Tuesday, February 28

ချစ်သော နှင်းအတွက် ပါ



ဆောင်းဦးရာသီပါ ♣ ♣ ♣ ♣ ♣
မြောက်ပြန်လေပြာပြာတွေ ...
တည်ငြိမ်စီးမျော ♠ ♠ ♠ ♠
ငါချစ်သော ပန်းခင်းကလေးမှာ ...♥¸.•*´`*♥...♥*´`*•.¸♥...
အဝါရောင်ရွှေအိပ်မက်တွေဝေပြီ။
သူ့အတွက် ♥ ♥ ♥
ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
မြတ်နိုးခွင့်ကို ♦ ♦ ♦
လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် ♥ ♥ ♥
စောင့်ရှောက်ရတဲ့ညများမှာ ♠ ♠ ♠ ♠
တမျှော်တခေါ် အလင်းဝိုးဝါးနဲ့ပါလား ...
သွားလိုက်တော့ ငါ့ညဒီဇင်ဘာရေ ♥¸.•*´`*♥...♥*´`*•.¸♥...

Monday, February 27

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ(25)

မှန် မမှန် တော့မသိဘူး၊ ကိုယ်ဘာသာကိုယ် သေချာဆုံးဖြတ်နိုင်ပါစေ။
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ


1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်

7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။
သူငယ်ချင်း တစ်ယောက် အီးမေးလ် နဲ့ ပို့ လိုက်တာကို ပြန်လည်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

Sunday, February 26

သိပ်ခြစ်ရပါသော မ အတွက် ... ( ပုလင်းကွဲနဲ့  )



............................................................

ကျနော်ချစ်သော်မမသို့
ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။

အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့

ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့

နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့

ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ်


မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက ဖြတ်သွားတုန်း ပုဆိုးကို

ဗွက်စင်သွားတာပဲ ရှိပါသေးတယ် မမရယ်။

* နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။

ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့

သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့

သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား

လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျနော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့

ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျနော် အာလူးတစ်လုံး

ချန်ထားမိတယ်...

* မမနဲ့ နီးဖို့ ကျနော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊ သူငယ်ချင်းတွေရဲ့ ရွာကို

လိုက်လည်တိုင်း ထန်းပင်တက် သင်နေပါတယ် မမ။ တကယ်တော့ ဟိုး မိုးပေါ်

လေယဉ်ပျံထဲက ခြေသုတ်ဖုံလို မမရဲ့ ဘဝဟာ မဟာအဝီစိ ငရဲ အောက်ဆုံးမှာ ဒေဝဒတ်

ဖင်ခုထိုင်တဲ့ ခွေးခြေခုံလို ကျနော့် ဘဝက လက်လှမ်း မမီနိုင်အောင်

မြင့်မားလှပါတယ်ဗျာ။ စွဲလန်း တတ်လိုက်ပုံများ မမကို လွမ်းလို့

ကိုရီးယားကား မကြည့်ဖြစ်တာတောင် သုံးရက်ရှိပြီပေါ့။

* မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒန်ပေါက်ချည်း ဝယ်စားနေရတာ နှစ်ရက်တောင် ရှိပြီ။

ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။

လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊

သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့

ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။ မမနဲ့ တွေ့မှ ကြော်စားဖို့

ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။

* မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ

မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့

မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ်

ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျနော့်ရဲ့

အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ

ကျနော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ မမ။

အာရုံငါးပါးသုံးပြီး တိုးတက် အောင်မြင်နိုင်စေဖို့ ပိုပြီး စည်းရုံးသိမ်းသွင်းနိုင်စွမ်းရှိချင်ရင်အထိအတွေ့အာရုံကိုသုံးပြီး . . .



ကိုယ့်စကားအောင်မြင်အောင်လုပ်ပါ

တစ်ဖက်လူရဲ့ လက်ဖမိုးကို ထိတွေ့ခြင်းက သူနဲ့ပိုပြီး ရင်းနှီးကျွမ်းဝင်သလို သူ့စိတ်မှာ ဖြစ်ပေါ်စေတာကြောင့် သင့်ကို အလိုလိုပိုပြီး နှစ်သက်လာမိစေပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ သင့်ဆန္ဒကို လိုက်လျောကာ အတိုက်အခံ ပြုလိုစိတ်လည်း သူ့မှာ မဖြစ်ပေါ်တော့ပါဘူး။

တစ်ဖက်လူ ယုံကြည်အောင်လုပ်ပါ

သင်အလုပ်သွားလျှောက်တဲ့အခါ အရည်အချင်းရှိတဲ့ အလုပ်ရှင်တစ်ယောက်အနေနဲ့ သင့်ကို ပထမဆုံး သတိပြုမိတဲ့ အချက်တွေထဲမှာ သင်ရဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံလည်း ပါဝင်ပါတယ်။ အများနဲ့မတူ တစ်မူထူးကာ ကိုယ့်ကို သတိထားမိစေဖို့ လက်ဆွဲနှုတ်ဆက်ရာမှာ သင်ရဲ့လက်ညှိုးကို တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ထိ

ရောက်အောင်ထားပြီး နှုတ်ဆက်ပါ။ ဒီလို လက်ဆွဲနှုတ်ဆက်တဲ့အခါ သင်ရဲ့လက်မနဲ့ လက်ညှိုးကြားရှိ အရေပြားက တစ်ဖက်လူရဲ့ အဲဒီအရေပြားနဲ့ ထိမိစေတာကြောင့် သူ့မသိစိတ်ထဲမှာ သင့်ကို အလိုလို ယုံကြည်စိတ်ချမှုတွေ ဖြစ်ပေါ်လာစေပါတယ်။
သိပ်ကြိုးစားစရာမလိုဘဲ ၀ိတ်လျှော့ချင်ရင်အနံ့ခံအာရုံကိုသုံးပြီး . . .

ဇီဝရုပ် ဖြစ်ပျက်မှုကောင်းအောင် လုပ်ပါ

လေ့လာချက်တစ်ခုအရ လမ်းလျှောက်ခြင်းလို ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု ပြုလုပ်နေစဉ် ထောပတ်ပေါက်ပေါက် အနံ့ရှူမိပါက ကယ်လိုရီ ၂၂ ရာခိုင်နှုန်း ပိုလောင်ကျွမ်းမှုရှိကြောင်း တွေ့ရပါတယ်။ ပေါက်ပေါက်နံ့က ဇီဝရုပ် ဖြစ်ပျက်မှုနှုန်း မြန်စေနိုင်တဲ့ စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဓာတုပစ္စည်း Endorphin ဟော်မုန်းတွေကို ထွက်ရှိစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပိန်ချင်ရင် ပေါက်ပေါက်ဆိုင်နားမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဒါပေမဲ့ ပေါက်ပေါက် မစားမိအောင်တော့ စိတ်ထိန်းပေါ့နော်။

ချင်ခြင်းတပ်စိတ်မဖြစ်ပေါ်အောင် ပြုလုပ်ပါ

မုန့်တွေတစ်မျိုးပြီးတစ်မျိုး တစွတ်စွတ်စား ဖြစ်နေပါသလား။ မီးဖိုချောင် နဲ့ ထမင်းစားခန်းထဲမှာ ဗယ်နီလာအနံ့ လေထုသန့်စင်ဆေးရည် ဖျန်းလိုက်ပါ။ ဒါမှမဟုတ် ဗယ်နီလာအနံ့ အမွှေးတုံး ထည့်ထားပါ။ သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ ဗယ်နီလာအနံ့ ရှူသူတွေဟာ သရေစာတွေ၊ အ၀စာတွေ စားချင်စိတ် တစ်ဝက်လောက် လျော့ကျတာကြောင့် လေးပတ်အတွင်း ပျမ်းမျှ ငါးပေါင်လောက် လျော့ကျသွားတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗယ်နီလာအနံ့ဟာ ချိုချိုအီအီ အနံ့ဖြစ်တာကြောင့် အစာစားစရာမလိုဘဲ စိတ်ဆန္ဒပြည့်ဝမှုကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်း Serotonin ဟော်မုန်းတွေ ထွက်ရှိစေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနံ့ကိုရှူပြီး အလိုလို ဗိုက်ပြည့်သွားတာပဲ ဖြစ်ပါတယ်။
ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းချင်ရင်အကြားအာရုံကိုသုံးပြီး . . .

မှတ်ဉာဏ်ကောင်းအောင် ပြုလုပ်ပါ
လေ့လာချက်တစ်ခုအရ ဂန္ထ၀င်တေးဂီတကို လေ့လာသင်ကြားနေတဲ့ ကလေးတွေဟာ မသင်ကြားတဲ့ ကလေးတွေထက်စာရင် စာလုံးတွေကို မှတ်မိနိုင်စွမ်း ပိုရှိကြောင်း တွေ့ရပါတယ်။ မှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေဟာ ဂီတကို လေ့လာသင်ယူတဲ့ အစိတ်အပိုင်းနဲ့ တူတူပဲ ဖြစ်နေတာကြောင့် ဂီတကို နားထောင်ပါက မှတ်ဉာဏ် ပိုကောင်းနိုင်စေပါတယ်။

စာရင်းတွက်ပါ

ငွေစာရင်းတွက်စရာရှိသလား။ ဒရမ်သံ သိသာတဲ့ သီချင်းဖွင့်ပြီး တွက်လိုက်ပါ။ လေ့လာချက်အရ Beat ခပ်ပြင်းပြင်း တီးလုံးသံစဉ်တွေကို နားထောင်ခြင်းဖြင့် အတွက်အချက် ပြုလုပ်ရာမှာ ကိန်းဂဏန်း ကိုင်တွယ်ရာမှာ ပိုပြီး ကျွမ်းကျင်မှု ရှိစေနိုင်ကြောင်း သိရပါတယ်။ တီးလုံးတွေက သင်္ချာတွက်ရာမှာ လိုအပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သက်ဆိုင်တဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုံ့ဆော်မှု ပြုလိုက်တာကြောင့် ကိန်းဂဏန်း တွက်ချက်ရာမှာ များစွာ အထောက်အကူ ပြုစေတာပဲ ဖြစ်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားချင်ရင်အမြင်အာရုံကိုသုံးပြီး

အိုင်ဒီယာသစ်ထွက်အောင် ပြုလုပ်ပါ

အပြာရောင်ကို ငေးကြည့်ခြင်းဟာ စိတ်တင်းကျပ်မှုတွေ၊ စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ခြေ ရှိတာတွေအပေါ်၊ အတွေးသစ်၊ အမြင်သစ်တွေအပေါ် ပိုပြီး မျက်စိပွင့်၊ နားပွင့်စေပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ လေ့လာရာမှာ ကူညီပေးသူတွေကို ဒီဇိုင်းတီထွင် ဖန်တီးမှု လုပ်ငန်းတစ်ရပ် ပြုလုပ်ခိုင်းတဲ့အခါ အပြာရောင် အခန်းထဲမှာ ပြုလုပ်သူတွေဟာ သာမန်အရောင် ဖျော့ဖျော့ အခန်းထဲမှာ ပြုလုပ်သူတွေထက်စာရင် အိုင်ဒီယာ အသစ်အဆန်းတွေ ပိုပြီးထွက်ရှိကြောင်း တွေ့ရပါတယ်။ စိတ်တင်းကျပ်မှုမရှိဘဲ သက်သောင့် သက်သာရှိနေပါက အိုင်ဒီယာအသစ်တွေ ပိုပြီး စဉ်းစားနိုင်ပါတယ်။

ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ချပါ

လေ့လာချက်တစ်ခုအရ သဘာဝရှုခင်းအလှကို တွေ့ရနိုင်တဲ့ ပြတင်းပေါက်တွေ နားမှာထိုင်တဲ့ ၀န်ထမ်းတွေဟာ အလုပ်ပို လုပ်နိုင်သလို ပိုပြီး မြန်ဆန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တာကို တွေ့ရပါတယ်။ တခြား လေ့လာချက်အရ နေ့လယ်နေ့ခင်းဘက်မှာ သဘာဝတရားနဲ့ ထိတွေ့ခွင့်ရတဲ့ ကျောင်းသားတွေဟာ အမှတ်ပိုကောင်းကြသလို အာရုံစူးစိုက်မှုလည်း ပိုကောင်းကြောင်း တွေ့ရပါတယ်။ ဒါကြောင့် သဘာဝအလှတရားကို အာရုံခံစားကာ အလုပ်ပိုတွင်ကျယ်အောင် ကြိုးစားပါ။

အာရုံစူးစိုက်မှု အားကောင်းချင်ရင်အရသာခံ အာရုံကိုသုံးပြီး . . .

အားပိုရှိအောင် ပြုလုပ်ပါ
အားနည်းပင်ပန်းနေတယ်လို့ ခံစားရပါက ငရုတ်သီးစပ်စပ်ပါတဲ့ အစားအစာကို စားလိုက်ပါ။ ငရုတ်သီးမှာ Capsaicin ဆိုတဲ့ ဓာတ်ပါရှိပြီး ပါးစပ်ကို ပူစေလောင်စေတာကြောင့် ဦးနှောက်က သင့်မှာ နာကျင်မှုဝေဒနာ ခံစားနေရတယ်လို့ မှတ်ယူကာ သင့်ကို သက်သာစေနိုင်တဲ့ စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ ဒါကြောင့် အစပ်စားပြီး ခဏအကြာမှာ လန်းဆန်းလာပါလိမ့်မယ်။ ဒါ့အပြင် အစပ်စာက ခွန်အား တိုးစေနိုင်တဲ့ အာရုံကြောကို သွားပြီးလည်း လှုံ့ဆော်ပေးလေ့ ရှိတာကြောင့် အားဖြည့်ပေးပါတယ်။

လန်းဆန်းတက်ကြွအောင် ပြုလုပ်ပါ

တစ်ချိန်တည်းမှာ ဆန့်ကျင်ဘက် အရသာနှစ်မျိုး တွဲစားခြင်း (ဥပမာ-ချိုချဉ်၊ ဟင်းချိုသောက်ခြင်း) က အာရုံကြောတွေကနေ တစ်ဆင့် ဦးနှောက်ဆီ ဆန့်ကျင်ဘက် အသိပေးချက်တွေကို ပို့ပေးလိုက်ပါ တယ်။ အဲဒီအခါ ဦးနှောက်ကနေ သင်ဘာကို အာရုံခံပြီး စားနေသလဲဆိုတာကို သိရှိဖို့ ကြိုးစားလိုက်ရတာကြောင့် ဦးနှောက်ကို နှိုးလိုက်သလိုဖြစ်ကာ လူကလန်းဆန်းပြီး အားအင်တွေ ပြည့်ဝသွားသလို ခံစားလိုက်ရပါတယ်။ အာရုံငါးပါးရဲ့ အသုံးဝင်ပုံတွေကို သိပြီဆိုတော့ သင့်ဘ၀ အောင်မြင်ပျော်ရွှင်စေဖို့ အာရုံငါးပါးကို အသုံးချနိုင်ကြပါစေနော်။

အူမကြီးကင်ဆာကို ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်စေမည့် နည်းလမ်းများ

အစိမ်းရောင် သဘာဝအပင်များ

Harvard တက္ကသိုလ်မှ လေ့လာမှု အကြံပြုချက်အရ ဆလတ်ရွက် နေ့စဉ်စားသူတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်း ၇၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုလိုပါတယ်။ လေ့လာမှုအရ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့ Carotenoids နဲ့ စွမ်းအင်ပြည့် အင်ဒီအောက်ဆီးဒင့်တွေက အူနံရံက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်စေတဲ့ အရာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာ ကြောင့်ပါ။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီစိမ်းထုပ်တွေမှာ Carotenoids တွေ ပါဝင်ပါတယ်။

ကော်ဖီသောက်ပါ

လေ့လာမှုအရ ကော်ဖီတစ်နေ့ သုံးခွက်သောက်တာဟာ
တခြားအစားအစာ စားသုံးမှုပုံစံနဲ့ ဘ၀နေထိုင်မှုပုံစံကို မပြောင်းလဲရင်သာ ရောဂါတွေဖြစ်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Chlorogenic နဲ့ Caffeic acids တွေဟာ ကျန်းမာရေးကို အံ့သြလောက်အောင် အကျိုးရှိစေတာကြောင့်လို့ ဆိုပါတယ်။

သစ်ကြားသီးစားပါ

ဂျပန်နိုင်ငံ Nagoya တက္ကသိုလ်မှ လေ့လာမှုတွေအရ သစ်ကြားသီးကို တစ်နေ့ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ စားပေးတာဟာ အူမကြီးကင်ဆာကို ၄၆ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ Omega-3 ကြွယ်ဝစွာ ပါဝင်တဲ့ သစ်ကြားသီးဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို ချေဖျက်ပေးနိုင်တာကြောင့်ပါ။

ကယ်လ်စီယမ်မှိဝဲပါ

လေ့လာမှုအရ ကယ်လ်စီယမ်က ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေကို ထိန်းချုပ်ပေးနိုင်ပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နွားနို့ ရှစ်အောင်စ၊ ဒိန်ချဉ်ခြောက်အောင်စနဲ့ ချိစ် တစ် အောင်စတွေမှာ ကယ်လ်စီယမ် ၃၀၀ မီလီဂရမ်စီ ပါဝင်ကြပါတယ်။ လူတစ်ယောက်အတွက် ကယ်လ်စီယမ် တစ်နေ့ ၆၀၀ ကနေ ၁၀၀၀ မီလီဂရမ်အထိ လိုအပ်ပါတယ်။

ကြက်သွန်နီစားပါ

ကြက်သွန်နီထဲမှာ သဘာဝနည်းအရ ကင်ဆာကို တိုက်ထုတ်ပေးနိုင်တဲ့ Sulfur နဲ့ Quercetion တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာလောက် စားပေးသင့်ပါတယ်။

Tips!

အသင့်ပြုလုပ်ထားတဲ့ အစားအစာဖြစ်တဲ့ ဟော့ဒေါ့၊ Sausugesနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်မားစေတာကြောင့် အနီရောင်အသားနဲ့ ပင်လယ်စာတွေကိုသာ ရွေးချယ်ပေးသင့်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင်

အမျိုးသမီးလေးယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပုံမှန်ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုတွေအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ထိထိရောက်ရောက် သက်သာမှု မရရှိဘူးလို့ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမခံစားရအောင် အောက်ပါတို့ကိုပြုလုပ်ကြည့်ပါ။

နံပါတ်တစ် လှုံ့ဆော်သည့်အရာကို ရပ်တန့်လိုက်ပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းနံပါတ်တစ်ဟာ စိတ်ဖိစီးမှုပါ။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလွန်းရင် တစ်ပတ်အတွင်း ခုနစ်ကြိမ်ခန့် attack ရနိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် မိနစ်၃၀ခန့် ဖိစီးမှုဖြေလျှော့တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ရင် attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့သွားပါတယ်။ စိတ်ဖိစီးမှုလျော့ကျတဲ့ နည်းလမ်းကို ပုံမှန်အသုံးပြုတာကြောင့် နာကျင်မှုဖြစ်အောင် လှုံ့ဆော်တဲ့ ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေနွေးနဲ့ရေစိမ်ချိုးတာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ၊ စာရေးတာလိုမျိုး ဖိစီးမှုလျော့ကျစေတာတွေကို ပြုလုပ်ပေးပါ။

အဓိက ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရသူတွေအားလုံးရဲ့ ထက်ဝက်နီးပါးလောက်သာ တိကျတဲ့ရောဂါ သတ်မှတ်တာကို ရရှိပြီး ကျန်သူတွေဟာ သူတို့ကိုယ်သူတို့ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ(Tension Headache)လို့ ထင်မှတ်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ရောဂါအမှန်သိရှိဖို့ အောက်ပါလက္ခဏာတွေ တစ်ခုခု သင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ။

- လေးနာရီမှ ၇၂နာရီ ကြာတဲ့အထိ ခေါင်းကိုက်နေရင်

- ထိုးထိုးပြီး ခေါင်းကိုက်နေရင် (သွေးတိုးနေသလို)

- အလင်းရောင် ဒါမှမဟုတ် အသံဒဏ်ကို မခံနိုင်ရင်

- ခေါင်းကိုက်နေစဉ် ပျို့လာရင်

Attack ဖြစ်ချိန်လျော့အောင် ဗီတာမင် B သောက်ပါ

ဗီတာမင် B2 ၄၀၀ မီလီဂရမ်ကို နေ့စဉ်သောက်ပေးရင် အမျိုးသမီး ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်ဟာ attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင် B2 (Riboflavin)ဟာ ဦးနှောက်ဆဲလ်တွေကို adaptable ဖြစ်အောင် ကူညီနိုင်တာမို့ ဟော်မုန်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေရင် ခေါင်းကိုက်အောင် မလှုံ့ဆော်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

အစားအစာနှင့် ရောင်ရမ်းမှု လျော့အောင် ပြုလုပ်ပါ

သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစာတွေကို များများစားပြီး ဆီကြော်စာတွေကို ဖြတ်ထားရင် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ၇၁ရာခိုင်နှုန်း လျော့နည်းတယ်လို့ သုတေသနအရ သိရပါတယ်။ ကောက်နှံတစ်ခုလုံးမှ ရောင်ရမ်းမှု လျှော့ချနိုင်သော သဘာဝပစ္စည်း တစ်ရာကျော် ပါဝင်တာမို့ နာကျင်မှု့ဖြစ်အောင် လှုံဆော်မယ့် ရောင်ရမ်းမှုတွေ လျော့ကျသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Ref:Good Health

နှင်းဆီပန်းလေးတွေနဲ့ ကိုယ့်ချစ်သူကို စကားပြောကြရအောင်



နှင်းဆီ တစ်ခိုင်၊ တစ်ပွင့်ထဲဆိုရင် ကိုယ်ချစ်တာမင်းတစ်ယောက်ထဲပါ ။

မြင်မြင်ချင်းပဲ ချစ်မိပါတယ်

နှင်းဆီ နှစ်ပွင့်ဆိုရင်တော့ နှစ်ကိုယ်တူချစ်သမျှပေါ့

ချစ်သက်တမ်း တစ်လတာ အထိမ်းအမှတ် ဆိုရင်တော့ နှင်းဆီ သုံးပွင့် လက်ဆောင်ပေးလိုက်ပါ

တစ်ယောက်ယောက်ကို အကြောင်းပြချက်မရှိ အရူးအမူး စွဲလန်းနေမိပြီ ဆိုရင်တော့

သူ့ကို နှင်းဆီ ခြောက်ပွင့်ပေးပြီး ရင်ဖွင့်လိုက်ပါ

နှင်းဆီကိုးပွင့်ဆိုရင် ဒို့နှစ်ယောက် ရာသက်ပန် ချစ်မြတ်နီုးကြမယ်

နှင်းဆီဆယ်ပွင့်နဲ့ ကိုယ့်မိတ်ဆွေ စုံတွဲတွေကို မင်းတို့အချစ်က အင်မတန်

အပြစ်အနာအဆာကင်းတယ်၊ လိုက်ဖက်ညီတယ် လို့ ပြောကြရအောင်



နှင်းဆီဆယ့်နှစ်ပွင့် (တစ်ဒါဇင်)နဲ့ မင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်ရမယ် လို့

ရဲရဲကြီး ပြောလိုက်မယ်ဗျာ



နှင်းဆီဆယ့်သုံးပွင့်ကတော့ မင်းဟာ ကိုယ့်ရဲ့ ထာဝရ သူငယ်ချင်းပါ

တစ်ယောက်ယောက်ကို စိတ်မကောင်ပါဘူး။ ခွင့်လွှတ်ပါ လို့ ပြောချင်တဲ့အခါ

နှင်းဆီဆယ့်ငါးပွင့် ပို့ပေးလိုက်မယ်



နှင်းဆီ အပွင့်နှစ်ဆယ်ကတော့ မင်းအတွက် ငါ့ရင်ထဲက ခံစားချက်တွေက

စစ်မှန်ပါတယ် လို့ အာမခံလိုက်တာပေါ့



မင်းအတွက် အရာရာ အားလုံးကို စွန့်လွှတ်ရဲတယ် ဆိုတာကို သိစေချင်ရင်တော့

နှင်းဆီ နှစ်ဆယ့်တစ်ပွင့်နဲ့သာ အသိပေးလိုက်ပါ



နှင်းဆီ နှစ်ဆယ့်လေးပွင့် (နှစ်ဒါဇင်) ကတော့ ငါဟာမင်းအတွက်ပါ တဲ့



တစ်ယောက်ယောက်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောချင်ရင်တော့ နှင်းဆီ

နှစ်ဆယ့်ငါးပွင့် ပို့လိုက်ပါ



မင်းကို ချစ်မြတ်နိုးရလွန်းလို့ အရူးတစ်ပိုင်းဖြစ်နေပါပြီ ဆိုရင်တော့

သုံးဆယ့်ခြောက်ပွင့်သော နှင်းဆီ (သုံးဒါဇင်)ကိုသာ သူ့လက်ထဲ အပ်လိုက်ပါဗျာ



နှင်းဆီ အပွင့်လေးဆယ်နဲ့ ကိုယ်မင်းကို အချစ်စစ် အချစ်မှန်နဲ့ ချစ်တာပါ

လို့ သက်သေပြနိုင်ပါတယ်



မင်းအတွက် ကိုယ့်အချစ်တွေက အဆုံးအစမဲ့ပါ လို့ အသိပေးချင်တယ်ဆိုရင်တော့

အဖိုးအတန်ဆုံး၊ အလှဆုံး နှင်းဆီတွေကို အပွင့်ငါးဆယ် အနည်းဆုံးထားပြီး

များနိုင်သမျှ များများသာ စုစည်းပြီး ပေးလိုက်ပေတော့ဗျို့။



နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်

နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း

နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်

နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး

နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်

နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်

နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်

နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်

နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ

နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။

နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။

နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်

နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်

နှင်းဆီ ၁၅ပွင့်...... I'M SORRY!

နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်

နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်

နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း

နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း

နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်

နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ

နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ

နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်

နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်

နှင်းဆီအပွင့် ၉၉..... FOREVER!

နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်

နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်

နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ

နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်

နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်

နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်

နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ

နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်

(ကော်ပီ စစ်စစ်ဖြစ်ကြောင်းအာမခံပါသည် )

မုန်းပရစေတော့



မင်းကိုသိမ်းကျုံးမက်တတ်တဲ့ ငါ့ညတွေကိုမုန်းတယ်

သိပ်မုန်းတာပဲ ....ခါးခါးလျှလျှကိုမုန်းတာ ။ ။

အသွားသာရှိပီး အပြန်မဲ့တဲ့ငါ့ချစ်ခြင်းတရားကိုလဲမုန်းတယ်

နင့်ကိုမုန်းလိုက်တာ

နင့်ကို နှုတ်က မုန်းတယ်လို့ တဖွဖွပြောတဲ့

ငါ့လိမ်ညာစကားတွေကိုလဲ ငါမုန်းသင့်ပီ

သေရာပါအောင် ကဗျည်းထိုးလိုက်တဲ့

ငါ့နှလုံးသားပေါ်က မင်းနာမည်ကိုလဲ ဖျက်မရလို့မုန်းလိုက်တာ
လက်ညိုးထိုးအန်မထုတ်နိုင်အောင်ကိုမုန်းလို့ ။ ။
သိပ်မုန်းတာပဲ ....ခါးခါးလျှလျှကိုမုန်းတာ ။ ။
ငါ့အသက်ရူသံတိုင်း မင်းအငွေ့အသက်တွေကိုရှာနေမိတာကြီးကိုမုန်းတာ
ဟုတ်တယ်.......ငါ နင့်ကို မုန်းတယ် ။ ။
မုန်းတယ်ဆိုတဲ့စကားရဲ့ ခြုံလွာအောက်မှာ အရမ်းချစ်လိုက်ရတာဆိုတဲ့
ခံစားမှုကြီးကပ်ကပ်ပါသွားတာကို .....မုန်းတာ ။
ဟုတ်တယ်.......ငါနင့်ကိုမုန်းတယ်
နင်စေစားရာအတိုင်း စည်းချက်လိုက်ခဲ့တဲ့ ငါ့ရင်ခုန်သံကို ........မုန်းတယ်
ဘယ်တော့မှ မချစ်နိုင်မှန်းသိလျှက်နှင့် ငါချစ်ခဲ့တာကို ငါမုန်းတာ
ငါ့ဝိဥာဉ်တွေ ပေါက်ကွဲထွက်မတတ် နင့်ကိုငါ မုန်းတယ်
ငါ့ကိုညာသွားတဲ့ နင့်ကို........မုန်းတယ် ။ ။
အမုန်းမြို့ကို အမုန်းတံတိုင်းခတ်ပီး....အမုန်းပါတီကျင်းပ
အမုန်းဝိုင်တွေသောက်သုံး....အမုန်းသီချင်းတွေတီးခတ်.......
အမုန်းမျက်ရည်တွေဖောက်ထုတ်နေမိအောင်မုန်းတယ်
ကျေးဇူးပြုပီး.....ငါကိုယ်ငါ မုန်း ခွင့်ပြုပါ ။ ။
ချစ်သူ မင်းကိုမုန်းတယ် အဲ့ ဒီ့အကြောင်းပြချက်တွေ ကြောင့်မုန်းတယ်
ငါ့အချစ်ကိုလိမ်သွားတဲ့ အတွက်လဲ မုန်းတယ် ..ပီးတော့ နင်မှတ်ထား
နင်နဲ့ မတန်ဆုံးအရာက အချစ်စစ်ဘဲ ...

မိန်းမတို့၏ညို့ ချက်(၈)ချက်

၁။ တချို့ မိန်းမတွေကမျက်နှာချိုချိုလေးလုပ်ထားတတ်တယ် အဲဒါယောက်ကျားတွေကိုဆွဲးဆောင်တဲ့နံပါတ် ၁ "သိတံ"လို့ခေါ်တယ်



၂။ တချို့ကျတော့အသံသံတိုးတိုးလေးနဲ့ရယ်ပြတတ်ကြတယ် အဲဒါကညို့ ချက်နံပါတ် ၂ "ဟာသ"လို့ခေါ်တယ်



၃။ တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရှေ့ရောက် ရင် ကြောက်ပြ၊ စိုးထိတ်ပြ တတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။

၎။ တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြ တတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်လေး "လဇ္ဇ"လို့ခေါ်တယ်။



၅။ တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတ တ်တယ်။ အဲ့ဒါကတော့ ညှို့ချက်နံပါတ်ငါး "မန္ဓ၀ါစာ"လို့ခေါ်တယ်။



၆။ မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။



၇။ မျက်ရည်ကျပြတာက ခုနှစ် "ရုဒါ"တဲ့။



၈။ မခံချင်အောင် စကားနာထိုးတာက ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။



(GTU online မှာတွေ့ တာနဲ့ ကူးပြီးတင်ထားတာ )

Friday, February 24

Computer connector များအကြောင်း

အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့်

company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..

Motherboard ပေါ်ရှိ Switch panel
Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)
RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..

lue Screen Error ဖြေရှင်းနည်း



ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
B

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။


2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။
(ပုံမှာကြည့်ပါ)။

ပြီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။

Core i3,Core i5,Core i7 ကွာခြားချက်များ


Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….

Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile)
တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..


Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..


Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..

Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..


အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..

Windows 7 Admin Account ကို CD မပါပဲ Reset ချနည်း



ကျွန်တော် ဒီနေ့ ဘလော့မိတ်ဆွေများအတွက် ၀င်းဒိုး ဟက်ကင်းနည်းပညာ တစ်ခု တင်ပြပေးပါမယ် ၀င်းဒိုး 7 မှာ သုံးနည်းပါ အခြားဝင်းဒိုးများမှာတော့ ကျွန်တော်လဲ မစမ်းရသေးပါဘူး ၀င်းဒိုး အက်ဒမင် ကို ဟက်တာ နည်းတွေ မြောက်မြားစွာ ရှိပါတယ် အဲဒီ နည်းတွေ များစွာမှာ CD မပါပဲ လုပ်တဲ့နည်း ရယ်လို့ မရှိသလောက်ပါပဲ အခု ရှားပါးနည်းပညာဖြစ်တဲ့ နယ်မှာနေပြီး repair CD အတွက် အခက်အခဲ ဖြစ်နေသူများ အတွက် အဓီကထားပြီး repair CD မသုံးပဲ အက်ဒမင် ကို ဟက်နည်းလေး ပြပေးလိုက်ပါတယ်
အီး ဟက်ကင်းရေးတယ်ဆိုပြီး ဟက်ကာလို့တော့ မထင်လိုက်နဲ့ တကယ် မသိတာ ဟက်ကင်းနည်းတွေကို အခုလဲ ရမ်းသမ်းကလိပြီး ရလာတဲ့နည်းလေးကို အသုံးဝင်တဲ့နည်းလေးတစ်ခု ဖြစ်မှာပါဆိုပြီးတင်ပေးလိုက်တာ အာကာဖြိုးက ဘလော့ဂါပါ ဟက်ကာ မဟုတ်ပါဘူး အောက်မှာလုပ်နည်းလေးလေ့လာလိုက်ပါဦး


ကျွန်တော်မှားလုပ်နေမိမှာ စိုးလို့ မူကြို ကလေးတွေကိုပြောပြသလို ပြောပြထားပါတယ် စေတနာပါ တလွဲတော့ မတွေါ်လိုက်ပါနဲ့ အဲလိုပြောနေရအောင် မင်းစာကိုဖတ်နေတဲံ ငါက ကလေး မဟုတ်တော့ဘူးဟ လို့ ပြောနေမှာစိုးလို့ပါ
1. computer power ကို ဖွင့်ပါ
2. Microsoft logo ပေါ်လာပြီဆိုတာနဲ့ Power ခလုတ်ကို ပြန်နှိပ် ပြီး စက်ကို ပိတ်ပေးလိုက်ပါ
3.နောက် စက်ကို ပြန်ဖွင့်ပါ
4. Start Up Repair လုပ်ဖို့ option ကိုမြင်နေရပါပြီ the option ကို ရွေးပြီး enter ခေါက်လိုက်ပါ
5. Startup Repair Run နေပါမယ်
6. screen ပေါ်မှာ အလုပ်လုပ်နေတဲ့ ဟာတွေ မှာ အပြာရောင် ဘားတစ်ခု မြင်ရပါလိမ့်မယ် “searching for problems” လို့ ပြောပါနေပါလိမ့်မယ် ဒီအဆင့်မှာ စာဖတ်ရင်တော့ နဲနဲ ရှုပ်နေပါလိမ့်မယ် လုပ်ကြည့်ရင် သိသိသာသာလွယ်ပါတယ် ဘာမှ လုပ်ရသေးတာမဟုတ်ဘူးအခုမှ ကလစ် လေးငါးချက်ပဲနှိပ်ရသေးတာ “searching for problems” အဲလိုပြောတာ အမြဲတမ်းတော့ မဟုတ်ဘူးနော် တစ်ခါတလေ something လို့ပြောတတ်တယ်
7. အဲဒီ မက်ဆေ့က မိနစ်အနည်းငယ် အတွင်းမှာ “Attempting repairs” ပြောင်းဖို့ ပြောတာပါ
8. computer running လုပ်နေတာကနေ ထွက်လိုက်ပါ ထွက်ဖို့ အတွက် သင့်ကွန်ပျူတာမှာ 10-40 minutes အထိ အားထားမှီခိုနေရပါတယ်ဆိုတဲ့ မက်ဆေ့တက်လာပါမယ်
9. 10-40mins ပြီး၇င် “start up repair could not fix the problem” ဆိုတဲ့ မက်ဆေ့ ဘောက်တစ်ခုတက်လာပါမယ် “show problem details” ဆိုတာကို ကလစ်ပါလိုက်ပါ next ကို ကလစ်သွားလဲ ရပါတယ်
10. Scroll ဘားကိုသု့းပြီး .txt file ကို ကလစ်ပေးပါ
11. Notepad ဖိုင်လေးတစ်ခု ရပါမယ်
12. notepad မှာ File->Open ဒါမှ မဟုတ် ကလစ်နှစ်ချက်ပေါ့
13. အခုသင် ဟာ အရင် အက်ဒမင် အကောက်နဲ့ ပတ်ဝကို ဟက်လာခဲ့ပြီးပါပြီ sethc.exe လေးကို မြင်နေပါမယ်
14. C:\Windows\system32 ကို သွားပါ sethc.exe နဲ့ rename (သို့) random.exe လို့ ပြတတ်ပါတယ် တစ်ခါတလေမှပါ sethc.exe ဒီလိုပဲ ပြတာများပါတယ်
15. sethc.exe ကို ကော်ပီ ယူပါ ယူလာတဲ့ ကော်ပီဖိုင်ကို cmd.exe လို့ နာမည်ပြောင်းပေးလိုက်ပါ ကော်ပီလုပ်ပြီးတော့လုပ်နော် တစ်ခါတည်းမလုပ်လိုက်နဲ့ ပြသနာတက်သွားမယ်
16.computer ကို Restart ချပေးလိုက်ပါ login screen ၀င်ရောက်ဖို့ “shift” key ကို 5 ချက် မြန်မြန်လေးခေါက်လိုက်ပါ ဟိဟိ သူ့ဟာသူလဲ ၀င်ပါတယ်ဗျ “shift” key ကို 5 ချက်ခေါက်တာက မြန်အောင်လို့
17. cmd ကိုခေါ်လိုက်ပါ ဘယ်လိုခေါ်၇မယ် ဆိုတာတော့ပြောတော့ဘူး ဒါတောင်လုပ်နေပြီ ဆိုမှတော့ သိလောက်တယ်လေ “control userpasswords2″လို့ ရေးထည့်လိုက် ဘာမှ မပါစေနဲ့ အဲဒါပဲရေး ရေးပြီးရင် သိမ်းထားနော် ဟိဟိ နောက်တာ နဲနဲ ဦးနှောက်စားခိုင်းလိုက်မယ် ပြောပြဘူး ဘာလုပ်လို့ ဟိ ဟိ
18. a new admin account တစ်ခုကို အခု သင်လုပ်လို့ ရနေပြီ လုပ်ပြီး login ၀င်ပါ
ဝင်ပြီးရင် ဘာလုပ်ရမလဲ ဆိုတော့ ထပြီး ကလိုက်ပါ ငါ ၀င်းဒိုးဟက်တာ CD မပါပဲ လုပ်တတ်ပြီလို့ အော်လိုက်ပါဦး အသံလဲ အရမ်းမကျယ်စေနဲ့ ကိုယ့် ဟာကိုယ်အော်တာကိုဘေးခန်းက လူတွေ မခံနိုင်လို့ ဒီကောင် ဟက်နေပါတယ်ဆိုပြီး ရဲတိုင်လိုက်မှ အဖမ်းခံနေရမယ်

ဒီ Post လေးကို ကြိုက်လွန်လို့ ကို အာကာဖြိုးထံမှကိုပြည့်ဖြိုးမှ တဆင့် ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။

Wednesday, February 22

How Much Electricity Does Your Computer Use?



Computer Electricity Usage
တစ်နေ့တစ်နေ့ မိမိ ရဲ့ ကွန်ပျူတာမှာ သုံးစွဲနေတဲ့ လျှပ်စစ်မီတာခကို တိတိကျကျမသိချင်ဘူးလား ?

Window 7 OS ကို အသုံးပြုထားတဲ့ Laptop နဲ့ Desktop ကွန်ပျူတာတွေကို တစ်နေ့လုံး သုံးစွဲနေတဲ့ လျှပ်စစ်မီတာခကို တိတိကျကျသိချင်တယ်ဆိုရင်တော့ လျင်မြန်တဲ့ လမ်းညွှန်ချက်တစ်ခု ရှိပါတယ်။

အဆင့်(၁)။ ။ မိမိ ရဲ့ monitor, CPU, graphic card နဲ့ တခြားသောကွန်ပျူတာအစိတ်အပိုင်းတွေရဲ့ စုစုပေါင်း ပါဝါစားသုံးမှု( ကီလိုဝပ်) ကို ပထမဦးဆုံး တွက်ချက်ရပါလိမ့်မယ်။ ဘယ်လိုတွက်ချက်ရမှာလဲလို့ ပူပန်မှုဖြစ်မသွားပါနဲ့။ ဒီတွက်ချက်မှုကို သင်ကိုယ်တိုင်ကိုယ်ကျ လုပ်စရာမလိုပါဘူး။ Miscrosoft က ဖရီးဆော့ဝဲလ်တွေဖြစ်တဲ့ Joulemeter က Screen တောက်ပမှု နဲ့ Microprocessor အစရှိသည်တို့ကိုအခြေခံပြီးတော့ မိမိကွန်ပျူတာရဲ့ ပါဝါစားသုံးမှုကို မြန်မြန်ဆန်ဆန် ခန့်မှန်းတွက်ချက်ပေးပါလိမ့်မယ်။

အဆင့်(၂)။ ။ နောက်တစ်ဆင့်အနေနဲ့တော့
မိမိမြို့ နယ်မှာကောက်ခံနေတဲ့ လျှပ်စစ်မီတာခကို သိနေရပါလိမ့်မယ်။ (ဒီမှာတော့ ယူနစ်လိုက်ကောက်ခံပြီးတော့ တချို့နေရာတွေမှာ ကီလိုဝပ်နဲ့ တိုင်းတာပါတယ်။ စစ်တွေမှာတော့ တစ်ယူနစ်ကို (၄၄၀) နှုန်းကောက်ခံပါတယ်။ :(
လျှပ်စစ်မီတာ တစ်ယူနစ်ခကို မသိခဲ့လို့ရှိရင် အရင်လက လျှပ်စစ်သုံးစွဲခ ပြေစာကနေ သိနိုင်ပြီးတော့ လျှပ်စစ်ဓါတ်ပေးနေတဲ့ EPC ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်။ (စစ်တွေမှာတော့ ဖိုးသီးချို ကုမ္ပဏီက Computer ထဲမှာ ဘာတွေရှိလားမရှိလား မသိပါဘူး။ ပြေစာမှာတော့တစ်လထက်တစ်လ ဟိုဖိုးဒီဖိုးတွေတိုးတိုးလာပါတယ်။ :P )

အဲဒီ နံပါတ်နှစ်ခုကိုသိရှိပြီဆိုတော့ အဲဒီနှစ်ခုကို မြှောက်လိုက်ရင် ကွန်ပျူတာရဲ့ ခန့်မှန်းခြေလျှပ်စစ်သုံးစွဲခကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ခန့်မှန်းခြေလို့ပြောရတာကတော့ ကျွန်မတို့ Modem နဲ့ Router စတာတွေရဲ့ ပါဝါစားသုံးမှုကို လျစ်လျူရှုထားလို့ပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့လက်တွေ.တစ်ခုလောက်လုပ်ကြည့်ကြပါမယ်။ သင့်ကွန်ပျူတာမော်နီတာက ပါဝါနှုန်းထား ၅၀ ၀ပ် ရှိတယ်လို့ထားပါ။ ကီလိုဝပ်အနေနဲ့ဆိုရင်တော့ ၀.၀၅ ကီလိုဝပ်ပါ။ သုံးစွဲနှုန်းကြာချိန်က (၈)နာရီဆိုလို့ရှိရင် တစ်ယူနစ်ကို (၄၄၀) နှုန်:နဲ့ဆို ၀.၀၅ x ၈ x ၄၄၀ ဆိုတော့ (၁၇၆) ကျပ် ကျရှိမှာပါ။

အဲဒါကမော်နီတာတစ်ခုတည်းတန်ဖိုးပါ။ ကျန်တဲ့အစိတ်အပိုင်းတွေရဲ့ ပါဝါစားသုံးမှုကိုလည်း အထက်မှာဖော်ပြခဲ့တဲ့ Joulemeter software သုံးပြီး တွက်ချက်နိုင်ပြီးတော့ လျှပ်စစ်မီတာတစ်ယူနစ်ခနဲ့ မြှောက်လိုက်ရင် ပျှမ်းမျှကွန်ပျူတာတစ်လုံးလည်ပတ်နှုန်းကို သိရှိနိုင်မှာပါ။


PS: Joulemeter Application က Window 7 တင်ထားသည့် ကွန်ပျူတာရဲ့ CPU,hard disk အရွယ်အစားနဲ့အမျိုးအစား၊ Memory အရွယ်အစားနဲ့အမျိုးအစား နှင့် စက်ထဲမှာ လည်ပတ်နေတဲ့ Application တွေ၊ Internet service provider နှင့် IP address တွေနဲ့ပတ်သက်ပြီးတော့ upload လုပ်သွားမှာဖြစ်ပါတယ်။

Joulemeter software ကို ဒီနေရာမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Download Link:
http://research.microsoft.com/en-us/downloads/fe9e10c5-5c5b-450c-a674-daf55565f794/default.aspx
Ref:m51a

Rack Server အကြောင်းတစေ့တစောင်း။

( Dell Rack Server )
ကျွန်တော်တို့ Networking သမားတွေအတွက် Server ဆိုတာအမြဲတမ်းကြားနေကြရပေမယ့် Rack Server ကိုတော့ သုံးတဲ့သူနည်းပါးပါတယ်။ ( ကျွန်တော်တို့ နိုင်ငံအတွင်းမှာပါ ) ။ တကယ့် Company အ ကြီးကြီးတွေ Enterprise Level တွေ မှာတော့ Rack Server တွေဟာတကယ့်ကို Performance ကောင်းကောင်းနှင့် စနစ်တကျအသုံးပြုနိုင်တဲ့ သတ်ရပ်တဲ့ ဒီဇိုင်းနဲ့ 24 နာရီ 7 ရက်ပတ်လုံး non stop running လုပ်နိုင်ရန်အတွက် အထူးထုတ်လုပ် ထားတဲ့ Server များဖြစ်နေလို့ ပါ။ Rack Server များကို Rack ( Rack Server ထည့်/ထား နိုင်သည့်သီးသန့် ပြုလုပ်ထားသောစင် ) များပေါ်တွင် install လုပ်ဆောင်နိုင်ရန် တည်ဆောက်ထားပါတယ်။ Rack Server များကို rack-mounted server များလို့ လည်းခေါ်ကြပါတယ်။



( Rack Server front view)

Tower Server ကြီးများ နည်းတူ ပြုလုပ်ထားပေမယ့် သူ့ ရဲ့ ပုံစံက Flat ပုံစံဖြစ်ပါတယ်။ Rack တစ်ခုအတွင်းမှာ Rack Server များစွာထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Slot တစ်ခု ( Rack အံဆွဲတစ်ခု ) မှာ Rack Server တစ်လုံးနှုန်းဖြင့် အရေအတွက်အများကြီးထည့်နိုင်သလို Server Types ( File server , Print Server ) စသဖြင့် ဆာဗာအမျိုးမျိုးထားရှိနိုင်ပါတယ်။ အဓိကအားဖြင့် Rack Server ရဲ့ ပုံစံကတော့
နေရာယူမှူ့ နည်းနည်းဖြင့် Performance ကောင်းကောင်း Server တွေဖြစ်အောင် တည်ဆောက်ထားခြင်းပါ။
Rack Server များကို Rack Unit ခေါ် ( U ) ဖြင့်တိုင်းတာပါတယ်။ 1U ( One Unit ) ဆိုရင် 1.75 inches ရှိပါတယ်။


( 34 Rack Server view )

ဒီ Unit ဟာ Rack Server တစ်လုံးရဲ့ Hight ( အမြင့် ) ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ 1U Rack Server တစ်လုံးရဲ့ အမြင့်ဟာ 1.75 inches ရှိပါတယ်။ ဒီလိုပါပဲ 2U Rack Server တစ်လုံးရဲ့ အမြင့်ဟာလည်း 3.5 inches ဖြစ်သွားမှာပါ။ အပေါ်မှာဖော်ပြထားတာကတော့ 34U Rack တစ်လုံးပုံပါ။




( Intel Xeon Processor )

ဒီ Rack Server တွေမှာအဓိကအသုံပြုတဲ့ CPU တွေကတော့ Server တွေအတွက်သီးသန့် ထုတ်လုပ်ထားတဲ့ Xeon အမျိုးအစား CPU တွေပဲဖြစ်ပါတယ်။ Rack Server အတွက် Mother Board တွေပေါ်မှာ CPU Socket တွေ တစ်ခုထက်ပိုပြီးတော့ ပါနိုင်ပါတယ်။ ရွေးချယ်တဲ့အမျိုးအစားနှင့်သက်ဆိုင်ပါတယ်။ ဒီအတွက်နည်းပညာပိုင်းကတော့ SMP ( Symmetric Multiprocessing ) နည်းပညာ ဖြစ်နိုင်သလို Multi CPU & Multi Memory စသဖြင့်ဖြစ်နိုင်ပါတယ်။ အောက်တွင်ဖော်ပြထားတဲ့ Stealth SR-1600 1U Rack Server ဟာဆိုရင် 4 Processor (Multi CPU & Multi Memory) ဖြင့် ထုတ်လုပ်ထားပါတယ်။



( Stealth SR-1600 1U Rack Server InsideView )

ပုံမှန်အားဖြင့် Xeon CPU တစ်လုံးမှာ 4 Core ပါပါတယ်။ ဒါကို HT ( Hyper-threading ) ဆိုရင် 8 Thereat ဖြစ်မှာပါ။ ( 4 Physical Core + 4 Logical Core = 8 Core ) ဖြစ်သွားမှာပါ။ ဒီလိုမျိုး Xeon 4 လုံးထည့်လိုက်တယ်ဆိုရင် 32 Core ဖြစ်သွားမှာပါ။ ( ပုံမှန်အားဖြင့်ဆိုရင် 1Core ဟာ Normal Computer တစ်လုံးရဲ့ CPU တစ်လုံးနှင့်ညီမျှပါတယ်။) ဒါဆိုရင် ဒီ Server ရဲ့ Performance ကတော့ အထူးပြောစရာလိုမယ်မထင်တော့ပါ။ ဒီလိုမျိုး Server တွေကို အဓိကအားဖြင့် Loading အရမ်းများတဲ့ Network တွေ Performance အတွက် အထူးပြင်ဆင်ထားတဲ့ Network တွေမှာ မရှိမဖြစ် အသုံးပြုလာ ကြပါတယ်။
Ref: M51A

အိပ်မပျော် ဝေဒနာ အဖြေရှာ



အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို၍ အိပ်မပျော်သော ဝေဒနာကို ခံစားရသည်ဟု ဆိုကြသည်။ အိပ်မပျော်ခြင်းကြောင့် စိတ်တိုခြင်း၊ အားအင်ကုန်ခန်းခြင်း၊ စိတ်ကူးဉာဏ် နိမ့်ကျခြင်းတို့ကို ဖြစ်စေသည်။ ထို့အပြင် စိတ်ဓာတ်ကျစေနိုင်သည်။ နှလုံးရောဂါနှင့် အ၀လွန်ရောဂါတို့ကိုလည်း ဖြစ်စေနိုင်သည်။ သုတေသနပြုရာတွင် အိပ်မပျော်ခြင်းသည် ဆာလောင်မှုကို ထိန်းချုပ်သည့် ဟော်မုန်းများ ထုတ်လုပ်မှုကို တားဆီးကြောင်း တွေ့ရှိရသည်။
နောက်ဆုံး တွေ့ရှိချက်များက အအိပ်နည်းသော အမျိုးသမီးတို့သည် ပိုမို ၀ဖြိုးသည်ဟု ဆိုသည်။ အမျိုးသမီးများသည် ရာသီ စလာသည့် အသက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တို့တွင် အိပ်မပျော်သည့် ဝေဒနာကို အများဆုံး ခံစားရနိုင်သည်။

( ရာသီလာချိန် )

လေပွခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့သည် ညပိုင်း၌ အိပ်မပျော်မှုကို ဖြစ်စေတတ်သည်။ ရာသီလာချိန်တွင် ဟော်မုန်းဓာတ်
ပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်နှင့် အာရုံကြော စနစ်ကိုပါ ထိခိုက်စေရာမှတဆင့် အိပ်မပျော်ခြင်းကို ဖြစ်စေသည်။
ဝေဒနာများမှာ ရာသီလာချိန်၌ ခဏသာ ဖြစ်ပွားသည်။ အကိုက်အခဲပျောက်ဆေး တခုခုကိုသောက်ခြင်းဖြင့် သက်သာသည်။ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သည့် ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။

ရာသီလာပြီးနောက်ပိုင်းတွင် ဝေဒနာများ အလိုအလျောက် ပျောက်ကင်းကာ အိပ်မပျော်ခြင်းပါ ပျောက်ကင်းသွားသည်။

( ကိုယ်ဝန်ဆောင်ချိန် )

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီး မကြာခဏ သွားခြင်း၊ နေ့လယ်ပိုင်းတွင် အိပ်ခြင်းတို့ ဦးစွာဖြစ်ပွား၍ နောက်ပိုင်းတွင် နွမ်းနယ်ခြင်း၊ ရင်ပူခြင်း၊ ကျောအောင့်ခြင်းတို့ ဖြစ်တတ်သည်။

အမျိုးသမီးဟော်မုန်း နှစ်မျိုးရှိရာ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်းတို့ ဖြစ်ကြသည်။ သွေးထဲရှိ ပရိုဂျက်စထရုန်း မြင့်မားမှုကြောင့် အိပ်ချင်စိတ်ကို ဖြစ်စေသည်။ ၀မ်းတွင်းရှိ ကလေးငယ်က ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများပေါ်သို့ ဖိထားခြင်းကြောင့် နွမ်းနယ်ခြင်း၊ ရင်ပူခြင်း စသည့် ဝေဒနာများ ဖြစ်လာရသည်။ အိပ်မပျော်ခြင်းကို ဖြစ်စေသည်။

နေ့လယ် စောစောပိုင်းတွင် ခဏတာ လဲလျောင်းအိပ်စက် အနားယူသင့်သည်။ ရင်ပူခြင်းမှ ကာကွယ်ရန် အပူအစပ် ပါသည့် အစားအစာများကို ရှောင်ကြဉ်ရမည် ဖြစ်သည်။
( သွေးဆုံးချိန် )

သွေးဆုံးချိန်တွင် အမျိုးသမီး အများအပြားသည် ညပိုင်းတွင် ချွေးထွက်ခြင်း၊ အသားအရေ ပူခြင်း၊ မျက်နှာနီမြန်းခြင်း၊ စသည့်ဝေဒနာတို့က အိပ်မပျော်ခြင်းကို ဖြစ်စေသည်။ နောက်ဆုံး တွေ့ရှိချက်များက ဦးနှောက်ထိခိုက်မှုသည် ပိုမို ရှုပ်ထွေးနိုင်သည်ဟု ဆိုသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် အိပ်မပျော်ခြင်း အပါအ၀င် ဝေဒနာများ ဖြစ်ပွားရခြင်းသည် အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများ လျော့နည်းမှုကြောင့် ဖြစ်ရသည်။

ပန်ကာကို အသုံးပြုခြင်း သို့မဟုတ်-လေအေးစက်ရှိသည့် အခန်းတွင် နေခြင်းတို့က ပူလောင်မှုကို သက်သာစေသည်။ ဟော်မုန်း အစားထိုး ကုသခြင်းကို အများအားဖြင့် ပြုလုပ်ကြသည်။ ယင်းကုထုံးက သွေးကြောတွင်း သွေးခဲခြင်း သို့မဟုတ်-ကင်ဆာ အချို့ကို အခြေအနေ ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်စေနိုင်သည့် အန္တရာယ် ရှိသည်။

( စိတ်ဖိစီးမှု ရှိချိန် )

စိတ်ဖိစီးမှု (stress) ဖြစ်သည့်အခါ ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းတို့နှင့် အတူ အိပ်မပျော်ခြင်းပါ ဖြစ်နိုင်သည်။ ခံစားရသည့် စီးပွားရေး၊ အလုပ်အကိုင်၊ လူမှုရေး စသည့် ပြဿနာတို့ကြောင့် ဖြစ်လာရသည့် စိတ်ဖိစီးမှုကြောင့် အိပ်မပျော်လျှင် သာမန် အိပ်ပျော်စေသည့် နည်းလမ်းများ ဖြစ်သော စိတ်ကူးမှုမပြုခြင်း၊ စတင် အိပ်ချင်စိတ် ဖြစ်လာသည်နှင့် အိပ်ရာထဲ ၀င်အိပ်ခြင်း၊ မအိပ်မီ စာအနည်းငယ် ဖတ်ခြင်း၊ အိပ်ခါနီး လက်ဖက်ရည်၊ ကော်ဖီ၊ အစားအစာ စားသောက်မှုအား ရှောင်ကြဉ်ခြင်း စသည့် လုပ်ဆောင်မှုတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ လေ့ကျင့်ခန်း ပြုလုပ်ရန်လည်း လိုအပ်သည်။
အိပ်ပျော်ဆေးများသည် ခေတ္တသာ သောက်သင့်သော ဆေးများဖြစ်သည်။ အက်တီဗင် (Ativan) ကဲ့သို့ ဆေးများသည် စိုးရိမ်သောက ပြေပျောက်ရန် သုံးသော်လည်း နေ့လယ်ပိုင်းတွင် အိပ်ချင်စိတ်ကို ဖြစ်စေသည်။

( စိတ်ရောဂါ )

စိတ်ရောဂါ ခံစားရသည့်အခါ၊ အထူးသဖြင့် စိတ်ကျရောဂါ (depression) ခံစားရသည့်အခါ အိပ်ရာမှ စောစီးစွာ နိုးခြင်း၊ နေ့လယ်တွင် အိပ်ချင်စိတ် များခြင်း၊ ညပိုင်းတွင် နုန်းခွေခြင်းနှင့် အိပ်မပျော်ခြင်းတို့ ဖြစ်သည်။

စိတ်ကျရောဂါဖြစ်သည့်အခါ ဦးနှောက်ရှိ ဓာတုပစ္စည်းများ ပြောင်းလဲမှု ဖြစ်ခြင်းကြောင့် အိပ်ပျော်မှုကို ထိခိုက်စေသည်။

စိတ်ကျရောဂါ ကုသဆေးများက ဝေဒနာကို သက်သာပျောက်ကင်းစေသည်။ စိတ်ကုထုံး (psychotherapy) သည်လည်း ထိရောက်မှုရှိသည်။



( စိုးရိမ် သောက )

စိုးရိမ်သောကဖြစ်လျှင် ညပိုင်းတွင် အိပ်မပျော်ခြင်း၊ အိပ်ရာမှ ရုတ်တရက် လန့်နိုးခြင်းတို့ ဖြစ်တတ်သည်။ စိုးရိမ်သောကကြောင့် ခန္ဓာကိုယ်အတွင်း ဓာတုပစ္စည်းများ ထွက်ရှိစေပြီး ယင်းတို့က အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတို့ကို မြန်စေသည်။ ကော်ဖီနှင့် လက်ဖက်ရည်တို့တွင်ပါရှိသည့် ကဖင်းဓာတ်ကြောင့်လည်း အိပ်မပျော်ဘဲ ဖြစ်စေသည်။

လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သောကကို ဖြေဖျောက်ခြင်း၊ ကော်ဖီနှင့် လက်ဖက်ရည်ကို ရှောင်ကြဉ်ခြင်း၊ ဆရာဝန် ညွှန်ကြားချက်အရ ဆေးဝါးဖြင့် ကုသခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

( အိပ်စဉ် ခေတ္တ အသက်ရှူ ရပ်ခြင်း )

အိပ်စဉ် ခေတ္တ အသက်ရှူရပ်ခြင်း(apnoea) ကို အမျိုးသားများတွင် အမျိုးသမီးများမှာထက် နှစ်ဆ ပိုမို တွေ့ရတတ်သည်။ အမျိုးသားများတွင် အသက်ရှူလမ်းကြောင်းရှိ တစ်သျှူးများ အပေါ် တက်စတိုစတီရုန်း (testosterone) ဟော်မုန်းက ထိခိုက်မှု ဖြစ်သောကြောင့် ဖြစ်ရသည်။

အိပ်စဉ် ခေတ္တ အသက်ရှူရပ်ခြင်းကို သွေးဆုံးပြီး အမျိုးသမီးများ၊ ၀သည့် အမျိုးသမီးငယ်များတွင် တွေ့ရသည်။ ကိုယ်ဝန်ဆောင် မိခင်တို့တွင်လည်း သန္ဓေသားက မိခင်၏ ရင်သား ကြွက်သား အကန့်ပေါ် တွန်းမှုကြောင့် ဖြစ်ရသည်။

ကိုယ်အလေးချိန် လျှော့ခြင်း၊ ဘေးဘက်သို့ စောင်းအိပ်ခြင်းတို့ဖြင့် သက်သာမှုကို ရနိုင်သည်။



( ခြေထောက် ညောင်းညာခြင်းနှင့် အိပ်ပျော်ခြင်း )

restless-legs syndrome ခေါ် ခြေထောက်တွင် တစုံတခု တွားသွားသကဲ့သို့ ခံစားရပြီး ခြေ-မသယ်ချင် ဖြစ်သည့် အခြေအနေကို အမျိုးသမီးများ ပိုမိုခံစားရသည်။

ခြေလက်-မသယ်ချင် ဖြစ်ရခြင်းမှာ သွေးထဲရှိ ဖယ်ရစ်တင် (ferritin) ခေါ် သံဓာတ် လျော့နည်းခြင်းကြောင့် ဖြစ်သည်။ ရာသီသွေး ဆင်းမှု များလျှင် ဖြစ်စေ၊ ကိုယ်ဝန်ဆောင်စဉ်တွင်ဖြစ်စေ သံဓာတ် ချို့တဲ့တတ်သည်။ ကြာရှည် သက်သတ်လွတ်စားသူတို့တွင်လည်း သံဓာတ် ချို့တဲ့နိုင်သည်။

သံဓာတ် ဖြည့်တင်းပေးခြင်းဖြင့် ကုသနိုင်သည်။ ရီကွစ်ပ် (Requip) ခေါ် ဆေးသစ်တမျိုးက ဦးနှောက်ရှိ ဒိုပါမင်း (dopamine) ခေါ် ဓာတ်တမျိုးကို လက်ခံသည့် ကလာပ်စည်းများအား လှုံ့ဆော်ပေးခြင်းဖြင့် ခြေညောင်းညာ၍ မလှုပ်ရှားချင်မှုကို သက်သာပျောက်ကင်းစေသည်။



( အမျိုးသားများနှင့် အိပ်မပျော်ခြင်း )

အမျိုးသားများတွင် ညပိုင်း၌ ဆီး မကြခဏ သွားခြင်းကြောင့် အိပ်မပျော်မှုကို ဖြစ်စေသည်။ သွေးချို ဆီးချိုရောဂါနှင့် ဆီးကျိတ်ရောင်ရောဂါတို့ကြောင့် ယင်းသို့ဖြစ်ပွါးရသည်။ ရောဂါကို စနစ်တကျ ရှာဖွေကုသရမည် ဖြစ်သည်။



( ဒေါက်တာ အောင်သန်း )

Tuesday, February 21

ပင်လယ်ကမ်းစပ်မှာ ကောက်ရလျှင် ပေါက်တတ်သည့် ထီ(သနားစရာဝေလငါးလေးများ)

ပင်လယ်ကနေထွက်တဲ့ အဖိုးတန်ပစ္စည်းလို့ပြောလိုက်တာနဲ့ လူတိုင်းရဲ့မျက်စိထဲမှာ မုတ်ကောင်ကထွက်တဲ့ ပုလဲဆိုတာကို တန်းခနဲမြင်ကြမှာသေချာပါတယ်။ န၀ရတ်ကိုးပါး ရတနာစာရင်းဝင် ပုလဲလို တန်ဖိုးကြီးပေမယ့် ရတနာမဟုတ်တဲ့အရာ၊ ပုလဲထက်တောင်မှ ရှားပါးတဲ့ပစ္စည်းတစ်မျိုးကိုတော့ မြင်ဖူးတဲ့လူနည်းပါလိမ့်မယ်။မမြင်ဖူးတဲ့အပြင် သိတောင်မသိကြတဲ့လူတွေ တော်တော်များမယ်ထင်ပါတယ်။ဒီပစ္စည်းဟာ သဘာဝပုလဲထက် ပိုပြီးရှားပါးသလို ပိုပြီးတော့ ဒဏ္ဍာရီဆန်ပါတယ်။ ဒီပစ္စည်းဟာ ပင်လယ်ကမ်းစပ်မှာ နိစ္စဒူဝ သားငါးရှာဖွေရင်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအဖို့ ဘုရားသခင်ဖန်ဆင်းပေးတဲ့ အိပ်မက်ထဲက လက်ဆောင်ပါပဲ။ ဒီပစ္စည်းကို ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမှတ်မထင် ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိသူကတော့ အောင်ဘာလေထီအမြင့်ဆုံးဆုကို ပေါက်သလို ဘ၀ပြောင်းသွားစေနိုင်တဲ့အထိ သူ့ရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကိုတွေ့ဖို့ ပင်လယ်ကမ်းစပ်မှာ တစ်သက်လုံး နေ့စဉ်ရက်ဆက်သွားရှာမယ်ဆိုရင်တောင်မှ ထိုက်တန်တဲ့ကံဇာတာ ပါမလာရင် မတွေ့နိုင်ပါဘူး။ သူဆင်းရဲတံငါသည်တွေကို နေ့ချင်းညချင်း သူကြွယ်ဖြစ်အောင်ဖန်ဆင်းပေးနိုင်တဲ့ ဒီပစ္စည်းက ဘယ်ဟာဖြစ်နိုင်မလဲ။ ဒီပစ္စည်းကတော့ ဖယောင်းသားနဲ့ခပ်ဆင်ဆင်တူပြီး မီးစွဲလောင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ မီးခိုးရောင်မှိုင်းမှိုင်း၊ လက်ဖက်ပုပ်ရောင် ဒါမှမဟုတ် အနက်ပုပ်ရောင်အစိုင်အခဲတစ်မျိုးဖြစ်တဲ့ ငါးကြီးအန်ဖတ် (Ambergris) ပဲဖြစ်ပါတယ်။ ငါးကြီးအန်ဖတ်ဟာ ဝေလငါးကြီးတွေ အစာချေတဲ့နေရာကနေ အန်ထုတ်လိုက်တဲ့အရာဖြစ်လို့ ငါးကြီးအန်ဖတ်လို့လွယ်လွယ်ခေါ်ကြတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အဓိကဝေလငါးမျိုးကွဲနှစ်မျိုးဖြစ်တဲ့ Baleen Whale ရှစ်မျိုးနဲ့ နဲ့ Toothed Whale ၃၅မျိုးထဲမှာ Toothed Whale အုပ်စုဝင် Sperm ဝေလငါးတစ်မျိုးတည်းကသာ ငါးကြီးအန်ဖတ်ကို ထုတ်လုပ်နိုင်ပါတယ်။

တကယ်တော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့တွေ့ရှိရတဲ့ ငါးကြီးအန်ဖတ်ဟာ အနံ့အသက်ဆိုးဝါးတဲ့ ရေထွက်ပစ္စည်းတစ်မျိုးပါ။ သူရဲ့ဈေးကွက်တန်ဖိုးနဲ့ အသုံးဝင်မှုသာ မရှိဘူးဆိုရင် ဘယ်သူမှကိုင်တွယ်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ များသောအားဖြင့် Sperm ဝေလငါးတွေဟာ ဧရာမကင်းမွန်တွေကိုစားသောက်မိပြီး သူတို့ရဲ့အစာအိမ်ဟာ ဒီအရာတွေကိုချေဖျက်နိုင်စွမ်းမရှိလို့ ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်ဖြစ်လာရတာပါတဲ့။ဘာလို့လဲဆိုတော့ ငါးကြီးအန်ဖတ်ထဲမှာ ကင်းမွန်သားတွေ နစ်မြှုပ်နေတာကို တွေ့ရလို့ပါပဲ။ ဒါပေမယ့် ဒီအရာဟာ အစာဖတ်တွေချည်းသက်သက်မဟုတ်ပါဘူး။ အစာဖတ်တွေအပြင်သွေးကြောလိုမျိုး အကြောတွေယှက်ဆိုင်းနေတာမျိုးလည်း တွေ့ရပါတယ်။သိပ္ပံပညာရှင်တွေရဲ့အဆိုအရကတော့ ငါးကြီးအန်ဖတ်ဆိုတာ ဝေလငါးတွေဟာ ကင်းမွန်လိုမျိုးအစာချေရခက်တဲ့ အရာတွေကိုစားသုံးမိပြီး အစာအိမ်ထဲမှာဖြစ်ပေါ်လာတဲ့နာကြင်မှုကို ချေဖျက်ဖို့gastrointestinal tract ကနေ အစာဟောင်းတွေနဲ့အတူ ဓာတ်ပြုထုတ်လုပ်လိုက်တဲ့ ချွဲကျိကျိအရာတစ်မျိုးဖြစ်ပါတယ်။ ဒီနေရာမှာ ငါးကြီးအန်ဖတ်ဟာ ကျွန်တော်တို့တွေ့နေရတဲ့ မာကျောတဲ့အစိုင်အခဲပုံစံမျိုးဆိုရင် ဝေလငါးတွေအလွယ်တကူ အန်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အပြင်ကိုရောက်ပြီး ပင်လယ်ရေနဲ့လေစတာတွေနဲ့ထိတွေ့ပြီးမှ ပုပ်သိုးပြီးအစိုင်အခဲဖြစ်လာတာပါ။ ငါးကြီးအန်ဖတ်ဟာ ပင်လယ်ကမ်းစပ်မှာ လာတင်နေတာ ဒါမှမဟုတ် ပင်လယ်ထဲမှာ ပေါလောမျှောနေတာမျိုး တွေ့ရလေ့ရှိပြီး အရွယ်အစားကိုလိုက်လို့ သူ့ရဲ့အလေးချိန်ကွာခြားမှုရှိပါတယ်။ သူ့ရဲ့အရွယ်အစားအရ ငါးကြီးအန်ဖတ်ဟာ အလေးချိန်အနည်းဆုံး ၁၅ဂရမ်(1/2 အောင်စ) ကနေ ၅၀ကီလိုဂရမ်(ပေါင်တစ်ရာ) အထက်ထိရှိတတ်ပါတယ်။ တခါက ပေါင်၂၆၀လောက်ရှိတဲ့ ဧရာမငါးကြီးအန်ဖတ်တစ်တုံးကို ပြင်သစ်ရေမွှေးကုမ္ပဏီတစ်ခုက ရွှေဒင်္ဂါးပေါင် ၆၆၀၀၀ ပေးပြီးဝယ်ယူဖူးပါတယ်။ ဝေလငါးတွေဆီကနေစွန့်ထုတ်လိုက်တဲ့ ငါးကြီးအန်ဖတ်ရဲ့ မူလအစပုံစံဟာ နူးညံ့ပြီးတော့ အရောင်ဖြူရော်ရော်ရှိပြီး တခါတလေမှာ အနက်ရောင် အကွက်တွေကွက်ကြားပါရှိတတ်ပါတယ်။ ဒါပေမယ့် အနံ့က အဲဒီအချိန်ကတည်း ညှီစို့စို့ပုပ်အက်အက်ဖြစ်နေတာပါ။ လအတန်ကြာရေထဲမှာမျှောပါပြီးတဲ့နောက်မှာ ငါးကြီးအန်ဖတ်ဟာ ရေတွေလေတွေရဲ့ထိတွေ့မှုကြောင့် မာကျောလာပြီးတော့ ဖယောင်းသားလိုဖြစ်လာပြီး မီးခိုးရောင်(သို့)အနက်ရောင်အဖြစ်ကို ပြောင်းလဲလာခဲ့ပါတယ်။ငါးကြီးအန်ဖတ်ရဲ့ ညီစို့စို့ပုပ်အက်အက်အနံ့အောက်မှာ ကွယ်ဝှက်ထားတဲ့ တမူထူးတဲ့ဂုဏ်သတ္တိကတော့ isopropanol ဒြပ်ပေါင်းလိုမျိုး တာရှည်ခံပြီး လူတွေကို စူးစူးရှရှအနှောက်အယှက်မပေးတဲ့ အနံ့တစ်မျိုးကြွယ်ဝနေတာပါပဲ။ ဒီလိုမျိုး ဂုဏ်သတ္တိကြောင့် အငွေ့ပျံလွယ်ပြီး ဆီထုတ်လုပ်နိုင်တဲ့အတွက် ရေမွှေးထုတ်လုပ်တဲ့နေရာမှာ တန်ဖိုးကြီးကုန်ကြမ်းတစ်ခု ဖြစ်နေတာပါ




ငါးကြီးအန်ဖတ်ရဲ့ သိပ်သည်းဆဟာ 0.780 ကနေ 0.926ထိရှိပြီး သိပ္ပံနည်းကျ စမ်းသပ်ကြည့်တဲ့အခါ သူ့ကို အပူချိန် 60°C လောက်မှာအရည်ပျော် အဆီထွက်စေပြီးတော့ အဲဒီထွက်လာတဲ့ ထင်းရှူးဆီလိုအ၀ါရောင်အဆီတွေဟာ100 °C (212 °F)မှာ အဖြူရောင်အငွေ့အဖြစ် အငွေ့ပျံသွားတာကို တွေ့ရပါတယ်။ အဲဒီအရာဟာ ether မှာပျော်ဝင်နိုင်ပြီးတော့ အငွေ့မပျံနိုင်တဲ့ ဆီနဲ့ အငွေ့ပျံနိုင်တဲ့ဆီ နှစ်မျိုးစလုံးမှာလည်း ပျော်ဝင်နိုင်ပါတယ်။ ငါးကြီးအန်ဖတ်ဟာ အက်ဆစ်နဲ့ အပြန်အလှန်တုန့်ပြန်ဓာတ်ပြုစေနိုင်တာမျိုး လုံးဝမရှိပါဘူး။ ငါးကြီးအန်ဖတ်ကို Alcohol ထဲမှာအပူပေးပြီး အအေးခံလိုက်တဲ့အခါ မူလ Ambergris ကနေ ခွဲထုတ်လို့ရလာတဲ့ အဖြူရောင် Crystal တွေကို ambrein လို့ခေါ်ပါတယ်။ ဒီရလာတဲ့ရနံ့ကင်းမဲ့တဲ့ ambrein ကိုဖြိုခွဲလိုက်ရင် Ambergris ထဲမှာအဓိကပါဝင်နေတဲ့ ambrox နဲ့ ambrinol တို့ရဲ့ formation ကို ရလာဒ်အဖြစ်ရရှိမှာဖြစ်ပါတယ်။ အဲဒီထဲက ရလာတဲ့ ambroxan ဟာ ရေမွှေးထုတ်လုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။


Ambroxan
ငါးကြီးအန်ဖတ်ဟာရေမွှေး(perfume and fragrance) ထုတ်လုပ်တဲ့နေရာမှာ ကတိုး(musk) လိုမျိုးနာမည်ကြီးပါတယ်။ဒါပေမယ့် ကမ္ဘာပေါ်မှာ ငါးကြီးအန်ဖတ်ရေမွှေးကို လူကြိုက်များလာနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံမှာ တရားဝင်ထုတ်လုပ်ရောင်းချခွင့်နဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရအငြင်းပွားစရာရှိနေတဲ့အတွက် အမေရိကန်ကရေမွှေးလုပ်ငန်းရှင်တွေဟာ ဒီပစ္စည်းကိုသုံးစွဲဖို့လက်ရှောင်လေ့ရှိပါတယ်။ မျိုးတုန်းနိုင်မယ့်အခြေအနေရှိနေတဲ့ တိရိစ္ဆာန်အဖြစ် သတ်မှတ်ထားတဲ့ Sperm Whale တွေဆီကနေ ရရှိတဲ့ပစ္စည်းဖြစ်နေတဲ့အတွက် အမေရိကန်အပါအ၀င် နိုင်ငံတော်တော်များများမှာ ၁၉၇၀ခုနှစ်တုန်းက ငါးကြီးအန်ဖတ်ကုန်ကြမ်းသုံးစွဲခြင်းကို ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်ဖူးခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ရောက်မှ ဒီပစ္စည်းကိုတရားဝင်သုံးစွဲခွင့်ရပြီး ဝေလငါးတွေသတ်ဖြတ်ပြီး ရလာတာမျိုးကို ခွင့်မပြုပဲ ကမ်းခြေပေါ်မှာတွေ့ရှိရတဲ့ ငါးကြီးအန်ဖတ်တွေကိုသာ ကုန်ကြမ်းအဖြစ်သုံးစွဲခွင့်ပြုခဲ့တာပါ။ ၁၈ရာစုအစောပိုင်းကာလတွေကနေစပြီး ဝေလငါးဖမ်းလုပ်ငန်းဟာ ကိုလိုနီနယ်ချဲ့စနစ်နဲ့အတူ ကျယ်ပြန့်လာခဲ့ပါတယ်။ အထူးသဖြင့် Sperm Whale တွေဆီကနေ အဆီတော်တော်များများထုတ်ယူနိုင်တာရယ်၊ သူ့ရဲ့သွားတွေဟာ ဆင်စွယ်လိုပဲ လက်မှုအနုပညာပစ္စည်းတွေ ပြုလုပ်နိုင်တာရယ်နဲ့သူ့ရဲ့အစာအိမ်ထဲကနေ ငါးကြီးအန်ဖတ်တွေ ရရှိနိုင်တာကြောင့် ဝေလငါးဖမ်းသင်္ဘောများဟာ Sperm Whale တွေကို အဓိကဖမ်းဆီးနေခဲ့တာပါ။ ၁၈ရာစုကနေအဆီးအတားမရှိလုပ်ကိုင်နေခဲ့တဲ့ ဝေလငါးဖမ်းလုပ်ငန်းဟာ ၂၀ရာစုလောက်မှာမှ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်တွေ ကြွယ်ဝလာတာကြောင့် ဥပဒေအရကန့်သတ်ခံခဲ့ရပါတယ်။ ဒီလိုမှမကန့်သတ်ရင် အဖိုးတန်လှတဲ့ ဝေလငါးအစိတ်အပိုင်းတွေကို ဆာလောင်မွတ်သိပ်နေတဲ့ ကမ္ဘာ့ဈေးကွက်ရဲ့တောင်းဆိုမှုတွေကြောင့် ဝေလငါးတွေမျိုးတုန်းနိုင်တဲ့ အခြေအနေတွေဖြစ်သွားဖို့ ဦးတည်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံအချို့မှာတော့ ဈေးကွက်လိုအပ်ချက်ကြောင့် ဝေလငါးဖမ်းလုပ်ငန်းကို ခုချိန်ထိတရားဝင်ခွင့်ပြုထားဆဲဖြစ်ပါတယ်။


ရှေးခေတ်တုန်းကတော့ အီဂျစ်နိုင်ငံမှာ ငါးကြီးအန်ဖတ်ကို အမွှေးတိုင်အတွက်အနံ့ထည့်တဲ့နေရာမှာ သုံးစွဲပါတယ်။ ဒီဘက်ခေတ်မှာတော့ အီဂျစ်တွေက သူတို့သောက်သုံးတဲ့စီးကရက်တွေမှာ မွှေးရနံ့ထည့်ဖို့ သုံးကြပါတယ်။ ရှေးခေတ်တရုတ်လူမျိုးတွေက ငါးကြီးအန်ဖတ်ရေမွှေးကို နဂါးတံတွေးရေမွှေးလို့ခေါ်ပြီး စုန်း၊မှော်အတတ်တွေ တစ်ခေတ်စားခဲ့တဲ့ ၁၃ရာစုကာလတုန်းက ဥရောပမှာ ငါးကြီးအန်ဖတ်အတုံးကို ကိုယ်မှာဆောင်ထားရင် စုန်းပြုစားမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပုလိပ်ရောဂါကိုနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ သမိုင်းမှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ ရှေးခေတ်ကာလတုန်းကတော့ ငါးကြီးအန်ဖတ်ဟာ ဆေးမြီးတိုနဲ့ အစားအသောက်အချို့မှာ အမွှေးအကြိုင်အဖြစ်ထည့်သုံးရုံကလွဲပြီး တွင်တွင်ကျယ်ကျယ်မရှိခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ ငါးကြီးအန်ဖတ်တွေ့ရှိရတဲ့နေရာတွေကတော့ အတ္တလန္တိတ်သမုဒ္ဓရာကမ်းခြေဒေသတွေနဲ့ Brazil,Madagascar,East Indies,The Maldives, China,Japan,India,Australia,Newzeland နဲ့ Molucca Islands ဒေသတွေပဲဖြစ်ကြပါတယ်။ အထူးသဖြင့် ငါးကြီးအန်ဖတ်ကို စီးပွားဖြစ်ကောက်ယူစုဆောင်းနိုင်တဲ့နေရာကတော့ Bahamas နိုင်ငံရဲ့အထင်ရှားဆုံး New Providence ကျွန်းပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာတော့ ဝေလငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်တဲ့လူမရှိသေးဘူးလို့ ထင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ဝေလငါးဟာ အင်မတန်တွေ့ရခဲတာကြောင့်ရယ်၊ တွေ့ရင်တောင်မှ အရွယ်အစားကြီးမားလွန်းတာရယ်နဲ့ ရောင်းချမယ့်ဈေးကွက်မရှိတာရယ်ကြောင့် ဖမ်းဆီးမယ့်လူမရှိပါဘူး။ နောက်တစ်ချက် လင်းပိုင်နဲ့ဝေလငါးဟာ အသိဥာဏ်ရှိတဲ့နို့တိုက်သတ္တ၀ါဖြစ်လို့ တခါတရံမှာ ပင်လယ်ပြင်မှာဒုက္ခရောက်နေတဲ့ ရေလုပ်သားတွေကိုကယ်တင်ပေးတတ်တယ်ဆိုတဲ့ ပါးစပ်ရာဇ၀င်တွေကြောင့် မြန်မာ့တံငါသည်တွေက သူတို့ကိုအန္တရာယ်မပေးကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပင်လယ်ကမ်းစပ်နဲ့ ရေတိမ်ပိုင်းသန္တာကျောက်ဆောင်တွေဆီမှာ လာတင်နေတတ်တဲ့ ငါးကြီးအန်ဖတ်ကိုကောက်ရဖူးသူတွေ ကျွန်တော့်ဇာတိ မာန်အောင်ကျွန်းမှာ အများအပြားတွေ့ဖူးပါတယ်။ တရားဝင်ဈေးကွက်ရှိမရှိအတိအကျမသိပေမယ့် မှောင်ခိုဈေးကွက်မှာတရုတ်နိုင်ငံကိုတင်ပို့ဖို့အတွက် ပရဆေးကုန်သည်တွေ ဈေးကောင်းပေးဝယ်ကြလို့ ပင်လယ်ကမ်းစပ်မှာတစ်နေ့လုပ်မှတစ်နေ့စားရတဲ့ တံငါသည်တွေ နေ့ချင်းညချင်း ချမ်းသာသွားကြတာ မြင်ဖူးခဲ့ပါတယ်။မှောင်ခိုဈေးနဲ့သာအရောင်းအ၀ယ်ဖြစ်ကြတာများတော့ ငါးကြီးအန်ဖတ်ရဲ့ ကမ္ဘာ့သတ်မှတ်ပေါက်ဈေးကို အတိအကျမသိရပါဘူး။ ခန့်မှန်းခြေပြောရရင် ရွှေတစ်ဂရမ်ကို ဒေါ်လာ၃၀ပေါက်ဈေးရှိတဲ့အခါ ငါးကြီးအန်ဖတ်ဟာ တစ်ဂရမ်ကို ဒေါ်လာ၂၀ကျော်လောက်ပေါက်ဈေးရှိနိုင်ပါတယ်။ သူ့ကိုကုန်ကြမ်းအဖြစ်အသုံးပြုထုတ်လုပ်လိုက်တဲ့ရေမွှေးတန်ဖိုးက အမျိုးအစားနဲ့သက်တမ်းကိုလိုက်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ မကြာသေးတဲ့ကာလတစ်ခုက အလှူငွေရံပုံငွေပွဲတစ်ခုမှာ ရောင်းချဖို့ထုတ်လုပ်လိုက်တဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ တစ်ပုလင်းကို ဒေါ်လာ၄၇၀၀အထိရှိပါတယ်။ ဒီထက်ပိုဈေးကြီးတဲ့ တော်ရုံလူအနားမကပ်နိုင်တဲ့ နှစ်ချို့ရေမွှေးတွေလည်း Elite လူတန်းစားတွေအတွက် သီးသန့်ထုတ်လုပ်တာမျိုးရှိနေပါတယ်။ ၂၀၀၅ခုနှစ်က Marie Antoinette အတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ နှစ်ပေါင်း၂၀၀ သက်တမ်းရှိပြီး ဒီရေမွှေးကို အရေအတွက်အကန့်အသတ်နဲ့ပြန်လည်ရောင်းချတဲ့အခါ တစ်ပုလင်းကိုဒေါ်လာ ၁၁၀၀၀ တောင်ပေးဝယ်ရပါတယ်။ တခါကနယူးဇီလန် North Island မှာတွေ့ရှိခဲ့တဲ့ ကီလိုလေးဆယ်ရှိတဲ့ ငါးကြီးအန်ဖတ်တစ်တုံးဟာ မှောင်ခိုဈေးကွက်မှာ ဒေါ်လာလေးသိန်းတောင်ပေးဝယ်သွားတယ်လို့ သတင်းကြီးခဲ့ပါတယ်။ ဒီလိုမျိုးဈေးအတက်အကျမငြိမ်တာကလည်း ငါးကြီးအန်ဖတ်ရဲ့ရှားပါးမှုကြောင့်ဖြစ်နိုင်ပါတယ်။ ရေမွှေးတွေကို တရားဝင်ရောင်းဝယ်ဖောက်ကားခွင့်ရှိပေမယ့် ရေမွှေးထုတ်လုပ်သူတွေဟာ နိုင်ငံတော်တော်များများမှာ ငါးကြီးအန်ဖတ်ကုန်ကြမ်းတွေကို ခုချိန်ထိလျှို့လျှို့ဝှက်ဝှက် အရောင်းအ၀ယ်လုပ်နေရဆဲပါပဲ။ လက်ရှိဈေးကွက်မှာ ငါးကြီးအန်ဖတ်ရဲ့အရောင်ကိုကြည့်ပြီး ပေါက်ဈေးအနည်းအများကွာခြားပါတယ်။ ရောင်းချတဲ့နေရာမှာ အနက်ရောင်ငါးကြီးအန်ဖတ်ဟာဈေးအကောင်းဆုံးဖြစ်ပြီး အဖြူရောင်ကတော့ဈေးအနည်းဆုံးပါပဲ။ နောက်ပြီး သူ့ရဲ့အသားကို အလင်းဖောက်နိုင်ခြင်းရှိမရှိရယ်၊ အရက်ပြန်သုတ်ထားသလိုမျိုး မီးရှို့ကြည့်လို့ မီးလိုက်ခြင်းရှိမရှိစတာတွေနဲ့ ငါးကြီးအန်ဖတ်စစ်မစစ်ကို စမ်းသပ်နိုင်ပါတယ်။နောက်ပြီး ငါးကြီးအန်ဖတ်ကို ပလတ်စတစ်အိတ်နဲ့ထုတ်ထားတာမျိုး၊ ဗူးခွံတစ်ခုထဲမှာထည့်ပြီးအလုံပိတ်သိမ်းဆည်းတာမျိုး မလုပ်ရပါဘူး။ နောက်ပြီးခွေး၊၀က်စတဲ့တိရိစ္ဆာန်တွေနားမှာ ငါးကြီအန်ဖတ်ရဲ့အနံ့ကြောင့် ကိုက်စားတတ်တဲ့အတွက် မထားရပါဘူး။ သူ့ကိုသိမ်းဆည်းမယ်ဆိုရင် အ၀တ်စနဲ့ရစ်ပတ်သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ ငါးကြီးအန်ဖတ်ဟာ ရေမွှေးဖော်စပ်ရာမှာ အသုံးပြုနိုင်ရုံတင်မက ဟင်းချက်ရာမှာဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း သုံးစွဲနိုင်သလို ပရဆေးဖော်စပ်ရာမှာလည်း တန်ဖိုးကြီးတဲ့ကုန်ကြမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာတော့ ငါးကြီးအန်ဖတ်ကို ရေမွှေးကုန်ကြမ်းအဖြစ်သာ လူသိများကြပါတယ်။ ရှေးခေတ်တုန်းက ပြင်သစ်မိဖုရားတစ်ပါးနေခဲ့တဲ့ ဗာဆိုင်းနန်းတော်ထဲက အခန်းတစ်ခန်းမှာ ဆွတ်ထားခဲ့တဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ ယခုအချိန်ထိမွှေးနေဆဲပဲလို့ ပါးစပ်ရာဇ၀င်တစ်ခုကြားဖူးပါတယ်။ ယနေ့ဖက်ရှင်ခေတ်မှာတော့ ငါးကြီအန်ဖတ်ရေမွှေးဟာ ကမ္ဘာ့ Celebrity တွေကြားမှာအပြိုင်အဆိုင်သုံးစွဲကြတဲ့အထိ ရေပန်းစားတဲ့အလှကုန်ပစ္စည်းဖြစ်နေပါပြီ။


ဒီလိုတန်ဖိုးကြီးပစ္စည်းဖြစ်လာဖို့အဓိကဖန်တီးပေးတာကတော့ ပင်လယ်ရေအောက်အနက်ပိုင်းမှာရှိတဲ့ ဧရာမကင်းမွန်ကြီးတွေပါ။ ဝေလငါးတွေသူတို့ကိုစားသောက်ပြီးတဲ့အခါ အစာမချေနိုင်လို့ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်ဖြစ်လာရတာပါ။ Sperm Whale တစ်ကောင်ဟာ ပေ၆၀ကျော်ခန့်ရှည်လျားပြီးတော့ တန်၅၀ကျော်လေးပါတယ်။ ဒီဝေလငါးတွေဟာရေအနက်မီတာ၃၀၀ ကနေ ၈၀၀လောက်မှာ အစာရှာစားတတ်ကြပါတယ်။ တခါတလေမှာ ၂ကီလိုမီတာလောက်ထိငုပ်ပြီး အစာရှာတတ်ပါတယ်။ ရေအောက်မှာ တစ်နာရီကျော်ကျော်ငုပ်နေနိုင်ပြီးတော့ ရေပေါ်ကိုအသက်ရှူဖို့တက်လာတတ်ကြပါတယ်။အမတွေဟာ ငယ်ရွယ်စဉ်မှာ ဒါဇင်လိုက်အုပ်စုဖွဲနေတတ်ပြီး ကြီးလာတဲ့အခါ တစ်ကောင်တည်းခွဲနေတတ်ပါတယ်။ သူတို့စားသောက်တာကတော့ ရိုးရိုးကင်းမွန်၊ရေဘ၀ဲ၊ငါးအချို့နဲ့ ဧရာမကင်းမွန်ကြီးတွေဖြစ်ကြပါတယ်။ Sperm Whale တွေဟာ တစ်နေ့ကို သူတို့ကိုယ်ခန္ဓာ အလေးချိန်ရဲ့ ၃% ထိစားသုံးတတ်ပါတယ်။ တခါတလေမှာ ဧရာမကင်းမွန်တွေလို အစာမကြေနိုင်တဲ့အရာတွေကို ဗုန်းဗောလဟောစားသောက်မိပြီး နာကြင်လာတာကြောင့် ရေထဲမှာစားပြီးသားအစာဟောင်းတွေကို ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်တွေဖြစ်လာရတာပါ။

မြန်မာနိုင်ငံရဲ့ပင်လယ်ကမ်းခြေတွေမှာ ဝေလငါးကြီးတွေ သေဆုံးပြီး ကမ်းစပ်မှာလာတင်နေတာမျိုးတွေ ဆယ်စုနှစ်တစ်ခုမှာ အနည်းဆုံးတစ်ခါလောက် တွေ့နေရပါတယ်။ ဒါပေမယ့် ဒီဝေလငါးအသေကောင်တွေကို ဒေသခံတွေကပုပ်စော်နံလို့မြေမြှုပ်လိုက်ကြတာများပါတယ်။ လတ်လတ်ဆတ်ဆတ်သေတဲ့ဝေလငါးဆိုရင်တော့ ခုတ်ထစ်ပြီး အဆီချက်ကြတာမျိုးတော့ ကြုံဖူးပါတယ်။ ကမ္ဘာ့ပေါ်မှာ ဈေးကောင်းရနေတဲ့ ဝေလငါးဆီကို ကျွန်တော်တို့ဆီကလူတွေ ငါးဖမ်းလှေစပ်တဲ့နေရာမှာ လှေကိုရေလုံအောင် မီးမြှိုက်ဖို့အတွက်သုံးတာမျိုးတွေ့ခဲ့ဖူးပါတယ်။ ကျန်တဲ့အရိုးကိုတော့ ဖင်ထိုင်ခုံလုပ်ပြီး သွားကိုတော့ အိမ်မှာအလှထားပါတယ်။ ခုချိန်ထိ ဝေလငါးဝမ်းဗိုက်ထဲက ငါးကြီးအန်ဖတ်ကို ထုတ်ယူရကောင်းမှန်း မသိကြသေးသလို ဝေလငါးအစိတ်အပိုင်းတွေကို ဘယ်လိုအသုံးချမလဲဆိုတာ မြန်မာပြည်ကလူတွေသိပ်မသိကြသေးပါဘူး။ မသိကြတာလည်းတစ်မျိုးကောင်းပါတယ်။ တကယ်လို့ဈေးကွက်မျက်စိပွင့်သွားရင် မြန်မာ့ပင်လယ်ပြင်ကဝေလငါးတွေ အန္တရာယ်ရှိလာမှာအသေအချာပါပဲ။ လောလောဆယ်မှာတော့ ကမ္ဘာ့အကြီးဆုံးတိရိစ္ဆာန်ပစ္စည်းမှောင်ခိုဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ မကြာခင်ဒီကိစ္စကို မျက်စပစ်လာမယ့် အလားအလာတွေရှိနေပါတယ်။ ကမ္ဘာအရပ်ရပ်မှာ အနိစ္စသဘောကိုမေ့ထားကြတဲ့ လူတွေရဲ့မပုပ်သေးတဲ့ခန္ဓာကိုယ်ကို သူ့ထက်ငါ အမွှေးနံ့သာတွေ ထုံမွှမ်းနေစေဖို့အတွက် သမုဒ္ဓရာတွေဆီက နို့တိုက်သတ္တ၀ါ သနားစရာဝေလငါးကြီးတွေခမျာဟာ နှစ်စဉ်အသက်ပေးနေရအုန်းမှာ အသေအချာပါပဲ။


စာမှီး-

http://en.wikipedia.org

http://www.businessweek.com/magazine/ambergris-treasure-of-the-deep-01122012.html

http://gabriolan.ca/2009/03/21/weird-beach-goop/

http://www.geneticjungle.com/2009/08/ambergris-perhaps-youd-rather-not-know.html

http://www.ambergris.fr/identification_of_ambergris.html
Ref: Myat Thein Tun

Monday, February 20

နားလည်ပေးဖို့ ခက်နေပြီ ( ငါးထောင်တန်ဖုန်းအထူးဆောင်းပါး)



မိုဘိုင်းဖုန်းတွေ အဆမတန်ဈေးကြီးနေရတာနဲ့ ပတ်သက်လို့ ဆဲလူလာခေတ်က ဆက်သွယ်ရေးမှ အသိ အငယ်တန်းအင်ဂျင်နီယာလေးတစ်ယောက်ကို ကျွန်တော် မေးကြည့်ခဲ့ဖူးရဲ့... သူပြောခဲ့တာက ဘတ်ဂျက်မလုံ လောက်လို့ ရှိတဲ့ဘက်ဂျက်လေးနဲ့ပဲ လုပ်ရတော့ လိုင်း အင်အားသောင်းဂဏန်းအတွက်ပဲ တည်ဆောက်ရေးလုပ် ရတယ်... ဒီတော့ တစ်လိုင်းအတွက် ကုန်ကျစရိတ်က သူများနိုင်ငံထက်မြင့်တယ် တဲ့...
ဘတ်ဂျက်မလုံလောက်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနဲ့ လုပ်ပါလား... အနောက်တိုင်း Sanction ရှိပေမဲ့ တရုတ်လို အာရှနိုင်ငံကြီးတစ်နိုင်ငံနဲ့ ဖက်စပ်လုပ်နိုင်တာ ပဲလို့ ကျွန်တော်က ပြန်ပြောတော့ ဆက်သွယ်ရေးလို အသက်သွေးကြောကိစ္စကို လူကြီးတွေက ပြည်ပနဲ့ လုပ် ချင်ပုံမရလို့ ဖြစ်မှာပေါ့လို့ သူက ပြန်ပြောခဲ့တယ်... ဆက်ပြီး သူက သူလည်းဌာနတာဝန်နဲ့ နိုင်ငံခြားသွားရင် ဒီကိစ္စနဲ့ မျက်နှာတောင်မပြရဲပါဘူးတဲ့... လာအို တို့ ဘင်္ဂ လားဒေ့ရှ်တို့ကတောင် ကိုယ့်ထက် ဖုန်းလိုင်းအရေအတွက်ကော၊ သိပ်သည်းဆပါ မယှဉ်သာအောင်များနေတာ မို့ အသာလေးလျှိုနေခဲ့ရတယ်လို့ ပြောရှာတယ်...
အဲဒီ အင်ဂျင်နီယာလေးရဲ့ စကားကို ကျွန်တော် နားလည်ပေးနိုင်ခဲ့ပါတယ်... ဒါပေမဲ့ တိုင်းပြည်ရဲ့ တခြားအသက်သွေးကြောလို့ ဆိုနိုင်တဲ့ လေဆိပ်တို့၊ ရေ ဆိပ်တို့ ကားလမ်းတို့လို ကိစ္စတွေကိုတော့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေနဲ့ လုပ်နေတာ ကြားရမြင်ရတိုင်း သက်ပြင်း ချမိပါတယ်။
ဒါနဲ့ပဲ ဆက်သွယ်ရေးကနေပြီး မြန်မာ့ပထမဆုံး GSM ဖုန်းကို ဆင်းမ်ကတ်တစ်ကတ် ငါးသိန်းနှုန်းနဲ့ ပုဂ္ဂ လိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်စချပေးခဲ့တော့ လုပ်နိုင်သူမို့ စလုပ်ခွင့်ပေးတာပဲလေလို့ နားလည်ပေးခဲ့ပါ တယ်။ (SKY LINK CO လို့ ခပ်ရေးရေးမှတ်မိပါတယ်။ သေချာတာက ဦးနေဝင်းရဲ့မြေးများ ပိုင်ဆိုင်ခဲ့တာပါ)
နောက်တော့ အကြောင်းကြောင်းတွေကြောင့် အဲဒီ ကုမ္ပဏီကလည်း ဆက်လုပ်ခွင့်မရတော့ဘဲ ဆက်သွယ် ရေးကသာလျှင် GSM စီမံကိန်းကို ဆက်လုပ်ခဲ့တယ်... ငါးသိန်းနဲ့ပဲ ရောင်းတယ်... ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ အပြင်ပေါက်ဈေး သိန်း ၃ဝ ကျော်ထိဖြစ်ပြီး အခွင့်ထူးသူတွေ ထီဆုကြီးပေါက်သလောက်နီးနီး ပွကုန် တယ်... ကျွန်တော့်မိတ်ဆွေ စာနယ်ဇင်းအဖွဲ့ဝင်အချို့ တောင် ထောက်ခံချက်တွေနဲ့ လျှောက်လိုက်ကြတာ ရတဲ့ လူရ... မရတဲ့လူမရ... ဒါနဲ့ပဲ နောက်တော့ တရားဝင် ဈေးကိုပဲ ၁၅ သိန်း သတ်မှတ်လိုက်တော့ အမြတ်နည်းသွား ကြတယ်။
တိုးယူလိုက်တဲ့ငွေတွေ အစိုးရဘတ်ဂျက်ထဲ ရောက် သွားတော့လည်း ပြည်သူ့အကျိုးပြုစီမံကိန်းတွေမှာ သုံး စွဲနိုင်တာပေါ့လို့ နားလည်ပေးခဲ့ပါတယ်... ၁၅ သိန်းနဲ့ တောင် လိုအပ်သလိုမရတာမို့ အပြင်ပေါက်ဈေးက သိန်း နှစ်ဆယ်/အစိတ် ဖြစ်နေခဲ့သေးတာ... အိမ်နီးချင်းနိုင်ငံ တွေနဲ့တော့ အကွာကြီးကွာဆဲပေါ့။
အဲဒီနောက်တော့ အစိုးရသစ်မပြောင်းခင်မှာ မူလ ဈေးငါးသိန်း ပြန်သတ်မှတ်ပေးခဲ့ပါတယ်... တိုးချဲ့လိုင်း အင်အားကလည်း သိန်းနဲ့ချီပြီးဖြစ်လာပြီ...တပ်ဆင်ခ ဒီထက်မလျှော့သင့်ပေဘူးလား တွေးမိပေမဲ့ အခွန်အခ အရနည်းတဲ့ တိုင်းပြည်ပဲလေ ... အစိုးရမှာ ငွေလိုနေ တာပဲလို့ နားလည်ပေးခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ GSM သာမက CDMA 450/800 ဆိုတဲ့ ဖုန်းတွေ...FEC ၂ဝ တန်/ ၅ဝ တစ်ခါသုံးကတ်တွေ ပေါ်လာပြီး ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့် ကုမ္ပဏီတစ်ခုတည်းကို ချပေးလိုက်ပြန်တော့လည်း ပထမ ဆုံး GSM တုန်းကလိုပဲ လုပ်နိုင်သူမို့ ပေးလိုက်တာပဲလေ လို့ နားလည်ပေးရပြန်ပါတယ်။
ဒါပေမဲ့ မတွေးဘဲတော့ မနေနိုင်... အဲဒီလုပ်ပိုင် ခွင့်ရသူက တရုတ်က HUAWEI စက်ပစ္စည်းတွေ အဓိက ဝယ်ယူလုပ်ကိုင်တာကို သိရတော့... HUAWEI ကုမ္ပဏီ အကြောင်း အင်တာနက်မှာ ရှာကြည့်မိရဲ့... ဒီတော့ HUAWEI ဆိုတာ အစိုးရတစ်ပိုင်းလုပ်ငန်းဖြစ်ခဲ့ပေမဲ့ အခု တော့ ဝန်ထမ်းတွေကိုလည်း ရှယ်ယာပိုင်ဆိုင်ခွင့်ပေးထား လို့ တိုးတက်မှုအလွန်လျင်မြန်ခဲ့ပြီး တရုတ်မှာသာမက နိုင်ငံတကာဈေးကွက်မှာလည်းကုန်ပစ္စည်းတွေကိုဈေးသက်သာစွာဖြန့်ဖြူးရောင်းချပေးနိုင်တဲ့ကုမ္ပဏီတစ်ခုဆိုတာသိရပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဘယ်လိုပဲ ဈေးချိုပေမယ့် မြန်မာ ပြည်မှာတော့ ဖုန်းကတ်ပေါင်း တစ်သိန်းပြီးတစ်သိန်း တိုးလာတာတောင် တစ်ကတ် ငါးသိန်း (ဒေါ်လာခြောက် ရာဝန်းကျင်) ကနေ မလျှော့ ပေးခဲ့တာကိုတော့ နားလည် ပေးဖို့ စ.. ခက်ခဲလာပါပြီ။
ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ လိုင်းကတ်ပေါင်း သန်းချီလာမယ်ဆိုရင် ၊ကုမ္ပဏီအများ ပါဝင်ခွင့်ရမယ်ဆို ရင် ဆင်းမ်ကတ်တစ်ကတ်တန်ဖိုး (သူများလောက်ဈေး မပေါသေးတောင်) ဒေါ်လာတစ်ရာအောက်လောက်တော့ ဖြစ်လာမယ်လို့ ခန့်မှန်းမျှော်လင့်ထားခဲ့မိပါတယ်။
အထူးသဖြင့် အစိုးရသစ်တက်လာပြီး သမ္မတကြီး စပြောခဲ့တဲ့ သမိုင်းဝင်မိန့်ခွန်းတွေ၊ နိုင်ငံရေးအရ ပြုပင် လုပ်ဆောင်ချက်တွေ၊ မီဒီယာများဖြေလျှော့ပေးမှုတွေ၊ ကားဟောင်းလဲလှယ်ခွင့် အစရှိတာတွေဟာ လစ်ဟာချက် အချို့ ရှိပေမယ့် လူ/နတ် သာဓုခေါ်ရမယ့် လုပ်ဆောင် ချက်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးသိပ်သည်းမှုက ၆ ရာခိုင် နှုန်းသာ ရှိသေးလို့ လိုအပ်ချက်မြင့်မားနေဆဲဖြစ်တဲ့ ၉၄ ရာခိုင်နှုန်းသော ပြည်သူအများစုအတွက်တော့ အဲဒီဖုန်း ကိစ္စ မျှော်လင့်ချက်ဟာ ရိုက်ချိုးခံလိုက်ရပြန်ပါတော့ တယ်။
လိုင်းအင်အား သန်းချီတပ်ဆင်လာရင် တို့တိုင်းပြည် မှာလည်း ဖုန်းဈေး လူတိုင်းသုံးနိုင်အောင်ဖြစ်လာမှာပါ ကွာလို့ အကောင်းမြင်ဟောကိန်းထုတ်ပြခဲ့တဲ့ ကျွန်တော် ဟာ မိတ်ဆွေများအလယ်မှာ ရယ်သွမ်းသွေးခံရပါတော့ တယ်။
ငါးနှစ်အတွင်း သန်း ၃ဝ တပ်ပေးမယ်။ ပထမ ဆုံးနှစ်မှာတင် ၄ သန်း တပ်ပေးမယ်။ ကနဦးတပ်ဆင်ခ ကတော့ နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင် (ဒေါ်လာ ၃ဝဝ/ ၃၇ဝ) ဆိုတဲ့ သတ်မှတ်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေ မှာ ကျပ် ၂ဝဝဝ သုံးဒေါ်လာဝန်းကျင်ပဲ ပေးရမှန်းသိ နေသူတွေအတွက် စိတ်အပျက်ကြီးပျက်စရာပါပဲ။ နောက် နှစ်တွေမှ တဖြည်းဖြည်းလျှော့ပေးမယ်၊ ငါးနှစ်ကြာလျှင် တစ်သိန်းအောက် ရောက်ချင်ရောက်သွားနိုင်တယ်ဆိုတာ မျိုးက လူထုအတွက် နှစ်သိမ့်စရာမဖြစ်တော့ပါ။ တစ် သိန်းဆိုတာ ဒေါ်လာတစ်ရာကျော်ပါ၊ ငါးနှစ်ပြည့်တာ တောင် ကတ်တစ်ကတ် ဒေါ်လာတစ်ရာဖြစ်ဖို့ မသေချာ သေးဆိုတော့ ''ငါတို့လက်ထက်မှာ အိမ်နီးချင်းတွေလို သုံးဒေါ်လာလောက်တော့ မမျှော်လင့်နဲ့လို့'' ပြောတာနဲ့ အတူတူပဲလို့ ထေ့ငေါ့လာတဲ့ မိတ်ဆွေတချို့ကို အဆိုးမြင် သူတွေလို့တောင် အရင်လို ကျွန်တော် မချေပနိုင်တော့ ပါ။
တစ်လိုင်း သုံးသိန်းနှုန်းဝန်းကျင်နဲ့သာ ကတ်လေး သန်းရောင်းမယ်ဆိုတော့ တစ်နှစ်အတွင်း လူထု ၉၄ ရာခိုင်နှုန်းဆီကနေ ကျပ်ဘီလီယံပေါင်း ၁၂ဝဝ လောက် ရယူမယ့် စီမံကိန်းကြီး ဖြစ်နေပါရောလား၊ ဒေါ်လာသန်း ပေါင်း ၁၅ဝဝ လောက် ရှာဖွေမယ့်သဘောဖြစ်နေရာ ဓာတ်ငွေ့ရောင်းရသလောက်နီးနီး ပြည်သူတွေက ဖုန်းအ တွက် ကုန်ကျရမလို ဖြစ်နေပါတယ်။ (တစ်လိုင်း နှစ်သိန်း ခွဲနဲ့ ရောင်းလျှင်တောင် ကျပ်ဘီလီယံ ၁ဝဝဝ=ဒေါ်လာ သန်း ၁၂၅ဝ လောက် ဖြစ်ပါတယ်)
အရင်းအနှီးက ကုမ္ပဏီ ၂၃ ခုပေါင်း ကျပ်ဘီလီယံ ၅ဝဝ လို့ သိရတော့ ပြောခတွေ တစ်ပြားမှ မပါသေးဘဲ ဌာနနဲ့ ပုဂ္ဂလိကတွေပေါင်းပြီး တစ်ကျပ်ရင်းပြီး တစ်နှစ် အတွင်း နှစ်ကျပ်ချက်ချင်းပြန်ရှာမယ့်ပုံစံကြီးဖြစ်နေတာ ကို အလွန်အံ့သြစရာ တွက်ချက်မိပါတယ်။
ပြောခကလည်း တစ်မိနစ် ၅ဝ မို့ အဲဒီဖုန်း ၄ သန်း တစ်လအနည်းဆုံး မိနစ်တစ်ရာ ပြောတယ်ထား၊ ၄ သန်း x ၅ဝx၁ဝဝ= ကျပ်ဘီလီယံ ၂ဝ ရပါမယ်။ တစ် နှစ်ဆိုလျှင် အနည်းဆုံး ကျပ်ဘီလီယံ ၂၄ဝ ရပါမယ်။ တွက်ကြည့်ကြပြီး သူငယ်ချင်းတွေက နိုင်ငံခြားကို ဓာတ် ငွေ့တွေဘာတွေမရောင်းဘဲ ပြည်တွင်းမှာပဲ ဖုန်းတွေ ဒီ အရေအတွက် ဒီဈေးနှုန်းနဲ့ရောင်းပြီး ဘီလီယံချီပြီးရနိုင် တာ နိုင်ငံတကာစီးပွားရေးပညာရှင်တွေ သိကြပုံမရဘူး လို့ သရော်ကြပါတယ်။
အဲဒီနောက် ရွှေပြည်တံခွန်ကုမ္ပဏီရဲ့ ငါးထောင်တန် ဖုန်းဂယက်ထလာတော့ ဘာအဖြေပေးမလဲဆိုတာ ကျွန် တော်တို့ အစောကြီးမှန်းဆထားမိသလိုပါပဲ။
ဒါပေမဲ့ အဲဒီ ငါးထောင်ဆိုတဲ့ တန်ဖိုးနဲ့ပဲ တစ်နှစ် နီးပါး အချိန်ယူတည်ဆောက်နေရပါတယ်ဆိုတဲ့ ဆင်းမ် ကတ် လေးသန်းမြှောက်ကြည့်လိုက်တော့ ကျပ်ဘီလီယံ ၂ဝ ရပါတယ်။ စောစောကတွက်ပြခဲ့သလို ဖုန်းတစ်လုံး တစ်လအနည်းဆုံး ပျမ်းမျှကျပ်ငါးထောင်ဖိုး ပြောတယ် ထား၊ တစ်နှစ် ကျပ်ဘီလီယံ ၂၄ဝ နဲ့ နှစ်နှစ်အကြာမှာ အနည်းဆုံး ကျပ်ဘီလီယံ ၄၈ဝ ရမှာမို့ ကတ်ဘိုးနဲ့ပေါင်း လိုက်ရင် အရင်းပြန်ရပါပြီ။ ဒီနေရာမှာ ဖုန်းတစ်လုံး တစ်လ ငါးထောင်ဆိုတာ တကယ့်ကို အနည်းဆုံးနှုန်း နဲ့ တွက်ထားတာပါ။ ကတ်ဘိုး သက်သာတာမို့ ပြောခ ကို မချွေတာကြဘဲ တစ်လတစ်ကတ် ပျမ်းမျှ ကျပ်တစ် သောင်းဖိုးလောက် ပြောကြမယ်ဆိုရင် ပြောခနဲ့တင် တစ်နှစ်အတွင်း အရင်းကျေသွားနိုင်ပါတယ်။
ဟုတ်ကဲ့ ကိုယ့်ဘာသာကိုယ် အေးအေးနေလို့ရပေ မယ့် တိုင်းပြည်အတွက် အနစ်နာခံလုပ်နေရပါတယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အသက်တွေဘာတွေစွန့်စရာမလို ပါ၊ အရင်းပေါ်ဖို့ နှစ်နှစ်လောက်သာ ထိုင်စောင့်ပေးကြ ပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ငါးထောင်ထိတော့ ချမပေးနိုင်ဘူး။ နိုင်ငံတော်ကို လည်း အခွန်အခတွေသွင်းရဦးမှာဆိုလျှင်လည်း မြန်မာ ပီပီ ဆယ်ဆတိုးပြီး တစ်ကတ် ကျပ်ငါးသောင်းနဲ့ ရောင်း ကြည့်ပါ၊ ၅ သောင်း x ကတ် ၄ သန်း= ကျပ်ဘီလီယံ ၂ဝဝ တိတိရပါမယ်။ အထက်ကလိုပဲ ပြောခ တစ်နှစ် စောင့်ယူလိုက်ရင် အရင်းကြေသွားပါလိမ့်မယ်။ ရှေ့ ဆက်ပြီး ပြည်သူတွေပြောသမျှ အမြတ်ထွက်နေမှာပါ။ (အရင်ဆောင်းပါးမှာ ရေးခဲ့ပြီးပါပြီ)
ဥပဒေအသစ်ဆွဲထားပြီးပြီ၊ လွှတ်တော်မှာတင်လို့ အတည်ဖြစ်တဲ့အခါ Phone Operator တွေ ထပ်ပေါ်လာ ပြီး ဈေးတွေထပ်လျော့ကျနိုင်ပါတယ်လို့ ဆက်သွယ်ရေး တာဝန်ရှိသူတစ်ယောက်က ဖြေတယ်ဆိုတော့ အဲဒီအခါ ကျ မဖြစ်မနေ ထပ်လျှော့ပေးရမှာမို့ လောလောဆယ် ပြိုင်ဘက်ကင်း ဈေးတင်ထားတာလားလို့ တွေးစရာ၊ ဆယ့်ငါးသိန်း/ငါးသိန်းပေးထားရတဲ့ ဖုန်းတွေအကြောင်းကြောင်းကြောင့် ဆင်းမ်ကတ် ပျက်/ပျောက်လို့ အသစ် လဲချင်ရင် ငါးသောင်း (အရင်က တစ်သိန်း၊ အခု သ နားလို့) အမည်ပေါက်နာမည်ပြောင်းချင်ရင် ကိုယ့်တာ ဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ နာမည်ပြောင်းခရေး ခကတော့ ငါးသောင်း၊ လိပ်စာပြောင်းချင်သေးလား၊ တစ်သောင်းဆိုတဲ့ သတ်မှတ်နှုန်းတွေဟာလည်း ပြိုင်ဘက် တွေပေါ်လာပါမှ ပျောက်သွားမယ်ထင်ပါရဲ့လို့ တွေးမိပါ တယ်။
Transition Costs များ လျှော့ချရေး ပြည်ပရင်းနှီး မြှုပ်နှံမှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လယ်ယာ ကဏ္ဍ ဈေးကွက်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးရယူလာသူ တိုင်းရင်းသားတွေရဲ့ လူမှုဘဝမြှင့်တင်ရေး၊ နည်းပညာ တိုးတက်ရေး၊ အလွန်နိမ့်ကျနေဆဲ Tele density အလျင် အမြန် တိုးတက်ရေး၊ ဂျီဒီပီကို အထောက်အကူပြုရေး ဆိုတဲ့ ရည်မှန်းချက်တွေနဲ့……
တန်ဖိုးနိမ့်ပါဆိုတဲ့ ဖုန်းတစ်လုံး အနည်းဆုံး ဒေါ် လာ ၃ဝဝ ….လတ်တလောတစ်နှစ်အတွင်း ဖုန်းလေးသန်း အတွက် ဒေါ်လာ သန်း ၁၂ဝဝ ….ပြောခမပါသေးပါ … ဟုတ်ကဲ့ ……. ကျွန်တော်တော့ ဘယ်လိုမှ နားမလည်နိုင်တော့ပါ။
မင်းမြတ်စံ (မက်ဆင်ဂျာဂျာနယ်)
Ref သစ်ထူးလွင်