိုခြင်း

ဥပမာတစ်ခုအနေနဲ့ W550i phone
သည် W800iphone ၏ဖုန်း
အကူဖြင့်ခိုးယူဖုန်းပြောခြင်း
ကလိခြင်းများပြုလုပ်မည်ဖြစ်သည်။
အရင်ဆုံး

http://www.bluejackingtools.com
/java/blooover-ii/

ဒီလိပ်စာနှိပ်ပြီး
ဖိုင်ကိုဒေါင်းလုပ်ရယူပါ။ထို့နောက်

ဖုန်းကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး
၎င်းzip file အား ဖုန်းထဲသို့သွင်းယူပါ။
ထို့နောက် ဖုန်းအား Bluetooth ဖွင့်ပါ။
အဲနောက် blooverII channel ကိုဖွင့်ပါ။bluetooth scan စတင်
ဖက်သွားပါလိ့မ့်မည်။
ထို့နောက် w800iphone ကိုရွေးပါ။
Audit ကိုဆက်လက်ရွေးချယ်ပေးပါ။
Audit Result ရှိ အချက်လက်များကိုကြည့်ရှု
ဲပီး Dismiss ကိုနှိပ်ပါ။
Quick Configuration ရှိ
Do Bluedug ကိုအမှန်ခြစ်ပေးပီး Apply ကိုနှိပ်ပါ။
BT info ပေါ်လာချိန်ဝယ် Connect ကိုနှိပ်ပါ။
Inquiry Device ကိုရွေးပြီး မိမိ Hack လိုသော


ဖုန်းအမျိုးစားဖြစ်သော W800iphone ကိုရွေးပြီး
ထို့နောက်


information- မိမိသည်တစ်ဖက်သောဖုန်း၏အချက်လက်ကိုကြည့်ခြင်း
Ringing-မိမိသည်တစ်ဖက်သောဖုန်း၏ Ring Toneကိုပြောင်းလဲခြင်း
call-မိမိသည်တစ်ဖက်သောဖုန်း၏ဘေကိုကုန်စေခြင်းဖြင့်စကားပြောကြည့်ခြင်း
Change Laguage- တစ်ဖက်သူ၏ဖုန်းဘာသာစကားကိုပြောင်းခြင်း
Key-တစ်ဖက်သူ၏ဖုန်းအားကီးပတ်လွဲစေခြင်း
စသော Function ပေါင်းများစွာကိုတစ်ဖက်သူအားနစ်နာစွာ
ပြုလုပ်နိုင်ပါသည်။

wifi unlock key ကိုဟတ်ချင်သူတွေအတွက်ပါ

လုပ်ပုံနည်တွေအဆင့်ဆင့်တွေကို ဗီဒီယိုဖိုင်နှင်တင်ထားပါတယ်
အောက်မှာနော်http://www.wifidecoder.com
.အရင်ဆုံးဝိုင်ဖိုင် မဟက်ခင်မှာ Common view of Wifi ဆော့ဝဲလေးကို ဒီလိပ်စာလေးမှာ

www.mediafire.com/?86aj871hbs7pqzg
ဒေါင်းလုပ်ပြုလုပ်ရယူပါ။

အောက်ဖော်ပြပါပေးထားတဲ့ဇယာလေးက common view of wifi

ဆောဖ့်ဝဲသုံးလို့ရမည်.. adapter နဲ့ wifi ပစ္စည်းလေးပါတွေအပြင်သူနဲ့တွဲဖက်သုံးသင့်တဲ့..

ဝင်းဒိုးအမျိုးစားလေးတွေပါဘဲ

802.11b/g/n and 802.11a/b/g/n Adapters

Adapterအမျိုးအစား 802.11 Bands ချိတ်ဆက်သည့်ပုံစံ အလုပ်လုပ်သည့် ၀င်းဒိုးများ
မှတ်ချက် ထောက်ခံချက်
Atheros AR5008, AR5009, AR92xx BGN or ABGN Integrated XP or higher
Not rated *
Broadcom 802.11n BGN or ABGN Integrated Vista or higher See tech. notes Not rated *
D-Link DWA-160 v.A1 and v.A2 ABGN USB XP or higher Recommended 4
D-Link DWA-542 BGN PCI XP or higher
3
D-Link DWA-547 BGN PCI XP or higher
3
D-Link DWA-552 BGN PCI XP or higher
3
D-Link DWA-556 BGN PCIe XP or higher
2
D-Link DWA-642 BGN PC Card XP or higher
4
D-Link DWA-643 BGN ExpressCard XP or higher Recommended 3
D-Link DWA-645 v.A1 BGN PC Card XP or higher
4
D-Link DWA-652 BGN PC Card XP or higher Recommended 4
Dell Wireless 1505, 1510, 1515, 1520, 1530 ABGN Integrated Vista or higher See tech. notes 4
Dell Wireless 1702 BGN Integrated XP or higher
4
Intel 1000 BGN Integrated Vista or higher See tech. notes 4
Intel 4965 ABGN Integrated Vista or higher See tech. notes 5
Intel 5100, 5150, 5300, 5350 ABGN Integrated Vista or higher See tech. notes 5
Intel 6200, 6250, 6300, 6350 ABGN Integrated Vista or higher See tech. notes 5
Linksys WEC600N ABGN ExpressCard Vista or higher See tech. notes 4
Linksys WUSB600N ABGN USB Vista or higher See tech. notes 3
NEC AtermWL300NC ABGN PC Card XP or higher Recommended 5
NETGEAR WN111 v2 BGN USB XP or higher See tech. notes 5
NETGEAR WNDA3100 v1 ABGN USB XP or higher Recommended 4
NETGEAR WNDA3100 v2 ABGN USB Vista or higher See tech. notes 4
Proxim ORiNOCO 8494 ABGN USB XP or higher Recommended 5
Realtek RTL8192E BGN PCIe Vista or higher See tech. notes 2
SMC Networks SMCWUSB-N2 BGN USB XP or higher Recommended 5
TP-Link TL-WN811N BGN PC Card XP or higher Recommended 4
TP-Link TL-WN821N v1 and v2 BGN USB XP or higher Recommended 5
TP-Link TL-WN822N v1 BGN USB XP or higher Recommended 5
TP-Link TL-WN910N BGN PC Card XP or higher Recommended 4
Ubiquiti SR71C ABGN PC Card XP or higher Recommended 5
Ubiquiti SR71X ABGN ExpressCard XP or higher Recommended 5
Ubiquiti SR71-USB ABGN USB XP or higher Recommended 5
CACE AirPcap Nx USB ABGN USB XP or higher See tech. notes 4

802.11b/g and 802.11a/b/g Adapters
Adapter 802.11 Bands Form Factor Supported OS Limitations or Comments Sensitivity on a 1-5 scale
Atheros AR5001-AR5007 BG or ABG Integrated XP or higher
Not rated *
Broadcom 802.11 b/g or a/b/g BG or ABG Integrated Vista or higher See tech. notes Not rated *
Cisco Aironet 802.11a/b/g ABG PC Card XP or higher
5
D-Link WNA-2330 BG PC Card XP or higher
5
D-Link DWL-G680 BG PC Card XP or higher
5
D-Link DWL-AG660 ABG PC Card XP or higher Recommended 5
D-Link DWL-AG530 ABG PCI XP or higher
4
D-Link DWL-AG650 ABG PC Card XP or higher
4
D-Link DWL-AG520 ABG PCI XP or higher
4
D-Link DWL-G630 BG PC Card XP or higher H/W Rev. C or Rev. D only 4
D-Link DWL-G520 BG PCI XP or higher
3
D-Link DWL-G650 BG PC Card XP or higher See tech. notes 4
D-Link DWA-120 BG USB Vista or higher See tech. notes 3
Dell Wireless 1390 BG Integrated Vista or higher See tech. notes 4
Dell Wireless 1395 BG Integrated Vista or higher See tech. notes 4
Dell Wireless 1397 BG Integrated Vista or higher See tech. notes 4
Intel 3945ABG ABG Integrated Vista or higher See tech. notes 5
Linksys WPC55AG ABG PC Card XP or higher
4
NETGEAR WAG511 ABG PC Card XP or higher
4
NETGEAR WG511T BG PC Card XP or higher
4
NETGEAR WG511U 54AG+ ABG PC Card XP or higher
5
NETGEAR WG511U ABG PC Card XP or higher Recommended 5
NETGEAR WPN311 BG PCI XP or higher
3
NETGEAR WPN511 BG PC Card XP or higher
5
Proxim ORiNOCO 8480 ABG PC Card XP or higher
4
Proxim ORiNOCO 8481 ABG PC Card XP or higher
4
Proxim ORiNOCO 8482 ABG PCI XP or higher
3
Proxim ORiNOCO 8470 BG PC Card XP or higher
4
Proxim ORiNOCO 8471 BG PC Card XP or higher
4
SMC 2336W-AG v2 ABG PC Card XP or higher
3
TRENDnet TEW-501PC ABG PC Card XP or higher
4
Ubiquiti SRC ABG PC Card XP or higher Recommended 5
CACE AirPcap Ex ABG USB XP or higher See tech. notes 5
၎င်းနောက်မှာတော့...မိမိကွန်ပျူတာတွင်ရှိသော adapter ကိုသိရှိပြီး window အမျိုးစားကိုက်ညီပါကဆက်လက်လုပ်

ဆောင်ရပေမည်။

အဲနောက် http://www.aircrack-ng.org ၀က်ဆိုဒ်လေးမှ aircrack-ng ဆော့ဝဲလေးကိုဒေါင်းလုပ်ပြုလုပ်ရပါမည်.

ခုနကဒေါင်းလုပ်ပြုလုပ်ရရှိထားတဲ့ common view application ရရှိလာမည့် .cap ဖိုင်လေးကိုအသုံးချပြီး access point

ရဲ့ password ကိုထုတ်ဖော်ဖို့အတွက်ဖြစ်ပါတယ်..

common view Wifi ဆော့ဖ်ဝဲလေးကို မိမိကွန်ပျူတာမှာ install လုပ်လိုက်ပါ

အဲနောက် မိမိကွန်ပျူတာလေးအား wifi ခလုပ်ကိုဖွင့်ထားပါ.. external အနေဖြင့်သုံးသူများ wifi adapter ကို မိမိကွန်ပျူ

တာတွင်တပ်ဆင့်ပါ.. အဲနောက် wifi adpater ၏ driver ကိုတပ်ဆင်ပေးပါ.
SSID ကဘာလဲဆိုတော့ မိမိတို့wifi နဲကချိတ်ဆက်မိတဲ့ အင်တာနက်ဆိုင်နာမည်အဖြစ်မြင်တွေ့ရမှာပါ.

အဲနောက်ပုံတွင်အနီရောင်ကွင်းလေးဖြင့် ပြထားသော play icon လေးကိုတစ်ချက်နှိပ်ပါ။

နောက်ထပ်ပေါ်လာသော ဘောက်စ်တွင် start scanning ကိုနှိပ်ပါ။

ညာဘက်ကော်လံရှိ မိမိပတ်စဝေါ့ဖော်ထုတ်လိုသော ၀ိုင်ဖိုင်နာမည်သို့မဟုတ်အင်တာနက်ဆိုင်နာမည်ကိုရွေးပေးပါ။

အဲနောက် capture ကိုနှိပ်ပါ။
အဲလို capture ကိုနှိပ်လိုက်တာနဲ့ scanner dialog box ပျောက်သွားတဲ့အခါ...

capture ရိုက်ထားတဲ့မှတ်တမ်းတွေကို သိမ်းဆည်းဖို့အတွက်

setting>option>memory usage ကိုနှိပ်ပါ။ အဲနောက် maximum packets တွင် ၂၀၀၀၀ ရိုက်ထည့်ပါ။

maximum lines တွင် 20 ရိုက်ထည့်ပါ။ ပြီးနောက် ok ကိုနှိပ်ပါ။
အဲနောက် logging tab ကိုတစ်ချက်နှိပ်ပြီး autosaving တွင်အမှန်ချစ်လေးပေးပါ။

Maximun directroy size တွင် 2000ဖြည့်ပြီး Average log file size တွင် ၂၀ရိုက်ထည့်ပေးပါ။
2000 နှင့် 20 သတ်မှတ်ပြီးတာနဲ့ COncatenate Logs ကိုနှိပ်ပါ။ အဲနောက်မိမိနှစ်သက်ရာ folder

အလွတ်လေးကိုရွေးးချယ်ပြီး concatenate ကိုနှိပ်ပါ။ concatenate ကိုရွေးပြီးတာနဲ့ တပြိုင်နက်

မိမိရွေးချယ်ထားသော folder အလွတ်တွင် .ncf ဖိုင်လေးကိုတွေ့ရှိရမှာဖြစ်ပါတယ်..


၎င်း .ncf ဖိုင်လေးအား .cap ဖိုင် အဖြစ်ပြောင်းရန်အတွက်

်File>log viewer>load common view logs > .ncf ဖိုင်လေးကိုရွေးချယ်ပေးပါ။

File>Export>Wireshark/TCP dump ကိုနှိပ်ပြီး .cap ဖိုင်အဖြစ်သို့ရယူပါ။

Wifi Password ကို crack လုပ်ဖို့ရန်အတွက်

ဒေါင်းလုပ်ပြုလုပ်လို့ရရှိတဲ့ Aircrack -ng folder လေးကိုဖွင့်လိုက်ပါ..

၎င်း aircarck -ng folder>bin>Aircarck -ng GUI.exe ကိုနှိပ်ပါ။

အဲနောက် .ncf ဖိုင်ကနေ .cap ဖိုင်အဖြစ်ပြောင်းထားသော .cap ဖိုင်လေးကိုရွေးချယ်ပြီး

aircarck -ng မှ တဆင့် wifi password များ ရယှူနိုင်ပါပြီ..

Wireless Hacking (MAC ၏ပြောင်းလဲမှု့)

Start ကိုနှိပ်၍ Run ကိုနှိပ်ပါ။ (shortcut - Window Key+R)
Regedit ကိုရိုက်ပြီး OK ကိုနှိပ်ပါ။
ပုံတွင်ပြထားသည့်အတိုင်း


[HKEY_LOCAL_MACHINE\SYSTEM\
CurrentControlSet\Control\Class\{4D36E972-
E325-11CE-BFC1-08002BE10318] သို့အဆင့်ဆင့်သွားပါ။
အထက်ပါပြထားသည့်ပုံအတိုင်း “0009″ကိုနှီပ်ပြီး driver description(DriverDesc)
မှမိမိ၏ wireless Driver ကိုမြင်တွေ့နိုင်သည။်ထို့နောက် ၎င်း ပေါ်တွင် Right CLick
နှိပ်ကာ New ဆီသို့ရွေ့ပြီး String Value ကိုနှိပ်ပါ။အောက်ပါအတိုင်းဖြစ်သည်။
ထို့နောက် Network Address လို့နာမည်ပေးပြီး ၎င်းနာမည်ပေါ်တွင်
Right CLick နှိပ်ကာ Modify နှိပ်ပြီး Value တွင် မိမိစိတ်ထဲမှာ ဆန္ဒရှီသော
ဂဏန်း ၁၂လုံး ကိုရိုက်ထည့်ပါ။
ထို့နောက် Registry ကိုပိတ်လိုက်ပါမည်။
Start ကိုနှိပ်၍ Run ကိုနှိပ်ပါ။ (shortcut - Window Key+R)
CMD ကိုရိုက်ပြီး OK ကိုနှိပ်ပါ။
ထပ်မံပေါ်ပေါက်လာသောbox တွင် ipconfig /all ကိုရိုက်ထည့်ပါ။
ပုံတွင်ပြထားသည့်အတိုင် မိမိ၏ MAC address ပြောင်းလဲသွားမည်။
Ref: Arkarphyo

သင့်ရဲ့ password ကို Hacker တွေ ရယူနိုင်ပုံ နှင့် ကာကွယ်နည်း

၁။ ။ကွန်ပျူတာခလုပ်ခုံ (ကီးဘုတ်) မှမှတ်တမ်းများရယူခြင်း..။(Log Keystoke)
ဒီနည်းကတော့ Key logger progrem တစ်ခုကိုအသုံးပြုပြီး ၄င်းကွန်ပျူတာမှာ
အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ဒီနည်းနဲ့အသုံးပြုသူရဲ့ 
ကိုယ်ရေးကိုယ်တာအချက်လက်တွေကို အလွယ်တကူရရှိနိုင်ပါတယ်။များသောအားဖြင့်
အင်တနက်ဆိုင်မှာ သုံးတဲ့သူငယ်ချင်းတွေ သတိထားစေလိုပါတယ်။(မိမိသုံးနေတဲ့ ကွန်ပျူတာ
မှာ Key Logger progrem ရှိမရှိ သိနိုင်ဖို့  အောက်မှာကျွန်တော်ပြပေးထားပါတယ်။)
၂။ ။စကားဝှက်များရယူခြင်း ( Hack password)
စကားဝှက်များရယူခြင်းနည်းမှာတော့ နည်းလမ်းများစွာရှိပါတယ်။
အသုံးအများဆုံးနည်းတွေကတော့ SQL Injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်

အပေးအများဆုံးတွေကို ခန့် မှန်းဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။Dictionary Attack &
Brute Force Attack ဆိုပြီးနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။
၃။ ။မလွယ်ပေါက်မှဝင်ရောက်ခြင်းနည်း(Gain backdoor)
မိမိကွန်ပျူတာရဲ့ အားနည်းချက်(ဟာကွက်) တွေကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ရာမှာလည်းနံပါတ်(၂) ကအတိုင်းပဲ Dictionary Attack & Brute Force Attack
နည်းလမ်းနှစ်မျိုးကိုပဲသုံးကြပါတယ်။

(Dictionary Attack ဆိုတာကတော့ အဘိဓာန်ထဲမှာပါဝင်တဲ့စကားလုံးတွေသွင်းထဲ့ရင်း ဝင်ရောက်တဲ့နည်းလမ်းပါ။
Brute Force Attack ဆိုတာကတော့ Keyboard system မှာပါတဲ့စာလုံးတွေကို ပေါင်းစပ်ဝင်ရောက်တဲ့နည်းပါ။)
၎။ ။တစ္ဆေကွန်ယက်တစ်ခုဖန်တီးရယူခြင်း(Crate bonet computer)
ဒီနည်းကတော့နိုင်ငံအနှံအပြားက ကွန်ပျူတာတွေကိုbonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး
မိမိလိုအပ်တဲ့အချိန်ကြမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို DDistribution
Deny of Service Attack(DDoS) လို့ ခေါ်ပါတယ်။
၅။ ။အီးမေးလ်များမှရယူခြင်း (Phishing)
ဒီနည်းကတော့ အသုံးပြုသူရဲ့ အီးမေးလ်လိပ်စာကို အတုအယောင်စာတွေပေးပို့ ကာ မိမိလိုအပ်တဲ့
ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူနိုင်တဲ့နည်းပါပဲ။ဒါ့အပြင်ကွန်ယက်ထဲကနေ အီးမေးလ်တွေကို
ကြားဖြတ်ရယူနိုင်တဲ့နည်းတွေကိုလည်းသုံးပါတယ်။(အနီးစပ်ဆုံးပြောရရင် မနှစ်ကတော်တော်နာမည်ကြီးခဲ့တဲ့
ဝီကီလိစ်ဒ် ဖောက်ချခဲ့တဲ့ ကြေးနန်းတွေ၊အီးမေးလ်တွေက ဒီနည်းနဲ့သုံးခဲ့တာပါ။)
ဒါတွေကတော့မိမိpassword ကို Hacker တွေဘယ်လိုရယူနိုင်လည်းဆိုတာတွေထဲက နည်းလမ်းတစ်ချို့ ပါ။
ကဲဆက်ပြီးတော့ ဒါတွေကိုဘယ်လိုကာကွယ်နိုင်မလည်းဆိုတာ ကျွန်တော်သိသလောက်ပြန်လည်မျှဝေပါမယ်။
၁။ ။တစ်ခါမှာမေးလ်မပို့ ဖူးသူ(မိမိနဲ့ မသိသူ) ပေးပို့ လာတဲ့အီးမေးလ်တွေကိုသေချာစစ်ဆေးပါ။မေးလ်းပို့ပြီး
သူငယ်ချင်းတို့ ရဲ့ ပက်ဝက်(password) ကိုယူမယ့် progrem ကိုသူငယ်ချင်းတို့ ကိုယ်တိုင်နှိပ်မိအောင်
နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ။ဒါကြောင့် အီးမေးလ်စစ်တဲ့အခါမှာ ကိုယ့်ဆီဝင်လာတဲ့မေးလ်တိုင်း သေချာအောင်စိစစ်ပါ။
ဖွင့်ပြီးဖက်လို့ကြည့်လို့ တော့ရပါတယ်။ဒါပေမဲ့အထဲကပါလာတဲ့ဖိုင်တွေ၊link တွေကို လုံးဝမနှိပ်မိပါစေနဲ့ ။မသင်္ကာဘူးထင်ရင်
တစ်ခါတည်း ဖျက်လိုက်ပါ။password ခိုးမယ့်ဖိုင်ဟာ သီချင်း၊ဗီဒီယို၊ဆော့ဝဲ၊လင့် တစ်ခုခုဖြစ်နေပါလိမ့်မယ်။ဒါတွေက
Song+ Hack progrem(or) Movie+ hack progrem(or) Software+ Hack progrem တစ်ခုခုဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် ဖန်တီးထားတဲ့ Web Site ရဲ့ လင့်တစ်ခုခုဖြစ်နေပါလိမ့်မယ်။(ဥပမာပေါ့ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင်
ဒီမှာကလစ်လိုက်ပါဆိုပြီး ကိုယ်ကကြည့်ချင်ဇောနဲ့ ကလစ်လိုက်ရင် ဟိုကားမကြည့်ရပဲ ကိုယ့်ပက်ဝက်(password)
ပါသွားပါလိမ့်မယ်။အထူးသဖြင့် ကျွန်တော်တို့ ဘော်ဒါကြီးတွေ သတိထားပါဗျ။)
၂။ ။ဒီတစ်ချက်ကတော့သူငယ်ချင်းတို့ စက်မှာ Gtalk သုံးရင် rememver password နေရာကို
အမှန်မှတ်လေးတစ်ခါတစ်လေပျင်းလို့ပဲခြစ်မိတယ်ထားပါဦး အဲ့ဒိပက်ဝက်(password ) ကို
ကွန်ပျူတာကမှတ်သွားမှာပါ။နောက်ပြီး Mozila နဲ့ မေးလ်စစ်တဲ့အခါတွေ၊web site တစ်ခုခုမှာ
မန်ဘာဝင်တာတွေမှာ remember ပက်ဝက်(password) တွေမလုပ်မိပါစေနဲ့ ။
၃။ ။Key Logger ဝင်မဝင်စစ်ပါ။
ဒါကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့မိမိpassword ရယူနိုင်တဲ့နည်းတွေထဲက
နံပါတ်တစ်အချက်ကိုပြောတာပါ။ဒါကတော့အင်တာနက်ဆိုင်မျာသုံးရတဲ့သူငယ်ချင်းတွေအတွက်ပါ။
ဆိုင်မှာသုံးတဲ့သူတွေအနေနဲ့  မိမိသုံးနေတဲ့စက်မှာ key logger software ကြိုပြီး run
ထားလားဆိုတာစစ်ဆေးရပါမယ်။ဒီဆော့ဝဲက သူငယ်ချင်းတို့ keyboard မှာရိုက်သမျှစာတွေကို
မှတ်ထားတဲ့ဆော့ဝဲပါ။နောက်ပြီးကိုယ်ဝင်ထားတဲ့website တွေအားလုံး မိမိလုပ်ဆောင်ချက်
်အားလုံးလို့ ပြောပါတော့။အဲ့တာတွေအားလုံးကိုလိုက်မှတ်နေမှာပါ။ဒီတော့ကာ အဲ့ဒီဆော့ဝဲလေး
run ထားလားဆိုတာသိရအောင်ဘယ်လိုစစ်မလည်း။ဟုတ်ကဲ့ပြောပါမယ်။
Ctrl+Shift+Esc(or)Ctrl+Alt+Del eJY Task Manager ကိုခေါ်လိုက်ပါ။ Process
ဆိုတဲ့ tag ကိုနှိပ်ပြီး msdts.exe ဆိုတာကိုလိုက်ရှာကြည့်ပါ။ရှိတယ်ဆို၇င်တော့သေချာပါတယ်။
key logger software သုံးထားပါတယ်။ချက်ချင်းသာထပြန်လိုက်ပါ။မသုံးမဖြစ်သုံးရမယ်ဆိုရင်လည်း
ရပါတယ်။ တွေ့ နေတဲ့ msdts.exe ဆိုတာကိုကလစ်ပြီး End process ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့
key logger ကိုကာကွယ်နိုင်ပါပြီ။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့
process tag ထဲကကိုယ်သုံးမဲ့ Gtalk,Vzo စတာလောက်ပဲ ထားပြီးတော့ကျန်တာအကုန်လုံး
Disable (or) End process ပေးလိုက်တာအကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့သုံးနေတဲ့သူအနေနဲ့ 
ဒီဆော့ဝဲက ဘယ်လိုဖိုင်အမျိုးအစားကို Record လုပ်တယ်ဆိုတာ မသိနိုင်ပါဘူး။ဒီတော့ကာ...
အန္တရယ်ကင်းဘေးရှင်း အားလုံးကို Disable (or) End Process ပေးပြီးကိုယ်သုံးချင်တာလောက်ပဲ
manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။
Task Manager မှာဆော့ဝဲရှာတဲ့ပုံလေးပါ...


Task Manager မှာ msdts.exe ဖိုင်ရိနေတယ်ဆိုရင်ပုံကအပြာရောင်လိုင်းလေးအတိုင်းဖိုင်ပေါ်ကိုကလစ်လိုက်ပါ
ပြီးရင်အောက်ကEnd process ဆိုတာကိုနှိပ်လိုက်ပါ။
Ref: ArKarPhyo

How to Hack / Crack a WiFi Network In Windows ?

ခဏခဏမေးတတ်ကြတဲ့ wifi ဟက်နည်းပါ တစ်ခုတော့ သိထားပါ မဟက်ခင် စစ်ရင်ပေါ်တယ်ဆိုတာ ကိုတော့ ခေါင်းထဲ အရင်ထည့်ထားပါ စစ်ကြည့်ရင်သိပါတယ် မေးထားတာ အများဆုံးမေးခွန်းမို့လို့ပါ တစ်ခါတလေလဲ တွေးမိပါတယ် အချောင်လိုက်ချင်သူတွေ ဒီလောက်တောင်ပေါသလားလို့ ပြောရင်တော့ဖြင့် ပညာရပ်ကိုတတ်ချင်လို့ပါ လို့တော့ပြောတာပဲ တကယ်တန်း ဒီလို မဟုတ်တာကိုတော့ ကိုယ်တိုင်သိကြပါလိမ့်မယ်

tools နှစ်ခုကို အသုံးပြုပြီး လုပ်ကြည့်ကြပေါ့နော် :
1. Commview for WiFi :
2. Aircrack-Ng GUI :
ဒီမှာ Tools တွေ ဒေါင်းပါ

1.Aircrack-NG GUI

Get it from here

2.Commview for Wifi

Get it from here
Step 1 : CommView ကို Install လုပ်ပါ VoIP mode နဲ့ Standard mode 2မျိုးမှာ VoIP ကို အသုံးပြအုပြီးလုပ်ပါမယ်. လိုအပ်တဲ့ drivers တွေကို အလိုလို အင်စတောလုပ်ပါလိမ့်မယ်ခွင့်ပြုပေးလိုက်ပါ.

Step 2 :အောက်မှာ ပြထားသလို PLAY ပုံလေးကို ကလစ်ပေးပါ
Step 3 : ( Networkရွေးချယ်ချင်း (a) ) : START SCANNING button လေးကို ကလစ်ပေးပါ
Step 4 : (Networkရွေးချယ်ချင်း (b) ) : Click on the ညာဘက် Coulumn မှုာ hack ချင်တဲ့ WiFi network ကို ကလစ်ပေးပါ နောက် CAPTURE ဆိုတာကို ကလစ်ပေးပါ

Note :- ဒီ tutorial လေးက WEP protected networks တွေ အတွက်ပါနော်မေ့နေလို့
Step 5 : (Capturing the Packets) :started Capturing Packets
Step 6 : (Saving the Packets ) : အခု Packets များကို ဆေ့လုပ်ဖို့ လိုပါတယ်
Click on Settings->Options->Memory Usage Change Maximum Packets 20000 ပဲရိုက်ပါ
LOGGING Tab ကိုကလစ်ပါ
AUTO-SAVING ကို Check လုပ်ပါ
Maximum Directory မှာ Size ကို : 5000 ထည့်ပေးပါ
Average Log File Size မှာ : 50 ထည့်ပေးပါ
specified directory မှာ .ncp format အနေဖြင့် 20MB နဲ့ packets တွေကို အလိုလိုသိမ်းထားပါလိမ့်မယ်
Step 7 : ( Concatenating the Logs ) :
.ncf file .ဖိုင်တစ်ခု၇လာပါပြီ
Step 8 : (Converting .ncf to .cap ) : ရလာတဲ့ packets တွေကို ဖိုင်ဖော့မက်ပြောင်းပစ်ဖို့ .cap file အဖြစ်ပြောင်းဖို့ အတွက် AIRCRACK နဲ့ crackလုပ်ရပါမယ်

Click on File->Log Viewer->Load Commview Logs-> Choose the .ncf file. Now File->Export->Wireshark/TCP dump format ဒီအတိုင်းလေးပါ

Aircrack Part :

ဒုတိယ အပိုင်းကတော့ရိုးရှင်းပါတယ်. Aircrack Folder->Bin->Aircrack-ng GUI.exe Choose the .cap file and you should be able to do the others
Ref: အာကာဖြိုး

မြန်မာ့အင်တာနက် ကွန်ယက်ပုံများ

မြန်မာပြည်၏ အင်တာနက်လိုင်းအားလုံး၏ အဆုံးသတ်တွင် ဟံသာဝတီ Gateway တည်ရှိနေပါသည်။ ထို ဟံသာဝတီ Gateway သည် SEA-ME-WE3 အမည်ရှိသော Backbone ဖြင့် ချိတ်ဆတ်ထားသည်။ ထို့ပြင် ကုန်းတွင်းပိုင်းချိတ်ဆတ်မှုအနေဖြင့် မဲခေါင်ဖိုက်ဘာဆက်ကြောင်းသို့ တရုတ်နှင့်ထိုင်းနိုင်ငံမှတစ်ဆင့် ချိတ်ဆတ်ထားသည်။ ပုံ (၁) ကိုကြည့်ပါ။


MPT International Backbone Links

ပုံ (၁) မြန်မာ့ဆက်သွယ်ရေးဌာန၏ နိုင်ငံတကာ Backbone ဆက်ကြောင်းပြပုံ



ကုန်းတွင်းပိုင်းချိတ်ဆက်မှုအနေဖြင့် မဲခေါင်ဆက်ကြောင်းသို့ ပုံ (၂)အတိုင်း ဆက်သွယ်ထားပါသည်။


Mekong Fibre Backbone Link

ပုံ (၂) မဲခေါင်ဆက်ကြောင်းပြ မြေပုံ

မြန်မာပြည်တွင်းရှိ မြို့များ အချင်းချင်းကိုလည်း ဖိုက်ဘာဆက်ကြောင်းများဖြင့် ဆက်သွယ်ထားရာ ဖိုက်ဘာဆက်ကြောင်း၏အရှည်မှာ စုစုပေါင်း မိုင်အားဖြင့် မိုင်ရှစ်ထောင်ကျော် ရှည်လျားပါသည်။
Myanmar Local Fibre Links

ပုံ(၃) တပ်ဆင်ပြီးသွားသော ဖိုက်ဘာဆက်ကြောင်းများ

အင်တာနက်မြန်နှုန်း ပိုမိုမြင့်မားလာစေရန်အတွက် လက်ရှိရှိပြီးသား Main ISP များအပြင် မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မကွေး၊ မြိတ် အစရှိသော မြို့များတွင် Sub-ISP များ ထားရှိပြီး ဆောင်ရွက်သွားရန် အစီအစဉ် ချမှတ်ထားပါသည်။
Myanmar Sub ISP Plan

ပုံ(၄) Sub ISP လျာထားဒေသကြီးများ

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် စုစုပေါင်း Bandwith ပမာဏသည် လက်ရှိအချိန်တွင် 3.145 Gbps ထိသာ ရရှိနေပါသည်။ ၂၀၁၀ခုနှစ် မတ်လအထိတွင် 1.285 Gbps ထိသာ ရှိခဲ့သည်။
Hantharwaddy National Gateway Bandwith

ပုံ(၅)ဟံသာဝတီ Gateway ၏ Bandwith ပမာဏ

နောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် အာရှ-ဥရောပ ရေအောက်လိုင်းဖြစ်သည့် SEA-ME-WE-4 ဖိုက်ဘာဆက်ကြောင်းဖြင့် ချိတ်ဆက်သွားရန် အစီအစဉ်ရှိသည်ဟု သိရပါသည်။

ISP စနစ်များ

၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံတွင် ISP(Internet Service Provider) နှစ်ခုရှိခဲ့ပါသည်။ တစ်ခုမှာ မြန်မာ့ဆက်သွယ်ရေးဌာန ISP ဖြစ်သော Myanmar Teleport (MTP) နှင့် နောက်တစ်ခုမှာ ရတနာပုံ ISP (YTP) တို့ ဖြစ်ပါသည်။ ယခင်ကရှိခဲ့သော Bagan Cyber Tech ပိုင် ISP ကို Myanmar Teleport က လက်လွှဲယူခဲ့သည်။
Myanmar ISP Previous Configuration

ပုံ (၆) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ)

အထက်ပါ ချိတ်ဆက်မှုအရ ပြည်သူပြည်သားများသည် အစိုးရပိုင်းနှင့် စစ်ဘက်ဆိုင်ရာများနှင့်အတူ ခွဲဝေသုံးစွဲရသောကြောင့် Internet အမြန်နှုန်း နှေးကွေးခဲ့ရပါသည်။

ISP စနစ်သစ်

ISP ချိတ်ဆက်မှုအသစ်တွင် အဓိက ISP နှစ်ခု ခွဲထုတ်ထားပါသည်။ MOD ISP နှင့် MPT ISP တို့ဖြစ်သည်။ ပုံ (၇) ကိုကြည့်ပါ။
Myanmar ISP Current Configuration

ပုံ (၇) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (လက်ရှိ)

စစ်ဘက်ဆိုင်ရာသုံးစွဲမှုများသည် ပြည်သူပြည်သားများနှင့် ရောထွေးမှုမရှိတော့ဘဲ MOD ISP မှ ဖြတ်သန်းသွားပါသည်။ MPT ISP လက်အောက်တွင် Sub ISP အဖြစ် Yatanarpon Teleport ISP နှင့် Naypyitaw ISP တို့ကို ထားရှိထားပါသည်။ နေပြည်တော် ISP ကိုမူ အစိုးရသုံးအဖြစ် သတ်မှတ်ထားပြီး ပြည်သူပြည်သားများ သုံးစွဲမှုအားလုံးသည် ရတနာပုံ ISP မှတစ်ဆင့် ဖြတ်သန်းသွားမည် ဖြစ်ပါသည်။ စနစ်သစ်အရ စစ်ဘက်ဆိုင်ရာသုံးစွဲမှုများနှင့် ပြည်သူပြည်သားများ သုံးစွဲမှုများ ရောထွေးမှု မရှိတော့သောကြောင့် Gateway နှင့် ISP များတွင် ၀န်ပိမှုလျော့ကျသွားမည် ဖြစ်ပြီး Sub ISP မှ Main ISP, Main ISP မှ Gateway သို့ ဖြတ်သန်းသောကြောင့် Bandwith ပိုမိုရရှိလာမည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်း မြင့်တက်လာမည်ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူပြည်သားများအတွက် ယခင်ထက်ပိုမိုများလာသော ISP များကို အဆင့်ဆင့် ဖြတ်သန်းသွားရမည်ဖြစ်သည်။
Myanmar ISP Current Configuration

ပုံ (၈) မြန်မာပြည် ISP များသို့ အဆင့်ဆင့်ဖြတ်သန်းသွားပုံ (လက်ရှိ)

၂၀၁၀ခုနှစ် အောက်တိုဘာလမှ စတင်သုံးစွဲခဲ့သည့် စနစ်သစ်သည် စစ်ဖက်၊အရပ်ဖက်နှင့် အစိုးရ၀န်ထမ်း ဟူ၍ အုပ်စုသုံးစု ခွဲခြားလိုက်ခြင်း ဖြစ်သည်။ တစ်တိုင်းပြည်လုံးရှိ ပြည်သူများသည် ရတနာပုံ ISP ကိုသာ အားထားသုံးစွဲရမည်ဖြစ်သောကြောင့် ရတနာပုံ ISP သည် စစ်ဘက်နှင့်အစိုးရ၀န်ထမ်းသုံး ISP များထက် များစွာ ၀န်ပိသွားမည်ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံအတွက် လောလောဆယ် ရရှိထားသော 3.145 Gbps ကို ISP သုံးခုက ညီတူညီမျှ ခွဲဝေသုံးစွဲရသည်ဆိုပါက ISP တစ်ခုချင်းစီအတွက် ပျှမ်းမျှရရှိမည့် Bandwidth မှာ 1.048 Gbps သာ ရရှိမည်ဖြစ်သည်။

နိဂုံး

စစ်တမ်းကောက်ယူမှုများအရ မြန်မာပြည်သည် လူတစ်ထောင်လျှင် တစ်ဦးနှုန်း အင်တာနက်သုံးစွဲသည်ဟု ဆိုထားပါသည်။ ထို့ကြောင့် လူဦးရေသန်းခြောက်ဆယ်ဆိုပါက အင်တာနက်သုံးစွဲသူဦးရေ ခြောက်သောင်းခန့်ရှိမည်ဟု အကြမ်းဖြင်းအားဖြင့် ယူဆနိုင်ပါသည်။ လက်တွေ့တွင် ထိုပမာဏထက် မြောက်မြားစွာပိုနိုင်ပါသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ ၁၈.၃ သန်းကျော်ရှိနေပြီး ထိုသုံးစွဲမှုပမာဏအတွက် ၁၀၄.၂၈ Gbps ရှိသော Bandwidth သုံးစွဲနေပြီ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တစ်ဦးချင်းစီလျှင် 6.07 Mbps နှုန်းထားဖြင့် သုံးစွဲနေပြီ ဖြစ်ပါသည်။ မြန်မာပြည်သူတစ်ယောက်အတွက်မူ မိမိ ISP ၏ Bandwidth မှာ 1.048 Gbps သာရှိသောကြောင့် သုံးစွဲသူဦးရေ ၆၀၀၀၀ ကျော်ဖြင့် တွက်ပါက လူအားလုံး တစ်ပြိုင်နက်တည်း အသုံးပြုလျှင် တစ်ဦးလျှင် ရရှိမည့် Bandwidth မှာ 0.017 Mbps သာ ရရှိနေပါသည်။ ထို့ကြောင့် မြန်မာပြည်၏ အင်တာနက်အမြန်နှုန်း မြင့်မားစေရန်တွက် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ နိုင်ငံ၏ Bandwidth ကို ချဲ့ရုံမှတစ်ပါး အခြားမရှိပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။
Ref: IT man